“တစ္ႀကိမ္မွာတစ္ခု”

ကၽြန္ေတာ္တို႔ မိတ္ေဆြတစ္ေယာက္က လူသူရွင္းေသာ မကၠဆီကို ကမ္းေျခတစ္ေနရာမွာ သူေတြ႕ႀကံဳခဲ့ရသည့္

အျဖစ္အပ်က္တစ္ခုကို ေျပာျပသည္။ေန၀င္ဆည္းဆာအခ်ိန္ ကမ္းေျခမွာ သူတစ္ေယာက္တည္း ေလွ်ာက္သြားရင္းက

ဟိုးအေ၀း ဆီမွာ လူတစ္ေယာက္ လွမ္းျမင္ရသည္။နည္းနည္းနီးလာေတာ့ ေဒသခံတစ္ေယာက္ျဖစ္ေၾကာင္း သတိျပဳမိသည္။

သည္လူက ကမ္းေျခေသာင္စပ္မွာ ကုန္းကုန္း ကုန္းကုန္းႏွင့္ သြားေနရာက တစ္စံုတစ္ရာကို ငံု႔ေကာက္ကာ

ပင္လယ္ေရထဲလႊင့္ပစ္သည္။ သည့္ေနာက္ အဲသည္လိုပဲ နည္းနည္းေလွ်ာက္သြားလိုက္ တစ္ခုခုေတြ႕လွ်င္ ေကာက္ယူလုိက္

လႊင့္ပစ္လုိက္ လုပ္ေနသည္။ကၽြန္ေတာ္တုိ႔မိတ္ေဆြ သူ႔အနားေရာက္သြားၿပီး ေသေသခ်ာခ်ာၾကည့္ေတာ့ လိႈင္းႏွင့္ပါလာၿပီး

သဲေသာင္ျပင္ေပၚ တင္က်န္ေနသည့္ ၾကယ္ငါးေတြကို ေရထဲ ျပန္ပစ္ထည့္ေပးေနျခင္းျဖစ္ေၾကာင္း သိလိုက္ရသည္။

သည္လူ ဘာရည္ရြယ္ခ်က္ႏွင့္ လုပ္ေနသလဲ ကၽြန္ေတာ္တုိ႔ မိတ္ေဆြ စဥ္းစားမရ ျဖစ္သြားသည္။ သို႔ႏွင့္ သူ႔ကို ႏႈတ္ဆက္ၿပီး

တည့္တည့္ပင္ ေမးၾကည့္သည္။

“မသိလုိ႔ ေမးပါရေစဗ်ာ၊ မိတ္ေဆြ ဘာလုပ္ေနတာပါလိမ့္´´

“ၾကယ္ငါးေတြ သမုဒၵရာထဲ ျပန္ပုိ႔ေပးေနတာေလ၊ ခင္ဗ်ား ျမင္တဲ့အတုိင္းပဲ၊ အခု ဒီေရက်ခ်ိန္ ေသာင္ျပင္ေပၚမွာ

တင္က်န္ခဲ့တဲ့ အေကာင္ေတြဟာ ေရတက္တဲ့အခ်ိန္ အဲဒီေလာက္ၾကာရင္ ေအာက္ဆီဂ်င္ျပတ္ၿပီး ေသမွာပဲ´´

“ဟုတ္ကဲ့……အဲဒါေတာ့ ကၽြန္ေတာ္လည္း သေဘာေပါက္ပါတယ္´´

ကၽြန္ေတာ္တို႔မိတ္ေဆြက ဆုိသည္။

“ဒါေပမယ့္ ဒီကမ္းေျခတစ္ေလွ်ာက္မွာ ၾကယ္ငါးေတြ ေထာင္ခ်ီၿပီး ရွိေနမွာေပါ့ဗ်ာ။ အဲဒီေကာင္ေတြ အားလံုး ခင္ဗ်ား ဘယ္လို

လုိက္ေကာက္မလဲ၊ တစ္ေယာက္တည္း မႏုိင္ႏုိင္ဘူးေလဗ်ာ၊ ၿပီးေတာ့ စဥ္းစားၾကည့္၊ ဒီကမ္းရိုးတန္းတစ္ေလွ်ာက္လံုးဆုိရင္ ခုလုိ

သဲေသာင္ျပင္ေပါင္း ရာခ်ီရွိမွာေပါ့၊ ဒီေသာင္စပ္တုိင္းမွာ ရွိေနမယ့္ ၾကယ္ငါးေတြ ဘယ္လုိလုပ္မလဲ၊ သူ႔သဘာ၀နဲ႔သူ ျဖစ္ေနတာ၊

ခင္ဗ်ား တစ္ေယာက္ေၾကာင့္ ဘာေတြ ထူးျခား ေျပာင္းလဲသြားႏုိင္မလဲ´´

ေဒသခံပုဂိၢဳလ္က ၿပံဳးသည္။ ေနာက္ထပ္ ၾကယ္ငါးတစ္ေကာင္ ေကာက္သည္။

ထုိ႔ေနာက္ “တစ္ျခားေကာင္ ေတြအတြက္ မထူးျခားေပမယ့္ ေဟာဒီ ၾကယ္ငါးတစ္ေကာင္အတြက္ေတာ့ ထူးျခားသြားတာေပါ့ဗ်ာ´´

ဟု ဆိုကာ ပင္လယ္ေရထဲ လွမ္းပစ္ထည့္လုိက္ေလသည္။

[မူရင္း။ ။ Jack Canfield ႏွင့္ Mark V. Hansen တို႔၏ One At A Time]

(ဆရာေဖျမင့္၏ ႏွလံုးသားအာဟာရစာအုပ္မွ ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။)

< Uniocode Version >

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့်

အဖြစ်အပျက်တစ်ခုကို ပြောပြသည်။နေဝင်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက

ဟိုးအဝေး ဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။

သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ

ပင်လယ်ရေထဲလွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက်

လွှင့်ပစ်လိုက် လုပ်နေသည်။ကျွန်တော်တို့မိတ်ဆွေ သူ့အနားရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး

သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့ မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး

တည့်တည့်ပင် မေးကြည့်သည်။

“မသိလို့ မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်´´

“ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ

တင်ကျန်ခဲ့တဲ့ အကောင်တွေဟာ ရေတက်တဲ့အချိန် အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ´´

“ဟုတ်ကဲ့……အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်´´

ကျွန်တော်တို့မိတ်ဆွေက ဆိုသည်။

“ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ။ အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လို

လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်းတစ်လျှောက်လုံးဆိုရင် ခုလို

သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ၊

ခင်ဗျား တစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ´´

ဒေသခံပုဂ္ဂိုလ်က ပြံုးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။

ထို့နောက် “တစ်ခြားကောင် တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ´´

ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။

[မူရင်း။ ။ Jack Canfield နှင့် Mark V. Hansen တို့၏ One At A Time]

(ဆရာဖေမြင့်၏ နှလုံးသားအာဟာရစာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

seven − 1 =