အ​သေးဆုံးမှ

ကိုယ်​​လေ့လာထားတဲ့ အရာ​တွေအ​ပေါ်
ပေါ့ပျက်​ပျက်​​သ​ဘောထားရင်
တစ်​​နေ့ပျက်​ဆီးရတတ်​တယ်​…။

ဘဝမှာအ​တွေ့အကြုံ ဆိုတာလည်း
အ​လေးထားမှရရှိတာမျိုးပါ
ရေများတိုင်းမသန့်​သလို
လုပ်​​ဆောင်​မှု​တွေများတိုင်းလည်း မမှန်​ဘူး…။

ဘယ်​အသက်​အရွယ်​ပဲ​ရောက်​​ရောက်
တွေ့ကြုံမှု​တွေကိုအ​လေးမထားရင်
အ​တွေ့အကြုံဆိုတာဖြစ်​လာစရာမရှိဘူး…။

အ​မှောင်​ထုဘယ်​​လောက်​ကြီးကြီး
အလင်းစက်​ငယ်​​လေး​တွေကို​တောင်
ဖုံးနိုင်​စွမ်းမရှိဘူး…။

သေးငယ်​တဲ့အ​တွေ့အကြုံပဲရှိပါ​စေ
ကြီးမားတဲ့အခက်​ခဲကိုတစ်​စိတ်​တ​​​ဒေသထိ
အကျိုးပြုတယ်​…။

ဘယ်​​လောက်​ကြီးမားတဲ့အပင်​ဖြစ်​ပါ​စေ
သေးငယ်​ခြင်းက စတင်​ရတယ်​…။

ဘယ်​​လောက်​ကြီးမားတဲ့​အောင်​မြင်​မှုမျိုးဖြစ်​ပါ​စေ
သေးငယ်​ခြင်းကစတင်​ရတယ်​..။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

 

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

5 × four =