“ကမၻာကသိေစခဲ့သူ သမုိင္းပညာရွင္ ေဒါက္တာ ႏိုင္ပန္းလွ”

“က်ေနာ္ ႐ူးေနတယ္လို႔ တခ်ိဳ႕က ဆိုခ်င္ဆိုၾကပါေစ။ က်ေနာ္အသက္ရွင္ေနသေရြ႕ က်ေနာ့ကိုယ္ပိုင္ ဘာသာစကား

ေပ်ာက္ကြယ္သြားတာ အျဖစ္မခံႏိုင္ဘူး” လုိ႔ ေျပာၾကားခဲ့သူ ဆရာႀကီး ႏိုင္ပန္းလွဟာ ေလျဖတ္တဲ့ေရာဂါနဲ႔ ၂၀၁၀ ခုႏွစ္

ဇြန္လ ၁၈ ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ပါၿပီ။ သူကြယ္လြန္ခ်ိန္မွာ အသက္ ၈၈ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ဇြန္လ ၂၀ ရက္ေန႔မွာ

ေရေ၀းသုႆာန္မွာ မီးသၿဂႋဳဟ္ခဲ့ပါတယ္။ ဆရာႀကီးရဲ႕ အုတ္ဂူကို သူ႔ရဲ႕ ဇာတိ ကရင္ျပည္နယ္ ေကာ့ဗိန္းရြာတြင္

တည္ထားေၾကာင္းလည္း သိရပါတယ္။ငယ္နာမည္ “အဒြတ္” ဟု ေခၚေသာ ႏိုင္ပန္းလွကို ကရင္ျပည္နယ္ ဂ်ိဳင္းျမစ္ကမ္းေပၚရွိ

ေကာ့ဗိန္းရြာတြင္ ၁၉၂၃ ခုႏွစ္၊ မတ္လ ၂၀ ရက္ေန႔၌ ေမြးဖြားခဲ့ၿပီး၊ ေကာ့ဗိန္းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ မြန္၊ ျမန္မာ၊

အဂၤလိပ္စာတို႔ကို စတင္ ဆည္းပူးခဲ့ပါတယ္။ ေက်ာင္းစာကိုလည္း ၈ တန္း အထိသာ ပညာဆည္းပူးခဲ့တာပါ။ အဲ့ဒီထက္

ထူးျခားတာက အသက္ ၆၉ ႏွစ္ အရြယ္ေရာက္မွ ႏိုင္ငံတကာတကၠသိုလ္မ်ားမွ ဘြဲ႔ထူးဂုဏ္ထူး ခ်ီးျမွင့္ျခင္းမ်ားကို ဆက္တိုက္ရရွိခဲ့ျခင္းပါ။

အသက္ ၂၄ ႏွစ္ အရြယ္တြင္ ရန္ကုန္ၿမိဳ႕ ၿမိဳ႕မ အမ်ိဳးသားေက်ာင္း တကၠသိုလ္၀င္တန္းတြင္ ၃ လခန္႔ တက္ေရာက္

ပညာသင္ယူခဲ့ဖူးပါတယ္။ ေဒါက္တာ ႏိုင္ပန္းလွဟာ ဘန္ေကာက္ၿမိဳ႕အနီး မြန္ေက်းရြာတြင္ ေတြ႔ရွိေသာ သထုံ-ဟံသာ၀တီ

ရာဇ၀င္စာအုပ္ (ပ-ဒု) တြဲကို အေျခခံၿပီး မဂဒူးမင္းဆက္မွ စၿပီး ရာဇာဓိရာဇ္အထိယူကာ မြန္၊ ျမန္မာ စာေပမူမ်ားႏွင့္ စိစစ္ၿပီး

“ရာဇာဓိရာဇ္ အေရးေတာ္ပုံက်မ္း” ကို ျပဳစုခဲ့ၿပီးေနာက္ပိုင္း သမိုင္းသုေတသနဆိုင္ရာ စာတမ္းမ်ားစြာကို ေရးသားျပဳစုခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွစၿပီး ယဥ္ေက်းမႈ၀န္ႀကီးဌာႏွင့္ ေရွးေဟာင္းသုေတသနအဖြဲ႔တြင္ ႏွစ္ေပါင္း ၄၀ ေက်ာ္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ဂ်ပန္ႏိုင္ငံ၊

တကၠသိုလ္မ်ားသို႔ သင္ၾကားပို႔ခ်ရန္ ၁၉၆၈ ခုႏွစ္တြင္ အၿငိမ္းစားယူခဲ့ပါတယ္။ အဲ့ဒီေနာက္ ဂ်ပန္ႏိုင္ငံ တကၠသိုလ္မ်ားသို႔

ဧည့္ပါေမာကၡအျဖစ္လည္းေကာင္း၊ ပါေမာကၡအျဖစ္လည္းေကာင္း၊ အေရွ႕ေတာင္အာရွ ယဥ္ေက်းမႈႏွင့္ သမိုင္းဘာသာရပ္မ်ားကို

သင္ျပရန္ တာ၀န္ေပးျခင္းခံရပါတယ္။ဆရာႀကီးဟာ ၁၉၉၁ ခုႏွစ္မွာ အေမရိကန္ ေလာ့စ္အိန္ဂ်လိစ္ ၿမိဳ႕ရွိ

အေနာက္ပစိဖိတ္တကၠသိုလ္၌ ယဥ္ေက်းမႈ မႏုႆေဗဒ အထူးျပဳဘာသာရပ္ျဖင့္ B.Sc ႏွင့္ Ph.D ဘြဲ႔မ်ား ဆြတ္ခူးေအာင္ျမင္ခဲ့ပါတယ္။

ေက်ာင္းတက္ရန္ မလိုဘဲ က်မ္းျပဳတင္ျပျခင္းျဖင့္ ထူးခြ်န္၍ ဒီဂရီမ်ားကို ဂုဏ္ထူးျဖင့္ ဆြတ္ခူးႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ ၁၉၉၂ ခုႏွစ္တြင္

မြန္ဓမၼသတ္ ၁၁ မ်ိဳးကို အဂၤလိပ္ဘာသာျဖင့္ ေရးသားတင္ျပ၍ ဥပေဒပါရဂူ (L.L.D) ဘြဲ႔ကို အဲ့ဒီ တကၠသိုလ္ကပင္ ခ်ီးျမွင့္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္ အေရးေတာ္ပုံက်မ္း ၅ ေစာင္အနက္ တေစာင္အပါအ၀င္ျဖစ္ေသာ ရာဇာဓိရာဇ္ အေရးေတာ္ပုံက်မ္းကို ျပဳစုရန္

စိန္ေခၚမႈမ်ားစြာျဖင့္ ရင္ဆိုင္ခဲ့ရတယ္လုိ႔ ဆိုပါတယ္။ အဲ့ဒီက်မ္းကို ျပန္ဆိုရာမွာ ၁၂၇၂ ခုႏွစ္က ထိုင္းႏိုင္ငံ ဘန္ေကာက္အနီး

ပတ္လတ္ရြာမွ ရခဲ့တဲ့ ပတ္လတ္ပုံႏွိပ္မူ မြန္ဘာသာကို အေျခခံၿပီး အျခား မြန္ေပမူမ်ားႏွင့္ ညွိႏႈိင္းျခင္း၊ ဗညားဒလရဲ႕ ရာဇာဓိရာဇ္

အေရးေတာ္ပုံက်မ္း ျမန္မာေပမူ ၉ မူ၊ အျခားပုံႏွိပ္မူမ်ားႏွင့္ ညွိႏႈိင္းျခင္း၊ ျမန္မာစာ ညြန္႔ေပါင္း က်မ္း၊ မွန္နန္းရာဇ၀င္၊ ဦးကုလားရာဇ၀င္

စေသာ ျမန္မာရာဇ၀င္က်မ္းမ်ားႏွင့္ တိုက္ဆိုင္ၿပီး ဆရာႀကီး ႏိုင္ပန္းလွက ျပန္လည္ျပဳစုထားျခင္း ျဖစ္ပါတယ္။

ရာဇာဓိရာဇ္ အေရးေတာ္ပုံက်မ္း အမွာစာတြင္ ပါေမာကၡ ေဒါက္တာသန္းထြန္းက “သမိုင္း ေလ့လာတဲ့လူတိုင္း အေထာက္ အထား

စုံလင္ေအာင္ ရခ်င္တယ္။ မြန္-ျမန္မာ ဆက္ဆံေရးမွာ မြန္အေထာက္အထားေတြ သိပ္ရခ်င္တယ္။ ဘာျပဳလို႔လဲ ဆိုေတာ့

တခ်ိဳ႕အေရးႀကီးတဲ့ကိစၥေတြကို မြန္က တမ်ိဳး၊ ဗမာက တမ်ိဳး ေျပာေနၾကလို႔ပဲ” ဟု လည္းေကာင္း၊ ဘာာသာျပန္ဆိုတဲ့ သူဟာ

၁။ က်မ္းစာအုပ္ရဲ႕ မူရင္းဘာသာစကားကို ေကာင္းေကာင္းတတ္ကြ်မ္းရမယ္၊ ျပန္ဆိုယူတဲ့ ဘာသာစကားမွာလည္း ပိုင္ႏိုင္ရမယ္၊

၂။ ျပန္ဆိုတဲ့ အေၾကာင္းကိစၥကိုလည္း ပိုင္ႏိုင္ရမယ္ ဟူ၍လည္းေကာင္း ဆိုထား ပါတယ္။ ဆရာႀကီး ႏိုင္ပန္းလွဟာ အဲ့ဒီ

ဂုဏ္ရည္ မ်ားႏွင့္ ျပည့္စုံသူ ျဖစ္ပါတယ္။အဲ့ဒီက်မ္းဟာ မြန္ဘာသာနဲ႔ ထုတ္ေ၀ၿပီးေနာက္ ၁၀ ႏွစ္ၾကာမွ ျမန္မာဘာသာျဖင့္

ေပၚထြက္လာျခင္း ျဖစ္ပါတယ္။ ျမန္မာ ဘာသာျဖင့္ ေပၚထြက္လာတဲ့ အ့ဲဒီက်မ္းဟာ ေရွးမြန္ေပမူေဟာင္းမ်ားႏွင့္ ယွဥ္ရင္

ျပတ္ေတာက္ေနသည္မ်ား ပါ၀င္ေန ေသးေၾကာင္း မြန္သမိုင္း ပညာရွင္အခ်ိဳ႕က ေထာက္ျပၾကပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္

ဆရာႀကီးက မြန္-ျမန္မာ ဆက္ဆံေရး အတြက္ အႀကီးမားဆုံးေသာ တံတားတစင္း တည္ေဆာက္ေပးခဲ့ျခင္း ျဖစ္ပါတယ္။

ဆရာႀကီးဟာ မြန္-ျမန္မာ ယဥ္ေက်းမႈႏွင့္သမိုင္းဆိုင္ရာ သုေတသနျပဳက်မ္းမ်ားတင္ျပၿပီး ကမၻာသိေအာင္ ႀကိဳးစားရင္း

အျခားတဖက္မွာလည္း မြန္အမ်ိဳးသားစာေပ ျပန္လည္ထြန္းကားလာေစေရး ႀကိဳးပမ္းခဲ့သူတဦးလည္းျဖစ္ပါတယ္။

Iris

ကုိးကား။ ။၀ီရ ၏ အတိမ္းအေစာင္းမခံသူ (သို႔မဟုတ္) ေဒါက္တာ ႏိုင္ပန္းလွ၊ ၂၀၁၀ ခုႏွစ္၊ ၾသဂုတ္လ ထုတ္ ေမာကၡ ပညာေရး မဂၢဇင္း

Credit#

< Unicode Version >

“ကျနော် ရူးနေတယ်လို့ တချို့က ဆိုချင်ဆိုကြပါစေ။ ကျနော်အသက်ရှင်နေသရွေ့ ကျနော့ကိုယ်ပိုင် ဘာသာစကား

ပျောက်ကွယ်သွားတာ အဖြစ်မခံနိုင်ဘူး” လို့ ပြောကြားခဲ့သူ ဆရာကြီး နိုင်ပန်းလှဟာ လေဖြတ်တဲ့ရောဂါနဲ့ ၂၀၁၀ ခုနှစ်

ဇွန်လ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ

ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ဆရာကြီးရဲ့ အုတ်ဂူကို သူ့ရဲ့ ဇာတိ ကရင်ပြည်နယ် ကော့ဗိန်းရွာတွင်

တည်ထားကြောင်းလည်း သိရပါတယ်။ငယ်နာမည် “အဒွတ်” ဟု ခေါ်သော နိုင်ပန်းလှကို ကရင်ပြည်နယ် ဂျိုင်းမြစ်ကမ်းပေါ်ရှိ

ကော့ဗိန်းရွာတွင် ၁၉၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၌ မွေးဖွားခဲ့ပြီး၊ ကော့ဗိန်းရွာ ဘုန်းတော်ကြီးကျောင်းတွင် မွန်၊ မြန်မာ၊

အင်္ဂလိပ်စာတို့ကို စတင် ဆည်းပူးခဲ့ပါတယ်။ ကျောင်းစာကိုလည်း ၈ တန်း အထိသာ ပညာဆည်းပူးခဲ့တာပါ။ အဲ့ဒီထက်

ထူးခြားတာက အသက် ၆၉ နှစ် အရွယ်ရောက်မှ နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခြင်းများကို ဆက်တိုက်ရရှိခဲ့ခြင်းပါ။

အသက် ၂၄ နှစ် အရွယ်တွင် ရန်ကုန်မြို့ မြို့မ အမျိုးသားကျောင်း တက္ကသိုလ်ဝင်တန်းတွင် ၃ လခန့် တက်ရောက်

ပညာသင်ယူခဲ့ဖူးပါတယ်။ ဒေါက်တာ နိုင်ပန်းလှဟာ ဘန်ကောက်မြို့အနီး မွန်ကျေးရွာတွင် တွေ့ရှိသော သထုံ-ဟံသာဝတီ

ရာဇဝင်စာအုပ် (ပ-ဒု) တွဲကို အခြေခံပြီး မဂဒူးမင်းဆက်မှ စပြီး ရာဇာဓိရာဇ်အထိယူကာ မွန်၊ မြန်မာ စာပေမူများနှင့် စိစစ်ပြီး

“ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ပြီးနောက်ပိုင်း သမိုင်းသုတေသနဆိုင်ရာ စာတမ်းများစွာကို ရေးသားပြုစုခဲ့ပါတယ်။

အဲ့ဒီအချိန်မှစပြီး ယဉ်ကျေးမှုဝန်ကြီးဌာနှင့် ရှေးဟောင်းသုတေသနအဖွဲ့တွင် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျပန်နိုင်ငံ၊

တက္ကသိုလ်များသို့ သင်ကြားပို့ချရန် ၁၉၆၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံ တက္ကသိုလ်များသို့

ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ပါမောက္ခအဖြစ်လည်းကောင်း၊ အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို

သင်ပြရန် တာဝန်ပေးခြင်းခံရပါတယ်။ဆရာကြီးဟာ ၁၉၉၁ ခုနှစ်မှာ အမေရိကန် လော့စ်အိန်ဂျလိစ် မြို့ရှိ

အနောက်ပစိဖိတ်တက္ကသိုလ်၌ ယဉ်ကျေးမှု မနုဿဗေဒ အထူးပြုဘာသာရပ်ဖြင့် B.Sc နှင့် Ph.D ဘွဲ့များ ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

ကျောင်းတက်ရန် မလိုဘဲ ကျမ်းပြုတင်ပြခြင်းဖြင့် ထူးချွန်၍ ဒီဂရီများကို ဂုဏ်ထူးဖြင့် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တွင်

မွန်ဓမ္မသတ် ၁၁ မျိုးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ (L.L.D) ဘွဲ့ကို အဲ့ဒီ တက္ကသိုလ်ကပင် ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် အရေးတော်ပုံကျမ်း ၅ စောင်အနက် တစောင်အပါအဝင်ဖြစ်သော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ပြုစုရန်

စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီကျမ်းကို ပြန်ဆိုရာမှာ ၁၂၇၂ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်အနီး

ပတ်လတ်ရွာမှ ရခဲ့တဲ့ ပတ်လတ်ပုံနှိပ်မူ မွန်ဘာသာကို အခြေခံပြီး အခြား မွန်ပေမူများနှင့် ညှိနှိုင်းခြင်း၊ ဗညားဒလရဲ့ ရာဇာဓိရာဇ်

အရေးတော်ပုံကျမ်း မြန်မာပေမူ ၉ မူ၊ အခြားပုံနှိပ်မူများနှင့် ညှိနှိုင်းခြင်း၊ မြန်မာစာ ညွန့်ပေါင်း ကျမ်း၊ မှန်နန်းရာဇဝင်၊ ဦးကုလားရာဇဝင်

စသော မြန်မာရာဇဝင်ကျမ်းများနှင့် တိုက်ဆိုင်ပြီး ဆရာကြီး နိုင်ပန်းလှက ပြန်လည်ပြုစုထားခြင်း ဖြစ်ပါတယ်။

ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း အမှာစာတွင် ပါမောက္ခ ဒေါက်တာသန်းထွန်းက “သမိုင်း လေ့လာတဲ့လူတိုင်း အထောက် အထား

စုံလင်အောင် ရချင်တယ်။ မွန်-မြန်မာ ဆက်ဆံရေးမှာ မွန်အထောက်အထားတွေ သိပ်ရချင်တယ်။ ဘာပြုလို့လဲ ဆိုတော့

တချို့အရေးကြီးတဲ့ကိစ္စတွေကို မွန်က တမျိုး၊ ဗမာက တမျိုး ပြောနေကြလို့ပဲ” ဟု လည်းကောင်း၊ ဘာာသာပြန်ဆိုတဲ့ သူဟာ

၁။ ကျမ်းစာအုပ်ရဲ့ မူရင်းဘာသာစကားကို ကောင်းကောင်းတတ်ကျွမ်းရမယ်၊ ပြန်ဆိုယူတဲ့ ဘာသာစကားမှာလည်း ပိုင်နိုင်ရမယ်၊

၂။ ပြန်ဆိုတဲ့ အကြောင်းကိစ္စကိုလည်း ပိုင်နိုင်ရမယ် ဟူ၍လည်းကောင်း ဆိုထား ပါတယ်။ ဆရာကြီး နိုင်ပန်းလှဟာ အဲ့ဒီ

ဂုဏ်ရည် များနှင့် ပြည့်စုံသူ ဖြစ်ပါတယ်။အဲ့ဒီကျမ်းဟာ မွန်ဘာသာနဲ့ ထုတ်ဝေပြီးနောက် ၁၀ နှစ်ကြာမှ မြန်မာဘာသာဖြင့်

ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ မြန်မာ ဘာသာဖြင့် ပေါ်ထွက်လာတဲ့ အဲ့ဒီကျမ်းဟာ ရှေးမွန်ပေမူဟောင်းများနှင့် ယှဉ်ရင်

ပြတ်တောက်နေသည်များ ပါ၀င်နေ သေးကြောင်း မွန်သမိုင်း ပညာရှင်အချို့က ထောက်ပြကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်

ဆရာကြီးက မွန်-မြန်မာ ဆက်ဆံရေး အတွက် အကြီးမားဆုံးသော တံတားတစင်း တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဆရာကြီးဟာ မွန်-မြန်မာ ယဉ်ကျေးမှုနှင့်သမိုင်းဆိုင်ရာ သုတေသနပြုကျမ်းများတင်ပြပြီး ကမ္ဘာသိအောင် ကြိုးစားရင်း

အခြားတဖက်မှာလည်း မွန်အမျိုးသားစာပေ ပြန်လည်ထွန်းကားလာစေရေး ကြိုးပမ်းခဲ့သူတဦးလည်းဖြစ်ပါတယ်။

Iris

ကိုးကား။ ။၀ီရ ၏ အတိမ်းအစောင်းမခံသူ (သို့မဟုတ်) ဒေါက်တာ နိုင်ပန်းလှ၊ ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ထုတ် မောက္ခ ပညာရေး မဂ္ဂဇင်း

Credit#