“”တံငါသည္ႏွင္႔သားႏွစ္ေယာက္””

တစ္ခါက . . .

တံငါသည္ၾကီး တစ္ေယာက္ ရွိသတဲ႔။ သူ႕မွာ သားႏွစ္ေယာက္လည္း ရွိတယ္။ သူက သူ႔ရဲ႕ ရြာမွာတင္ မဟုတ္ဘူး ၊

ပတ္ဝန္းက်င္ တံငါရြာေတြမွာကို နာမည္ေက်ာ္ တစ္ေယာက္ ျဖစ္တယ္။ သူ ဘာလို႔ နာမည္ေက်ာ္ရလဲ ဆိုေတာ႔ သူမ်ားေတြ

တစ္ေနကုန္ ငါးဖမ္းေလွေလးနဲ႔ ပင္လယ္ျပင္ကို အန္တုကာ ငါးဖမ္းျပီးလို႔ ျပန္လာတာေတာင္မွ ေလွဝမ္းထဲမွာ ငါးက တဝက္ထက္

ပိုမပါၾကဘူး။ ဒါေပမဲ႔ တံငါသည္ၾကီးကေတာ႔ သူ႕ေလွဝမ္းထဲမွာ ငါးအျပည့္ ပါလာလြန္းလို႔ ေလွႏႈတ္ခမ္းက ေရျပင္နဲ႔ ထိလုမခန္း

နီးကပ္ေနတတ္တယ္။သူမ်ားေတြ ငါးဖမ္းေလွနဲ႔ ငါးမ်ားမ်ားရေအာင္ မနက္ေစာေစာ ထြက္တဲ႔ အခ်ိန္ တံငါသည္ၾကီးကေတာ႔

အိပ္လို႔ ေကာင္းေနတုန္း။ သူမ်ားေတြ ညေန ေနေတာ္ေတာ္ေစာင္း ေမွာင္ရီပ်ိဳးမွ ျပန္လာခ်ိန္မွာ တံခါသည္ၾကီးကေတာ႔

ညေနေစာင္းေလာက္ ကတည္းက ျပန္ေရာက္ျပီး ေရခ်ိဳးကာ ရြာအႏွံ႔ လမ္းေလွ်ာက္ေနေလ့ ရွိတယ္။ ဒါေပမဲ႔ သူ႕ေလွထဲမွာက သူမ်ားေတြ မိုး

ခ်ဳပ္မွ ျပန္လာသူေတြထက္ ငါးေတြပိုရလာေလ့ ရွိတယ္။သူမ်ားေတြ တစ္ေနကုန္ ငါးဖမ္းမွ နည္းနည္းေလး ရတာကို တံငါသည္ၾကီးက

ခဏေလးနဲ႔ ငါးေတြ အမ်ားၾကီး ရလာေလ့ ရွိလို႔ တံငါသည္ၾကီးေတာ႔ ငါးေတြ ေအာင္းေနျပီး ၊ ငါးအမ်ားၾကီး ရွိေနတဲ႔ ေနရာကို ေတြ႕

ထားတယ္ လို႔ အားလံုးက ထင္ေနၾကတယ္။ ဒါေၾကာင့္ တံငါသည္ၾကီး ငါးဖမ္းထြက္ရာကို လိုက္သြားျပီး သူ ကြန္ပစ္ရာကို လိုက္ကာ

ကြန္ပစ္ ၊ ကြန္ေထာင္ေပမဲ႔ သူ႕ေလာက္ မရၾကဘူး။ တံငါသည္ၾကီးကေတာ႔ သူ႕ေနာက္ကို လုိက္ျပီး ကြန္ပစ္ကာ ငါးဖမ္းတာကို

တားဆီးျခင္းလည္း မျပဳပါဘူး။ သူ႕ဖာသာ ခပ္မဆိတ္ဘဲ ေနေလ့ရွိတယ္။

ဒါေပမဲ႔ ငါးဖမ္းသူတို႔ ထံုးစံ အတိုင္း ဟိုဟိုဒီဒီ သြားျပီး ကြန္ပစ္ ၊ ကြန္ေထာင္ သလို တံငါသည္ၾကီးလည္း အဲဒီလိုေတာ႔ ဖမ္းဆီးေလ့

ရွိတယ္။ ဒါေပမဲ႔ အခ်ိန္တန္လို႔ အိမ္ျပန္လာျပီ ဆိုရင္ တံငါသည္ၾကီးဆီမွာ ငါးေတြ အျပည့္ပါလာေပမဲ႔ သူတို႔ဆီမွာေတာ႔ ငါးေတြ

တံငါသည္ၾကီးေလာက္ ရလာေလ့ မရွိဘူး။ ဒါေၾကာင့္ အားလံုးက တံငါသည္ၾကီးကို အဓိက “ ကြန္ခ်က္ ” မျပဘဲ သူ႔ဖာသာပဲ

ဖမ္းဆီးတယ္ လို႔ ေနာက္ကြယ္မွာ ေစာင္းေျမာင္း ေျပာဆိုၾကတယ္။

ဒီလိုနဲ႔ ႏွစ္ေပါင္းမ်ားစြာ ၾကာလာေတာ႔ တံငါသည္ၾကီးလည္း အဘိုးၾကီး ျဖစ္လာတယ္။ တံငါသည္ၾကီးရဲ႕ သားႏွစ္ေယာက္ကလည္း

လူလားေျမာက္ျပီး အရြယ္ေရာက္လာၾကတယ္။ တံငါသည္ၾကီးက သူ အသက္ အရမ္းၾကီးျပီ ျဖစ္လို႔ ပင္လယ္ျပင္မွာ ထြက္ျပီးေတာ႔

ကြန္ပစ္ ၊ ကြန္ခ်ကာ ငါးမဖမ္းႏိုင္ေတာ႔ဘူး ဆိုတာကို သိလို႔ ၊ သူ႕ရဲ႕ တတ္ကၽြမ္းတဲ႔ ငါးဖမ္းနည္း အားလံုးကို တစ္ခုမခ်န္ သူ႕သား

ႏွစ္ေယာက္ကို သင္ေပးခဲ့တယ္။ ငါးေတြရဲ႕ အေလ့အထ ၊ ငါးေတြရဲ႕ က်င္လည္ က်က္စားရာ ေနရာ ၊ ငါးေတြကို ဖမ္းပံုဖမ္းနည္း ၊

ငါးအုပ္ကို ခန္႔မွန္း ဖမ္းဆီးနည္း စတာေတြကို အကုန္ သင္ေပးခဲ႔တယ္။

ဒီလို တံငါသည္ၾကီး သူ႔မွာ တတ္ကၽြမ္းတဲ႔ ငါးဖမ္းနည္း ၊ ငါးေတြရဲ႕ ဗဟုသုတေတြကို တစ္ခု မက်န္ သူ႕သား ႏွစ္ေယာက္ကို

သင္ေပးျပီးေတာ႔ သူကေတာ႔ ပင္လယ္ထဲ ထြက္ျပီး ငါးဖမ္းျခင္းကို လံုးဝ စြန္႔လႊတ္လိုက္ျပီး သူ႕ဖာသာ အိမ္မွာပဲ ေအးခ်မ္းစြာ

ေနထိုင္ေတာ႔တယ္။ သူ႕သား ႏွစ္ေယာက္ကေတာ႔ တစ္ေယာက္ကို ေလွတစ္စီးစီနဲ႔ ပင္လယ္ထဲကို ငါးဖမ္းထြက္ၾကတယ္။ သား

ႏွစ္ေယာက္လံုးကို သူတတ္သမွ် ငါးနဲ႔ ပတ္သတ္ေသာ ဗဟုသုတ ၊ ငါးဖမ္းနည္းေတြ သင္ေပးလိုက္ေပမဲ႔ သားႏွစ္ေယာက္လံုး ငါးဖမ္းက

ျပန္လာေတာ႔ ရလာတဲ႔ ငါးအရည္အတြက္က တူမေနၾကဘူး။

ပထမဦးဆံုး ေန႔မို႔လို႔ ထင္ၾကေပမဲ႔လည္း ေနာက္ေန႔ ေနာက္ေန႔ေတြမွာလည္း ရလာတဲ႔ ငါးက မတူၾကဘူး။ ရက္ေပါင္း မ်ားစြာ

ၾကာလာတဲ႔ အထိ သားႏွစ္ေယာက္ ငါးဖမ္း အတူတူ ထြက္ၾကေပမဲ႔ ျပန္ေရာက္လာတဲ႔ အခါမွာ တစ္ေယာက္ကေတာ႔ တံငါသည္ၾကီး

ငါးဖမ္းတုန္းက ကဲ႔သုိ႔ ငါးေတြ အမ်ားၾကီး ရေပမဲ႔ ေနာက္ထပ္ တစ္ေယာက္ကေတာ႔ သာမာန္ေလာက္ပဲ ရတယ္။

ဒီေတာ႔ ပတ္ဝန္းက်င္က လူေတြက သူတို႔ တုန္းကလည္း တံငါသည္ၾကီးကို ကြန္ခ်က္ပညာ လွ်ိဳထားတယ္ လို႔ ထင္တဲ႔ အတိုင္း

ငါးအရနည္းလာတဲ႔ သားကိုလည္း မင္းကို ကြန္ခ်က္ပညာ မသင္ေပးဘဲ ဟိုတစ္ေယာက္ကို ကြန္ခ်က္ သင္ေပးလို႔ အတူတူ

သြားတာျခင္း အတူတူ မင္းက ငါးနည္းနည္းပဲ ရေနခ်ိန္မွာ ဟိုတစ္ေယာက္ကေတာ႔ ငါးေတြ အမ်ားၾကီး ရလာတာေပါ႔ ဆိုျပီး

ေဘးကေန ေသြးထိုးၾကတယ္။ပထမေတာ႔ မယံုေပမဲ႔ ကာလ ၾကာရွည္လာေတာ႔လည္း ငါး အရနည္းတဲ႔ သားက သူတို႔ ေျပာတာ

တကယ္ ျဖစ္ႏိုင္တယ္ လို႔ ယံုၾကည္သြားတယ္။ ဒါေၾကာင့္ ဖခင္ တံငါသည္ၾကီးကို . . .

“ အေဖ . . . သားခ်င္း အတူတူကို သူ႕ကို ကြန္ခ်က္ ပိုသင္ေပးလိုက္လို႔ ကၽြန္ေတာ္ ငါး အရ နည္းတာ မဟုတ္လား ”

လို႔ အျပစ္တင္တယ္။ ဒါေပမဲ႔ ဖခင္ တံငါသည္ၾကီးက ဘာမွ ျပန္မေျပာဘဲ ခပ္ဆိတ္ဆိတ္သာ ေနေလ့ ရွိတယ္။ ထိုသားက

မနက္ေစာေစာ ၾကိဳထြက္တယ္ ၊ ညေနမိုးခ်ဳပ္မွ ျပန္လာေပမဲ႔ ဟိုသားရဲ႕ ေလွေလာက္ ငါးဖမ္း မိေလ့ မရွိဘူး။

ဒီလိုနဲ႔ ရက္ေပါင္းမ်ားစြာ ၾကာျပီး . . . .

တစ္ရက္မွာ တံငါသည္ၾကီးက သူ႕သား ႏွစ္ေယာက္ကို ေခၚျပီး ေရကန္ၾကီး တစ္ခုဆီကို ငါးမွ်ားတံ တစ္ေယာက္ တစ္ေခ်ာင္းဆီနဲ႔

ထြက္လာခဲ႔တယ္။ ေရကန္ၾကီးကိုလည္း ေရာက္ေရာ တံငါသည္ၾကီးက ငါးေတြ ခိုေအာင္းလို႔ အေကာင္းဆံုး ေနရာက ဘယ္ေနရာလဲ

လို႔ ေမးလိုက္တယ္။ ဒီေတာ႔ ႏွစ္ေယာက္ စလံုးက တျပိဳင္နက္ ေျဖၾကတယ္။ သူတို႔ ေျဖတဲ႔ ေနရာကို ေရာက္ေအာင္ တံငါသည္ၾကီးနဲ႔

သားႏွစ္ေယာက္ သြားျပီး ငါးမွ်ားဖို႔ ကိုင္းတံေလးေတြကို ုထုတ္ကာ ငါးမွ်ားခ်ိတ္မွာ အစာတပ္ကာ အသီးသီး ေနရာယူၾကတယ္။

ထိုေရကန္ၾကီးကလည္း ငါးေတြ အလြန္ေပါတယ္။ သားအဖ သံုးေယာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ အနည္းငယ္ ကြာေဝးတဲ႔ ေန

ရာမွာ ထုိင္ျပီး ငါးမွ်ားေနၾကတယ္။ တစ္ေယာက္ရဲ႕ ငါးမွ်ားတံကို ငါးက ဟပ္လိုက္ ၊ ဆြဲတင္လိုက္နဲ႔ ငါးေတြ ေတာ္ေတာ္ ရၾကတယ္။

တံငါသည္ၾကီးက ငါးဖမ္း အလြန္ေတာ္တဲ႔ တံငါသည္ၾကီး ဆိုေတာ့ သူ႔ရဲ႕ ငါးမွ်ားတံကလည္း ခဏပဲ ေလထဲမွာ ထားခြင့္ ရလိုက္တယ္။

ငါးမွ်ားခ်ိတ္ကို ေရထဲ ခ်လိုက္တာနဲ႔ ခ်က္ခ်င္း ဆိုသလို ငါးေတြကလည္း ဟပ္ၾက ၊ ဆြဲၾကတယ္။ ဒါဆို ငါးမွ်ားတံကို ကိုင္ျပီး ျငိမ္ေနတဲ႔

တံငါသည္ၾကီးက ဆတ္ခနဲ ဆြဲတင္လိုက္ရင္ ငါးတစ္ေကာင္ ပါလာေတာ့တာပါပဲ။

တံငါသည္ၾကီးရဲ႕ သားေတြကလည္း သူ႔ေလာက္သာ မေတာ္ၾကတာ ညံ့ေတာ့ မညံ့ၾကဘူး။ သူတို႔ရဲ႕ ငါးမွ်ားတံေလးေတြကလည္း

သုတ္ခနဲ သုတ္ခနဲပါပဲ။ ဒါေပမဲ႔ သားႏွစ္ေယာက္ရဲ႕ ငါးဖမ္းမိတာျခင္းေတာ့ မတူၾကဘူး။ သားတစ္ေယာက္က ငါးအေတာ္ မ်ားမ်ား

ဖမ္းမိတဲ႔ အခ်ိန္မွာ ေနာက္ထပ္ သားတစ္ေယာက္ကေတာ့ သာမာန္လူေတြထက္ အနည္းငယ္ေလာက္သာ ငါးမွ်ားလို႔ ရခဲ႔တယ္။

တံငါသည္ၾကီးနဲ႔ ယွဥ္လိုက္တဲ႔ အခါမွာ တစ္ေယာက္က သိပ္မကြာေပမဲ႔ ၊ ေနာက္ထပ္ တစ္ေယာက္ကေတာ့ ထက္ဝက္နီးပါးေလာက္

ကို ကြာေနတယ္။ေန အေတာ္ေစာင္းလို႔ ျပန္ခ်ိန္တန္ေတာ့ တံငါသည္ၾကီးက သူ႕သားႏွစ္ေယာက္ကို ေခၚျပီး ျပန္ဖို႔ ျပင္

ဆင္ၾကေတာ့တယ္။ ျပန္ဖို႔ ျပင္ဆင္ေတာ့ တံငါးသည္ၾကီး မွ်ားလို႔ မိထားတဲ႔ ငါးေတြက မ်ားျပားလွတယ္။ ေနာက္ထပ္ သားတစ္ေယာက္

ကေတာ့ တံငါသည္ၾကီးကိုသာ မမွီတယ္ သူကလည္း မိထားတဲ႔ ငါးေတြ အမ်ားၾကီး ဖမ္းမိထားတယ္။ ေနာက္ထပ္ တစ္ေယာက္ကေတာ့

ဖမ္းမိတဲ႔ ငါးက တံငါသည္ၾကီးကို မဆိုထားနဲ႔ ဟိုသားတစ္ေယာက္ ေလာက္ေတာင္မွ ဖမ္းမမိခဲ႔ဘူး။ သူကလည္း သူဖမ္းမိတဲ့ ငါးေတြကို

ၾကည့္လိုက္ ၊ တံငါသည္ၾကီးနဲ႔ ဟိုတစ္ေယာက္ ဖမ္းမိထားတဲ႔ ငါးေတြကို ၾကည့္လိုက္နဲ႔ ဘာလို႔ သူ ငါးဖမ္းတာ အမ်ားၾကီး မမိလည္း

ဆိုတာ သူ႕ဖာသာသူ နားမလည္ႏိုင္ခဲ႔ဘူး။တံငါသည္ၾကီးက အသက္ အေတာ္ၾကီးျပီ ျဖစ္လို႔ တံငါသည္ၾကီး ဖမ္းလို႔ မိတဲ႔ ငါးေတြကို

ညီအစ္ကို ႏွစ္ေယာက္ တစ္ေယာက္ တဝက္ ခြဲကာ ထမ္းျပီး ျပန္လာခဲ႔တယ္။ လမ္းတေလွ်ာက္ သားအဖ သံုးေယာက္ သာသာယာယာ

လမ္းကေလးကို ေအးေအးေဆးေဆး ျဖတ္ေလွ်ာက္လာေပမဲ႔ ငါးနည္းနည္းသာ ဖမ္းမိခဲ႔တဲ႔ သားရဲ႕ စိတ္ထဲမွာေတာ့ အေတာ္ကို

ဘဝင္မက် ျဖစ္ေနခဲ႔တယ္။ ဘာလို႔ သူ ငါးဖမ္းတာ ဒီေလာက္ နည္းနည္းပဲ ရတယ္ ဆိုတာကိုလည္း သူ႕ဖာသာသူ နားမလည္ႏိုင္ခဲ႔ဘူး။

တစ္ေနရာတည္း ၊ တစ္ကန္တည္း ၊ ဘာမွ မကြာဘဲ လွမ္းျမင္ေနရတဲ႔ ကန္တစ္ခုတည္းမွာ ငါးမွ်ားတဲ႔ အစာ အတူတူနဲ႔ မွ်ားေနရင္းကို

သူက ဘာလို႔ ငါး အရ နည္းရတာလဲ ဆိုတာကို သူ အရမ္းသိခ်င္လာတယ္။

“ အေဖ . . . . ”

သူက မဝံ့မရဲ နဲ႔ လွမ္းေခၚလိုက္ေတာ့ တံငါသည္ၾကီးက သူ႕ကို ေစာင္းငဲ႔ၾကည့္တယ္။ ဒါေပမဲ႔ တံငါသည္ၾကီးရဲ႕ ေနာက္ထပ္

သားတစ္ေယာက္ကေတာ့ သူ႕ဖာသာသူ ထမ္းစရာ ရွိတဲ႔ ငါးေတာင္းကို ထမ္းျပီး သူ႕လမ္းကုိ သူ ေလွ်ာက္ေနတယ္။ သူ႕အေဖကို

ေခၚသံ ၾကားလိုက္ေပမဲ႔ သူ႕ကို ေခၚတာ မဟုတ္လို႔ သူက လွည့္ေတာင္မွ မၾကည့္။ တံငါသည္ၾကီးက ေခၚေနတဲ႔ သားကို လွမ္းၾကည့္ျပီး

ဘာလဲ ဆိုသလို ေမးဆတ္ျပတယ္။ ဒီေတာ့မွ လွမ္းေခၚလိုက္တဲ႔ သားက ဆက္ေမးတယ္။

“ တစ္ေနရာတည္း ၊ တစ္ကန္တည္း ၊ တစ္ခ်ိန္တည္းမွာ ငါးမွ်ားစာ အတူတူနဲ႔ မွ်ားေနရင္းကို ဘာလို႔ ငါးရပံုျခင္းက မတူရတာလဲ အေဖ ”

လို႔ လွမ္းေမးလိုက္တယ္။ ဒီေတာ့မွ တံငါသည္ၾကီးက သူ ေျဖခ်င္လို႔ အခ်ိန္ေပါင္းမ်ားစြာကို ေစာင့္ဆိုင္းခဲ႔တယ္ ဆိုသလို မိန္႔မိန္႔ၾကီး

ျပံဳးေလေတာ့သည္။ ျပီးမွ . . .

“ ဘာေၾကာင့္လို႔ ငါ့သား ထင္လဲ။ ”

“ မေျပာတတ္ဘူး အေဖ။ ”

ဒီလို သူတို႔ ႏွစ္ေယာက္ အခ်ီအခ် ေျပာေနေပမဲ႔ သူတို႔ ေဘးမွာ လိုက္ပါလာတဲ႔ သားကေတာ့ သူတို႔ စကားကို နားစြင့္ေနေပမဲ႔

လွမ္းရမဲ႔ ေျခလွမ္းက မပ်က္ ၊ သူတို႔ကိုလည္း လွည့္ၾကည့္ကာ ေငးေမာျခင္း မျပဳေပ။ တံငါသည္ၾကီး ဆက္ေျပာတယ္။

“ ငါးမွ်ားေနရင္းနဲ႔ ငါ့သား ငါးမွ်ားခ်ိတ္ခ်ထားတဲ႔ ေဖာ့တံေလးကို ဘယ္ေလာက္ အခ်ိန္ၾကာေအာင္လို႔ ေစာင့္ၾကည့္ေနလဲ။ ”

“ တစ္ခ်ိန္လံုးပဲေလ အေဖ ”

“ ငါးမွ်ားတံ ေဖာ့ေလးကို ထိုင္ၾကည့္ရင္း သား ဘယ္ႏွစ္ခါ ေဆးလိပ္ ထုတ္ဖြာလဲ။ ”

“ ေသခ်ာေတာ့ မမွတ္မိေပမဲ႔ ေဆးေပါ့လိပ္ ၅ လိပ္ကုန္ခဲ႔တယ္ အေဖ ”

“ ငါးမွ်ားတံေဖာ့ေလးကို ေစာင့္ၾကည့္ေနရင္း ေရကေရာ ဘယ္ႏွစ္ၾကိမ္ ေသာက္ခဲ႔လဲ။ ”

“ ဒါလည္း ဘယ္မွတ္မိမလဲ အေဖရာ။ ေရဘူး ႏွစ္ဘူးစလံုးေတာ့ တတ္တတ္ေျပာင္သြားတာပဲ။ ”

“ ငါးမွ်ားတံေဖာ့ေလးကို ေစာင့္ၾကည့္ေနရင္း အေဖ နဲ႔ ငါးမွ်ားေဖာ္မွာ ငါး ဘယ္ႏွစ္ေကာင္ မိျပီလဲ ဆိုျပီး သား ဘယ္ႏွစ္ၾကိမ္ ထၾကည့္လဲ။ “

“ ေသခ်ာေတာ့ မမွတ္မိေပမဲ႔ ၁၀ ၾကိမ္ေလာက္ေတာ့ ရွိမယ္ ထင္တယ္။ ”

“ ထိုင္ရာက ခဏထျပီး ေနရာကို ျပန္ထိုင္ေတာ့ ဟာ . . ငါက ဆြဲေနတာကိုး ဆိုျပီး ဘယ္ႏွစ္ၾကိမ္ ကိုယ့္ဖာသာကိုယ္ ေရရြတ္မိလဲ။ ”

“ မေသခ်ာ ေပမဲ႔ အၾကိမ္ ႏွစ္ဆယ္ေလာက္ ရွိမယ္ ထင္တယ္ အေဖ။”

“ ဒါပဲေလ ငါ့သားရဲ႕။ မင္း ဘာလို႔ ငါးအမိနည္းတာလဲ ဆိုတာ ၊ ဒါက သက္ေသျပေနတာပဲေလ။ ”

“ ဗ်ာ . . . အေဖ ဘာကို ဆိုလိုတာလဲ ”

ဒီေတာ့ တံငါသည္ၾကီးက သူ႕ရဲ႕သားကို သနားစဖြယ္ ေကာင္းေသာ လူတစ္ေယာက္ အျဖစ္ ေသခ်ာ ၾကည့္လိုက္ျပီးေတာ့ ဆက္ေျပာတယ္။

“ တကယ္ေတာ့ အေဖက အေဖ့မွာ တတ္ထားတဲ႔ ငါးဖမ္းနည္း ၊ ငါးရွာနည္းေတြကို သားႏွစ္ေယာက္ကို အတူတူ သင္ေပးခဲ႔တာပဲ။

ငါးကို ဘယ္လို ဖမ္းရမယ္ ဆိုတာ အျပင္ ၊ ငါးေတြ ဘယ္ေနရာမွာ ခိုေအာင္းတတ္တယ္ ဆိုတာကိုလည္း အတူတူ သင္ေပးခဲ႔တာပဲ။

ကြန္ခ်က္တင္ မကဘူး ၊ ရွိသမွ် အကုန္ ပံုေပးခဲ႔တာပါ။ ဒါေပမဲ႔ . . . ငါ့သားက အေဖ့ကို ပညာအတူတူ မသင္ေပးဘူး လို႔

ထင္ေနခဲ႔တယ္ေလ။ ”

“ – – – – – – ”

“ မဟုတ္ဘူး ငါ့သားရဲ႕။ တကယ္ေတာ့ ပညာသင္တာျခင္း အတူတူေတာင္မွ ကိုယ့္ရဲ႕ “ အလုပ္အေပၚမွာ စူးစိုက္မႈ ” ဆိုတာ

လိုအပ္ေသးတယ္။ ပညာသင္ေပးေနခ်ိန္မွာ တတ္ေအာင္ စူးစိုက္ရမယ္။ တတ္ျပီ ဆိုရင္လည္း မေမ့ေအာင္ စူးစိုက္ရမယ္။

မေမ့ေတာ့ဘူး ဆိုရင္လည္း ေကာင္းမြန္စြာ အသံုးခ်ႏိုင္ေအာင္ စူးစိုက္ရမယ္။ အသံုးခ်ႏိုင္ျပီ ဆိုရင္လည္း အေကာင္းဆံုး

အသံုးခ်ႏိုင္ေအာင္ စူးစိုက္ရတယ္။ ”

“ – – – — – – – – ”

“ အခုေတာ့ ငါ့သားက ငါးမွ်ားေနတယ္သာ ဆိုတယ္။ ဖင္က ဂဏွာမျငိမ္ဘူး။ ဟိုထလိုက္ ဒီထလိုက္နဲ႔။ ျပီးေတာ့ ကိုယ္မွ်ားလို႔ မိမွ

ကိုယ္ရတယ္ ဆိုတာ သေဘာေပါက္ရမွာ။ အခုေတာ့ ဟိုလူ ငါး ဘယ္ႏွစ္ေကာင္မိျပီလဲ ဆိုျပီး ထၾကည့္ရတာ တမ်ိဳး ၊ ေဆးလိပ္ထဖြာ

ရတာ တဖံု ၊ ေရေသာက္ရတာ တေၾကာင္း ၊ မ်ိဳးကို စံုေနတာပဲေလ။

ဒီအခ်ိန္မွာ ငါ့သားရဲ႕ ငါးမွ်ားခ်ိတ္ကို လာဟပ္တဲ႔ ငါးကို ငါ့သား ဘယ္လိုလုပ္ သိလို္က္မလဲ။ ငါးစာကို အသာေလး ငံုထားတတ္တဲ့

ငါးဆိုရင္ ကိုယ္က ဆတ္ခနဲ ဆြဲလိုက္မွ မိတာ မဟုတ္လား။ အခုေတာ့ ကိုယ္က တျခားမွာ အာရံု ေရာက္ေနေတာ့ ဒီလို

အခ်ိန္ေကာင္းေတြ လြတ္သြားတာေပါ႔ကြာ။ ဒီေတာ့ ငါ့သား ငါးအမိနည္းတာ အေဖက ကြန္ခ်က္ မျပလို႔လား ၊ ငါ့သားရဲ႕ အလုပ္

အေပၚမွာ အာရံုစိုက္မႈ နည္းလို႔လား။ ”

“ – – – – – – – – ”

“ ေျပာပါဦး ငါ့သားရဲ႕။ အရင္က ေလွနဲ႔ ငါးဖမ္း ထြက္ျပီး ျပန္လာရင္ ငါ့သား ငါးအရ နည္းေတာ့ အေဖက သားကို တတ္သင့္တတ္ထို္က္

တာေတြ မသင္လို႔လား ၊ ကြန္ခ်က္ကို မျပလိုက္လို႔လား။ ငါ့သားရဲ႕ အလုပ္ေပၚမွာ အာရံု စူးစိုက္မႈ နည္းလို႔လား ၊ ေျဖၾကည့္စမ္းပါဦး။ ”

ဒီေတာ့မွ သားျဖစ္သူက ရုတ္တရက္ အိပ္ယာမွ လန္႔ႏိုးသူ တစ္ေယာက္လို ဖခင္ တံငါသည္ၾကီးေျပာတဲ႔ စကားကို နားေထာင္ျပီး သူ႕

ကိုယ္သူ ျပန္ျမင္ကာ အမွားကို ေတြ႕သြားေတာ့တယ္။

“ ဟုတ္တယ္ အေဖ။ အေဖ ေျပာမွ သားကိုသား ျပန္ျပီး ျမင္ေတာ့တယ္။ သားက ေလွနဲ႔ ငါးရွာထြက္ေတာ့လည္း ဒီလိုပဲ ပိုက္ခ်ျပီး

ေလွေပၚမွာ ေမွးခ်င္ ေမွးေနမိတာ။ ဒီေတာ့ ငါးအုပ္နဲ႔ ဘယ္လို လြတ္သြားတယ္ ဆိုတာကိုေတာင္မွ မစဥ္းစားမိခဲ႔ဘူး။ အခု အေဖ

ေျပာမွပဲ ဒါေတြ အားလံုးက ကိုယ့္ရဲ႕ အလုပ္အေပၚမွာ စူးစိုက္မႈ နည္းခဲ႔တာ ဆိုျပီး ျပန္ျမင္ပါျပီ အေဖ။ အခု အခ်ိန္က စျပီး သား အလုပ္

အေပၚမွာ အာရံု စူးစိုက္ႏိုင္ေအာင္ ျပင္ဆင္ပါေတာ့မယ္။ ”

ဆိုျပီး ကတိေပးတယ္။ ဒီေတာ့ ဖခင္ တံငါသည္ၾကီးက ျပံဳးျပီး ေခါင္းေလး တဆတ္ဆတ္ညိတ္ကာ ေျပာသတဲ႔။

“ ငါ့သား ကိုယ့္ဖာသာ သေဘာေပါက္သြားတာ ဝမ္းသာလိုက္တာ သားရယ္။ ေလာကမွာ လူေတြက ကိုယ္ ေအာင္ျမင္မႈ မရဘူး

ဆိုရင္ ဘယ္သူကေတာ့ ဘယ္လို ပညာေတြ လွ်ိဳထားလို႔ ၊ ဘယ္သူကေတာ့ျဖင့္ မကူညီလို႔ ဆိုျပီး ေျပာတတ္ၾကတယ္။ တကယ္ေတာ့

ဘယ္အလုပ္မွာ မဆို ကိုယ့္ဖာသာ ျပင္ဆင္ျပီး အာရံု စူးစိုက္ခဲ႔မယ္ ဆိုရင္ အေသးအဖြဲေလးက အစ သတိထားမိျပီး အရာရာ ျပင္ဆင္

လုပ္ကိုင္ သြားတတ္မွာပါ။ ဒါဆို ဘယ္အလုပ္မွာ မဆို ေအာင္ျမင္ႏိုင္ျပီေပါ႔။ ”

Credit#

———————–

< Unicode Version >

တစ်ခါက . . .

တံငါသည်ကြီး တစ်ယောက် ရှိသတဲ့။ သူ့မှာ သားနှစ်ယောက်လည်း ရှိတယ်။ သူက သူ့ရဲ့ ရွာမှာတင် မဟုတ်ဘူး ၊

ပတ်ဝန်းကျင် တံငါရွာတွေမှာကို နာမည်ကျော် တစ်ယောက် ဖြစ်တယ်။ သူ ဘာလို့ နာမည်ကျော်ရလဲ ဆိုတော့ သူများတွေ

တစ်နေကုန် ငါးဖမ်းလှေလေးနဲ့ ပင်လယ်ပြင်ကို အန်တုကာ ငါးဖမ်းပြီးလို့ ပြန်လာတာတောင်မှ လှေဝမ်းထဲမှာ ငါးက တဝက်ထက်

ပိုမပါကြဘူး။ ဒါပေမဲ့ တံငါသည်ကြီးကတော့ သူ့လှေဝမ်းထဲမှာ ငါးအပြည့် ပါလာလွန်းလို့ လှေနှုတ်ခမ်းက ရေပြင်နဲ့ ထိလုမခန်း

နီးကပ်နေတတ်တယ်။သူများတွေ ငါးဖမ်းလှေနဲ့ ငါးများများရအောင် မနက်စောစော ထွက်တဲ့ အချိန် တံငါသည်ကြီးကတော့

အိပ်လို့ ကောင်းနေတုန်း။ သူများတွေ ညနေ နေတော်တော်စောင်း မှောင်ရီပျိုးမှ ပြန်လာချိန်မှာ တံခါသည်ကြီးကတော့

ညနေစောင်းလောက် ကတည်းက ပြန်ရောက်ပြီး ရေချိုးကာ ရွာအနှံ့ လမ်းလျှောက်နေလေ့ ရှိတယ်။ ဒါပေမဲ့ သူ့လှေထဲမှာက သူများတွေ မိုး

ချုပ်မှ ပြန်လာသူတွေထက် ငါးတွေပိုရလာလေ့ ရှိတယ်။သူများတွေ တစ်နေကုန် ငါးဖမ်းမှ နည်းနည်းလေး ရတာကို တံငါသည်ကြီးက

ခဏလေးနဲ့ ငါးတွေ အများကြီး ရလာလေ့ ရှိလို့ တံငါသည်ကြီးတော့ ငါးတွေ အောင်းနေပြီး ၊ ငါးအများကြီး ရှိနေတဲ့ နေရာကို တွေ့

ထားတယ် လို့ အားလုံးက ထင်နေကြတယ်။ ဒါကြောင့် တံငါသည်ကြီး ငါးဖမ်းထွက်ရာကို လိုက်သွားပြီး သူ ကွန်ပစ်ရာကို လိုက်ကာ

ကွန်ပစ် ၊ ကွန်ထောင်ပေမဲ့ သူ့လောက် မရကြဘူး။ တံငါသည်ကြီးကတော့ သူ့နောက်ကို လိုက်ပြီး ကွန်ပစ်ကာ ငါးဖမ်းတာကို

တားဆီးခြင်းလည်း မပြုပါဘူး။ သူ့ဖာသာ ခပ်မဆိတ်ဘဲ နေလေ့ရှိတယ်။

ဒါပေမဲ့ ငါးဖမ်းသူတို့ ထုံးစံ အတိုင်း ဟိုဟိုဒီဒီ သွားပြီး ကွန်ပစ် ၊ ကွန်ထောင် သလို တံငါသည်ကြီးလည်း အဲဒီလိုတော့ ဖမ်းဆီးလေ့

ရှိတယ်။ ဒါပေမဲ့ အချိန်တန်လို့ အိမ်ပြန်လာပြီ ဆိုရင် တံငါသည်ကြီးဆီမှာ ငါးတွေ အပြည့်ပါလာပေမဲ့ သူတို့ဆီမှာတော့ ငါးတွေ

တံငါသည်ကြီးလောက် ရလာလေ့ မရှိဘူး။ ဒါကြောင့် အားလုံးက တံငါသည်ကြီးကို အဓိက “ ကွန်ချက် ” မပြဘဲ သူ့ဖာသာပဲ

ဖမ်းဆီးတယ် လို့ နောက်ကွယ်မှာ စောင်းမြောင်း ပြောဆိုကြတယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတော့ တံငါသည်ကြီးလည်း အဘိုးကြီး ဖြစ်လာတယ်။ တံငါသည်ကြီးရဲ့ သားနှစ်ယောက်ကလည်း

လူလားမြောက်ပြီး အရွယ်ရောက်လာကြတယ်။ တံငါသည်ကြီးက သူ အသက် အရမ်းကြီးပြီ ဖြစ်လို့ ပင်လယ်ပြင်မှာ ထွက်ပြီးတော့

ကွန်ပစ် ၊ ကွန်ချကာ ငါးမဖမ်းနိုင်တော့ဘူး ဆိုတာကို သိလို့ ၊ သူ့ရဲ့ တတ်ကျွမ်းတဲ့ ငါးဖမ်းနည်း အားလုံးကို တစ်ခုမချန် သူ့သား

နှစ်ယောက်ကို သင်ပေးခဲ့တယ်။ ငါးတွေရဲ့ အလေ့အထ ၊ ငါးတွေရဲ့ ကျင်လည် ကျက်စားရာ နေရာ ၊ ငါးတွေကို ဖမ်းပုံဖမ်းနည်း ၊

ငါးအုပ်ကို ခန့်မှန်း ဖမ်းဆီးနည်း စတာတွေကို အကုန် သင်ပေးခဲ့တယ်။

ဒီလို တံငါသည်ကြီး သူ့မှာ တတ်ကျွမ်းတဲ့ ငါးဖမ်းနည်း ၊ ငါးတွေရဲ့ ဗဟုသုတတွေကို တစ်ခု မကျန် သူ့သား နှစ်ယောက်ကို

သင်ပေးပြီးတော့ သူကတော့ ပင်လယ်ထဲ ထွက်ပြီး ငါးဖမ်းခြင်းကို လုံးဝ စွန့်လွှတ်လိုက်ပြီး သူ့ဖာသာ အိမ်မှာပဲ အေးချမ်းစွာ

နေထိုင်တော့တယ်။ သူ့သား နှစ်ယောက်ကတော့ တစ်ယောက်ကို လှေတစ်စီးစီနဲ့ ပင်လယ်ထဲကို ငါးဖမ်းထွက်ကြတယ်။ သား

နှစ်ယောက်လုံးကို သူတတ်သမျှ ငါးနဲ့ ပတ်သတ်သော ဗဟုသုတ ၊ ငါးဖမ်းနည်းတွေ သင်ပေးလိုက်ပေမဲ့ သားနှစ်ယောက်လုံး ငါးဖမ်းက

ပြန်လာတော့ ရလာတဲ့ ငါးအရည်အတွက်က တူမနေကြဘူး။

ပထမဦးဆုံး နေ့မို့လို့ ထင်ကြပေမဲ့လည်း နောက်နေ့ နောက်နေ့တွေမှာလည်း ရလာတဲ့ ငါးက မတူကြဘူး။ ရက်ပေါင်း များစွာ

ကြာလာတဲ့ အထိ သားနှစ်ယောက် ငါးဖမ်း အတူတူ ထွက်ကြပေမဲ့ ပြန်ရောက်လာတဲ့ အခါမှာ တစ်ယောက်ကတော့ တံငါသည်ကြီး

ငါးဖမ်းတုန်းက ကဲ့သို့ ငါးတွေ အများကြီး ရပေမဲ့ နောက်ထပ် တစ်ယောက်ကတော့ သာမာန်လောက်ပဲ ရတယ်။

ဒီတော့ ပတ်ဝန်းကျင်က လူတွေက သူတို့ တုန်းကလည်း တံငါသည်ကြီးကို ကွန်ချက်ပညာ လျှိုထားတယ် လို့ ထင်တဲ့ အတိုင်း

ငါးအရနည်းလာတဲ့ သားကိုလည်း မင်းကို ကွန်ချက်ပညာ မသင်ပေးဘဲ ဟိုတစ်ယောက်ကို ကွန်ချက် သင်ပေးလို့ အတူတူ

သွားတာခြင်း အတူတူ မင်းက ငါးနည်းနည်းပဲ ရနေချိန်မှာ ဟိုတစ်ယောက်ကတော့ ငါးတွေ အများကြီး ရလာတာပေါ့ ဆိုပြီး

ဘေးကနေ သွေးထိုးကြတယ်။ပထမတော့ မယုံပေမဲ့ ကာလ ကြာရှည်လာတော့လည်း ငါး အရနည်းတဲ့ သားက သူတို့ ပြောတာ

တကယ် ဖြစ်နိုင်တယ် လို့ ယုံကြည်သွားတယ်။ ဒါကြောင့် ဖခင် တံငါသည်ကြီးကို . . .

“ အဖေ . . . သားချင်း အတူတူကို သူ့ကို ကွန်ချက် ပိုသင်ပေးလိုက်လို့ ကျွန်တော် ငါး အရ နည်းတာ မဟုတ်လား ”

လို့ အပြစ်တင်တယ်။ ဒါပေမဲ့ ဖခင် တံငါသည်ကြီးက ဘာမှ ပြန်မပြောဘဲ ခပ်ဆိတ်ဆိတ်သာ နေလေ့ ရှိတယ်။ ထိုသားက

မနက်စောစော ကြိုထွက်တယ် ၊ ညနေမိုးချုပ်မှ ပြန်လာပေမဲ့ ဟိုသားရဲ့ လှေလောက် ငါးဖမ်း မိလေ့ မရှိဘူး။

ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာပြီး . . . .

တစ်ရက်မှာ တံငါသည်ကြီးက သူ့သား နှစ်ယောက်ကို ခေါ်ပြီး ရေကန်ကြီး တစ်ခုဆီကို ငါးမျှားတံ တစ်ယောက် တစ်ချောင်းဆီနဲ့

ထွက်လာခဲ့တယ်။ ရေကန်ကြီးကိုလည်း ရောက်ရော တံငါသည်ကြီးက ငါးတွေ ခိုအောင်းလို့ အကောင်းဆုံး နေရာက ဘယ်နေရာလဲ

လို့ မေးလိုက်တယ်။ ဒီတော့ နှစ်ယောက် စလုံးက တပြိုင်နက် ဖြေကြတယ်။ သူတို့ ဖြေတဲ့ နေရာကို ရောက်အောင် တံငါသည်ကြီးနဲ့

သားနှစ်ယောက် သွားပြီး ငါးမျှားဖို့ ကိုင်းတံလေးတွေကို ုထုတ်ကာ ငါးမျှားချိတ်မှာ အစာတပ်ကာ အသီးသီး နေရာယူကြတယ်။

ထိုရေကန်ကြီးကလည်း ငါးတွေ အလွန်ပေါတယ်။ သားအဖ သုံးယောက် တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာဝေးတဲ့ နေ

ရာမှာ ထိုင်ပြီး ငါးမျှားနေကြတယ်။ တစ်ယောက်ရဲ့ ငါးမျှားတံကို ငါးက ဟပ်လိုက် ၊ ဆွဲတင်လိုက်နဲ့ ငါးတွေ တော်တော် ရကြတယ်။

တံငါသည်ကြီးက ငါးဖမ်း အလွန်တော်တဲ့ တံငါသည်ကြီး ဆိုတော့ သူ့ရဲ့ ငါးမျှားတံကလည်း ခဏပဲ လေထဲမှာ ထားခွင့် ရလိုက်တယ်။

ငါးမျှားချိတ်ကို ရေထဲ ချလိုက်တာနဲ့ ချက်ချင်း ဆိုသလို ငါးတွေကလည်း ဟပ်ကြ ၊ ဆွဲကြတယ်။ ဒါဆို ငါးမျှားတံကို ကိုင်ပြီး ငြိမ်နေတဲ့

တံငါသည်ကြီးက ဆတ်ခနဲ ဆွဲတင်လိုက်ရင် ငါးတစ်ကောင် ပါလာတော့တာပါပဲ။

တံငါသည်ကြီးရဲ့ သားတွေကလည်း သူ့လောက်သာ မတော်ကြတာ ညံ့တော့ မညံ့ကြဘူး။ သူတို့ရဲ့ ငါးမျှားတံလေးတွေကလည်း

သုတ်ခနဲ သုတ်ခနဲပါပဲ။ ဒါပေမဲ့ သားနှစ်ယောက်ရဲ့ ငါးဖမ်းမိတာခြင်းတော့ မတူကြဘူး။ သားတစ်ယောက်က ငါးအတော် များများ

ဖမ်းမိတဲ့ အချိန်မှာ နောက်ထပ် သားတစ်ယောက်ကတော့ သာမာန်လူတွေထက် အနည်းငယ်လောက်သာ ငါးမျှားလို့ ရခဲ့တယ်။

တံငါသည်ကြီးနဲ့ ယှဉ်လိုက်တဲ့ အခါမှာ တစ်ယောက်က သိပ်မကွာပေမဲ့ ၊ နောက်ထပ် တစ်ယောက်ကတော့ ထက်ဝက်နီးပါးလောက်

ကို ကွာနေတယ်။နေ အတော်စောင်းလို့ ပြန်ချိန်တန်တော့ တံငါသည်ကြီးက သူ့သားနှစ်ယောက်ကို ခေါ်ပြီး ပြန်ဖို့ ပြင်

ဆင်ကြတော့တယ်။ ပြန်ဖို့ ပြင်ဆင်တော့ တံငါးသည်ကြီး မျှားလို့ မိထားတဲ့ ငါးတွေက များပြားလှတယ်။ နောက်ထပ် သားတစ်ယောက်

ကတော့ တံငါသည်ကြီးကိုသာ မမှီတယ် သူကလည်း မိထားတဲ့ ငါးတွေ အများကြီး ဖမ်းမိထားတယ်။ နောက်ထပ် တစ်ယောက်ကတော့

ဖမ်းမိတဲ့ ငါးက တံငါသည်ကြီးကို မဆိုထားနဲ့ ဟိုသားတစ်ယောက် လောက်တောင်မှ ဖမ်းမမိခဲ့ဘူး။ သူကလည်း သူဖမ်းမိတဲ့ ငါးတွေကို

ကြည့်လိုက် ၊ တံငါသည်ကြီးနဲ့ ဟိုတစ်ယောက် ဖမ်းမိထားတဲ့ ငါးတွေကို ကြည့်လိုက်နဲ့ ဘာလို့ သူ ငါးဖမ်းတာ အများကြီး မမိလည်း

ဆိုတာ သူ့ဖာသာသူ နားမလည်နိုင်ခဲ့ဘူး။တံငါသည်ကြီးက အသက် အတော်ကြီးပြီ ဖြစ်လို့ တံငါသည်ကြီး ဖမ်းလို့ မိတဲ့ ငါးတွေကို

ညီအစ်ကို နှစ်ယောက် တစ်ယောက် တဝက် ခွဲကာ ထမ်းပြီး ပြန်လာခဲ့တယ်။ လမ်းတလျှောက် သားအဖ သုံးယောက် သာသာယာယာ

လမ်းကလေးကို အေးအေးဆေးဆေး ဖြတ်လျှောက်လာပေမဲ့ ငါးနည်းနည်းသာ ဖမ်းမိခဲ့တဲ့ သားရဲ့ စိတ်ထဲမှာတော့ အတော်ကို

ဘဝင်မကျ ဖြစ်နေခဲ့တယ်။ ဘာလို့ သူ ငါးဖမ်းတာ ဒီလောက် နည်းနည်းပဲ ရတယ် ဆိုတာကိုလည်း သူ့ဖာသာသူ နားမလည်နိုင်ခဲ့ဘူး။

တစ်နေရာတည်း ၊ တစ်ကန်တည်း ၊ ဘာမှ မကွာဘဲ လှမ်းမြင်နေရတဲ့ ကန်တစ်ခုတည်းမှာ ငါးမျှားတဲ့ အစာ အတူတူနဲ့ မျှားနေရင်းကို

သူက ဘာလို့ ငါး အရ နည်းရတာလဲ ဆိုတာကို သူ အရမ်းသိချင်လာတယ်။

“ အဖေ . . . . ”

သူက မဝံ့မရဲ နဲ့ လှမ်းခေါ်လိုက်တော့ တံငါသည်ကြီးက သူ့ကို စောင်းငဲ့ကြည့်တယ်။ ဒါပေမဲ့ တံငါသည်ကြီးရဲ့ နောက်ထပ်

သားတစ်ယောက်ကတော့ သူ့ဖာသာသူ ထမ်းစရာ ရှိတဲ့ ငါးတောင်းကို ထမ်းပြီး သူ့လမ်းကို သူ လျှောက်နေတယ်။ သူ့အဖေကို

ခေါ်သံ ကြားလိုက်ပေမဲ့ သူ့ကို ခေါ်တာ မဟုတ်လို့ သူက လှည့်တောင်မှ မကြည့်။ တံငါသည်ကြီးက ခေါ်နေတဲ့ သားကို လှမ်းကြည့်ပြီး

ဘာလဲ ဆိုသလို မေးဆတ်ပြတယ်။ ဒီတော့မှ လှမ်းခေါ်လိုက်တဲ့ သားက ဆက်မေးတယ်။

“ တစ်နေရာတည်း ၊ တစ်ကန်တည်း ၊ တစ်ချိန်တည်းမှာ ငါးမျှားစာ အတူတူနဲ့ မျှားနေရင်းကို ဘာလို့ ငါးရပုံခြင်းက မတူရတာလဲ အဖေ ”

လို့ လှမ်းမေးလိုက်တယ်။ ဒီတော့မှ တံငါသည်ကြီးက သူ ဖြေချင်လို့ အချိန်ပေါင်းများစွာကို စောင့်ဆိုင်းခဲ့တယ် ဆိုသလို မိန့်မိန့်ကြီး

ပြုံးလေတော့သည်။ ပြီးမှ . . .

“ ဘာကြောင့်လို့ ငါ့သား ထင်လဲ။ ”

“ မပြောတတ်ဘူး အဖေ။ ”

ဒီလို သူတို့ နှစ်ယောက် အချီအချ ပြောနေပေမဲ့ သူတို့ ဘေးမှာ လိုက်ပါလာတဲ့ သားကတော့ သူတို့ စကားကို နားစွင့်နေပေမဲ့

လှမ်းရမဲ့ ခြေလှမ်းက မပျက် ၊ သူတို့ကိုလည်း လှည့်ကြည့်ကာ ငေးမောခြင်း မပြုပေ။ တံငါသည်ကြီး ဆက်ပြောတယ်။

“ ငါးမျှားနေရင်းနဲ့ ငါ့သား ငါးမျှားချိတ်ချထားတဲ့ ဖော့တံလေးကို ဘယ်လောက် အချိန်ကြာအောင်လို့ စောင့်ကြည့်နေလဲ။ ”

“ တစ်ချိန်လုံးပဲလေ အဖေ ”

“ ငါးမျှားတံ ဖော့လေးကို ထိုင်ကြည့်ရင်း သား ဘယ်နှစ်ခါ ဆေးလိပ် ထုတ်ဖွာလဲ။ ”

“ သေချာတော့ မမှတ်မိပေမဲ့ ဆေးပေါ့လိပ် ၅ လိပ်ကုန်ခဲ့တယ် အဖေ ”

“ ငါးမျှားတံဖော့လေးကို စောင့်ကြည့်နေရင်း ရေကရော ဘယ်နှစ်ကြိမ် သောက်ခဲ့လဲ။ ”

“ ဒါလည်း ဘယ်မှတ်မိမလဲ အဖေရာ။ ရေဘူး နှစ်ဘူးစလုံးတော့ တတ်တတ်ပြောင်သွားတာပဲ။ ”

“ ငါးမျှားတံဖော့လေးကို စောင့်ကြည့်နေရင်း အဖေ နဲ့ ငါးမျှားဖော်မှာ ငါး ဘယ်နှစ်ကောင် မိပြီလဲ ဆိုပြီး သား ဘယ်နှစ်ကြိမ် ထကြည့်လဲ။ “

“ သေချာတော့ မမှတ်မိပေမဲ့ ၁၀ ကြိမ်လောက်တော့ ရှိမယ် ထင်တယ်။ ”

“ ထိုင်ရာက ခဏထပြီး နေရာကို ပြန်ထိုင်တော့ ဟာ . . ငါက ဆွဲနေတာကိုး ဆိုပြီး ဘယ်နှစ်ကြိမ် ကိုယ့်ဖာသာကိုယ် ရေရွတ်မိလဲ။ ”

“ မသေချာ ပေမဲ့ အကြိမ် နှစ်ဆယ်လောက် ရှိမယ် ထင်တယ် အဖေ။”

“ ဒါပဲလေ ငါ့သားရဲ့။ မင်း ဘာလို့ ငါးအမိနည်းတာလဲ ဆိုတာ ၊ ဒါက သက်သေပြနေတာပဲလေ။ ”

“ ဗျာ . . . အဖေ ဘာကို ဆိုလိုတာလဲ ”

ဒီတော့ တံငါသည်ကြီးက သူ့ရဲ့သားကို သနားစဖွယ် ကောင်းသော လူတစ်ယောက် အဖြစ် သေချာ ကြည့်လိုက်ပြီးတော့ ဆက်ပြောတယ်။

“ တကယ်တော့ အဖေက အဖေ့မှာ တတ်ထားတဲ့ ငါးဖမ်းနည်း ၊ ငါးရှာနည်းတွေကို သားနှစ်ယောက်ကို အတူတူ သင်ပေးခဲ့တာပဲ။

ငါးကို ဘယ်လို ဖမ်းရမယ် ဆိုတာ အပြင် ၊ ငါးတွေ ဘယ်နေရာမှာ ခိုအောင်းတတ်တယ် ဆိုတာကိုလည်း အတူတူ သင်ပေးခဲ့တာပဲ။

ကွန်ချက်တင် မကဘူး ၊ ရှိသမျှ အကုန် ပုံပေးခဲ့တာပါ။ ဒါပေမဲ့ . . . ငါ့သားက အဖေ့ကို ပညာအတူတူ မသင်ပေးဘူး လို့

ထင်နေခဲ့တယ်လေ။ ”

“ – – – – – – ”

“ မဟုတ်ဘူး ငါ့သားရဲ့။ တကယ်တော့ ပညာသင်တာခြင်း အတူတူတောင်မှ ကိုယ့်ရဲ့ “ အလုပ်အပေါ်မှာ စူးစိုက်မှု ” ဆိုတာ

လိုအပ်သေးတယ်။ ပညာသင်ပေးနေချိန်မှာ တတ်အောင် စူးစိုက်ရမယ်။ တတ်ပြီ ဆိုရင်လည်း မမေ့အောင် စူးစိုက်ရမယ်။

မမေ့တော့ဘူး ဆိုရင်လည်း ကောင်းမွန်စွာ အသုံးချနိုင်အောင် စူးစိုက်ရမယ်။ အသုံးချနိုင်ပြီ ဆိုရင်လည်း အကောင်းဆုံး

အသုံးချနိုင်အောင် စူးစိုက်ရတယ်။ ”

“ – – – — – – – – ”

“ အခုတော့ ငါ့သားက ငါးမျှားနေတယ်သာ ဆိုတယ်။ ဖင်က ဂဏှာမငြိမ်ဘူး။ ဟိုထလိုက် ဒီထလိုက်နဲ့။ ပြီးတော့ ကိုယ်မျှားလို့ မိမှ

ကိုယ်ရတယ် ဆိုတာ သဘောပေါက်ရမှာ။ အခုတော့ ဟိုလူ ငါး ဘယ်နှစ်ကောင်မိပြီလဲ ဆိုပြီး ထကြည့်ရတာ တမျိုး ၊ ဆေးလိပ်ထဖွာ

ရတာ တဖုံ ၊ ရေသောက်ရတာ တကြောင်း ၊ မျိုးကို စုံနေတာပဲလေ။

ဒီအချိန်မှာ ငါ့သားရဲ့ ငါးမျှားချိတ်ကို လာဟပ်တဲ့ ငါးကို ငါ့သား ဘယ်လိုလုပ် သိလို်က်မလဲ။ ငါးစာကို အသာလေး ငုံထားတတ်တဲ့

ငါးဆိုရင် ကိုယ်က ဆတ်ခနဲ ဆွဲလိုက်မှ မိတာ မဟုတ်လား။ အခုတော့ ကိုယ်က တခြားမှာ အာရုံ ရောက်နေတော့ ဒီလို

အချိန်ကောင်းတွေ လွတ်သွားတာပေါ့ကွာ။ ဒီတော့ ငါ့သား ငါးအမိနည်းတာ အဖေက ကွန်ချက် မပြလို့လား ၊ ငါ့သားရဲ့ အလုပ်

အပေါ်မှာ အာရုံစိုက်မှု နည်းလို့လား။ ”

“ – – – – – – – – ”

“ ပြောပါဦး ငါ့သားရဲ့။ အရင်က လှေနဲ့ ငါးဖမ်း ထွက်ပြီး ပြန်လာရင် ငါ့သား ငါးအရ နည်းတော့ အဖေက သားကို တတ်သင့်တတ်ထို်က်

တာတွေ မသင်လို့လား ၊ ကွန်ချက်ကို မပြလိုက်လို့လား။ ငါ့သားရဲ့ အလုပ်ပေါ်မှာ အာရုံ စူးစိုက်မှု နည်းလို့လား ၊ ဖြေကြည့်စမ်းပါဦး။ ”

ဒီတော့မှ သားဖြစ်သူက ရုတ်တရက် အိပ်ယာမှ လန့်နိုးသူ တစ်ယောက်လို ဖခင် တံငါသည်ကြီးပြောတဲ့ စကားကို နားထောင်ပြီး သူ့

ကိုယ်သူ ပြန်မြင်ကာ အမှားကို တွေ့သွားတော့တယ်။

“ ဟုတ်တယ် အဖေ။ အဖေ ပြောမှ သားကိုသား ပြန်ပြီး မြင်တော့တယ်။ သားက လှေနဲ့ ငါးရှာထွက်တော့လည်း ဒီလိုပဲ ပိုက်ချပြီး

လှေပေါ်မှာ မှေးချင် မှေးနေမိတာ။ ဒီတော့ ငါးအုပ်နဲ့ ဘယ်လို လွတ်သွားတယ် ဆိုတာကိုတောင်မှ မစဉ်းစားမိခဲ့ဘူး။ အခု အဖေ

ပြောမှပဲ ဒါတွေ အားလုံးက ကိုယ့်ရဲ့ အလုပ်အပေါ်မှာ စူးစိုက်မှု နည်းခဲ့တာ ဆိုပြီး ပြန်မြင်ပါပြီ အဖေ။ အခု အချိန်က စပြီး သား အလုပ်

အပေါ်မှာ အာရုံ စူးစိုက်နိုင်အောင် ပြင်ဆင်ပါတော့မယ်။ ”

ဆိုပြီး ကတိပေးတယ်။ ဒီတော့ ဖခင် တံငါသည်ကြီးက ပြံုးပြီး ခေါင်းလေး တဆတ်ဆတ်ညိတ်ကာ ပြောသတဲ့။

“ ငါ့သား ကိုယ့်ဖာသာ သဘောပေါက်သွားတာ ဝမ်းသာလိုက်တာ သားရယ်။ လောကမှာ လူတွေက ကိုယ် အောင်မြင်မှု မရဘူး

ဆိုရင် ဘယ်သူကတော့ ဘယ်လို ပညာတွေ လျှိုထားလို့ ၊ ဘယ်သူကတော့ဖြင့် မကူညီလို့ ဆိုပြီး ပြောတတ်ကြတယ်။ တကယ်တော့

ဘယ်အလုပ်မှာ မဆို ကိုယ့်ဖာသာ ပြင်ဆင်ပြီး အာရုံ စူးစိုက်ခဲ့မယ် ဆိုရင် အသေးအဖွဲလေးက အစ သတိထားမိပြီး အရာရာ ပြင်ဆင်

လုပ်ကိုင် သွားတတ်မှာပါ။ ဒါဆို ဘယ်အလုပ်မှာ မဆို အောင်မြင်နိုင်ပြီပေါ့။ ”

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

8 − 1 =