“အဆုိေတာ္ ထူးအိမ္သင္ အေၾကာင္း”

ထူးအိမ္သင္မျဖစ္မီ အမည္ရင္း ေက်ာ္ျမင့္လြင္ဘဝနဲ႔ ရန္ကုန္ကို သီခ်င္းသြင္းဖို႔ တက္လာေတာ့ ဘားလမ္းထိပ္ ၊

အေနာ္ရထာလမ္းေပၚက အပ္ခ်ဳပ္ဆိုင္တစ္ဆိုင္မွာ တီးဝိုင္းကိစၥ ဝင္ေမးတယ္ ။ အဲသည္ အပ္ခ်ဳပ္ဆိုင္ပိုင္႐ွင္က Aces

တီးဝိုင္းမန္ေနဂ်ာ ကိုစိုးေအာင္ အကိုပါ ။ ေက်ာ္ျမင့္လြင္ကိုၾကည့္ၿပီး ဘယ္ကလဲလို႔ ေမးတယ္ ၊ ပုသိမ္ကပါလို႔ ေျဖတယ္ ။

ပုသိမ္ဖက္ကဆိုရင္ မင္းေအာင္လို သီခ် င္းမ်ဳိးေတြပဲ ျဖစ္မွာပဲ ၊ Aces က ဒါမ်ဳိးမတီးဖူးလို႔ ေျပာလႊတ္တာ ခံခဲ့ရပါတယ္ ။

စီးရီးသြင္းၿပီးျပန္ေတာ့ ဘားလမ္းထဲကပဲ ဂႏၶမာေတးသံသြင္းကို သြားျပတယ္ ။ စီးရီးေရာင္းခ်င္လို႔ပါေပါ ့ ။ အဲသည္မွာ

ဆိုင္ဝန္ထမ္းတစ္ေယာက္က သီခ်င္းေတြ နားေထာင္မၾကည့္ပဲ ဇာတိျမဳိ ့ကို ေမးျပန္တယ္ ။ ပုသိမ္ကပါလို႔လည္း ေျပာလိုက္ေရာ …

ဒါဆိုရင္ ××× ဆိုင္ကိုသြားပါလို႔ ၫႊန္းတာ ခံလိုက္ရျပန္ပါတယ္ ။ သူၫႊန္းတဲ့ဆိုင္က မင္းေအာင္တို႔ ၊ အႏိုင္တို႔ ၊ ေမာင္ဂဠဳန္…

စသူတို႔ရဲ႕ ေတးအမ်ဳိးအစားေတြကို ျဖန္႔ခ်ိတဲ့ ဆိုင္ပါ ။ ျမစ္ဝကြၽန္းေပၚဖက္ကဆိုရင္ စတီရီယိုလည္း မက် ၊ ျမန္မာသံစစ္စစ္လည္း

မဟုတ္တဲ့ စေကာဇက country song ေတြခ်ည္း ေနမွာပဲလို႔ တထစ္ခ် ယူဆထားၾကပံု ရပါတယ္ ။ ( Country song ဆိုတာ

စႏၵယားခ်စ္ေဆြ ဆံုးျဖတ္ေပးခဲ့တာပါ ။ အင္တာဗ်ဴးတစ္ခုမွာ စႏၵယားခ် စ္ေဆြ ေရးဖဲြ႔တဲ့ ေတးအမ်ဳိးအစားကို country song

( ေက်းလက္ေတး ) လို႔ ေမးသူက ယူဆတယ္ ။ ဦးခ်စ္ေဆြက မဟုတ္ဘူး ၊ တို႔သီခ်င္းေတြက ျမန္မာသံစစ္စစ္ ၊ မင္းေအာင္ ၊

အႏိုင္ ၊ ေအာင္သူ ၊ မင္းယ်ာတို႔ ေတးေတြကသာ country song လို႔ ျပင္ေပးပါတယ္ ။ )

၁၉၈၅ – ၈၆ တဝိုက္မွာထြက္တဲ့ ကိုယ္ပိုင္သံစဥ္သီခ်င္းေတြဟာ တည္တည္ႀကီးေတြ ၊ စကားလံုး ပီပီသသနဲ႔ ဒဲ့ႀကီးေတြ

ဆိုၾကတဲ့ကာလ ၊ music အပိုင္းကို သိပ္ၿပီး အေလးမထားပဲ ကဗ်ာရြတ္တဲ့ ပံုစံေတြ မ်ားေနတဲ့အခ်ိန္လို႔ မူပိုင္ေမာင္ေဇာ္သစ္

( ထူးအိမ္သင္ ပဲြဦးထြက္စီးရီးကို ျဖန္႔ခ်ိေပးသူ ) က သံုးသပ္ပါတယ္ ။ ( သူေျပာတဲ့ music က ေတးသြား melody ကို ဆိုလိုသလား မသိ ) ။

သူက ေက်ာ္ျမင့္လြင္ရဲ႕ အေခြၾကမ္းကို ေသခ်ာနားေထာင္ၿပီးကတည္းက သည္ေတးေတြဟာ သူခ်ဥ္ျခင္းတပ္ ေတာင့္တေနတဲ့

ဂီတအမ်ဳိးအစားပဲလို႔ အခိုင္အမာ ဆံုးျဖတ္လိုက္သူပါ ။ျဖန္႔ခ်ိဖို႔ ျဖစ္လာတဲ့အခါ သည္တုန္းက ေက်ာ္ျမင့္လြင္အမည္နဲ႔

စာေရးဆရာတစ္ေယာက္က ရိွေနတယ္ ။ ဒါေၾကာင့္ နာမည္ေျပာင္းဖို႔ ျဖစ္လာတယ္ ။ ကိုငွက္ ႏွစ္ပတ္ေလာက္ ေပ်ာက္သြားတယ္ ။

ေမာ္လျမဳိင္ ျပန္သြားတာ … ။ ျပန္လာေတာ့ ထူးအိမ္သင္အမည္ ေျပာင္းမယ္လို႔ ေျပာတယ္ ။ ေမာင္ေဇာ္သစ္တို႔က သည္အမည္ဟာ

ေထာင့္ေတာ့ ေထာင့္တယ္ ။ စိုင္းခမ္းလိတ္ ၊ စိုင္းထီးဆိုင္ အမည္ေတြလိုပဲ ၾကားရစမွာ နားထဲ ကိုးလိုးကန္႔လန္႔ေပမယ့္

အႏုပညာအားေကာင္းခဲ့ရင္ နားဝင္ခ်ဳိသြားတာပါပဲလို႔ အေကာင္းဖက္က လွည့္ေတြးၾကပါတယ္ ။ အမွန္မွာက ကိုငွက္ဟာ မြန္ ၊

ျမန္မာ ကျပား … ။ မြန္ဇာတိေသြး ျပလာတာပါ ။ ရာဇာဓိရာဇ္ အေရးေတာ္ပံုက်မ္းမွာ ဗညားအိမ္ ၊ လဂြန္းအိမ္ဆိုတဲ့ မြန္

လူစြမ္းေကာင္းေတြ ရိွပါတယ္ ။ အဲသည္ ( အိမ္ ) စကားလံုးကို အျမတ္တႏိုးယူတဲ့ သေဘာပါပဲ ။ ( သင္ ) ကေတာ့ ေခၚ

လို႔ေကာင္းေအာင္ ျဖည့္လိုက္တဲ့ သေဘာလို႔ ယူဆရပါတယ္ ။

ထူးအိမ္သင္တို႔ဟာ ေက်ာင္းသားဘဝက ဆရာေမာင္သာႏိုးရဲ႕ ထင္း႐ူးပင္ရိပ္ ဘာသာျပန္ ကဗ်ာစာအုပ္ကို အသည္းစဲြသူေတြလို႔

ဆိုပါတယ္ ။ ေမာင္သာႏိုး ဘာသာျပန္ကဗ်ာေတြက ေ႐ွး႐ိုးစဲြေတြအဖို႔ အအ အိပ္မက္ မက္သလို ၊ ဘာဆိုလိုခ်င္မွန္း သိမွာမဟုတ္ပါဘူး ။

အသစ္ကို အာသီသရိွသူ လူငယ္ေတြအဖို႔ေတာ့ ျပ႒ာန္းစာေတြ ၊ ရသေျမာက္ကဗ်ာေတြ ျဖစ္ခဲ့ပါတယ္ ။ ထင္း႐ူးပင္ရိပ္ရဲ႕ ေရးဖဲြ႔ပံု

အရိွန္အဝါဟာ ထူးအိမ္သင္ရဲ႕ ကိုယ္ပိုင္သံစဥ္ေတြ ၊ စာသားေတြ အေပၚမွာလည္း အထိုက္အေလ်ွာက္ လႊမ္းမိုးခဲ့မယ္ ထင္ပါတယ္ ။

တကယ္ေတာ့ သူေရးဖဲြ႔တဲ့ ကိုယ္ပိုင္သံစဥ္ ၇၅ % ေလာက္ဟာလည္း ထူးအိမ္သင္မျဖစ္မီ ေက်ာ္ျမင့္လြင္ဘဝမွာ သူေရးခဲ့တာေတြေပါ ့ ။

ရန္ကုန္ေရာက္မွ သီခ်င္းေရး က်ဲသလိုေတာင္ ျဖစ္သြားပါတယ္ ။ ေရးျဖစ္ရင္လည္း တထိုင္တည္း ေရးႏိႈင္စြမ္းပါတယ္ ။ အိုေအစစ္

စတူဒီယိုရဲ႕ ထိုင္ခံု႐ွည္ တစ္လံုးေပၚထိုင္ရင္း ဆူညံေနတဲ့ ပတ္ဝန္းက်င္ ၾကားမွာပဲ .. ” ရာဇဝင္မ် ားရဲ႕ သတို႔သမီး ” ကို သူေရးခဲ့ပါတယ္ ။

ဂစ္တာ မပါဘူး ၊ စာသားခ်ည္း ေရးခ်လိုက္တာပါ ။ ဒါေပမယ့္ စာသားေရးရင္းနဲ႔ပဲ အသံ ( melody ) တပါတည္း ထည့္ႏိႈင္ခဲ့ပံု ရပါတယ္ ။

သူ႔မွာ ဂီတဝမ္းစာ ဘယ္ေလာက္ျပည့္ေနလဲဆိုရင္ … အသံသြင္းဖို႔အတြက္ သီခ်င္းစာသားေတြ တကူးတက က်က္မွတ္တာ ၊

ဂစ္တာကိုင္ၿပီး အဆိုက်င့္ေနတာမ်ဳိး လုပ္ေလ့မရိွပါဘူး ။ အိပ္ခ်င္ အိပ္ေနမယ္ ၊ သို႔မဟုတ္ စာတစ္အုပ္ ဖတ္ခ်င္ ဖတ္ေနမယ္ ။

သန္းေခါင္ေက် ာ္ ၂ နာရီခဲြ ၊ ၃ နာရီေလာက္မွာ ခြၽဲ ၊ သလိပ္ ဟန္႔ၾကည့္တယ္ ၊ ok တယ္ဆိုရင္ သူ အသံသြင္းပါတယ္ ။ ထြက္လာတဲ့

ဂီတအရည္အေသြးက တစ္ျပည္လံုး သည္းသည္းလႈပ္ပါ ။ထူးအိမ္သင္ဟာ ျမဳိ ့မၿငိမ္း ခပ္ဆန္ဆန္ပဲ ။ ဆရာၿမိဳ႕မၿငိမ္းက သီခ်င္းေရးတဲ့

အလုပ္ကို အျမင္မေတာ္လို႔ ဝင္လုပ္ခဲ့သူပါ ။ ေတးေရးဆရာ ျဖစ္ေကာင္းေစရယ္လို႔ တမင္ ၾကဳိ းစားခဲ့သူ မဟုတ္ပါဘူး ။ သို႔ေပမယ့္

အျမင္မေတာ္လို႔ သူဝင္လုပ္ခဲ့တဲ့ ( ေရးခဲ့တဲ့ ) ေတးေတြက ဂႏၳဝင္ေတးေတြအျဖစ္ တင္က် န္ရစ္ခဲ့ပါတယ္ ။ ထူးအိမ္သင္လည္း

စင္စစ္ ၊ ေတးေရးဆရာသာ ျဖစ္ခ် င္တာ ၊ အဆိုေတာ္ လုပ္ခ် င္သူ မဟုတ္ပါဘူး ။ အေျခအေနအရ ဆိုျဖစ္ခဲ့တာ … ။ မေ႐ွာင္သာ

မလဲႊသာ လုပ္ခဲ့ရတဲ့ အလုပ္ကပဲ သူ႔ကို ဂႏ ၳဝင္ အဆိုေက် ာ္ ျဖစ္ေစခဲ့ပါတယ္ ။

ဂီတအစည္းအရံုး အစည္းအေဝးတစ္ခုမွာ ထိုစဥ္က ဥကၠ႒ အေကာ္ဒီယံအုန္းေက် ာ္က ထူးအိမ္သင္ကို ဟာ .. အဆိုေတာ္ႀကီး

ဆိုၿပီး တရင္းတႏီွး ပုခံုးဖက္ ႏႈတ္ဆက္တယ္ ။ ထူးအိမ္သင္က ဦးအုန္းေက် ာ္ကို ေစာင္းငဲ့ၾကည့္ၿပီး … ” က် ေနာ္ အဆိုေတာ္

မဟုတ္ဘူးဗ် ၊ ေတးေရးဆရာ ” လို႔ တုန္႔ျပန္ပါတယ္ ။ ေတးေရးဆရာဘဲြ႔ထူးကို သူပိုၿပီး မက္ေမာခဲ့ပါတယ္ ။

သူက ေငြမက္သူလည္း မဟုတ္ဘူး ။ သူတို႔ေခတ္က အဆိုေက် ာ္ ေတာ္ေတာ္မ် ားမ် ား ဖားကန္႔ တက္ၾကတယ္ ။ ဟိုမွာ

ေသာင္းဝဏန္း ၊ သိန္းဂဏန္း ဆုခ် ၾကတာ … ။ ေငြတန္ဖိုးရိွတဲ့ေခတ္မွာ အဆိုေက် ာ္တစ္ေယာက္ ဖားကန္႔က ျပန္လာရင္ သိန္း ၃ – ၄

ဆယ္ေတာ့ ပိုက္မိတာပဲလို႔ ၾကားဖူးပါတယ္ ။ အဲသည္ကို တစ္ေခါက္ပဲ သူသြားတယ္ ။ ေနာက္ မသြားေတာ့ဘူး ။ ပိုက္ဆံရတာေတာ့

မွန္ပါတယ္ ၊ အဲသည္လူေတြမွာ အႏုပညာ မရိွဘူး ၊ ပိုက္ဆံပဲရိွတာ ။ သည္လိုလူေတြကို သီခ် င္းဆို မျပခ် င္ဘူးဆိုတဲ့

ခံယူခ် က္နဲ႔ ေနာက္ မသြားေတာ့ဘူး ။နာမည္ေက် ာ္ ပ် ဥ္းမနား ႏွစ္က်ိ ပ္႐ွစ္ဆူပဲြလည္း တစ္ေခါက္လားပဲ သူႏဲႊတယ္ ။

ညေန ၆ နာရီကေန မနက္ ၆ နာရီအထိ မာရသြန္ ေဖ် ာ္ေျဖေရး အစီအစဥ္ကို အႏိွပ္စက္ခံေနရသလို သူျမင္လာတာေၾကာင့္

ေနာင္မွာ ေ႐ွာင္ပါတယ္ ။ သည္ပဲြေတြဟာ ေငြရတယ္ ၊ ဒါေပမယ့္ သူ မေပ် ာ္ဘူး ၊ စိတ္မပါဘူး ။ သူစိတ္ပါတဲ့ ပဲြမ် ဳိ းက် ရင္ တစ္ျပားမွ

မရေပမယ့္ ေပ် ာ္ေပ် ာ္ပါးပါး ႏဲႊခ် င္ရင္ ႏဲႊတာပါ ။

သူက မိတ္ေဆြတစ္ေယာက္ကို လူ႔ေလာကမွာ အသက္ ၄၅ – ၅၀ ေလာက္အထိ ေနရရင္ ေတာ္ၿပီလို႔ ေျပာခဲ့ဖူးတယ္ ။

ဘာလို႔လည္းေမးေတာ့ အၾကာႀကီးေနရမွာ ပ် င္းလို႔တဲ့ ။ ၄၁ ႏွစ္ျပည့္အၿပီး တစ္လခဲြအၾကာမွာ သူဆံုးခဲ့ပါတယ္ ။

Credit#

< Unicode Version >

ထူးအိမ်သင်မဖြစ်မီ အမည်ရင်း ကျော်မြင့်လွင်ဘဝနဲ့ ရန်ကုန်ကို သီချင်းသွင်းဖို့ တက်လာတော့ ဘားလမ်းထိပ် ၊

အနော်ရထာလမ်းပေါ်က အပ်ချုပ်ဆိုင်တစ်ဆိုင်မှာ တီးဝိုင်းကိစ္စ ဝင်မေးတယ် ။ အဲသည် အပ်ချုပ်ဆိုင်ပိုင်ရှင်က Aces

တီးဝိုင်းမန်နေဂျာ ကိုစိုးအောင် အကိုပါ ။ ကျော်မြင့်လွင်ကိုကြည့်ပြီး ဘယ်ကလဲလို့ မေးတယ် ၊ ပုသိမ်ကပါလို့ ဖြေတယ် ။

ပုသိမ်ဖက်ကဆိုရင် မင်းအောင်လို သီချ င်းမျိုးတွေပဲ ဖြစ်မှာပဲ ၊ Aces က ဒါမျိုးမတီးဖူးလို့ ပြောလွှတ်တာ ခံခဲ့ရပါတယ် ။

စီးရီးသွင်းပြီးပြန်တော့ ဘားလမ်းထဲကပဲ ဂန္ဓမာတေးသံသွင်းကို သွားပြတယ် ။ စီးရီးရောင်းချင်လို့ပါပေါ ့ ။ အဲသည်မှာ

ဆိုင်ဝန်ထမ်းတစ်ယောက်က သီချင်းတွေ နားထောင်မကြည့်ပဲ ဇာတိမြို ့ကို မေးပြန်တယ် ။ ပုသိမ်ကပါလို့လည်း ပြောလိုက်ရော …

ဒါဆိုရင် ××× ဆိုင်ကိုသွားပါလို့ ညွှန်းတာ ခံလိုက်ရပြန်ပါတယ် ။ သူညွှန်းတဲ့ဆိုင်က မင်းအောင်တို့ ၊ အနိုင်တို့ ၊ မောင်ဂဠုန်…

စသူတို့ရဲ့ တေးအမျိုးအစားတွေကို ဖြန့်ချိတဲ့ ဆိုင်ပါ ။ မြစ်ဝကျွန်းပေါ်ဖက်ကဆိုရင် စတီရီယိုလည်း မကျ ၊ မြန်မာသံစစ်စစ်လည်း

မဟုတ်တဲ့ စကောဇက country song တွေချည်း နေမှာပဲလို့ တထစ်ချ ယူဆထားကြပုံ ရပါတယ် ။ ( Country song ဆိုတာ

စန္ဒယားချစ်ဆွေ ဆုံးဖြတ်ပေးခဲ့တာပါ ။ အင်တာဗျူးတစ်ခုမှာ စန္ဒယားချ စ်ဆွေ ရေးဖွဲ့တဲ့ တေးအမျိုးအစားကို country song

( ကျေးလက်တေး ) လို့ မေးသူက ယူဆတယ် ။ ဦးချစ်ဆွေက မဟုတ်ဘူး ၊ တို့သီချင်းတွေက မြန်မာသံစစ်စစ် ၊ မင်းအောင် ၊

အနိုင် ၊ အောင်သူ ၊ မင်းယျာတို့ တေးတွေကသာ country song လို့ ပြင်ပေးပါတယ် ။ )

၁၉၈၅ – ၈၆ တဝိုက်မှာထွက်တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေဟာ တည်တည်ကြီးတွေ ၊ စကားလုံး ပီပီသသနဲ့ ဒဲ့ကြီးတွေ

ဆိုကြတဲ့ကာလ ၊ music အပိုင်းကို သိပ်ပြီး အလေးမထားပဲ ကဗျာရွတ်တဲ့ ပုံစံတွေ များနေတဲ့အချိန်လို့ မူပိုင်မောင်ဇော်သစ်

( ထူးအိမ်သင် ပွဲဦးထွက်စီးရီးကို ဖြန့်ချိပေးသူ ) က သုံးသပ်ပါတယ် ။ ( သူပြောတဲ့ music က တေးသွား melody ကို ဆိုလိုသလား မသိ ) ။

သူက ကျော်မြင့်လွင်ရဲ့ အခွေကြမ်းကို သေချာနားထောင်ပြီးကတည်းက သည်တေးတွေဟာ သူချဉ်ခြင်းတပ် တောင့်တနေတဲ့

ဂီတအမျိုးအစားပဲလို့ အခိုင်အမာ ဆုံးဖြတ်လိုက်သူပါ ။ဖြန့်ချိဖို့ ဖြစ်လာတဲ့အခါ သည်တုန်းက ကျော်မြင့်လွင်အမည်နဲ့

စာရေးဆရာတစ်ယောက်က ရှိနေတယ် ။ ဒါကြောင့် နာမည်ပြောင်းဖို့ ဖြစ်လာတယ် ။ ကိုငှက် နှစ်ပတ်လောက် ပျောက်သွားတယ် ။

မော်လမြိုင် ပြန်သွားတာ … ။ ပြန်လာတော့ ထူးအိမ်သင်အမည် ပြောင်းမယ်လို့ ပြောတယ် ။ မောင်ဇော်သစ်တို့က သည်အမည်ဟာ

ထောင့်တော့ ထောင့်တယ် ။ စိုင်းခမ်းလိတ် ၊ စိုင်းထီးဆိုင် အမည်တွေလိုပဲ ကြားရစမှာ နားထဲ ကိုးလိုးကန့်လန့်ပေမယ့်

အနုပညာအားကောင်းခဲ့ရင် နားဝင်ချိုသွားတာပါပဲလို့ အကောင်းဖက်က လှည့်တွေးကြပါတယ် ။ အမှန်မှာက ကိုငှက်ဟာ မွန် ၊

မြန်မာ ကပြား … ။ မွန်ဇာတိသွေး ပြလာတာပါ ။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှာ ဗညားအိမ် ၊ လဂွန်းအိမ်ဆိုတဲ့ မွန်

လူစွမ်းကောင်းတွေ ရှိပါတယ် ။ အဲသည် ( အိမ် ) စကားလုံးကို အမြတ်တနိုးယူတဲ့ သဘောပါပဲ ။ ( သင် ) ကတော့ ခေါ်

လို့ကောင်းအောင် ဖြည့်လိုက်တဲ့ သဘောလို့ ယူဆရပါတယ် ။

ထူးအိမ်သင်တို့ဟာ ကျောင်းသားဘဝက ဆရာမောင်သာနိုးရဲ့ ထင်းရူးပင်ရိပ် ဘာသာပြန် ကဗျာစာအုပ်ကို အသည်းစွဲသူတွေလို့

ဆိုပါတယ် ။ မောင်သာနိုး ဘာသာပြန်ကဗျာတွေက ရှေးရိုးစွဲတွေအဖို့ အအ အိပ်မက် မက်သလို ၊ ဘာဆိုလိုချင်မှန်း သိမှာမဟုတ်ပါဘူး ။

အသစ်ကို အာသီသရှိသူ လူငယ်တွေအဖို့တော့ ပြဋ္ဌာန်းစာတွေ ၊ ရသမြောက်ကဗျာတွေ ဖြစ်ခဲ့ပါတယ် ။ ထင်းရူးပင်ရိပ်ရဲ့ ရေးဖွဲ့ပုံ

အရှိန်အဝါဟာ ထူးအိမ်သင်ရဲ့ ကိုယ်ပိုင်သံစဉ်တွေ ၊ စာသားတွေ အပေါ်မှာလည်း အထိုက်အလျှောက် လွှမ်းမိုးခဲ့မယ် ထင်ပါတယ် ။

တကယ်တော့ သူရေးဖွဲ့တဲ့ ကိုယ်ပိုင်သံစဉ် ရ၅ % လောက်ဟာလည်း ထူးအိမ်သင်မဖြစ်မီ ကျော်မြင့်လွင်ဘဝမှာ သူရေးခဲ့တာတွေပေါ ့ ။

ရန်ကုန်ရောက်မှ သီချင်းရေး ကျဲသလိုတောင် ဖြစ်သွားပါတယ် ။ ရေးဖြစ်ရင်လည်း တထိုင်တည်း ရေးနှိုင်စွမ်းပါတယ် ။ အိုအေစစ်

စတူဒီယိုရဲ့ ထိုင်ခုံရှည် တစ်လုံးပေါ်ထိုင်ရင်း ဆူညံနေတဲ့ ပတ်ဝန်းကျင် ကြားမှာပဲ .. ” ရာဇဝင်မျ ားရဲ့ သတို့သမီး ” ကို သူရေးခဲ့ပါတယ် ။

ဂစ်တာ မပါဘူး ၊ စာသားချည်း ရေးချလိုက်တာပါ ။ ဒါပေမယ့် စာသားရေးရင်းနဲ့ပဲ အသံ ( melody ) တပါတည်း ထည့်နှိုင်ခဲ့ပုံ ရပါတယ် ။

သူ့မှာ ဂီတဝမ်းစာ ဘယ်လောက်ပြည့်နေလဲဆိုရင် … အသံသွင်းဖို့အတွက် သီချင်းစာသားတွေ တကူးတက ကျက်မှတ်တာ ၊

ဂစ်တာကိုင်ပြီး အဆိုကျင့်နေတာမျိုး လုပ်လေ့မရှိပါဘူး ။ အိပ်ချင် အိပ်နေမယ် ၊ သို့မဟုတ် စာတစ်အုပ် ဖတ်ချင် ဖတ်နေမယ် ။

သန်းခေါင်ကျေ ာ် ၂ နာရီခွဲ ၊ ၃ နာရီလောက်မှာ ချွဲ ၊ သလိပ် ဟန့်ကြည့်တယ် ၊ ok တယ်ဆိုရင် သူ အသံသွင်းပါတယ် ။ ထွက်လာတဲ့

ဂီတအရည်အသွေးက တစ်ပြည်လုံး သည်းသည်းလှုပ်ပါ ။ထူးအိမ်သင်ဟာ မြို ့မငြိမ်း ခပ်ဆန်ဆန်ပဲ ။ ဆရာမြို့မငြိမ်းက သီချင်းရေးတဲ့

အလုပ်ကို အမြင်မတော်လို့ ဝင်လုပ်ခဲ့သူပါ ။ တေးရေးဆရာ ဖြစ်ကောင်းစေရယ်လို့ တမင် ကြို းစားခဲ့သူ မဟုတ်ပါဘူး ။ သို့ပေမယ့်

အမြင်မတော်လို့ သူဝင်လုပ်ခဲ့တဲ့ ( ရေးခဲ့တဲ့ ) တေးတွေက ဂန္ထဝင်တေးတွေအဖြစ် တင်ကျ န်ရစ်ခဲ့ပါတယ် ။ ထူးအိမ်သင်လည်း

စင်စစ် ၊ တေးရေးဆရာသာ ဖြစ်ချ င်တာ ၊ အဆိုတော် လုပ်ချ င်သူ မဟုတ်ပါဘူး ။ အခြေအနေအရ ဆိုဖြစ်ခဲ့တာ … ။ မရှောင်သာ

မလွှဲသာ လုပ်ခဲ့ရတဲ့ အလုပ်ကပဲ သူ့ကို ဂန ္ထဝင် အဆိုကျေ ာ် ဖြစ်စေခဲ့ပါတယ် ။

ဂီတအစည်းအရုံး အစည်းအဝေးတစ်ခုမှာ ထိုစဉ်က ဥက္ကဋ္ဌ အကော်ဒီယံအုန်းကျေ ာ်က ထူးအိမ်သင်ကို ဟာ .. အဆိုတော်ကြီး

ဆိုပြီး တရင်းတနှီး ပုခုံးဖက် နှုတ်ဆက်တယ် ။ ထူးအိမ်သင်က ဦးအုန်းကျေ ာ်ကို စောင်းငဲ့ကြည့်ပြီး … ” ကျ နော် အဆိုတော်

မဟုတ်ဘူးဗျ ၊ တေးရေးဆရာ ” လို့ တုန့်ပြန်ပါတယ် ။ တေးရေးဆရာဘွဲ့ထူးကို သူပိုပြီး မက်မောခဲ့ပါတယ် ။

သူက ငွေမက်သူလည်း မဟုတ်ဘူး ။ သူတို့ခေတ်က အဆိုကျေ ာ် တော်တော်မျ ားမျ ား ဖားကန့် တက်ကြတယ် ။ ဟိုမှာ

သောင်းဝဏန်း ၊ သိန်းဂဏန်း ဆုချ ကြတာ … ။ ငွေတန်ဖိုးရှိတဲ့ခေတ်မှာ အဆိုကျေ ာ်တစ်ယောက် ဖားကန့်က ပြန်လာရင် သိန်း ၃ – ၄

ဆယ်တော့ ပိုက်မိတာပဲလို့ ကြားဖူးပါတယ် ။ အဲသည်ကို တစ်ခေါက်ပဲ သူသွားတယ် ။ နောက် မသွားတော့ဘူး ။ ပိုက်ဆံရတာတော့

မှန်ပါတယ် ၊ အဲသည်လူတွေမှာ အနုပညာ မရှိဘူး ၊ ပိုက်ဆံပဲရှိတာ ။ သည်လိုလူတွေကို သီချ င်းဆို မပြချ င်ဘူးဆိုတဲ့

ခံယူချ က်နဲ့ နောက် မသွားတော့ဘူး ။နာမည်ကျေ ာ် ပျ ဉ်းမနား နှစ်ကျိ ပ်ရှစ်ဆူပွဲလည်း တစ်ခေါက်လားပဲ သူနွှဲတယ် ။

ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ မာရသွန် ဖျေ ာ်ဖြေရေး အစီအစဉ်ကို အနှိပ်စက်ခံနေရသလို သူမြင်လာတာကြောင့်

နောင်မှာ ရှောင်ပါတယ် ။ သည်ပွဲတွေဟာ ငွေရတယ် ၊ ဒါပေမယ့် သူ မပျေ ာ်ဘူး ၊ စိတ်မပါဘူး ။ သူစိတ်ပါတဲ့ ပွဲမျ ုိ းကျ ရင် တစ်ပြားမှ

မရပေမယ့် ပျေ ာ်ပျေ ာ်ပါးပါး နွှဲချ င်ရင် နွှဲတာပါ ။

သူက မိတ်ဆွေတစ်ယောက်ကို လူ့လောကမှာ အသက် ၄၅ – ၅၀ လောက်အထိ နေရရင် တော်ပြီလို့ ပြောခဲ့ဖူးတယ် ။

ဘာလို့လည်းမေးတော့ အကြာကြီးနေရမှာ ပျ င်းလို့တဲ့ ။ ၄၁ နှစ်ပြည့်အပြီး တစ်လခွဲအကြာမှာ သူဆုံးခဲ့ပါတယ် ။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

one + nineteen =