“အၾကံရွိတာလား.. ဥာဏ္ရွိတာလား..???”
ရေးသားထားတာတွေ့ရတယ် အဲဒီတော့ အကြံနဲ့ ဥာဏ်ဟာ ဆိုလိုရင်း တူတူပဲပေါ့နော် ” လို့မေးတယ်။ ဆိုကရေးတီးက
ဆိုကရေးတီးက… ” ဥာဏ်ဆိုတာ ဒီလိုပဲ ပြောရမယ်ဆိုရင် ပိုပြီး မီးတောက်စေမယ့် ကောက်ရိုးတွေလိုပဲ။ အကြံတွေက
မီးပွားလေးတွေဖြစ်ပြီး အကြာကြီးမခံပေမယ့် ဥာဏ်က အဲဒီမီးပွားလေးတွေကို ထက်ပွားစေပြီးတော့ ကြီးထွားစေတယ်။
တကယ်လို့ သစ်ချောင်းတွေဆိုရင် ပိုပြီးတော့ ထိန်းသိမ်းထားနိုင်စေတယ် အကြံပဲရှိပြီး ဥာဏ်မရှိတဲ့သူတစ်ယောက်ဟာ ခဏ
တာကောင်းစားတယ်။ ဥာဏ်ရှိပြီး အကြံမရှိတဲ့သူဟာလဲ မီးတောက်ဖို့ အလားအလာမရှိတဲ့ ကောက်ရိုးပုံကြီးလိုပဲ မထက်မြက်ဘူး။
ဒါကြောင့် လောကမှာ အကြံရှိသူတွေက ဥာဏ်ရှိသူတွေကို သွားရောက်ခစားကြသတဲ့ ကဲငါ့တပည့် အကြံနဲ့ ဥာဏ်ရဲ့ ခြားနားချက်ကို
မြင်ပလား ”
Credit: မောင်စိုင်း
< Unicode Version >
တစ်ခါက ဆိုကရေးတီးကို သူ့ကျောင်းက တပည့်တစ်ယောက်မေးတယ်။ ” ဆရာကြီး အကြံနဲ့ဉာဏ်ကို တွဲပြီးတော့
ရေးသားထားတာတွေ့ရတယ် အဲဒီတော့ အကြံနဲ့ ဉာဏ်ဟာ ဆိုလိုရင်း တူတူပဲပေါ့နော် ” လို့မေးတယ်။ ဆိုကရေးတီးက
ဘာမှမပြောဘဲ အနားမှာရှိတဲ့ ကျောက်တုံးနှစ်တုံးကို ကောက်လိုက်တယ်။ ပြီးတော့ အဲဒီကျောက်တုံးနှစ်တုံးကို အရှိန်ပြင်းပြင်းနဲ့
ထိရိုက်ပြတယ်။ ကျောက်တုံးက မီးစ မီးပွားလေးတွေ ဖြတ်ခနဲ ဖြတ်ခနဲ ထွက်လာတယ်။ဒါကို ပြပြီးတော့ ဆိုကရေးတီးက ”
အကြံဆိုတာ ဒီကျောက်တုံးလိုပဲ မီးမဖြစ်နိုင်ဘူးလို့ ထင်ပေမယ့် ခတ်လိုက်တဲ့ အခါ တဖြတ်ဖြတ် ပွင့်လာတဲ့ မီးပွားလေးတွေလိုပဲ
အကြံဆိုတာ တစ်ချက်တစ်ချက် ရလာတဲ့မီးပွားလေးနဲ့တူတယ် လင်းတယ်။အမှောင်ထဲမှာ လက်တယ်။ ဒါပေမယ့် ကြာကြာမခံဘူး ”
အဲဒီနောက်မှာတော့ ဆိုကရေးတီးက ကောက်ရိုးပုံနားကို သွားတယ်။ ကောက်ရိုးပုံနားမှာ ခုနကလို ကျောက်တုံးတွေ ခတ်တယ်။
အနားက ကောက်ရိုးတွေ မီးလောင်သွားပြီးတော့ ကောက်ရိုးပုံကြီး တစ်ခုလုံးကို မီးကူးစက်သွားတယ်။ ဒါကိုပြပြီးတော့
ဆိုကရေးတီးက… ” ဉာဏ်ဆိုတာ ဒီလိုပဲ ပြောရမယ်ဆိုရင် ပိုပြီး မီးတောက်စေမယ့် ကောက်ရိုးတွေလိုပဲ။ အကြံတွေက
မီးပွားလေးတွေဖြစ်ပြီး အကြာကြီးမခံပေမယ့် ဉာဏ်က အဲဒီမီးပွားလေးတွေကို ထက်ပွားစေပြီးတော့ ကြီးထွားစေတယ်။
တကယ်လို့ သစ်ချောင်းတွေဆိုရင် ပိုပြီးတော့ ထိန်းသိမ်းထားနိုင်စေတယ် အကြံပဲရှိပြီး ဉာဏ်မရှိတဲ့သူတစ်ယောက်ဟာ ခဏ
တာကောင်းစားတယ်။ ဉာဏ်ရှိပြီး အကြံမရှိတဲ့သူဟာလဲ မီးတောက်ဖို့ အလားအလာမရှိတဲ့ ကောက်ရိုးပုံကြီးလိုပဲ မထက်မြက်ဘူး။
ဒါကြောင့် လောကမှာ အကြံရှိသူတွေက ဉာဏ်ရှိသူတွေကို သွားရောက်ခစားကြသတဲ့ ကဲငါ့တပည့် အကြံနဲ့ ဉာဏ်ရဲ့ ခြားနားချက်ကို
မြင်ပလား ”
Credit: မောင်စိုင်း
Post Author: MM Book City
Leave a Reply
Your email address will not be published. Required fields are marked *
twenty − 6 =