“အရမ္းေကာင္းတဲ႔အခ်က္(၉)ခ်က္”

ကိစၥတိုင္းကို နင္မွားတယ္၊ ငါမွန္တယ္ လုပ္စရာမွမဟုတ္တာ။

အိမ္သူအိမ္သားနဲ႔ စကားႏိုင္ လုတယ္၊ လုလို႔ႏိုင္သြားတယ္ ၊ ၅၂၈ ေလ်ာ့သြားတယ္။

ခ်စ္သူနဲ႔ စကားႏိုင္ လုတယ္၊ လုလို႔ႏိုင္သြားတယ္ ၊ ၁၅၀၀ ေလ်ာ့သြားတယ္။

သူငယ္ခ်င္းနဲ႔ စကားႏိုင္ လုတယ္၊ လုလို႔ႏိုင္သြားတယ္ ၊ သူငယ္ခ်င္းသံေယာဇဥ္ ေလ်ာ့သြားတယ္။

လုတာက ခဏေနေမ့မယ့္ကိစၥ၊ ရံႈးတာက သံေယာဇဥ္၊ နာက်င္တာက မိမိကိုယ္ကို။

အျဖဴက အျဖဴ၊ အမည္းက အမည္းပဲ.. အခ်ိန္က သက္ေသျပသြားပါလိမ့္မယ္။

ကိုယ့္ရဲ႕ တစ္ယူသန္ေခါင္းမာတတ္တဲ့ အက်င့္ကိုေဖ်ာက္ၿပီး လူလုပ္ပါ။

ကိစၥအခ်ိဳ႕ကို အရံႈးေပးတာ လူ႔ဘဝအေနနဲ႔ႏိုင္ပါတယ္ ။

ေျပလည္မႈ တစ္ခုေပးေလ၊ ေႏြးေထြးမႈ တစ္ခုရေလ။

အခ်က္ (၉)ခ်က္စလံုးဖတ္လို႔ နားလည္သြားရင္ လူျဖစ္ရတာ ေပ်ာ္လာမွာပါ။

၁။ ခ်မ္းသာမႈ

– ကိုယ္ရဲ႕ ေရာင့္ရဲမႈနဲ႔ တိုက္႐ိုက္အခ်ိဳးက်တယ္။

ေရာင့္ရဲတင္းတိမ္တဲ့လူအဖို႔ ၾကမ္းျပင္မွာ အိပ္ေနရလည္း နတ္ျပည္သမွ်ပါပဲ။ မေရာင့္ရဲတတ္တဲ့သူအတြက္

နတ္ျပည္မွာလွဲေနရလည္း ငရဲသမွ်ပါပဲ။ လူ႔စိတ္ကသာ အေရးႀကီးတာပါ။ လိုခ်င္တပ္မက္မႈေတြအမ်ားႀကီးရွိေနသေရြ႕

ကိုယ့္မွာ ဘယ္ေလာက္ပဲ ပိုင္ဆိုင္ပိုင္ဆိုင္ ဆင္းရဲေနဦးမွာပဲ။ လိုခ်င္လွ်င္ ဆင္းရဲသည္၊ မလိုခ်င္လွ်င္ ခ်မ္းသာသည္ဆိုတဲ့စကားရွိပါသည္။

၂။ တြက္ကပ္မႈ

– မတြက္ကပ္တဲ့သူရဲ႕ ႏွလံုးသားက အခန္းပိုက်ယ္တယ္။

လူစိတ္ေတြဟာ တစ္ခုကိုတစ္ခု အမွီသဟဲျပဳထားတာပါ၊ သင္သူမ်ားကို တစ္လွမ္းေနာက္ဆုတ္ေပးရင္ သူမ်ားက

သင့္အေပၚ တစ္ေပတိုးၿပီးေလးစားပါတယ္။ မွီထားတဲ့အတြက္ေနရာလြတ္ ဆိုတာမရွိပါဘူး။ သင္က သူ႔အေပၚတစ္လွမ္း

လြန္သြားရင္ေတာ့ သူက တစ္လွမ္းကိုယ့္ကို အထင္ေသးသြားၿပီ။

လူ႔စိတ္ဟာ လမ္းတစ္ခုလိုပဲ၊ ကိုယ္ကပိုတြက္ကပ္ေလ ကိုယ္ေလွ်ာက္မယ့္လမ္းက က်ဥ္းေလ။ လူေကာင္းကို မတြက္ကပ္ပါနဲ႔၊

ေနာက္သင့္ကိုသူမကူညီေတာ့မွာစိုးလို႔ပါ။ လူဆိုးကို မတြက္ကပ္ပါနဲ႔၊ ေနာက္ အခြင့္ၾကံဳရင္ သင့္ကိုသူ ေျခထိုးမွာစိုးလို႔ပါ။

သူတစ္ပါးကို သေဘာထားႀကီးျခင္းဟာ မိမိကိုယ္ကို လမ္းဖြင့္ျခင္းပါ။

၃။ လႊတ္ခ်မႈ

– အတိတ္ကို လႊတ္ခ်ၿပီး ေပါ့ေပါ့ပါးပါးေနထိုင္ပါ

ဒီေန႔ ဘယ္ေလာက္ပင္ႀကီးမားတဲ့ ကိစၥျဖစ္ေနပါေစ၊ မနက္ျဖန္ေရာက္ရင္ ကိစၥေလးျဖစ္သြားေကာ။ ဒီႏွစ္ ဘယ္ေလာက္ပင္ႀကီးမားတဲ့

ကိစၥျဖစ္ေနပါေစ၊ ေနာက္ႏွစ္ေရာက္ရင္ ပံုျပင္ေလးျဖစ္သြားေကာ။ ဒီဘဝ ဘယ္ေလာက္ပင္ႀကီးမားတဲ့ ကိစၥျဖစ္ေနပါေစ၊

ေနာင္ဘဝေရာက္ရင္ ယံုတမ္းစကားျဖစ္သြားေကာ။ ကြၽန္ေတာ္တို႔ေတြက ယံုတမ္း ပံုျပင္ေတြကို ဖန္တီးေနတဲ့သူေတြေလ…

ေမ့ေနၿပီလား။ဘဝမွာ အလုပ္မွာ အဆင္မေျပမႈၾကံဳတိုင္း ကိုယ့္ကိုျပန္သတိေပးပါ။ ဒီေန႔က ကုန္သြားမွာ၊ မနက္ျဖန္က

ေရာက္လာမွာ၊ ေန႔ရက္အသစ္နဲ႔ ကိုယ္က ျပန္စတင္ရမွာ။

၄။ လြယ္ကူပါ

– ေလာကႀကီးကို လြယ္လြယ္ေလးၾကည့္ပါ၊ ေပ်ာ္ရႊင္မႈက ေနရာအတိပါ။ စိတ္ကို ေျဖေဖ်ာ့ရင္ ေလာကႀကီးက

ကိုယ့္အတြက္ေခ်ာင္ခ်ိေနၿပီး အသက္ရႈရတာ လြယ္ကူလို႔ေနတယ္။ စိတ္ကို လြတ္လပ္ထားရင္ ဘဝဟာ အလိုလိုလြတ္လပ္ေနၿပီး

ဘယ္ေရာက္ေရာက္ ဘာလုပ္လုပ္ အလိုလို ေပ်ာ္ရႊင္လို႔ေနတယ္။ လူ႔ဘ၀မွာ အရာအခ်ိဳ႕က လႊတ္ခ်တတ္ရမွာ။ လက္ထဲက

သဲတစ္ဆုပ္ကို လႊတ္ခ်မွ အေရွ႕မွာရွိတဲ့ ေရႊတစ္ဆုပ္ကို ဆုပ္ယူခြင့္ရွိမွာေပါ့။ တစ္ခါတစ္ေလ စြန္႔လႊတ္ျခင္းရဲ႕အဆံုးဟာ ရယူျခင္းရဲ႕

အစပါ။ အရာရာက ဖာသိဖာသာနဲ႔ အတိတ္ျဖစ္သြားမွာ။

၅။ ႏွလံုးသား

– ႏွလံုးသားတစ္ခုကို ႏွလံုးသားတစ္ခုနဲ႔လဲမယ္။ သူမ်ားရဲ႕အားနည္းခ်က္ကို မကဲ့ရဲ႕ပါနဲ႔ – ဒါက ကိုယ္ခ်င္းစာမႈပါ

သူမ်ားရဲ႕ သေဘာထားႀကီးမႈကို မေလွာင္ေျပာင္ပါနဲ႔ – ဒါက နားလည္မႈပါ။ သေဘာထားႀကီးတဲ့သူက လြယ္လြယ္ေဒါသမထြက္တာ

ကိုေျပာတာ၊ ေဒါသမထြက္တတ္ဘူးမေျပာဘူး။ သည္းခံတာ အလို႔မဟုတ္ဘူး။ သူ႔သည္းခံႏိုင္စြမ္းဆိုတာသူရွိတယ္။

အခ်စ္ကို အတင္းမလုပ္ယူရဘူး၊ ႏွလံုးသားက ကစားစရာအ႐ုပ္တစ္ခုမဟုတ္ ေရစက္က မကုန္ခ်င္လို႔မရဘူး၊ ႏွလံုးသားတစ္ခုကို

ႏွလံုးသားတစ္ခုနဲ႔လဲရတယ္၊ ဒါမွအခ်စ္စစ္ကိုရတာ။ စိတ္တစ္ခုကို စိတ္တစ္ခုနဲ႔လဲရတယ္၊ ဒါမွ သူ႔ဆီက စိတ္အစစ္ကိုရမွာ။

၆။ ကုသိုလ္၊ အကုသိုလ္

– ကုသိုလ္အမ်ားႀကီးရွိတဲ့လူကို အကုသိုလ္က ေၾကာက္ေနေရာ။ ကိုယ့္စိတ္ကို သူမ်ားကိုဖံုးလို႔ရေပမယ့္

ကိုယ္မွာ ကုသိုလ္မ်ားလား အကုသိုလ္မ်ားလား ဘုရားသိပါတယ္။ လူက ေကာင္းမႈျပဳရင္ အကုသိုလ္က ေၾကာက္လန္႔ေနၿပီး

ေဝးေဝးကိုေျပးပါတယ္။ လူက မေကာင္းမႈျပဳရင္ ကုသိုလ္က ေၾကာက္လန္႔ေနၿပီး ေဝးေဝးေျပးပါတယ္။

ေကာင္းမႈျပဳတဲ့သူဟာ ပန္းျခံထဲ ျမက္ပင္ေလးေတြလိုပဲ၊ တစ္ေန႔တစ္ျခား တိုးတက္တာမျမင္ေပမယ့္ ေန႔စဥ္နဲ႔အမွ် ရွင္သန္ႀကီးထြား

လာတယ္။ မေကာင္းမႈျပဳတဲ့သူဟာ ဓားေသြးေက်ာက္ထက္က ဓားလိုပဲ၊ ဆုတ္ယုတ္သြားတာမျမင္သာေပမယ့္ တစ္ေန႔က်ရင္

ထက္ပိုင္က်ိဳးမွာ။ကုသိုလ္၊ အကုသိုလ္က တံခါးမရွိ ဓားမရွိ မိမိစိတ္ကို ဝင္ထြက္သြားလာႏိုင္တယ္။ အကုသိုလ္ရဲ႕အေမွာင္က

သူတစ္ပါးမသိေသာ္လည္း မိမိစိတ္ကို ေမွာင္ရိပ္က်ၿပီး ႀကီးစိုးတတ္တယ္။ ကုသိုုလ္ရဲ႕ အလင္းက သူတစ္ပါးမခ်ီးမြမ္းလည္း

မိမိစိတ္မွာ ထြန္းလင္းလို႔ေနတယ္။

၇။ ေနရာလြတ္

– ေနရာလြတ္တစ္ခုထားၿပီး ထည့္ခ်င္တဲ့အရာထည့္သြင္းပါ။ မိမိကိုယ္ကို ေနရာလြတ္ေပးပါ၊ ဒါမွ

စိတ္ျပတင္းေပါက္လည္းပြင့္ၿပီး အသက္ဝဝရႈႏိုင္မွာ။မိမိ အရမ္းေပ်ာ္ေနတဲ့အခါ ကိုယ့္ကိုယ္ကို စဥ္းစားခ်ိန္ေပးပါ၊ ဒါမွ ေပ်ာ္ရႊင္မႈက

ႏွလံုးသားထဲထိစီဆင္းသြားမွာ။ မိမိ နာက်င္တဲ့အခါ ကိုယ့္ကိုယ္ကို ႏွစ္သိမ့္ခ်ိန္ေပးပါ၊ ဒါမွ နာက်င္တဲ့မီးကို ၿငိမ္းသတ္ခ်ိန္ရွိမွာ။

မိမိ ေခါင္းရႈပ္ေနတဲ့အခါ ကိုယ့္ကိုယ္ကို ေပ်ာ္ရႊင္ဖို႔အခ်ိန္ေပးပါ၊ ဒါမွ ေခါင္းရႈပ္ေစတဲ့ကိစၥက ေပ်ာက္သြားမွာ။ မိမိအထီးက်န္ဆန္ခံေနရ

တဲ့အခါ ကိုယ့္ရဲ႕ အခ်စ္ဆံုးသူကို အခ်ိန္ေပးပါ၊ ဒုတိယ အခ်စ္ဆံုးသူက မိမိကိုယ္တိုင္ပဲဆိုတာ မေမ့ပါနဲ႔။

ေနရာလြတ္ တစ္ခုထားျခင္းဟာ လူ႔ဘဝရဲ႕ လိုအပ္မႈတစ္ခု။ မိမိကိုယ္ကိုယ္ အခ်ိန္ေပးျခင္းဟာ တန္ဖိုးရွိေပမယ့္ လူတိုင္းေမ့ေလ်ာ့ေန

တတ္တဲ့အရာတစ္ခု။

၈။  ေက်းဇူးတင္ပါ

– လူ႔ဘဝက အေရာင္အေသြးပိုစံုလင္သြားမွာ။ သင့္ကို နာက်င္ေအာင္လုပ္တဲ့သူကို ေက်းဇူးတင္ပါ။ သူ႔ေၾကာင့္မို႔လို႔ပဲ သင့္စိတ္

ေလ့က်င့္ၿပီးသားျဖစ္သြားတာမဟုတ္လား။ သင့္ကို လိမ္ခဲ့တဲ့သူကို ေက်းဇူးတင္ပါ။ သူ႔ေၾကာင့္မို႔လို႔ပဲ သင္ ဗဟုသုတအသစ္ ရ

သြားတာမဟုတ္လား။ သင့္ကို စြန္႔လႊတ္ခဲ့တဲ့သူကို ေက်းဇူးတင္ပါ။ သူ႔ေၾကာင့္မို႔လို႔ပဲ သင္ ကိုယ့္ေျခေထာက္ေပၚရပ္ႏိုင္ခဲ့တာမဟုတ္

လား။ သင့္ကို ေျခထိုးတဲ့သူကို ေက်းဇူးတင္ပါ။ သူ႔ေၾကာင့္မို႔လို႔ပဲ သင့္လဲက်တိုင္း ျပန္ထတတ္သြားတာမဟုတ္လား။ သင့္ကို

ေဝဖန္တဲ့သူကို ေက်းဇူးတင္ပါ။ သူ႔ေၾကာင့္မို႔လို႔ပဲ သင့္အားနည္းခ်က္ကိုျပင္ဖို႔ သိသြားတာမဟုတ္လား။

သင့္ကို ရင့္က်က္လာေအာင္ သြန္သင္ေပးခဲ့တဲ့လူေတြအားလံုးကို ေက်းဇူးတင္ပါ။ ဒါမွ လူ႔ဘဝက အေရာင္အေသြးပိုစံုလင္သြားမွာ။

၉။ ကံစီမံရာကို ေလွ်ာက္လမ္းတတ္ပါ၊ ခ်မ္းသာသုခက ကိုယ္နဲ႔မကြာ ကပ္လိုက္လာမွာ။

လူ႔ဘဝက ေကာ္ဖီတစ္ခြက္လိုပဲ၊ မ်ားလည္းေကာင္းတယ္၊ နည္းလည္းေကာင္းတယ္၊ ဘာကိုလုမွာလဲ။ ပ်စ္လဲေကာင္းတယ္၊

က်ဲလည္းေကာင္းတယ္၊ သူ႔အရသာနဲ႔သူပဲ။ ေလာၿပီးေသာက္လည္းေကာင္းတယ္၊ ႏွပ္ၿပီး ေအးေဆးေသာက္လည္းေကာင္းတယ္၊

အဲေတာ့ဘာျဖစ္လဲ။ ပူလည္းေကာင္းတယ္၊ ေအးလည္းေကာင္းတယ္၊ ျပံဳးၿပီးေသာက္ရင္ပိုေတာင္ေကာင္းေသးတယ္။ ခ်ိဳလည္းေကာင္း

တယ္၊ ခါးလည္းေကာင္းတယ္၊ ကိုယ္ဘယ္လို လက္ခံမလဲပဲမူတည္တယ္။

လူ႔ဘဝကို သင္ကသြား ဂ႐ုစိုက္ေနလို႔သာ ခါးတာပါ။ သံသယထားလို႔သာ နာက်င္တာပါ။ ေပါ့ေပါ့ေလး ၾကည့္ရင္ ေပ်ာ္ဖို႔ေကာင္းေနမွာ။

ေပ်ာ္ရႊင္မႈ အျမင္နဲ႔ၾကည့္ရင္ ခ်မ္းသာသုခကကိုယ္နဲ႔မကြာ ကပ္လိုက္ေနမွာ။

ကြ်န္ေတာ္တို႔အားလံုးက ေခတ္ကာလတစ္ခုရဲ႕ ဧည့္သည္အခ်ိဳ႕ပါ။ ေရတစ္ခြက္ထဲ ဆားတစ္ဆုပ္ထည့္ေသာက္ရင္ ငန္မယ္၊ ဒါေပမယ့္

တိုင္ကီထဲထည့္ေသာက္ရင္ မငန္ေတာ့ဘူး။ ေလာကဓံက ဆားတစ္ဆုပ္ဆိုပါစို႔ ၊ အဓိက,က မိမိဘာခြက္နဲ႔ခံၿပီးေသာက္မလဲေပၚပဲမူ

တည္ပါတယ္။ တစ္ခါတစ္ေလက်ေနာ္တို႔ ေရြးခ်ယ္ခြင့္မရွိေတာ့ရင္ ကံစီမံရာအတိုင္းေပါ့။

သင့္ရဲ႕စိတ္ကို အရႈပ္ထုပ္ေတြနဲ႔ မခ်ည္ေႏွာင္ထားပါနဲ႔၊ အသက္တစ္ခ်က္ ျပင္းျပင္းရႈၾကည့္ပါ။ တစ္ခ်ိဳ႕ မျမင္ရတဲ့အရာေတြကို

ႏွလံုးသားနဲ႔ နားလည္ၾကည့္ပါ။

Credit:Peaceစာေပ

< Unicode Version >

ကိစ္စတိုင်းကို နင်မှားတယ်၊ ငါမှန်တယ် လုပ်စရာမှမဟုတ်တာ။

အိမ်သူအိမ်သားနဲ့ စကားနိုင် လုတယ်၊ လုလို့နိုင်သွားတယ် ၊ ၅၂၈ လျော့သွားတယ်။

ချစ်သူနဲ့ စကားနိုင် လုတယ်၊ လုလို့နိုင်သွားတယ် ၊ ၁၅၀၀ လျော့သွားတယ်။

သူငယ်ချင်းနဲ့ စကားနိုင် လုတယ်၊ လုလို့နိုင်သွားတယ် ၊ သူငယ်ချင်းသံယောဇဉ် လျော့သွားတယ်။

လုတာက ခဏနေမေ့မယ့်ကိစ္စ၊ ရှုံးတာက သံယောဇဉ်၊ နာကျင်တာက မိမိကိုယ်ကို။

အဖြူက အဖြူ၊ အမည်းက အမည်းပဲ.. အချိန်က သက်သေပြသွားပါလိမ့်မယ်။

ကိုယ့်ရဲ့ တစ်ယူသန်ခေါင်းမာတတ်တဲ့ အကျင့်ကိုဖျောက်ပြီး လူလုပ်ပါ။

ကိစ္စအချို့ကို အရှုံးပေးတာ လူ့ဘဝအနေနဲ့နိုင်ပါတယ် ။

ပြေလည်မှု တစ်ခုပေးလေ၊ နွေးထွေးမှု တစ်ခုရလေ။

အချက် (၉)ချက်စလုံးဖတ်လို့ နားလည်သွားရင် လူဖြစ်ရတာ ပျော်လာမှာပါ။

၁။ ချမ်းသာမှု

– ကိုယ်ရဲ့ ရောင့်ရဲမှုနဲ့ တိုက်ရိုက်အချိုးကျတယ်။

ရောင့်ရဲတင်းတိမ်တဲ့လူအဖို့ ကြမ်းပြင်မှာ အိပ်နေရလည်း နတ်ပြည်သမျှပါပဲ။ မရောင့်ရဲတတ်တဲ့သူအတွက်

နတ်ပြည်မှာလှဲနေရလည်း ငရဲသမျှပါပဲ။ လူ့စိတ်ကသာ အရေးကြီးတာပါ။ လိုချင်တပ်မက်မှုတွေအများကြီးရှိနေသရွေ့

ကိုယ့်မှာ ဘယ်လောက်ပဲ ပိုင်ဆိုင်ပိုင်ဆိုင် ဆင်းရဲနေဦးမှာပဲ။ လိုချင်လျှင် ဆင်းရဲသည်၊ မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့စကားရှိပါသည်။

၂။ တွက်ကပ်မှု

– မတွက်ကပ်တဲ့သူရဲ့ နှလုံးသားက အခန်းပိုကျယ်တယ်။

လူစိတ်တွေဟာ တစ်ခုကိုတစ်ခု အမှီသဟဲပြုထားတာပါ၊ သင်သူများကို တစ်လှမ်းနောက်ဆုတ်ပေးရင် သူများက

သင့်အပေါ် တစ်ပေတိုးပြီးလေးစားပါတယ်။ မှီထားတဲ့အတွက်နေရာလွတ် ဆိုတာမရှိပါဘူး။ သင်က သူ့အပေါ်တစ်လှမ်း

လွန်သွားရင်တော့ သူက တစ်လှမ်းကိုယ့်ကို အထင်သေးသွားပြီ။

လူ့စိတ်ဟာ လမ်းတစ်ခုလိုပဲ၊ ကိုယ်ကပိုတွက်ကပ်လေ ကိုယ်လျှောက်မယ့်လမ်းက ကျဉ်းလေ။ လူကောင်းကို မတွက်ကပ်ပါနဲ့၊

နောက်သင့်ကိုသူမကူညီတော့မှာစိုးလို့ပါ။ လူဆိုးကို မတွက်ကပ်ပါနဲ့၊ နောက် အခွင့်ကြုံရင် သင့်ကိုသူ ခြေထိုးမှာစိုးလို့ပါ။

သူတစ်ပါးကို သဘောထားကြီးခြင်းဟာ မိမိကိုယ်ကို လမ်းဖွင့်ခြင်းပါ။

၃။ လွှတ်ချမှု

– အတိတ်ကို လွှတ်ချပြီး ပေါ့ပေါ့ပါးပါးနေထိုင်ပါ

ဒီနေ့ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ မနက်ဖြန်ရောက်ရင် ကိစ္စလေးဖြစ်သွားကော။ ဒီနှစ် ဘယ်လောက်ပင်ကြီးမားတဲ့

ကိစ္စဖြစ်နေပါစေ၊ နောက်နှစ်ရောက်ရင် ပုံပြင်လေးဖြစ်သွားကော။ ဒီဘဝ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊

နောင်ဘဝရောက်ရင် ယုံတမ်းစကားဖြစ်သွားကော။ ကျွန်တော်တို့တွေက ယုံတမ်း ပုံပြင်တွေကို ဖန်တီးနေတဲ့သူတွေလေ…

မေ့နေပြီလား။ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြံုတိုင်း ကိုယ့်ကိုပြန်သတိပေးပါ။ ဒီနေ့က ကုန်သွားမှာ၊ မနက်ဖြန်က

ရောက်လာမှာ၊ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာ။

၄။ လွယ်ကူပါ

– လောကကြီးကို လွယ်လွယ်လေးကြည့်ပါ၊ ပျော်ရွှင်မှုက နေရာအတိပါ။ စိတ်ကို ဖြေဖျော့ရင် လောကကြီးက

ကိုယ့်အတွက်ချောင်ချိနေပြီး အသက်ရှုရတာ လွယ်ကူလို့နေတယ်။ စိတ်ကို လွတ်လပ်ထားရင် ဘဝဟာ အလိုလိုလွတ်လပ်နေပြီး

ဘယ်ရောက်ရောက် ဘာလုပ်လုပ် အလိုလို ပျော်ရွှင်လို့နေတယ်။ လူ့ဘဝမှာ အရာအချို့က လွှတ်ချတတ်ရမှာ။ လက်ထဲက

သဲတစ်ဆုပ်ကို လွှတ်ချမှ အရှေ့မှာရှိတဲ့ ရွှေတစ်ဆုပ်ကို ဆုပ်ယူခွင့်ရှိမှာပေါ့။ တစ်ခါတစ်လေ စွန့်လွှတ်ခြင်းရဲ့အဆုံးဟာ ရယူခြင်းရဲ့

အစပါ။ အရာရာက ဖာသိဖာသာနဲ့ အတိတ်ဖြစ်သွားမှာ။

၅။ နှလုံးသား

– နှလုံးသားတစ်ခုကို နှလုံးသားတစ်ခုနဲ့လဲမယ်။ သူများရဲ့အားနည်းချက်ကို မကဲ့ရဲ့ပါနဲ့ – ဒါက ကိုယ်ချင်းစာမှုပါ

သူများရဲ့ သဘောထားကြီးမှုကို မလှောင်ပြောင်ပါနဲ့ – ဒါက နားလည်မှုပါ။ သဘောထားကြီးတဲ့သူက လွယ်လွယ်ဒေါသမထွက်တာ

ကိုပြောတာ၊ ဒေါသမထွက်တတ်ဘူးမပြောဘူး။ သည်းခံတာ အလို့မဟုတ်ဘူး။ သူ့သည်းခံနိုင်စွမ်းဆိုတာသူရှိတယ်။

အချစ်ကို အတင်းမလုပ်ယူရဘူး၊ နှလုံးသားက ကစားစရာအရုပ်တစ်ခုမဟုတ် ရေစက်က မကုန်ချင်လို့မရဘူး၊ နှလုံးသားတစ်ခုကို

နှလုံးသားတစ်ခုနဲ့လဲရတယ်၊ ဒါမှအချစ်စစ်ကိုရတာ။ စိတ်တစ်ခုကို စိတ်တစ်ခုနဲ့လဲရတယ်၊ ဒါမှ သူ့ဆီက စိတ်အစစ်ကိုရမှာ။

၆။ ကုသိုလ်၊ အကုသိုလ်

– ကုသိုလ်အများကြီးရှိတဲ့လူကို အကုသိုလ်က ကြောက်နေရော။ ကိုယ့်စိတ်ကို သူများကိုဖုံးလို့ရပေမယ့်

ကိုယ်မှာ ကုသိုလ်များလား အကုသိုလ်များလား ဘုရားသိပါတယ်။ လူက ကောင်းမှုပြုရင် အကုသိုလ်က ကြောက်လန့်နေပြီး

ဝေးဝေးကိုပြေးပါတယ်။ လူက မကောင်းမှုပြုရင် ကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးပြေးပါတယ်။

ကောင်းမှုပြုတဲ့သူဟာ ပန်းခြံထဲ မြက်ပင်လေးတွေလိုပဲ၊ တစ်နေ့တစ်ခြား တိုးတက်တာမမြင်ပေမယ့် နေ့စဉ်နဲ့အမျှ ရှင်သန်ကြီးထွား

လာတယ်။ မကောင်းမှုပြုတဲ့သူဟာ ဓားသွေးကျောက်ထက်က ဓားလိုပဲ၊ ဆုတ်ယုတ်သွားတာမမြင်သာပေမယ့် တစ်နေ့ကျရင်

ထက်ပိုင်ကျိုးမှာ။ကုသိုလ်၊ အကုသိုလ်က တံခါးမရှိ ဓားမရှိ မိမိစိတ်ကို ဝင်ထွက်သွားလာနိုင်တယ်။ အကုသိုလ်ရဲ့အမှောင်က

သူတစ်ပါးမသိသော်လည်း မိမိစိတ်ကို မှောင်ရိပ်ကျပြီး ကြီးစိုးတတ်တယ်။ ကုသိုုလ်ရဲ့ အလင်းက သူတစ်ပါးမချီးမွမ်းလည်း

မိမိစိတ်မှာ ထွန်းလင်းလို့နေတယ်။

၇။ နေရာလွတ်

– နေရာလွတ်တစ်ခုထားပြီး ထည့်ချင်တဲ့အရာထည့်သွင်းပါ။ မိမိကိုယ်ကို နေရာလွတ်ပေးပါ၊ ဒါမှ

စိတ်ပြတင်းပေါက်လည်းပွင့်ပြီး အသက်ဝဝရှုနိုင်မှာ။မိမိ အရမ်းပျော်နေတဲ့အခါ ကိုယ့်ကိုယ်ကို စဉ်းစားချိန်ပေးပါ၊ ဒါမှ ပျော်ရွှင်မှုက

နှလုံးသားထဲထိစီဆင်းသွားမှာ။ မိမိ နာကျင်တဲ့အခါ ကိုယ့်ကိုယ်ကို နှစ်သိမ့်ချိန်ပေးပါ၊ ဒါမှ နာကျင်တဲ့မီးကို ငြိမ်းသတ်ချိန်ရှိမှာ။

မိမိ ခေါင်းရှုပ်နေတဲ့အခါ ကိုယ့်ကိုယ်ကို ပျော်ရွှင်ဖို့အချိန်ပေးပါ၊ ဒါမှ ခေါင်းရှုပ်စေတဲ့ကိစ္စက ပျောက်သွားမှာ။ မိမိအထီးကျန်ဆန်ခံနေရ

တဲ့အခါ ကိုယ့်ရဲ့ အချစ်ဆုံးသူကို အချိန်ပေးပါ၊ ဒုတိယ အချစ်ဆုံးသူက မိမိကိုယ်တိုင်ပဲဆိုတာ မမေ့ပါနဲ့။

နေရာလွတ် တစ်ခုထားခြင်းဟာ လူ့ဘဝရဲ့ လိုအပ်မှုတစ်ခု။ မိမိကိုယ်ကိုယ် အချိန်ပေးခြင်းဟာ တန်ဖိုးရှိပေမယ့် လူတိုင်းမေ့လျော့နေ

တတ်တဲ့အရာတစ်ခု။

၈။  ကျေးဇူးတင်ပါ

– လူ့ဘဝက အရောင်အသွေးပိုစုံလင်သွားမှာ။ သင့်ကို နာကျင်အောင်လုပ်တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်စိတ်

လေ့ကျင့်ပြီးသားဖြစ်သွားတာမဟုတ်လား။ သင့်ကို လိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင် ဗဟုသုတအသစ် ရ

သွားတာမဟုတ်လား။ သင့်ကို စွန့်လွှတ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင် ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်ခဲ့တာမဟုတ်

လား။ သင့်ကို ခြေထိုးတဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်လဲကျတိုင်း ပြန်ထတတ်သွားတာမဟုတ်လား။ သင့်ကို

ဝေဖန်တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်အားနည်းချက်ကိုပြင်ဖို့ သိသွားတာမဟုတ်လား။

သင့်ကို ရင့်ကျက်လာအောင် သွန်သင်ပေးခဲ့တဲ့လူတွေအားလုံးကို ကျေးဇူးတင်ပါ။ ဒါမှ လူ့ဘဝက အရောင်အသွေးပိုစုံလင်သွားမှာ။

၉။ ကံစီမံရာကို လျှောက်လမ်းတတ်ပါ၊ ချမ်းသာသုခက ကိုယ်နဲ့မကွာ ကပ်လိုက်လာမှာ။

လူ့ဘဝက ကော်ဖီတစ်ခွက်လိုပဲ၊ များလည်းကောင်းတယ်၊ နည်းလည်းကောင်းတယ်၊ ဘာကိုလုမှာလဲ။ ပျစ်လဲကောင်းတယ်၊

ကျဲလည်းကောင်းတယ်၊ သူ့အရသာနဲ့သူပဲ။ လောပြီးသောက်လည်းကောင်းတယ်၊ နှပ်ပြီး အေးဆေးသောက်လည်းကောင်းတယ်၊

အဲတော့ဘာဖြစ်လဲ။ ပူလည်းကောင်းတယ်၊ အေးလည်းကောင်းတယ်၊ ပြံုးပြီးသောက်ရင်ပိုတောင်ကောင်းသေးတယ်။ ချိုလည်းကောင်း

တယ်၊ ခါးလည်းကောင်းတယ်၊ ကိုယ်ဘယ်လို လက်ခံမလဲပဲမူတည်တယ်။

လူ့ဘဝကို သင်ကသွား ဂရုစိုက်နေလို့သာ ခါးတာပါ။ သံသယထားလို့သာ နာကျင်တာပါ။ ပေါ့ပေါ့လေး ကြည့်ရင် ပျော်ဖို့ကောင်းနေမှာ။

ပျော်ရွှင်မှု အမြင်နဲ့ကြည့်ရင် ချမ်းသာသုခကကိုယ်နဲ့မကွာ ကပ်လိုက်နေမှာ။

ကျွန်တော်တို့အားလုံးက ခေတ်ကာလတစ်ခုရဲ့ ဧည့်သည်အချို့ပါ။ ရေတစ်ခွက်ထဲ ဆားတစ်ဆုပ်ထည့်သောက်ရင် ငန်မယ်၊ ဒါပေမယ့်

တိုင်ကီထဲထည့်သောက်ရင် မငန်တော့ဘူး။ လောကဓံက ဆားတစ်ဆုပ်ဆိုပါစို့ ၊ အဓိက,က မိမိဘာခွက်နဲ့ခံပြီးသောက်မလဲပေါ်ပဲမူ

တည်ပါတယ်။ တစ်ခါတစ်လေကျနော်တို့ ရွေးချယ်ခွင့်မရှိတော့ရင် ကံစီမံရာအတိုင်းပေါ့။

သင့်ရဲ့စိတ်ကို အရှုပ်ထုပ်တွေနဲ့ မချည်နှောင်ထားပါနဲ့၊ အသက်တစ်ချက် ပြင်းပြင်းရှုကြည့်ပါ။ တစ်ချို့ မမြင်ရတဲ့အရာတွေကို

နှလုံးသားနဲ့ နားလည်ကြည့်ပါ။

Credit:Peaceစာပေ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

nineteen − eighteen =