နေတတ်သွားတာပါ

ကိုယ်​တိုင်​ခံစားရတာများ​လာ​တော့
ကိုယ်​ချင်းစာမှုကို မြတ်​နိုးတတ်​လာတယ်

ကိုယ်​တိုင်​လဲကျဖူး​တော့ နာကျင်​ရမှုကို
သနားတတ်​လာတယ်

ကိုယ်​တိုင်​စွန့်​ပစ်​ခံရဖူး​တော့
အထီးကျန်​တဲ့သူ​တွေကို နားလည်​​ပေးနိုင်​တယ်

ကိုယ်​တိုင်​ကြိုးစားရုန်းကန်​​နေရ​တော့
ကြိုးစားရုန်းကန်​မှုရဲ့ပင်​ပန်းမှုကို စာနာတတ်​လာတယ်

ကိုယ်​တိုင်​​မျှော်​လင့်​ချက်​​တွေကျိုးပျက်​ခဲ့ဖူး​တော့
လေလွင့်​သွားတဲ့ခံစားချက်​ကိုလက်​ခံနိုင်​တယ်

ကိုယ်​တိုင်​ယုံကြည်​မှုကိုအလွဲသုံးစားလုပ်​ခံခဲ့ရဖူး​တော့
ယုံကြည်​​ပေးမှု ​ကြောင့်​ရတဲ့​ဝေဒနာကိုနှစ်​သိမ့်​​ပေးလာမိတယ်

ကိုယ်​တိုင်​ကြုံဖူးခဲ့​ပေမယ့်
ကိုယ်​တိုင်​ကြုံမှ ခံစား အရာထင်​ကြတာ​တော့
ဘာမှ မ​ပြောတာပဲပို​ကောင်းပါတယ်​ဆိုတဲ့စိတ်​နဲ့
ခပ်​​အေး​အေး​လေး နေတတ်​သွားတာပါ။

ဘာမထီဘွား….အ​တွေးစာစု​လေးများ

(စာအုပ်မြို့တော်မှပြန်လည်မျှဝေပေးပါသည်)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

16 − one =