“ကိုယ့္ပတ္ဝန္းက်င္မွာ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေပါေတာေတာ သူငယ္ခ်င္းေလးေတြရွိရင္ သူတို႔ကို တန္ဖိုးထားပါ.”

ကိုယ့္ပတ္ဝန္းက်င္မွာ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေပါေတာေတာ သူငယ္ခ်င္းေလးေတြရွိရင္ သူတို႔ကို တန္ဖိုးထားပါ…

ဘာျဖစ္လို႔လဲဆိုေတာ့ Leadership တို႔၊ Management တို႔လို ပညာေတြကို မတတ္ဘူးဆိုရင္ သင္ေပးလို႔ရတယ္၊ အဲ့ဒီအတြက္

သင္တန္းေတြရွိတယ္…သို႔ေသာ္ စတတ္၊ ေနာက္တတ္တဲ့ အတတ္ပညာတို႔ ေပ်ာ္တတ္ပါးတတ္တဲ့ အက်င့္စ႐ိုက္တို႔

ေျပာင္စပ္စပ္မ်က္ႏွာေပးေလးေတြတို႔ ေပါေတာေတာ လုပ္ရပ္ေလးေတြတို႔ ရႊတ္ေနာက္ေနာက္ စကားေလးေတြတို႔

ေၾကာင္ေတာင္ေတာင္ အေတြးအေခၚေလးေတြတို႔ ခ်စ္စရာေကာင္းတဲ့ ဟာသဉာဏ္ေလးေတြတို႔ ကိုယ့္အေပ်ာ္ကို တစ္ပါးသူဆီပါ

ကူးစက္ေစတဲ့ ေစတနာေလးေတြတို႔ စတဲ့အရာေတြကေလ သံုးလျပတ္သင္တန္းတစ္ခု သြားတက္ၿပီး ရွာလာလို႔ မရပါဘူး…

အဲ့ဒါေတြက တကယ္ေတာ့ ပါရမီထူးေတြပါ အထူးသျဖင့္ ေလာကကို အေကာင္းျမင္စိတ္နဲ႔ ၾကည့္တတ္တဲ့သူ အမ်ားစုမွာပဲ ရွိတတ္တဲ့

အထံုပါ… စဥ္းစားၾကည့္ေလ သူတို႔ရဲ႕တန္ဖိုးက ႀကီးေလပဲ၊ ဥပမာ ခရီးတစ္ခုထြက္တယ္၊ ဟိုလူကလည္း ေရခဲတံုး၊ ဒီလူကလည္း

ေက်ာက္႐ုပ္၊ ဟိုတစ္ေယာက္ကလည္း ေအးတိေအးစက္၊ ဒီတစ္ေယာက္ကလည္း ငိုင္တိုင္တိုင္ ကဲ စဥ္းစားသာၾကည့္၊ အဲ့ဒီခရီး

ေပ်ာ္စရာ ေကာင္းဦးမလားလို႔…အဲ့ဒီအထဲမွာ ငေပါေလးတစ္ေယာက္ေလာက္သာ ပါၾကည့္ ၿပီးၿပီ၊ ခရီးစဥ္တစ္ခုလံုး

သူတစ္ေယာက္နဲ႔တင္ ဖလန္းဖလန္းကို ထေနမွာ… ဒီလိုပဲ အတန္းတစ္တန္းမွာ၊ ရံုးတစ္ရံုးမွာ၊ မိသားစုတစ္ခုမွာ၊ သူငယ္ခ်င္းတစ္စုမွာ

စသျဖင့္ အဲ့ဒီလို ေပ်ာ္တတ္ပါးတတ္တဲ့ ေပါေတာေတာ ပါရမီရွင္ေလးေတြက မရွိမျဖစ္ကို လိုပါတယ္… မဟုတ္ရင္ ဟိုလူကလည္း

႐ုပ္တည္ ဒီလူကလည္း ႐ုပ္တည္နဲ႔ တတီတည္း တီေနၾကရင္ လူ႔အဖြဲ႕အစည္းႀကီးက ဘယ္ေလာက္ေတာင္မွ ပ်င္းရိေျခာက္ကပ္ၿပီး

ၿငီးေငြ႕စရာေကာင္းလိုက္မလဲေနာ္၊ စဥ္းစားသာၾကည့္…ေနာက္ၿပီး ပါရမီရွင္ ငေပါေလးေတြကို ေလ့လာၾကည့္တဲ့အခါ သူတို႔မွာ

အေကာင္းျမင္စိတ္ရွိတယ္ သေဘာေကာင္းတယ္ ဟာသဉာဏ္ရႊင္တယ္ စကားေျပာေကာင္းတယ္ ေျပာရဲဆိုရဲတဲ့သတၱိရွိတယ္

ဗဟုသုတႂကြယ္ဝတယ္ လူခ်စ္လူခင္မ်ားတယ္ အနစ္နာခံတတ္တယ္ အဖြဲ႕အစည္းစိတ္ဓာတ္ရွိတယ္ မီးစင္ၾကည့္ကတတ္တယ္

အၿမဲတက္ႂကြေနေလ့ရွိတယ္ လူေတြကိုေပ်ာ္ရႊင္ေစတယ္ ဒီေတာ့ လူေတြရဲ႕ရင္ထဲမွာ ငေပါေလးေတြက အၿမဲတမ္း သတိတရ ရွိေန

တတ္တယ္… ကဲ ဒီေတာ့ ကိုယ့္ပတ္ဝန္းက်င္မွာ အခုလိုပဲ ေပ်ာ္တတ္ပါးတတ္၊ စတတ္ေနာက္တတ္တဲ့ ေပါေတာေတာ ပါရမီရွင္

သူငယ္ခ်င္းေလးေတြရွိရင္ သူတို႔ကို အခုထက္ပိုၿပီး တန္ဖိုးထားၾကပါေနာ့…

Credit to Wai Phyo Maung

< Unicode Version >

ကိုယ့်ပတ်ဝန်းကျင်မှာ ပျော်ပျော်နေတတ်တဲ့ ပေါတောတော သူငယ်ချင်းလေးတွေရှိရင် သူတို့ကို တန်ဖိုးထားပါ…

ဘာဖြစ်လို့လဲဆိုတော့ Leadership တို့၊ Management တို့လို ပညာတွေကို မတတ်ဘူးဆိုရင် သင်ပေးလို့ရတယ်၊ အဲ့ဒီအတွက်

သင်တန်းတွေရှိတယ်…သို့သော် စတတ်၊ နောက်တတ်တဲ့ အတတ်ပညာတို့ ပျော်တတ်ပါးတတ်တဲ့ အကျင့်စရိုက်တို့

ပြောင်စပ်စပ်မျက်နှာပေးလေးတွေတို့ ပေါတောတော လုပ်ရပ်လေးတွေတို့ ရွှတ်နောက်နောက် စကားလေးတွေတို့

ကြောင်တောင်တောင် အတွေးအခေါ်လေးတွေတို့ ချစ်စရာကောင်းတဲ့ ဟာသဉာဏ်လေးတွေတို့ ကိုယ့်အပျော်ကို တစ်ပါးသူဆီပါ

ကူးစက်စေတဲ့ စေတနာလေးတွေတို့ စတဲ့အရာတွေကလေ သုံးလပြတ်သင်တန်းတစ်ခု သွားတက်ပြီး ရှာလာလို့ မရပါဘူး…

အဲ့ဒါတွေက တကယ်တော့ ပါရမီထူးတွေပါ အထူးသဖြင့် လောကကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်တဲ့သူ အများစုမှာပဲ ရှိတတ်တဲ့

အထုံပါ… စဉ်းစားကြည့်လေ သူတို့ရဲ့တန်ဖိုးက ကြီးလေပဲ၊ ဥပမာ ခရီးတစ်ခုထွက်တယ်၊ ဟိုလူကလည်း ရေခဲတုံး၊ ဒီလူကလည်း

ကျောက်ရုပ်၊ ဟိုတစ်ယောက်ကလည်း အေးတိအေးစက်၊ ဒီတစ်ယောက်ကလည်း ငိုင်တိုင်တိုင် ကဲ စဉ်းစားသာကြည့်၊ အဲ့ဒီခရီး

ပျော်စရာ ကောင်းဦးမလားလို့…အဲ့ဒီအထဲမှာ ငပေါလေးတစ်ယောက်လောက်သာ ပါကြည့် ပြီးပြီ၊ ခရီးစဉ်တစ်ခုလုံး

သူတစ်ယောက်နဲ့တင် ဖလန်းဖလန်းကို ထနေမှာ… ဒီလိုပဲ အတန်းတစ်တန်းမှာ၊ ရုံးတစ်ရုံးမှာ၊ မိသားစုတစ်ခုမှာ၊ သူငယ်ချင်းတစ်စုမှာ

စသဖြင့် အဲ့ဒီလို ပျော်တတ်ပါးတတ်တဲ့ ပေါတောတော ပါရမီရှင်လေးတွေက မရှိမဖြစ်ကို လိုပါတယ်… မဟုတ်ရင် ဟိုလူကလည်း

ရုပ်တည် ဒီလူကလည်း ရုပ်တည်နဲ့ တတီတည်း တီနေကြရင် လူ့အဖွဲ့အစည်းကြီးက ဘယ်လောက်တောင်မှ ပျင်းရိခြောက်ကပ်ပြီး

ငြီးငွေ့စရာကောင်းလိုက်မလဲနော်၊ စဉ်းစားသာကြည့်…နောက်ပြီး ပါရမီရှင် ငပေါလေးတွေကို လေ့လာကြည့်တဲ့အခါ သူတို့မှာ

အကောင်းမြင်စိတ်ရှိတယ် သဘောကောင်းတယ် ဟာသဉာဏ်ရွှင်တယ် စကားပြောကောင်းတယ် ပြောရဲဆိုရဲတဲ့သတ္တိရှိတယ်

ဗဟုသုတကြွယ်ဝတယ် လူချစ်လူခင်များတယ် အနစ်နာခံတတ်တယ် အဖွဲ့အစည်းစိတ်ဓာတ်ရှိတယ် မီးစင်ကြည့်ကတတ်တယ်

အမြဲတက်ကြွနေလေ့ရှိတယ် လူတွေကိုပျော်ရွှင်စေတယ် ဒီတော့ လူတွေရဲ့ရင်ထဲမှာ ငပေါလေးတွေက အမြဲတမ်း သတိတရ ရှိနေ

တတ်တယ်… ကဲ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ အခုလိုပဲ ပျော်တတ်ပါးတတ်၊ စတတ်နောက်တတ်တဲ့ ပေါတောတော ပါရမီရှင်

သူငယ်ချင်းလေးတွေရှိရင် သူတို့ကို အခုထက်ပိုပြီး တန်ဖိုးထားကြပါနော့…

Credit to Wai Phyo Maung

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

four + fourteen =