“အရမ်းညံ့ခဲ့တဲ့ BENJAMIN”
ငါးတန်းကျောင်းသားဘန်ဂျမင် ဟာ သူ့ကိုယ်သူ အတန်း ရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။ အတန်းဖော်တွေကလဲ
ဘန်ဂျမင် ဟာ တို့ အတန်း ရဲ့အညံ့ဆုံး။ အတန်းပိုင် ဆရာမ ရဲ့ အတွေးမှာလဲ ဘန်ဂျမင် ဟာ အထုံဆုံး ကျောင်းသား တစ်ယောက်။
နှစ်ဝက် အဆင့်ဖော်ပြတဲ့ကဒ်ကိုအိမ်ကိုပြရတော့ မှတ်ချက် ။ ။ “ထူးခြားစွာ တိုးတက်မှုမရှိ (ညံ့)” တဲ့။
ဘန်ဂျမင်ကတော့ ကဒ်ကိုကိုင်ရင်းစဉ်းစားနေတဲ့ သူ့ အမေ ကို လေပြေလေးနဲ့ပြောတယ်။ “ဒါပြသနာ သိပ်မရှိဘူး မဟုတ်လား မေမေ”
ဘန်ဂျမင့် အမေ ရဲ့ အတွေးကတော့ ကွဲပြားတာအမှန်။ ၃ တန်းသာအောင်တဲ့ ဘန်ဂျမင့် အမေ aတွးတာက ” ငါ့သားတွေ
ဆင်းရဲတွင်းထဲက လွတ်ဖို့ တစ်ခုတည်းသော ထွက်ပေါက်က ကောင်းမွန်အသုံးကျတဲ့ ပညာရေး ပဲ” ဒါပေမယ့် လက်ရှိမှာ
သူ့သားနှစ်ယောက်ရဲ့ အဆင့်ဟာ တိုးတက်မှုရှိလှတယ် မဟုတ်ဘူး။
သူမနားလည်လိုက်တာက ငါ့သားတွေရဲ့ ပညာရေး ကို ငါ့အိမ်က စမှ ဖြစ်တော့မယ်။
ဘန်ဂျမင့် အမေ ဟာ စည်းကမ်း ၃ချက် နဲ့ စတင်လိုက်တယ်။
၁။ တစ်ပတ်မှာ တီဗီ အစီအစဉ် (၂) ခုသာကြည့်ရမယ်။ ( ကြည့်ရမယ့် အစီအစဉ်ကို သူမကိုယ်တိုင် သေချာရွေးချယ်ပေးထားတယ်)
၂။ အိမ်စာ တွေပြီးမှသာ တီဗီ ကြည့်ခြင်း အပြင်ထွက်ဆော့ကစားခြင်းကို ပြုလုပ်ရမည်။
၃။ စာကြည့်တိုက် ကနေ တစ်ပတ်လျှင် စာအုပ် ၂အုပ်ငှားပြီးဖတ်ရမည်။ ဖတ်ပြီးသား စာအုပ် အကြောင်းကို အနှစ်ချုပ်
ရေးတင်ရမည်။ READ ရင်နဲ့ရင်းပြီး ဖတ်ကြည့်ပါ
ဘန်ဂျမင် ဟာ ဒီစ ည်းကမ်းချက် အသစ်ကို လုံးဝလက်မခံနိုုင်ဘူး။ သူ့ အမေ ကို ပြောဖို့ ခက်ခဲစွာကြိုးပမ်းတယ်။
ဒါပေမယ့်မအောင်မြင်ဘူး။ သူ့ အမေ ဟာ ဒီတစ်ခါ စည်းကမ်းချက် ကိုတော့ အလျော့ပေးမယ့်ပုံ မရဘူး ဆိုတာ ဘန်ဂျမင် သိတယ်။
နောက်ဆုံး စည်းကမ်း နောက် လိုက်လုပ်ရတော့တယ်။
သိပ်တောင်မကြာလိုက်သလိုပါပဲ။ ပထမဆုံးအသီးအပွင့်အနေနဲ့ “ဆရာမမေးတဲ့ မေးခွန်း ကို ဖြေနိုင်သော တစ်ဦးတည်းသော
ကျောင်းသား”ဟာ ဘန်ဂျမင် ဖြစ်လာတယ်။ဒုတ်ိယအကြိမ် ခက်ခဲတဲ့ ဆရာမ ရဲ့ မေးခွန်း ကို ဖြေဆိုနိုင်လိုက်တဲ့
အခိုက်အတန့် ပြီးနောက်မှာတော့ ဆရာမ ရော အတန်းဖော်တွေပါ အံ့သြကုန်ကြတယ်။
အမှန်တော့သူ့ကိုယ်သူလဲ နဲနဲတော့ အံ့သြမိပေမယ့် သူ့သိတဲ့အဖြေတွေဟာ သူ့ဖတ်တဲ့ စာအုပ် တွေထဲက လာတယ်ဆိုတာ
သူသိလိုက်တယ်။ နောက်ပိုင်းမှာတော့ ဘန်ဂျမင် ဟာ သူမသိသေးတဲ့ လိုနေတဲ့အရာတွေကို စာကြည့်တိုက် က စာအုပ်
တွေကနေ ဖြည့်ပါတော့တယ်။ ပြီးရင် စာအုပ် တစ်အုပ်ချင်းစီကို မှတ်ချက်တို့ သုံးသပ်ချက်တို့ ရေးတယ်
သူဟာ စာဖတ်ခြင်း ကို မြတ်နိုးလာတယ်။ စာဖတ်ခြင်း ဟာ သူအကြိုက်ဆုံး တီဗီအ စီအစဉ် တစ်ခုပဲ။ မကြာခင်မှာပဲ ဘန်ဂျမင်
ဟာ ကျောင်း ရဲ့ အထင်ကရ ဦးဆောင်ပြသူဖြစ်လာတယ်။ သုံးတန်းသာအောင်တဲ့ ဘန်ဂျမင့် အမေ ဟာလည်း သူ့ ကလေး
ေျတွအတွက် ထပ်ခါ ထပ်ခါ ပညာရေးဘက်ကို မြှင့်တင်ပေးခဲ့တယ်။ READ တစ်ခါတစ်လေ အတိတ်ကို ပြန်သွားတိုင်း လွမ်းမိပါရဲ့ ။
ဖြစ်လာခဲ့တယ်။တက္ကသိုလ် ပေါင်းများစွာက ဂုဏ်ထူးဆောင်ဘွဲ့ပေါင်းများစွာ ရခဲ့တယ်။ မေရီလန်းက ဂျွန်ဟော့(ပ)ကင်းဆေးရုံမှာ
၁၉၈၄ ကနေ ၂၀၁၃ အထိ ဦးဆောင်သူပါမောက္ခ အနေနဲ့ လူနာ တွေကိုကုရင်း စာအုပ်တွေဖတ်နေခဲ့တယ်။ သူကုသခဲတဲ့ အထဲမှာ
ခေါင်းချင်းဆက်အမွှာတွေ ပါတယ်။ ဆေးနဲ့ကုသလို့မရတဲ့ အတက် ရောဂါသည် ကလေး တွေရဲ့ ဦးနှောက် ကို ခွဲစိတ်
ထုတ်ပေးခဲ့တာတွေပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကြောင့် ၂၀၀၈ ခုနှစ်မှာ အမေရိကန်သမ္မတကိုယ်တိုင် ပေးအပ်တဲ့
Presidential Medal of Freedom ဆုကို ရရှိခဲ့ပါတယ်။
အခုဆို ရီပါပလစ်ကန် တွေက ၂၀၁၆ အမေရိကန် သမ္မတ အလောင်းအလျာအဖြစ် ငါးတန်းတုန်းက စာသိပ်ညံ့တဲ့ ဘန်ဂျမင်ကို
လျာထားတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
သူ့အကြောင်းကို Gifted Hand ဇာတ်ကားအဖြစ် အသက်သွင်းခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါတယ်။
Credit#