တောက်​ပရမယ်

ဘဝမှာ ပိုင်​ဆိုင်​ချင်​စိတ်​​တွေနဲ့
ရုန်းကန်​​နေတာအမျှ ကိုယ်​တကယ်​ပိုင်​ဆိုင်​တဲ့အရာ​တွေ
အရင်​ဆုံး စမ်းသပ်​ခံဖို့ ​လောကဓံကိုအရင်​​ပေးရတယ်

ပျော်​ရွင်​ခြင်းရဲ့တန်​ဖိုး အနှစ်​သာရကိုသိဖို့
ဝမ်းနည်းခြင်း​တွေ စွန့်​လွှတ်​အနစ်​နာခံခြင်း​တွေ
စတင်​ရင်းနှီးရတယ်

အောင်​မြင်​မှုတစ်​ခုအတွက်​ ကြိုးစားခြင်း​ချွေးစက်​​တွေ
ရှုံးနိမ့်​ခြင်းရဲ့နာကျင်​ဟန်​​တွေ
ပြန်​လည်​တည်​​ဆောက်​ရတဲ့ စိတ်​ခွန်​အား​တွေ
မလွယ်​ကူမှန်းသိ​နေ​ပေမယ့်
ချလိုစု​ဆောင်းခြင်း​တွေနဲ့မနက်​ဖြန်
မသာယာမပြည့်​စုံလည်း ​နောက်​​နေ့ ​နောက်​​နေ့

ယုံကြည်​မှု​တွေရဖို့ ကြိုးစားပြီးရိုးသားရတယ်
မထယ်​ဝါတဲ့ ဘဝလမ်းမှာ
ခဏနားရင်​လဲမယ်​ ​တွေးပူလည်း​ဖေးကူသူမရှိ
ဒီ​ခြေ ဒီလက်​ ဒီနှလုံးသားကိုရင်း
ဦး​နှောက်​တံတားခင်းရင်း
နေပြန်​ထွက်​မနက်​ဖြန်​ ငါ​တောက်​ပရမယ်​။

ကိုယ့်​ကိုယ်​ကို ယုံကြည်​ခြင်းသည်
အောင်​မြင်​ခြင်းရဲ့လမ်းစဖြစ်​ပြီး
ယုံကြည်​မှုလွန်​ကဲမှုသည်​လည်း
ကျဆုံးမှု၏ အစဖြစ်​သည်​။

ဘာမထီဘွား…..အ​တွေးစာစု​လေးများ

(စာအုပ်မြို့တော်မှပြန်လည်မျှဝေပေးပါသည်)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

thirteen + fifteen =