“မွတ္သားဖြယ္ ဇာတ္လမ္းေလးတစ္ပုဒ္”

တစ္ခါတုန္းက အဖိုးအုိတစ္ေယာက္ဟာ သူ႔ရဲ ႔ အိမ္နီးခ်င္း ေကာင္ကေလးတစ္ေယာက္နဲ႔ပတ္သက္၍ အဲဒီေကာင္ကေလးဟာ

သူခိုးေလးတစ္ေယာက္ၿဖစ္ပါတယ္ဆုိၿပီး ေကာလဟာလၿဖန္႔လိုက္ပါတယ္။

အဲဒီရလဒ္အေနနဲ႔ ေကာင္ကေလးကို သူခိုးဆုိၿပီး ဖမ္းဆီးလုိ္က္ၾကတယ္။ ရက္အတန္ၾကာစစ္ေဆးၿပီးတဲ့ အခါမွာေတာ့

အဲဒီေကာင္ေလးမွာ အၿပစ္မရွိဘဲ အၿပစ္ကင္းစင္သူတစ္ေယာက္သာၿဖစ္တယ္ဆုိတာ သိရၿပီး တရားေသလႊတ္ေပးလုိ္က္ၾကပါတယ္။

ေနာက္ေတာ့ ေကာင္းေလးက အဖုိးၾကီးကို မွားယြင္းစြာစြပ္စြဲေၿပာဆုိခဲ့မႈ၊ အသေရဖ်က္မႈ အတြက္ တရားစြဲပါေတာ့တယ္။

တရားရုံးမွာ တရားရင္ဆုိင္ရတဲ့အခါ အဖိုးၾကီးက တရားသူၾကီးကို ေအာက္ပါအတိုင္း ေလွ်ာက္လဲွပါတယ္။ “အဲဒါက

ထင္ၿမင္ခ်က္ေလးပဲ ေပးခဲ့မိတာပါ။ ဘယ္သူ႔ကိုမွ နာက်င္ထိခုိက္ေစဖုိ႔ မရည္ရြယ္ခဲ့ပါဘူး” လုိ႔ ေလွ်ာက္လဲွေတာ့တာေပ့ါ။

တရားသူၾကီးမွ အဖိုးၾကီကို ၿပစ္ဒဏ္မခ်မွတ္မီွ ေအာက္ပါအတုိင္းေၿပာလုိက္ပါတယ္။

“ခင္ဗ်ား…. ဒီေကာင္ကေလးနဲ႔ ပတ္သတ္ၿပီးေၿပာၿဖစ္ခဲ့တာေတြကို စာရြက္တစ္ရြက္ေပၚမွာ ခ်ေရးပါ။ ၿပီးရင္ တစ္စဆီ စုတ္ၿဖဲၿပစ္လုိက္ၿပီး

အိမ္အၿပန္လမ္းမွာ လႊင့္ပစ္ခဲ့လုိက္ပါ။ မနက္ၿဖစ္မွာ ရုံးေတာ္ကိုၿပန္လာၿပီး အမႈဆက္လက္ၾကားနာစစ္ေဆးပါ့မယ္။”

ေနာက္တစ္ေန႔ေရာက္ေတာ့.. တရားသူၾကီးက အဖိုးအုိကို ေအာက္ပါအတုိင္းေၿပာပါတယ္။

“ၿပစ္ဒဏ္ မခ်မွတ္မီွ.. ခင္ဗ်ား အၿပင္ထြက္ၿပီး မေန႔က တစ္စစီစုတ္ၿဖဲလႊတ္ပစ္ခဲ့တဲ့ စာရြက္အပိုင္းအစေတြၿပန္ေကာက္ယူခဲ့ပါ”

“အဲဒါကေတာ့ ဘယ္လုိမွ မၿဖစ္နိုင္ေတာ့ပါဘူး။ ေလတုိက္လုိ႔ ေလနဲ႔အတူဘယ္ေတြလြင့္ကုန္မွန္းမသိလို႔ ဘယ္ေတာင္လုိက္ရွာရမယ္

မသိပါဘူး” လုိ႔ အဖိုးၾကီးကျပန္ေျပာပါတယ္။

“အဲဒါက ယခုၿဖစ္စဥ္နဲ႔အတူတူပါပဲ။ ရုိးရွင္းပါတယ္ဆုိတဲ့ ထင္ၿမင္ခ်က္ေလးတစ္ခုကေတာင္ လူတစ္ေယာက္ရဲ ႔ရုိးသားမႈဂုဏ္ကိုထိ

ခုိက္ႏိုင္ပါေသးတယ္။ အဲဒီေလာက္အတုိင္းအတာစာရြက္ေလးတစ္ခုကေတာင္ ၿပန္ၿပီး စုစည္းလုိ႔မရႏို္င္ဘူူးဆုိရင္ ခင္ဗ်ားေၿပာလုိက္

မိတဲ့ ထင္ၿမင္ခ်က္ေလးက ပတ္၀န္းက်င္ကို ဘယ္ေလာက္ေတာင္ၿပန္႔သြားၿပီလဲဆုိတာ ဒီစာရြက္ေလးေတြ ကိစၥနဲ႔အတူတူပါပဲ” လုိ႔

တရားသူၾကီးက ေျပာၿပျပီး အမႈစီရင္လိုက္ပါတယ္။

ကၽြန္ေတာ္တုိ႔အားလုံး လူတစ္ေယာက္ရဲ ႔ ေကာင္းတဲ့အေၾကာင္းကို မေၿပာႏိုင္ရင္ သူနဲ႔ပတ္သက္တာ ဘာအေၾကာင္းမွ မေၿပာတာ

အေကာင္းဆုံးပဲ ဆုိတာ ဒီဇာတ္လမ္းက သက္ေသပါပဲ။

ကုိယ္ႏႈတ္အမူအရာကို စည္းေစာင့္ၿခင္းၿဖင့္ မိမိပါးစပ္က မိမိကို ဒဏ္ခတ္ၿခင္းမွ ကာကြယ္ၿပီးသားၿဖစ္ပါလိမ့္မယ္။

ဖတ္မိတဲ့ ႏိုင္ငံၿခားစာေပေလးကို ဆီေလ်ာ္ေအာင္ ဘာသာၿပန္ဆုိထားပါသည္။

Credit#

 

< Unicode Version >

တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ သူ့ရဲ ့ အိမ်နီးချင်း ကောင်ကလေးတစ်ယောက်နဲ့ပတ်သက်၍ အဲဒီကောင်ကလေးဟာ

သူခိုးလေးတစ်ယောက်ဖြစ်ပါတယ်ဆိုပြီး ကောလဟာလဖြန့်လိုက်ပါတယ်။

အဲဒီရလဒ်အနေနဲ့ ကောင်ကလေးကို သူခိုးဆိုပြီး ဖမ်းဆီးလို်က်ကြတယ်။ ရက်အတန်ကြာစစ်ဆေးပြီးတဲ့ အခါမှာတော့

အဲဒီကောင်လေးမှာ အပြစ်မရှိဘဲ အပြစ်ကင်းစင်သူတစ်ယောက်သာဖြစ်တယ်ဆိုတာ သိရပြီး တရားသေလွှတ်ပေးလို်က်ကြပါတယ်။

နောက်တော့ ကောင်းလေးက အဖိုးကြီးကို မှားယွင်းစွာစွပ်စွဲပြောဆိုခဲ့မှု၊ အသရေဖျက်မှု အတွက် တရားစွဲပါတော့တယ်။

တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အခါ အဖိုးကြီးက တရားသူကြီးကို အောက်ပါအတိုင်း လျှောက်လှဲပါတယ်။ “အဲဒါက

ထင်မြင်ချက်လေးပဲ ပေးခဲ့မိတာပါ။ ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး” လို့ လျှောက်လှဲတော့တာပေ့ါ။

တရားသူကြီးမှ အဖိုးကြီကို ပြစ်ဒဏ်မချမှတ်မှီ အောက်ပါအတိုင်းပြောလိုက်ပါတယ်။

“ခင်ဗျား…. ဒီကောင်ကလေးနဲ့ ပတ်သတ်ပြီးပြောဖြစ်ခဲ့တာတွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးပါ။ ပြီးရင် တစ်စဆီ စုတ်ဖြဲပြစ်လိုက်ပြီး

အိမ်အပြန်လမ်းမှာ လွှင့်ပစ်ခဲ့လိုက်ပါ။ မနက်ဖြစ်မှာ ရုံးတော်ကိုပြန်လာပြီး အမှုဆက်လက်ကြားနာစစ်ဆေးပါ့မယ်။”

နောက်တစ်နေ့ရောက်တော့.. တရားသူကြီးက အဖိုးအိုကို အောက်ပါအတိုင်းပြောပါတယ်။

“ပြစ်ဒဏ် မချမှတ်မှီ.. ခင်ဗျား အပြင်ထွက်ပြီး မနေ့က တစ်စစီစုတ်ဖြဲလွှတ်ပစ်ခဲ့တဲ့ စာရွက်အပိုင်းအစတွေပြန်ကောက်ယူခဲ့ပါ”

“အဲဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ လေတိုက်လို့ လေနဲ့အတူဘယ်တွေလွင့်ကုန်မှန်းမသိလို့ ဘယ်တောင်လိုက်ရှာရမယ်

မသိပါဘူး” လို့ အဖိုးကြီးကပြန်ပြောပါတယ်။

“အဲဒါက ယခုဖြစ်စဉ်နဲ့အတူတူပါပဲ။ ရိုးရှင်းပါတယ်ဆိုတဲ့ ထင်မြင်ချက်လေးတစ်ခုကတောင် လူတစ်ယောက်ရဲ ့ရိုးသားမှုဂုဏ်ကိုထိ

ခိုက်နိုင်ပါသေးတယ်။ အဲဒီလောက်အတိုင်းအတာစာရွက်လေးတစ်ခုကတောင် ပြန်ပြီး စုစည်းလို့မရနို်င်ဘူူးဆိုရင် ခင်ဗျားပြောလိုက်

မိတဲ့ ထင်မြင်ချက်လေးက ပတ်ဝန်းကျင်ကို ဘယ်လောက်တောင်ပြန့်သွားပြီလဲဆိုတာ ဒီစာရွက်လေးတွေ ကိစ္စနဲ့အတူတူပါပဲ” လို့

တရားသူကြီးက ပြောပြပြီး အမှုစီရင်လိုက်ပါတယ်။

ကျွန်တော်တို့အားလုံး လူတစ်ယောက်ရဲ ့ ကောင်းတဲ့အကြောင်းကို မပြောနိုင်ရင် သူနဲ့ပတ်သက်တာ ဘာအကြောင်းမှ မပြောတာ

အကောင်းဆုံးပဲ ဆိုတာ ဒီဇာတ်လမ်းက သက်သေပါပဲ။

ကိုယ်နှုတ်အမူအရာကို စည်းစောင့်ခြင်းဖြင့် မိမိပါးစပ်က မိမိကို ဒဏ်ခတ်ခြင်းမှ ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

ဖတ်မိတဲ့ နိုင်ငံခြားစာပေလေးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

14 − 7 =