နာရီကိုကြည့်​ပါ

အ​တွေးထဲမှာ ဘယ်ေ​နရာ​ရောက်​​ရောက်

အ​ကောင်းဆုံး လုပ်​​ဆောင်​ဖို့ရည်​ရွယ်​ထားခဲ့​ပေမယ့်

တချို့ ထင်​မှတ်​မထား​သော အခက်​ခဲ​တွေကြားမှာ

ခြေလှမ်း​တွေ ယိုင်​နဲ့ အားငယ်​ဖူးတယ်

အရာရာကို ပိုင်းဖြတ်​ထားခြင်းဟာ

ကိုယ့်​​ရဲ့​အောင်​မြင်​နိုင်​မှုကို တံတိုင်းခတ်​ထားခြင်းနဲ့တူတယ်

ရေတစ်​လမ်းတည်းစီးတယ်​ဆိုတာ

ဘောင်​ရှိလို့ လူတစ်​​ယောက်​​အောင်​မြင်​တယ်​ဆိုတာ

တစ်​စိုက်​မတ်​မတ်​လုပ်​​ဆောင်​တတ်​လို့

အချိန်​ဆိုတာ အိပ်​​နေလည်းကုန်​တယ်

 အလုပ်​တစ်​ခုကိုလုပ်​​နေလည်းကုန်​တယ်

ကုန်​​တော့ကုန်​သွားတာပဲ ဘာမှမလုပ်​နိုင်​လိုက်​ရင်

အချိန်​​တွေနှ​မြောဖို့​ကောင်းတယ်

နာရီတစ်​လုံးဝယ်​ပတ်​လိုက်​လို့

အချိန်​ကိုမပိုင်​ဘူး အချိန်​ကိုသာသိခွင့်​ရတာ

လူတစ်​​ယောက်​လူဖြစ်​လာပြီး ခံယူချက်​​တွေမ​ကောင်းရင်

 အချိန်​​တွေသာ ကုန်​လို့ ဆုံးရှုံးသွားတာနဲ့အတူ

အိုမင်းရင့်​​ရော်​မှုနဲ့အတူ မယ်​မယ်​ရရ

ပြစရာရှိလာမှာမဟုတ်​ဘူးဆိုတာ မ​မေ့လိုက်​နဲ့

ရွေးချယ်​မှုသည်​မိမိအတွက်​ဖြစ်​ပါ​စေ

ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *