လုပ်​ရင်​ဖြစ်​တယ်

လိုအပ်​တိုင်းသာ လက်​ဝါးဖြန့်​​နေရင်
တတ်​နိုင်​သမျှ ဖြည့်​ဆည်း​ပေးတဲ့
မိဘ​တောင်​ ခံစား​ရမယ်

စိတ်​ရှိသမျှ သာ ပြည့်​စုံ​နေရင်
ပျောက်​ကွယ်​သွား​သော
ပညာရှင်​​တွေ စင်​မြင့်​မှာသက်​ရှိထင်​ရှား
အရို​သေခံ​နေမှာ​ပေါ့

စည်းကမ်းတစ်​ခုချမှတ်​လိုက်​တိုင်း
ချမှတ်​သူမပါတဲ့ ပုံ​သေကားချပ်​ထဲမှာ
သူ့တို့ဘဝ​​တွေ သနားပါတယ်​လို့
သနားမိလိုက်​ရုံနဲ့ ကိုယ်​တိုင်​လည်းဘဝရဲ့
အခက်​ခဲကမလွှတ်​​မြောက်​ဘူး

အ​ရောင်​စုံတဲ့ပန်းကိုချစ်​ရင်
အ​ရောင်​စုံပန်း​တွေကိုဖျက်​ဆီးတတ်​တဲ့
ပိုးမွှား​တွေကိုလည်းကြည့်​ပြီးရှင်း​ပေးတတ်​ရတယ်

မီးငြှိခံလိုက်​တဲ့​ဆေးလိပ်​က
အသစ်​အတိုင်းပြန်​မဖြစ်​ဘူး
ခံစားလိုက်​ရတဲ့ နှလုံးသားကလည်း
အသစ်​ပြန်​မဖြစ်​ဘူး

တချို့..ချို့​​သောဘဝပိုင်​ရှင်​​တွေ အစ​တွေမ​ကောင်းဘူး
အဆုံးသတ်​ ​တွေအရမ်းလှတယ်

အစမ​ကောင်းလို့ဝမ်းမနည်းနဲ့
အဆုံးသတ်​​တွေလှပဖို့
အစ​ကောင်းခဲ့သူ​တွေထက်
နှစ်​ဆမက ပိုအားစိုက်​ပါ
ပန်းတိုင်​ဟူသည်​​ခြေ​ထောက်​မပါ..ပါ။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *