“လိုက္နာမွတ္သား ေရွးေရွးတုန္းက အဆိုအမိန္႕မ်ား”

(၁) မေဟာင္တတ္ေသာ ေခြးသည္ ကုိက္တတ္၏။ စကားမေျပာဘဲ ဆိတ္ဆိတ္ေနသူသည္ မိုက္တတ္၏။

(၂) အေကာင္းေျပာလ်င္ ခ်က္ခ်င္း ၀မ္းမသာပါႏွင့္၊ မေကာင္းေျပာလ်င္လည္း ခ်က္ခ်င္း ၀မ္းမနည္းပါႏွင့္။

(၃) ကန္ဖူးေသာ ျမင္းသည္ ကန္ခ်က္ကုိ မေမ့။ လူသည္လည္း အက်င့္ပ်က္ကုိ မေမ့။

(၄) ထုိင္သည့္အခါ ေအာက္ကုိ ၾကည့္ပါ။ ထသည့္အခါ အေပၚကုိ ၾကည့္ပါ။

(၅) မပုပ္ေသာ အသီးကုိ ပုိးမထုိး။ မရွိေသာသူကုိ သူခုိးမခုိး။

(၆) လက္ေျခတုိ႔သည္ ၀မ္းဗုိက္၏ ေက်းကၽြန္ျဖစ္သည္။ မည္သူကမွ် အလကားေခၚမေကၽြးႏုိင္။

(၇) ခေမာက္သည္ လူ၏ ဦးေခါင္းႏွင့္ မကင္း၊ လူတုိင္းသည္ အခ်စ္ႏွင့္ မကင္း။

(၈) ႏႈတ္ခမ္းရြဲ႕သူသည္ ဆဲေရးတတ္၏၊ မာနႀကီးသူသည္ စကားက်ဲ၏။

(၉) ဦးခ်ဳိမေကာင္းေသာ ႏြားကုိ မေမြးပါႏွင့္၊ အလုပ္မလုပ္ဘဲ ေလလြင့္ေနသူကုိ မေကၽြးပါႏွင့္။

(၁၀) အစားေၾကာင့္ ခ်စ္ခင္တတ္၏၊ စကားေၾကာင့္ မုန္းတတ္၏။

(၁၁) ျမန္ျမန္စားေသာ္ နင္တတ္၏၊ ျမန္ျမန္ေျပးေသာ္ ေခ်ာ္လဲတတ္၏။

(၁၂) ခ်စ္လွ်င္ လက္ေဆာင္အျဖစ္ အလကားေပးရာ၏၊ အေရာင္းအ၀ယ္ျပဳလ်င္ အမ်ားတကာကဲ့သုိ႔ ေစ်းယူရာ၏။

(၁၃) ႏႈတ္ခ်ဳိေသာ္ ပခံုး သက္သာ၏၊ ႏႈတ္ခ်ဳိေသာ္ ဗုိက္ျပည့္၏။

(၁၄) ေရကန္ကုိ ဆဲဆုိလ်င္ ငါးသတၱ၀ါတုိ႔ စိတ္နာတတ္၏၊ ေခြးကို ဆဲဆုိေသာ္ အိမ္ရွင္သည္ စိတ္နာတတ္၏။

(၁၅) အရိပ္ခုိေသာ္ အကုိင္းကုိ မခ်ဳိးရာ၊ မုိးႀကိဳးမပစ္ေသာ္လည္း ေျမြကုိက္တတ္၏။

(၁၆) က်ီးကန္းအား သစ္ေစးပံုးကုိ မေစာင့္ေစရာ၊ သူခုိးကုိ ဥစၥာထုပ္အား မေစာင့္ေစရာ။

(၁၇) အတူတကြ ၀ုိင္း၀န္းစားမွ အရသာၿမိန္၏၊ အတူတကြ ၀ုိင္း၀န္းမမွ အေလးခ်ိန္ေပါ့၏။

(၁၈) နက္ေသာေရသည္ အသံတိတ္ဆိတ္၏၊ ပညာရွိသည္ တိတ္တိတ္ေနတတ္၏။

(၁၉) ေတာခ်ဳံကုိလည္း မပ်က္ေစရာ၊ ယုန္ကုိလည္း မလႊတ္ထြက္ေစရာ။

(၂၁) ၾကာပန္းကုိလည္း မႏြမ္းေစရာ၊ ေရကုိလည္း မေနာက္ေစရာ။

(၂၂) စားလုိ၍ ေမးျမန္းတတ္သည္။ ခုိးလုိ၍ ထိတ္လန္႔ေအာင္ လုပ္တတ္သည္။

(၂၃) ေပ်ာ္ရႊင္ခ်င္သူ၏ မ်က္ႏွာသည္ စပ္ၿဖဲၿဖဲ၊ ရည္းစားစကား ေျပာသူ၏ မ်က္ႏွာသည္ ေပ်ာ့ရဲရဲ။

(၂၄) အုပ္စုကဲြေသာႏြားသည္ အမဲသားျဖစ္၏။ အမ်ဳိးကဲြေသာသားသမီးသည္ တျခားသူျဖစ္သြား၏။

(၂၅) လူျဖစ္လာလ်င္ မအပါႏွင့္၊ မိမိေက်ာကုိ လွန္၍ သူတစ္ပါးအား မျပပါႏွင့္။

(၂၆) လက္က်ဳိးလ်င္ အက်ႌထဲတြင္သာ က်ဳိးပါေစ။

(၂၇) ေျပာၿပီးေသာ စကား၊ ဓားျဖင့္ခုတ္မိသြားေသာ အရာ၊ က်ဳိးသြားေသာ ေက်ာက္ခဲတုိ႔သည္ မူလအတိုင္း ျပန္မျဖစ္ေတာ့။

(၂၈) အေျပာႀကီးေသာသူသည္ က်ားအရွင္ကုိ ဖမ္းမိတတ္၏။

(၂၉) က်ီးကန္းကလည္း ဇီးကြက္ကုိ မစြပ္စဲြပါႏွင့္၊ ဇီးကြက္လည္း က်ီးကန္းကုိ မစြပ္စဲြပါႏွင့္။ ေအာ္သံခ်င္း သိပ္မထူးပါဘူး။

(၃၀) လူသည္ အသက္ရွဴတာျခင္း ျခားနား၏။ တခ်ဳိ႕က ငွက္ေပ်ာသီးကုိ ဆားႏွင့္ တုိ႔စားခ်င္ၾက၏။

(၃၁) မကတတ္လ်င္ အုိးစည္တီးသူကုိ မစြပ္စဲြပါႏွင့္၊ မလုပ္တတ္လ်င္ သူမ်ားကုိ မစြပ္စဲြပါႏွင့္။

(၃၂) သကာလုိခ်ဳိေသာ တရားကုိ လူႀကိဳက္ရွား၏။ ပဲပုပ္လုိ နံေသာ အစားအစာကုိ လူႀကိဳက္မ်ား၏။

(၃၃) သူတစ္ပါးကုိ ခုိင္းလ်င္ စိတ္တုိင္းမက် ႏိုင္၊ နာေခါင္းျဖင့္ စားလ်င္ ဗုိက္မ၀။ (အနံ႔ခံရရံုျဖင့္ ဗုိက္မ၀ဟု ဆုိလုိ၏)

(၃၄) သူတစ္ပါးကုိ လက္ညွဳိးထုိး၊ ကုိယ္ဘက္ တစ္ေခ်ာင္းတုိး။ (လက္မႏွင့္ လက္ညွဳိးသာ သူမ်ားဘက္ကုိ လွည့္၏၊ လက္ခလယ္၊ လက္သူၾကြယ္ႏွင့္ လက္သန္းသည္ ကုိယ့္ဘက္ကုိ လွည့္ေန၏)

(၃၅) ထက္လွစြာေသာ ဓားသည္ သူ၏ ဓားရုိးကုိ ျပန္ၿပီး မခုတ္ႏုိင္။

(၃၆) အသြင္ေျပာင္းေသာ သမန္းက်ားသည္ ႏြားကုိေဖ်ာက္၏။ အသြင္ေျပာင္းေသာ သူသည္ အမ်ဳိးေပ်ာက္၏။

(၃၇) မကုိက္တတ္ေသာ ေခြးသည္ ေဟာင္၏။ ေငြမေခ်းသင့္ဘဲ ေခ်းေပးလ်င္ ဒူးေညာင္း၏။

(၃၈) ဆင္ေျပာင္ႀကီးသည္ သစ္တံုးႀကီိးကုိ ခ်ီႏုိင္သကဲ့သုိ႔ စာကေလးသည္လည္း ျမက္ပင္ကုိ ခ်ီႏုိင္ပါသည္။

(၃၉) မတ္တပ္ရပ္လ်င္ အေပၚထုတ္တန္းကုိ ၾကည့္ပါ၊ ထမင္းခ်က္လ်င္ ထမင္းက်န္ကုိ အရင္ၾကည့္ပါ။

(၄၀) ငါးရံ့သည္ ေရထဲတြင္ တစ္သက္လံုး ေနေသာ္လည္း မျဖဴ။ ဗ်ဳိင္းသည္ ကုန္းေပၚေနေသာ္လည္း မမဲ။

(၄၂) ေခြးက သန္းကုိ ကုိက္ေသာ္လည္း သန္းမေသ၊ သန္းက ေခြးကို ကုိက္ေသာလည္း ေခြးမေသ။

(၄၃) ကံမေကာင္းလ်င္ သစ္ပင္ကုိ အမွီျပဳေသာ္လည္း သစ္ပင္သည္ လဲက်၏၊ တုိင္ကုိ အမီျပဳေသာ္လည္း တိုင္သည္ လဲက်ရာ၏။

(၄၄) ဒုကၡေရာက္ခ်ိန္ ၀က္၀ံကုိေရွာင္စဥ္ က်ားႏွင့္ ၀င္တုိးတတ္၏။

(၄၅) ၀ါးခေမာက္လုပ္သူ ဖက္ခေမာက္ကုိေဆာင္း၊ အုိးစည္လုပ္သူ ၀ါးေခါင္းကုိ တီး။

(၄၆) ကုိရင္ကေလးသည္ ေၾကးစည္ႀကီးကုိ ရုိက္ခတ္၍ အၿမဲတမ္း ငုိေအာင္ျပဳ၏။ တစ္ခါတစ္ရံ ေၾကးစည္ႀကီးသည္

ကုိရင္ကေလးကုိ ျပန္ရုိက္ခတ္ေသာအခါ ကုိရင္ကေလးသည္ ေၾကးစည္ထက္ အၾကာႀကီး ငုိေနတတ္၏

Crd -အရွင္သုခမိႏၵ

—————————

< Unicode Version >

(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။

(၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ၀မ်းမနည်းပါနှင့်။

(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင့်ပျက်ကို မမေ့။

(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။

(၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို သူခိုးမခိုး။

(၆) လက်ခြေတို့သည် ၀မ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။ မည်သူကမျှ အလကားခေါ်မကျွေးနိုင်။

(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊ လူတိုင်းသည် အချစ်နှင့် မကင်း။

(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊ မာနကြီးသူသည် စကားကျဲ၏။

(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊ အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။

(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊ စကားကြောင့် မုန်းတတ်၏။

(၁၁) မြန်မြန်စားသော် နင်တတ်၏၊ မြန်မြန်ပြေးသော် ချော်လဲတတ်၏။

(၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊ အရောင်းအဝယ်ပြုလျင် အများတကာကဲ့သို့ စျေးယူရာ၏။

(၁၃) နှုတ်ချိုသော် ပခုံး သက်သာ၏၊ နှုတ်ချိုသော် ဗိုက်ပြည့်၏။

(၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊ ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။

(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊ မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။

(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊ သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။

(၁၇) အတူတကွ ၀ုိင်းဝန်းစားမှ အရသာမြိန်၏၊ အတူတကွ ၀ုိင်းဝန်းမမှ အလေးချိန်ပေါ့၏။

(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊ ပညာရှိသည် တိတ်တိတ်နေတတ်၏။

(၁၉) တောချုံကိုလည်း မပျက်စေရာ၊ ယုန်ကိုလည်း မလွှတ်ထွက်စေရာ။

(၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊ ရေကိုလည်း မနောက်စေရာ။

(၂၂) စားလို၍ မေးမြန်းတတ်သည်။ ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။

(၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊ ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။

(၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။ အမျိုးကွဲသောသားသမီးသည် တခြားသူဖြစ်သွား၏။

(၂၅) လူဖြစ်လာလျင် မအပါနှင့်၊ မိမိကျောကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။

(၂၆) လက်ကျိုးလျင် အကျႌထဲတွင်သာ ကျိုးပါစေ။

(၂၇) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊ ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။

(၂၈) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။

(၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊ ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။

(၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။ တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။

(၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊ မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။

(၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။ ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။

(၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျ နိုင်၊ နာခေါင်းဖြင့် စားလျင် ဗိုက်မဝ။ (အနံ့ခံရရုံဖြင့် ဗိုက်မဝဟု ဆိုလို၏)

(၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊ ကိုယ်ဘက် တစ်ချောင်းတိုး။ (လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊ လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)

(၃၅) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။

(၃၆) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။ အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။

(၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။ ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။

(၃၈) ဆင်ပြောင်ကြီးသည် သစ်တုံးကြီိးကို ချီနိုင်သကဲ့သို့ စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။

(၃၉) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊ ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။

(၄၀) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။ ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။

(၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊ သန်းက ခွေးကို ကိုက်သောလည်း ခွေးမသေ။

(၄၃) ကံမကောင်းလျင် သစ်ပင်ကို အမှီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊ တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။

(၄၄) ဒုက္ခရောက်ချိန် ၀က်ဝံကိုရှောင်စဉ် ကျားနှင့် ၀င်တိုးတတ်၏။

(၄၅) ၀ါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊ အိုးစည်လုပ်သူ ၀ါးခေါင်းကို တီး။

(၄၆) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည်

ကိုရင်ကလေးကို ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏

Crd -အရှင်သုခမိန္ဒ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

1 × 2 =