“လြတ္လပ္တဲ႔သူဟာ မၾကြားေတာ့ဘူး”

❖ မ်က္မွန္ကို ဒီေန႔မွ စတပ္တဲ႔သူဟာ သူ႔ႏွာေခါင္းေပၚမွာ မ်က္မွန္ရွိေနတာကို အခ်ိန္ျပည့္ သတိထားမိေနတယ္။ ေနရတာ

မလြတ္လပ္ဘူး။ ခဏခဏ မ်က္မွန္ကို ခၽြတ္ၾကည့္တယ္။ တပ္ၾကည့္တယ္။ မ်က္မွန္ကို မၾကာမၾကာ အဝတ္နဲ႔ သုတ္တယ္။

❖ ဒါေပမယ့္ မ်က္မွန္တပ္တာ ၾကာသြားတဲ႔အခါ မ်က္မွန္တပ္ထားမွန္း မသိေတာ့ဘူး။ မ်က္မွန္ဟာ ကိုယ့္မ်က္ႏွာရဲ႕အစိတ္အပိုင္း

တစ္ခုလို ျဖစ္သြားျပီ။ မ်က္မွန္တပ္ထားတယ္ ဆိုတာကို ေမ့ထားလို႔ရသြားျပီ။

❖ စိတ္ေကာင္းရွိတဲ႔သူ ေစတနာေကာင္းတဲ႔သူဟာ သူ႔ကိုယ္႔သူ “ငါ စိတ္ေကာင္းရွိတယ္ ငါ ေစတနာ ေကာင္းတယ္”လို႔

မေတြးေတာ့ဘူး။

❖ အဲဒီလို ေတြးေနေသးတယ္ဆိုရင္ စိတ္ေကာင္း တကယ္ မရွိေသးဘူး။ စိတ္ေကာင္းရွိဖို႔ ၾကိဳးစားေနတဲ႔ အဆင့္မွာပဲ ရွိေသးတယ္။

လုပ္ယူေနရတဲ႔အဆင့္မွာပဲ ရွိေသးတယ္။

❖ စိတ္ေကာင္းရွိတာဟာ သူ႔ပင္ကိုယ္သဘာဝ မျဖစ္ေသးဘူး။ တကယ္ စိတ္ေကာင္းရွိတဲ႔သူ ျဖစ္သြားတဲ႔အခါ

သူစိတ္ေကာင္းရွိတာကို သူေမ့ထားလိုက္ျပီ။ မေတြးေတာ့ဘူး။ အဲဒီအခါမွာမွ သူဟာ တကယ္ စိတ္ေကာင္းရွိတဲ႔သူ ျဖစ္သြားျပီ။

❖ ခြင့္လႊတ္တတ္တဲ႔သူဟာ ခြင့္လႊတ္ျပီးသား ျဖစ္ေနတယ္။ “ငါ ခြင့္လႊတ္လိုက္တယ္”လို႔ မေတြးဘူး။ “ငါ ခြင့္လႊတ္တယ္

ငါခြင့္လႊတ္တယ္”လို႔ ခဏခဏ ေတြးေနရင္ ဘယ္လို အဓိပၸာယ္ ေပါက္သလဲ။ ခြင့္မလႊတ္ႏိုင္ေသးဘူးလို႔ အဓိပၸာယ္ေပါက္တယ္။

ခြင့္လႊတ္ဖို႔ ၾကိဳးစားေနတယ္။ ခြင့္လႊတ္လိုက္မယ္လို႔ေတာင္ မေတြးေတာ့တဲ႔ အခ်ိန္မွာ တကယ္ခြင့္လႊတ္ႏိုင္ျပီ။

❖ ေရာင့္ရဲတဲ႔သူဟာ ေရာင့္ရဲတယ္။ ဒါေပမယ့္ “ငါက ရတာနဲ႔ ေရာင့္ရဲတယ္”လို႔ မေတြးဘူး။ ကိုယ္ ေရာင့္ရဲေၾကာင္းကို သူမ်ားကို

မေျပာေတာ့ဘူး။ ငါက ေရာင့္ရဲတယ္လို႔ မၾကာခဏ ေျပာေနရင္ တကယ္ ေရာင့္ရဲတာ မဟုတ္ေသးဘူး။

ေရာင့္ရဲတယ္ဆိုတဲ႔ ဂုဏ္ကို လိုခ်င္ေနေသးတယ္ ကိုယ့္ကို ေရာင့္ရဲတဲ႔ သူလို႔ အမ်ားျမင္ေအာင္ သိေအာင္ လုပ္ေနတယ္။

အဲဒီလိုဂုဏ္ကို လိုခ်င္ေနေသးတာကိုက မေရာင့္ရဲေသးလို႔ပဲ။

❖ အဲဒီလိုပဲ ဥပုသ္ေစာင့္တယ္၊ တရားအားထုတ္တယ္။ အဲဒါကို လူေတြသိေအာင္ ေျပာေနတယ္ဆိုရင္ မလုပ္ခင္ကတည္းက

လူသိေစခ်င္တဲ႔ ဆႏၵ ရွိေနတယ္။

အဲဒီလို ဆႏၵရွိေနရင္ ေစတနာမမွန္ေသးဘူး။ အတၱစိတ္က လႊမ္းမိုးထားတုန္းပဲ။ အတၱစိတ္က လုပ္ေနတယ္။ ငါက သူမ်ားထက္

ပိုလုပ္ႏိုင္တယ္ဆိုတဲ႔ မာနစိတ္က လႊမ္းမိုးေနေသးတယ္။

❖ အတၱစိတ္, မာနစိတ္တို႔ မရွိေတာ့ရင္ လုပ္ခ်င္တဲ႔ ဆႏၵရွိလို႔ လုပ္လိုက္တယ္။ အဲဒီအေၾကာင္းကို မေျပာေတာ့ဘူး။

❖ ေမးရင္ေတာင္ လိုတာထက္ ပိုမေျပာဘူး။ တိုတိုနဲ႔ လိုရင္းပဲ ေျပာမယ္။

❖ စားႏိုင္တာ ဂုဏ္တစ္ခု မဟုတ္သလို မစားဘဲ ေနႏိုင္တာလည္း ဂုဏ္တစ္ခု မဟုတ္ပါဘူး။

❖ တစ္ခ်ိဳ႕က စားႏိုင္တာကို ၾကြားတယ္။ တစ္ခ်ိဳ႕က မစားဘဲ ေနႏိုင္တာကို ၾကြားတယ္။ ႏွစ္ဦးစလံုးဟာ မလြတ္လပ္တဲ႔ သူေတြပဲ။

❖ အေပ်ာ္အပါးေတြကို မ်ားမ်ား ခံစားတဲ႔သူက သူ ခံစားႏိုင္တာကို ၾကြားတယ္။ အေပ်ာ္အပါးေတြကို မခံစားတဲ႔သူက သူ

မခံစားတတ္တဲ႔ အေၾကာင္းကို ၾကြားတယ္။ ႏွစ္ဦးစလံုးရဲ႕စိတ္ဟာ သဘာဝခ်င္း တူတူပဲ။ ၾကြားတာဟာ မလြတ္လပ္တာပဲ။

❖ ေကာင္းတာကို လုပ္တဲ႔အခါမွာ လူသိေစခ်င္တဲ႔စိတ္ အားၾကီးေနရင္ လြတ္လပ္တဲ႔ စိတ္နဲ႔ လုပ္တာ မဟုတ္ဘူး။

တကယ္ေကာင္းတဲ႔သူဟာ “ငါ ေကာင္းတယ္” လို႔ေတာင္ မေတြးေတာ့ဘူး။

❖ တရားဟာ ကိုယ့္ဘဝနဲ႔ ထပ္တူျဖစ္ေနရင္ လုပ္ေနေပမယ့္ လုပ္ေနတယ္လို႔ မေတြး ေတာ့ဘူး။ ကိုယ့္ရဲ႕ ပင္ကိုယ္သဘာဝ

ျဖစ္သြားျပီ။ အသက္ရွဴေနသလို ျဖစ္သြားျပီ။ ႏွလံုးခုန္ေနသလို ျဖစ္သြားျပီ။

တမင္တကာ လုပ္ယူေနရရင္ သိေနတယ္။ ပင္ကိုယ္ ျဖစ္သြားရင္ မသိေတာ့ဘူး။ လုပ္ေနရတယ္လို႔ မထင္ေတာ့ဘူး။

❖ စာနည္းနည္း တတ္တဲ႔သူဟာ သူ႔ကို လူေတြက စာေတာ္ေတာ္ တတ္တယ္လို႔ ထင္ေစခ်င္တယ္။ ဒါေၾကာင့္ အကိုးအကားေတြ

မ်ားမ်ားနဲ႔ ေျပာခ်င္တယ္။ ေရးခ်င္တယ္။စာေပကို တကယ္ခ်စ္လို႔ ေလ့လာတဲ႔သူဟာ ႏွစ္ေတြၾကာေလေလ သူသိတာဟာ

နည္းနည္းေလး မသိတာက အမ်ားၾကီးဆိုတာကို သိလာလို႔ သူတတ္ေၾကာင္းကို မျပခ်င္ေတာ့ဘူး။ သူ႔ကို လူေတြအထင္မၾကီးမွာကို

မေၾကာက္ေတာ့ဘူး။ သူဟာ အထင္ၾကီးတာ အထင္ေသးတာ ႏွစ္မ်ိဳးလံုးကို လြန္ေျမာက္သြားျပီ။ သူဟာ သူစာတတ္တာကို

ေမ့ထားလို႔ရသြားျပီ။ ဒါေၾကာင့္ စကားေျပာတဲ႔အခါ မလိုအပ္ဘဲနဲ႔ အကိုးအကားေတြကို မထည့္ေတာ့ဘူး။ ရိုးရိုးပဲေျပာတယ္။

ေမးလာမွေျဖတယ္။ မေမးဘဲ မေျဖဘူး။ သူ႔စိတ္ကို စာက လႊမ္းမိုးမႈ မရွိေတာ့ဘူး။

❖ ေငြမ်ားမ်ား မရဖူးတဲ႔သူဟာ ပထမအၾကိမ္ ေငြမ်ားမ်ား ရလိုက္ရင္ အဲဒီေငြထုပ္ကို ဘယ္ေနရာမွာထားရမွန္း မသိေတာ႔ဘူး။

မၾကာခဏ အဲဒီေငြထုပ္ကို ကိုင္ၾကည့္ ေနတတ္တယ္။ အဲဒီေငြထုပ္ကို စိတ္မခ်လို႔ အိပ္တာေတာင္ စိတ္မေျဖာင့္ႏိုင္ဘူး။

တစ္ေရးႏိုးေတာင္ သတိရေနတယ္။

ဒါေပမယ့္ ေငြကို မ်ားမ်ား ရွာႏိုင္လာတဲ႔အခါ ေငြကို ေမ့ထားလိုက္ေတာ့တယ္။ ေငြရဖို႔ အဓိကမထားေတာ့ဘဲ ကိုယ္တန္ဖိုး

ထားတာကို လုပ္ျဖစ္ဖို႔ အဓိက ထားျပီး အလုပ္လုပ္တယ္။

❖ ေငြနဲ႔ ၾကြားတဲ႔သူ အိမ္နဲ႔ ၾကြားတဲ႔သူ ကားနဲ႔ ၾကြားတဲ႔သူ ပစၥည္းနဲ႔ ၾကြားတဲ႔သူ စိန္ေတြ ေရႊေတြနဲ႔ ၾကြားတဲ႔သူဟာ တကယ္

လူခ်မ္းသာ မဟုတ္ေသးဘူး။

❖ တကယ္ ခ်မ္းသာတဲ႔သူဟာ သူခ်မ္းသာတာကို ေမ့ထားလို႔ ရသြားျပီ။ ျပည့္စံုေနတဲ႔ စိတ္ရွိတဲ႔သူဟာ သူပိုင္ဆိုင္တာေတြကို

ေမ့ထားလိုက္ျပီ။

❖ ထမင္း ဝေနတဲ႔သူဟာ ထမင္းစားဖို႔ အေၾကာင္းကို မေတြးေတာ့ဘူး။ ထမင္း စားျပီးေပမယ့္ ထမင္း အေၾကာင္းကိုပဲ

ေတြးေနေသးတယ္ဆိုရင္ ဘယ္လို ယူဆမလဲ။ သူ႔စိတ္က ဆာေနေသးတယ္။

❖ ဒါေၾကာင့္ ေငြဘယ္ေလာက္ရွိရွိ ေငြအေၾကာင္း ကိုပဲ ေတြးေနရင္ သူ႔စိတ္ထဲက မြဲေနေသးလို႔။ သူဟာ မလြတ္လပ္ေသးဘူး။

ေငြရဲ႕ကၽြန္ ျဖစ္ေနေသးတယ္။

❖ တကယ္ ရာထူးၾကီးၾကီးနဲ႔ တန္တဲ႔သူဟာ ရာထူးအေၾကာင္းကို မေတြးေတာ့ဘူး။

သူနဲ႔ မတန္တဲ႔ ရာထူးကို ရထားတဲ႔သူဟာ သူ႔ရာထူး အေၾကာင္းကို သူ ေမ့လို႔မရဘူး။ ဘယ္သူနဲ႔ေတြ႔ေတြ႔ သူ႔ရာထူးကို

တေလးတစား အၾကိမ္ၾကိမ္ေခၚျပီး သူ႔ကို စကားေျပာေနမွ သူေက်နပ္တယ္။

သူ႔ရာထူးကို မေခၚဘဲ သူ႔နာမည္ကို ေခၚတဲ႔သူကို သူ ရန္ျငိဳးထားေတာ့မယ္။ သူ႔စိတ္က သူ႔ရာထူးထက္ ျမင့္သြားတဲ႔အခါမွာ ေတာ့

သူ ရာထူးကိုေမ့သြားျပီ။တာဝန္ေက်ေအာင္ေတာ့ လုပ္မယ္။ ဒါေပမယ့္ အဲဒီရာထူးကို အဓိက မထားေတာ့ဘူး။ အဲဒီလိုလူမွ

ရာထူးနဲ႔ တန္တဲ႔သူ ျဖစ္သြားျပီ။ သူ႔အလုပ္ကိုသူ လြတ္လပ္တဲ႔ စိတ္နဲ႔ လုပ္ႏိုင္ျပီ။ ဒါေပမယ့္ အဲဒီလိုလူက သိပ္ရွားပါတယ္။

❖ ရာထူးၾကီးတဲ႔ သူေတြနဲ႔ သိေၾကာင္း ရင္းႏွီးေၾကာင္း ေျပာေနတဲ႔သူဟာ ရာထူးကို သိပ္အထင္ၾကီးေနတဲ႔သူ ျဖစ္တယ္။

သူ႔ကိုယ္ကိုသူ နည္းနည္း အထင္ေသးတဲ႔စိတ္ ရွိတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ဆက္ဆံေရးေတြဟာ လြတ္လပ္တဲ႔စိတ္နဲ႔ ဆက္ဆံတဲ႔

ဆက္ဆံေရး မဟုတ္ဘူး။

❖ ကိုယ့္ အဆင့္အတန္းဆိုတာကို ေမ့ထားလို႔ ရတဲ႔သူ၊ သူ႔အဆင့္အတန္းဆိုတာကိုလည္း ေမ့ထားလို႔ရတဲ႔ သူမွသာ

လြတ္လပ္တဲ႔စိတ္နဲ႔ ဆက္ဆံႏိုင္မယ္။

❖ မရွိတာကိုလည္း ေမ့ထားႏိုင္မွ ရွိတာကိုလည္း ေမ့ထားႏိုင္မွ လြတ္လပ္တဲ႔စိတ္နဲ႔ လုပ္သင့္တာကို ဆက္လုပ္ႏိုင္မယ္။

❖ လြတ္လပ္တဲ႔သူဟာ သူလုပ္ႏိုင္တာကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္တယ္။ ဒါေပမယ့္ အဲဒီကိစၥနဲ႔ ပတ္သက္ျပီး လူသိေအာင္

မၾကြားဘူး။

❖ လြတ္လပ္တဲ႔သူ ရွားလိုက္တာ… ေနာ္။ …… ။။။။။

ဆရာေတာ္ဦးေဇာတိက(မဟာျမိဳင္ေတာရ) “လြတ္လပ္ေသာစိတ္” စာအုပ္မွ –

Credit : Steven MK Aung

< Unicode Version >

❖ မျက်မှန်ကို ဒီနေ့မှ စတပ်တဲ့သူဟာ သူ့နှာခေါင်းပေါ်မှာ မျက်မှန်ရှိနေတာကို အချိန်ပြည့် သတိထားမိနေတယ်။ နေရတာ

မလွတ်လပ်ဘူး။ ခဏခဏ မျက်မှန်ကို ချွတ်ကြည့်တယ်။ တပ်ကြည့်တယ်။ မျက်မှန်ကို မကြာမကြာ အဝတ်နဲ့ သုတ်တယ်။

❖ ဒါပေမယ့် မျက်မှန်တပ်တာ ကြာသွားတဲ့အခါ မျက်မှန်တပ်ထားမှန်း မသိတော့ဘူး။ မျက်မှန်ဟာ ကိုယ့်မျက်နှာရဲ့အစိတ်အပိုင်း

တစ်ခုလို ဖြစ်သွားပြီ။ မျက်မှန်တပ်ထားတယ် ဆိုတာကို မေ့ထားလို့ရသွားပြီ။

❖ စိတ်ကောင်းရှိတဲ့သူ စေတနာကောင်းတဲ့သူဟာ သူ့ကိုယ့်သူ “ငါ စိတ်ကောင်းရှိတယ် ငါ စေတနာ ကောင်းတယ်”လို့

မတွေးတော့ဘူး။

❖ အဲဒီလို တွေးနေသေးတယ်ဆိုရင် စိတ်ကောင်း တကယ် မရှိသေးဘူး။ စိတ်ကောင်းရှိဖို့ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။

လုပ်ယူနေရတဲ့အဆင့်မှာပဲ ရှိသေးတယ်။

❖ စိတ်ကောင်းရှိတာဟာ သူ့ပင်ကိုယ်သဘာဝ မဖြစ်သေးဘူး။ တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားတဲ့အခါ

သူစိတ်ကောင်းရှိတာကို သူမေ့ထားလိုက်ပြီ။ မတွေးတော့ဘူး။ အဲဒီအခါမှာမှ သူဟာ တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားပြီ။

❖ ခွင့်လွှတ်တတ်တဲ့သူဟာ ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။ “ငါ ခွင့်လွှတ်လိုက်တယ်”လို့ မတွေးဘူး။ “ငါ ခွင့်လွှတ်တယ်

ငါခွင့်လွှတ်တယ်”လို့ ခဏခဏ တွေးနေရင် ဘယ်လို အဓိပ္ပာယ် ပေါက်သလဲ။ ခွင့်မလွှတ်နိုင်သေးဘူးလို့ အဓိပ္ပာယ်ပေါက်တယ်။

ခွင့်လွှတ်ဖို့ ကြိုးစားနေတယ်။ ခွင့်လွှတ်လိုက်မယ်လို့တောင် မတွေးတော့တဲ့ အချိန်မှာ တကယ်ခွင့်လွှတ်နိုင်ပြီ။

❖ ရောင့်ရဲတဲ့သူဟာ ရောင့်ရဲတယ်။ ဒါပေမယ့် “ငါက ရတာနဲ့ ရောင့်ရဲတယ်”လို့ မတွေးဘူး။ ကိုယ် ရောင့်ရဲကြောင်းကို သူများကို

မပြောတော့ဘူး။ ငါက ရောင့်ရဲတယ်လို့ မကြာခဏ ပြောနေရင် တကယ် ရောင့်ရဲတာ မဟုတ်သေးဘူး။

ရောင့်ရဲတယ်ဆိုတဲ့ ဂုဏ်ကို လိုချင်နေသေးတယ် ကိုယ့်ကို ရောင့်ရဲတဲ့ သူလို့ အများမြင်အောင် သိအောင် လုပ်နေတယ်။

အဲဒီလိုဂုဏ်ကို လိုချင်နေသေးတာကိုက မရောင့်ရဲသေးလို့ပဲ။

❖ အဲဒီလိုပဲ ဥပုသ်စောင့်တယ်၊ တရားအားထုတ်တယ်။ အဲဒါကို လူတွေသိအောင် ပြောနေတယ်ဆိုရင် မလုပ်ခင်ကတည်းက

လူသိစေချင်တဲ့ ဆန္ဒ ရှိနေတယ်။

အဲဒီလို ဆန္ဒရှိနေရင် စေတနာမမှန်သေးဘူး။ အတ္တစိတ်က လွှမ်းမိုးထားတုန်းပဲ။ အတ္တစိတ်က လုပ်နေတယ်။ ငါက သူများထက်

ပိုလုပ်နိုင်တယ်ဆိုတဲ့ မာနစိတ်က လွှမ်းမိုးနေသေးတယ်။

❖ အတ္တစိတ်, မာနစိတ်တို့ မရှိတော့ရင် လုပ်ချင်တဲ့ ဆန္ဒရှိလို့ လုပ်လိုက်တယ်။ အဲဒီအကြောင်းကို မပြောတော့ဘူး။

❖ မေးရင်တောင် လိုတာထက် ပိုမပြောဘူး။ တိုတိုနဲ့ လိုရင်းပဲ ပြောမယ်။

❖ စားနိုင်တာ ဂုဏ်တစ်ခု မဟုတ်သလို မစားဘဲ နေနိုင်တာလည်း ဂုဏ်တစ်ခု မဟုတ်ပါဘူး။

❖ တစ်ချို့က စားနိုင်တာကို ကြွားတယ်။ တစ်ချို့က မစားဘဲ နေနိုင်တာကို ကြွားတယ်။ နှစ်ဦးစလုံးဟာ မလွတ်လပ်တဲ့ သူတွေပဲ။

❖ အပျော်အပါးတွေကို များများ ခံစားတဲ့သူက သူ ခံစားနိုင်တာကို ကြွားတယ်။ အပျော်အပါးတွေကို မခံစားတဲ့သူက သူ

မခံစားတတ်တဲ့ အကြောင်းကို ကြွားတယ်။ နှစ်ဦးစလုံးရဲ့စိတ်ဟာ သဘာဝချင်း တူတူပဲ။ ကြွားတာဟာ မလွတ်လပ်တာပဲ။

❖ ကောင်းတာကို လုပ်တဲ့အခါမှာ လူသိစေချင်တဲ့စိတ် အားကြီးနေရင် လွတ်လပ်တဲ့ စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။

တကယ်ကောင်းတဲ့သူဟာ “ငါ ကောင်းတယ်” လို့တောင် မတွေးတော့ဘူး။

❖ တရားဟာ ကိုယ့်ဘဝနဲ့ ထပ်တူဖြစ်နေရင် လုပ်နေပေမယ့် လုပ်နေတယ်လို့ မတွေး တော့ဘူး။ ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝ

ဖြစ်သွားပြီ။ အသက်ရှူနေသလို ဖြစ်သွားပြီ။ နှလုံးခုန်နေသလို ဖြစ်သွားပြီ။

တမင်တကာ လုပ်ယူနေရရင် သိနေတယ်။ ပင်ကိုယ် ဖြစ်သွားရင် မသိတော့ဘူး။ လုပ်နေရတယ်လို့ မထင်တော့ဘူး။

❖ စာနည်းနည်း တတ်တဲ့သူဟာ သူ့ကို လူတွေက စာတော်တော် တတ်တယ်လို့ ထင်စေချင်တယ်။ ဒါကြောင့် အကိုးအကားတွေ

များများနဲ့ ပြောချင်တယ်။ ရေးချင်တယ်။စာပေကို တကယ်ချစ်လို့ လေ့လာတဲ့သူဟာ နှစ်တွေကြာလေလေ သူသိတာဟာ

နည်းနည်းလေး မသိတာက အများကြီးဆိုတာကို သိလာလို့ သူတတ်ကြောင်းကို မပြချင်တော့ဘူး။ သူ့ကို လူတွေအထင်မကြီးမှာကို

မကြောက်တော့ဘူး။ သူဟာ အထင်ကြီးတာ အထင်သေးတာ နှစ်မျိုးလုံးကို လွန်မြောက်သွားပြီ။ သူဟာ သူစာတတ်တာကို

မေ့ထားလို့ရသွားပြီ။ ဒါကြောင့် စကားပြောတဲ့အခါ မလိုအပ်ဘဲနဲ့ အကိုးအကားတွေကို မထည့်တော့ဘူး။ ရိုးရိုးပဲပြောတယ်။

မေးလာမှဖြေတယ်။ မမေးဘဲ မဖြေဘူး။ သူ့စိတ်ကို စာက လွှမ်းမိုးမှု မရှိတော့ဘူး။

❖ ငွေများများ မရဖူးတဲ့သူဟာ ပထမအကြိမ် ငွေများများ ရလိုက်ရင် အဲဒီငွေထုပ်ကို ဘယ်နေရာမှာထားရမှန်း မသိတော့ဘူး။

မကြာခဏ အဲဒီငွေထုပ်ကို ကိုင်ကြည့် နေတတ်တယ်။ အဲဒီငွေထုပ်ကို စိတ်မချလို့ အိပ်တာတောင် စိတ်မဖြောင့်နိုင်ဘူး။

တစ်ရေးနိုးတောင် သတိရနေတယ်။

ဒါပေမယ့် ငွေကို များများ ရှာနိုင်လာတဲ့အခါ ငွေကို မေ့ထားလိုက်တော့တယ်။ ငွေရဖို့ အဓိကမထားတော့ဘဲ ကိုယ်တန်ဖိုး

ထားတာကို လုပ်ဖြစ်ဖို့ အဓိက ထားပြီး အလုပ်လုပ်တယ်။

❖ ငွေနဲ့ ကြွားတဲ့သူ အိမ်နဲ့ ကြွားတဲ့သူ ကားနဲ့ ကြွားတဲ့သူ ပစ္စည်းနဲ့ ကြွားတဲ့သူ စိန်တွေ ရွှေတွေနဲ့ ကြွားတဲ့သူဟာ တကယ်

လူချမ်းသာ မဟုတ်သေးဘူး။

❖ တကယ် ချမ်းသာတဲ့သူဟာ သူချမ်းသာတာကို မေ့ထားလို့ ရသွားပြီ။ ပြည့်စုံနေတဲ့ စိတ်ရှိတဲ့သူဟာ သူပိုင်ဆိုင်တာတွေကို

မေ့ထားလိုက်ပြီ။

❖ ထမင်း ဝနေတဲ့သူဟာ ထမင်းစားဖို့ အကြောင်းကို မတွေးတော့ဘူး။ ထမင်း စားပြီးပေမယ့် ထမင်း အကြောင်းကိုပဲ

တွေးနေသေးတယ်ဆိုရင် ဘယ်လို ယူဆမလဲ။ သူ့စိတ်က ဆာနေသေးတယ်။

❖ ဒါကြောင့် ငွေဘယ်လောက်ရှိရှိ ငွေအကြောင်း ကိုပဲ တွေးနေရင် သူ့စိတ်ထဲက မွဲနေသေးလို့။ သူဟာ မလွတ်လပ်သေးဘူး။

ငွေရဲ့ကျွန် ဖြစ်နေသေးတယ်။

❖ တကယ် ရာထူးကြီးကြီးနဲ့ တန်တဲ့သူဟာ ရာထူးအကြောင်းကို မတွေးတော့ဘူး။

သူနဲ့ မတန်တဲ့ ရာထူးကို ရထားတဲ့သူဟာ သူ့ရာထူး အကြောင်းကို သူ မေ့လို့မရဘူး။ ဘယ်သူနဲ့တွေ့တွေ့ သူ့ရာထူးကို

တလေးတစား အကြိမ်ကြိမ်ခေါ်ပြီး သူ့ကို စကားပြောနေမှ သူကျေနပ်တယ်။

သူ့ရာထူးကို မခေါ်ဘဲ သူ့နာမည်ကို ခေါ်တဲ့သူကို သူ ရန်ငြိုးထားတော့မယ်။ သူ့စိတ်က သူ့ရာထူးထက် မြင့်သွားတဲ့အခါမှာ တော့

သူ ရာထူးကိုမေ့သွားပြီ။တာဝန်ကျေအောင်တော့ လုပ်မယ်။ ဒါပေမယ့် အဲဒီရာထူးကို အဓိက မထားတော့ဘူး။ အဲဒီလိုလူမှ

ရာထူးနဲ့ တန်တဲ့သူ ဖြစ်သွားပြီ။ သူ့အလုပ်ကိုသူ လွတ်လပ်တဲ့ စိတ်နဲ့ လုပ်နိုင်ပြီ။ ဒါပေမယ့် အဲဒီလိုလူက သိပ်ရှားပါတယ်။

❖ ရာထူးကြီးတဲ့ သူတွေနဲ့ သိကြောင်း ရင်းနှီးကြောင်း ပြောနေတဲ့သူဟာ ရာထူးကို သိပ်အထင်ကြီးနေတဲ့သူ ဖြစ်တယ်။

သူ့ကိုယ်ကိုသူ နည်းနည်း အထင်သေးတဲ့စိတ် ရှိတယ်။ ဒါကြောင့် သူ့ရဲ့ဆက်ဆံရေးတွေဟာ လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံတဲ့

ဆက်ဆံရေး မဟုတ်ဘူး။

❖ ကိုယ့် အဆင့်အတန်းဆိုတာကို မေ့ထားလို့ ရတဲ့သူ၊ သူ့အဆင့်အတန်းဆိုတာကိုလည်း မေ့ထားလို့ရတဲ့ သူမှသာ

လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံနိုင်မယ်။

❖ မရှိတာကိုလည်း မေ့ထားနိုင်မှ ရှိတာကိုလည်း မေ့ထားနိုင်မှ လွတ်လပ်တဲ့စိတ်နဲ့ လုပ်သင့်တာကို ဆက်လုပ်နိုင်မယ်။

❖ လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိအောင်

မကြွားဘူး။

❖ လွတ်လပ်တဲ့သူ ရှားလိုက်တာ… နော်။ …… ။။။။။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) “လွတ်လပ်သောစိတ်” စာအုပ်မှ –

Credit : Steven MK Aung

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

20 + fourteen =