“သုညဘဝမှကမ္ဘာကျော်ခဲ့သောအနုပညာရှင်များ “
#ရှာရွတ်ခန်း
SRK
——————————
#Aamir_Khan
Aamir Khan
——————————–
#ဂျက်ကီချမ်း
ဂျက်ကီချမ်း
——————–
#ဗန်ဒိန်း
ဦးဖြစ်လာခဲ့တယ်။
ဗန်ဒိန်း
——————-
#Tom_Hanks
“အကြိမ်၁၀၀ကျရှုံးလို့ဘာမှမဖြစ် ဘူး အကြိမ်ကြိမ်ပြန်ထဖို့ကြောက်နေရင်တော့ ထာဝရရှုံးနိမ့်သွားလိမ့်မယ်။”
Tom Hanks
———————-
#Mr_Bean
Mr.Bean
—————-
#စတားလုံး
ပြည့်တန်ဆာမကမွေးခဲ့တဲ့ ကလေးတယောက်။
တည်ဆောက် ရမယ်။ ”
ဆိုတဲ့မိခင်ကောင်းကြောင့်စားရမဲ့ သောက်ရမဲ့ဘဝကနေ စားပွဲထိုး အထမ်းသမား တိရစ္ဆာန်ရုံကမြင်းချေးကျုံးသမားလုပ်ရင်းဘဝကို
စတားလုံး
——————————-
#Nixau_Toma
ပြန်သွားခဲ့တယ်။
အာဖရိကမောစ့်
——————————–
#စတီဗင်ချောင်
စတီဗင်ချောင်
—————–
#ဂျက်လီ
လို့ပူဆာတာတောင်မိခင်ကမထားနိုင်ခဲ့လို့ဘုန်ုးကြီးကျောင်းမှာစာသင်ခိုင်းရင်း ရုပ်ရှင်လောက ထဲကိုသုညကနေစဝင်ခဲ့ရတဲ့
ဂျက်လီ
#အင်ဂျလီနာဂျိုလီ
ဂျိုလီ
————————–
#မိုက်ကယ်ဂျက်ဆင်
မိုက်ကယ်ဂျက်ဆင်
—————————-
#Marilyn_Manson
Manson
———————–
#Kurt_Cobain
——————–
#Adele
——————–
#Eminem
ကြုံခဲ့ရတဲ့ဒုက္ခတွေကကိုယ်လက်ရှိကြုံနေရတဲ့အ ရာတွေဆိုဘယ်လိုဖြေရှင်းမလဲဆိုပြီးကိုယ့်ကိုယ် ကိုယ်ပြန်သုံးသပ်စေချင်လို့ရေး
Credit#
< Unicode Version >
#ရှာရွတ်ခန်း
သာမာန်ဆင်းရဲသားမိသားစုကကလေးတစ်ဦး အဖြစ်မွေးဖွားလာတယ်။စာမတော်ဘူး ဉာဏ်မ ကောင်းဘူး။ဒါပေမယ့်
ပညာတတ်ဖြစ်စေချင်တဲ့ ဖခင်ရဲ့သားအပေါ်ထားတဲ့မေတ္တာတရားကြောင့် ကျောင်းကိုမနက်တိုင်းဖခင်မောင်းတဲ့ကုန်ကား
နဲ့သွားတက်ရင်းအထက်တန်းအောင်ခဲ့တယ်။ဘ ဝတလျှောက်လုံးဖခင်ရဲ့စကားတွေနဲ့မိခင်ရဲ့ဘာ သာရေးဆိုတာလူသားတွေ
အတွက်တံဆိပ်မ ဟုတ်ဘူးဆိုတဲ့ဆုံးမမူတွေနဲ့ဖြတ်သန်းခဲ့ပြီးမာစ တာဘွဲ့ရတဲ့ပညာတတ်တယောက်ဖြစ်လာခဲ့တယ် ရုပ်ရှင်သ
ရုပ်ဆောင်အရမ်းဖြစ်ချင်ပေမယ့်မိသားစု အခြေအနေကြောင့်အချိန်အကြာကြီးအိမ်မက် တွေကိုမေ့ထားခဲ့ရာက
ပညာတတ်ထက်ရုပ်ရှင်သ ရုပ်ဆောင်ဘဝကိုရူးသွပ်လွန်းတဲ့စိတ်ကြောင့်အ ရာအားလုံးကိုစွန့်လွှတ်ပြီးရုပ်ရှင်လောကထဲကို
အောက်ဆုံးကနေစဝင်ခဲ့တယ်။နှစ်ရှည်လများအ နှိမ်ခံရပြီးမှBollywoodရဲ့မင်းသားတဦးဖြစ်လာ ခဲ့တယ်။တန်းလျားအစုတ်လေး
မှာနေခဲ့တဲ့လူငယ် တယောက်က ကမ္ဘာ့အချမ်းသာဆုံးမင်းသားတဦး ဖြစ်လာခဲ့တယ်။Bollywoodရဲ့No.1မင်းသား ဖြစ်လာခဲ့တယ်။
ဒါပေမယ့်အောင်မြင်သူအများစုလို မာန အတ္တ ငွေကြေးချမ်းသာမူရဲ့သာယာမူတွေ နောက်ကိုမလိုက်ပဲ ရသမျှပိုက်ဆံအများစုကိုပရ
ဟိတအတွက်သုံးခဲ့တယ်။သူကအစ္စလာမ် ။ဒါပေ မယ့်ဗုဒ္ဓဘာသာ ခရစ်ယာန် ဟိန္ဒူဘာသာတိုင်းကို လှူခဲ့တယ်။ကမ္ဘာ့အကြီး
ဆုံးကင်ဆာဖောင်ဒေး ရှင်းတွေ အခမဲ့ဆေးရုံတွေ ကျောင်းတွေဆောက် ပေးခဲ့တဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ပရဟိတအလုပ်ဆုံး
မင်းသား Bollywoodရဲ့No.1မင်းသား ကမ္ဘာ့ အချမ်းသာဆုံးမင်းသားဖြစ်လာခဲ့တယ်။
” ကျတော်လောဘမကြီးချင်ဘူး ကျတော်နာမည်လဲမကြီးချင်ဘူး ကျတော်လုပ်ချင်တဲ့အလုပ်ကို အသက်နဲ့ရင်းပြီးကြိုးစားနေရရင် တော်ပြီ။ ”
SRK
#Aamir_Khan
ဖခင်ဖြစ်သူကမင်းသား ထုတ်လုပ်သူ ဖြစ်ပေမယ့်မိသားစုမျက်နှာကိုမထောက်ပဲအိမ် ထောင်ရေးဖောက်ပြန်ခဲ့ရာကနေ မိခင်နဲ့ဘဝကို
ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသူ။ဖခင်ကိုနာကျည်း စိတ်ကြည့်သရုပ်ဆောင်တယောက်ဖြစ်ဖို့သားဖြစ် သူကိုတွန်းအားပေးခဲ့တဲ့အမေကြောင့်
ရုပ်ရှင် လောကထဲကအောက်ခြေကဝင်ခဲ့ရတယ်။ရုပ်ရှင် ကားဆိုအလွမ်းအဆွေးဟာသအက်ရှင်တွေပဲ များတဲ့ခေတ်မှာ
Aamir Khanဆိုတဲ့သူကရုပ် ရှင်ကားတကားချင်းစီမှာကမ္ဘာကြီးရဲ့ပျက်စီးနေတဲ့ ပညာရေးစနစ် ကလေးသူငယ်တွေရဲ့အိမ်မက်
ဘာသာရေး နိုင်ငံရေးအစွန်းရောက်တွေကိုသ ရော်ထောက်ပြမူ တွေကိုချပြလာခဲ့တယ်။သူလူ မုန်းခံရတယ်။ဒါပေမယ့်ယနေ့အ
ချိန်မှာတော့ Bollywoodရဲ့Khan ၃Khanထဲကတစ်ဦးဖြစ် လာခဲ့သလို ပရဟိတသူရဲကောင်းဖြစ်လာခဲ့တယ်။ ဒါတင်မကပဲကမ္ဘာ့
ရုပ်ရှင်ပရိတ်သတ်တွေကစောင့် ကြည့်လာရတဲ့ကားတွေရဲ့မင်းသားတဦးဖြစ်လာခဲ့ တယ်။
” ကလေးတိုင်းဟာနယ်ပယ်အသီးသီးရဲ့ သူရဲကောင်းတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် သူတို့ကိုလျစ်လျူရှုထားရင် ခင်ဗျားတို့ပဲနောင်
တရလိမ့်မယ်။ နိုင်ငံတနိုင်ငံမှာခေါင်းဆောင်ကောင်းများ များထွက်ဖို့ထက် ကလေးသူငယ်တွေကို လေးစားပေးတတ်တဲ့မိဘများ
များရှိဖို့ပဲလို တယ်။ ”
Aamir Khan
#ဂျက်ကီချမ်း
ဖခင်ကထောက်လှမ်းရေး မိခင်က အိမ်အကူ မိသားစုစားဝတ်နေရေးအတွက် မူးယစ်ဆေးရောင်းခဲ့ရသူ။ ၁တန်းတောင်၃ခါကျ
တဲ့ကလေးတယောက်ကိုဘယ်သူကမှနောင်တ ချိန်မှာအထင်ကရမင်းသားတဦးဖြစ်လာမယ့်သူ လို့ထင်ကြမှာမဟုတ်ပေမယ့်
သူကတော့ဆောက် လုပ်ရေးအလုပ်ကြမ်းသမား အရံအစားထိုး ဖြတ် လျှောက် ရိုက်ကွင်းအထမ်းသမား လုံခြုံရေးသ မားကနေ
အာရှရဲ့အထင်ကရမင်းသားတဦးဖြစ် လာခဲ့တယ်။ သူပညာမတတ်ဘူး ဒါပေမယ့် မင်း သား ဒါရိုက်တာ တေးရေး တေးဆို
ဇာတ်လမ်း ဇာတ်ညွှန်းရေးဆရာ ထုတ်လုပ်သူ စတန့်နည်း ပြ ကွန်ဖူးပညာရှင် Hollywoodမင်းသားတွေ တောင်မလုပ်နိုင်တဲ့
ကမ္ဘာ့စတန့်အလုပ်ဆုံးမင်း သားဖြစ်လာခဲ့တယ်။ သူအတန်းပညာမတတ်ဘူး ဘွဲ့ရပညာတတ်မဟုတ်ဘူး ဒါပေမယ့်ဘာသာစ
ကားရမျိုးတတ်သူ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် သင်တန်းကျောင်းပိုင်ရှင် ပရဟိတFoundation တွေရဲ့ပိုင်ရှင် ကမ္ဘာ့ရုပ်ရှင်သမိုင်းနှစ်ရာ
ချီမှာမှတ ယောက်ထွက်လာတဲ့စတန့်ပြကွက်အများဆုံး ထိခိုက်ဒဏ်ရာအရဆုံး ကမ္ဘာ့တိုက်ခိုက်ရေးပညာ အမြင့်ဆုံးမင်းသား၁၀ဦး
စာရင်းဝင် ဂင်းနစ်စံချိန် တွေရဲ့ပိုင်ရှင်ဖြစ်လာခဲ့တယ်။
” ဘွဲ့လက်မှတ်မှာ မင်းအောင်မြင်မူ မင်းဘဝကို တံဆိပ်မကပ်ထားဘူး။ မင်းဘဝကို မင်းကိုယ်တိုင်တံဆိပ်ကပ် ရမှာ
ဘယ်တက္ကသိုလ်ကမှကပ်ပေးလို့ မရဘူး။ ”
“လွယ်တဲ့အရာတွေကိုမပျော်နဲ့ အောင်မြင်တဲ့လမ်းတိုင်းက ခက်ခဲမှ ပိုကြာရှည်ခံတာ ”
ဂျက်ကီချမ်း
#ဗန်ဒိန်း
ပန်းစိုက်တဲ့မိသားစုကမွေးခဲ့ပေမယ့် ပန်းခင်းတွေထဲမှာလူဖြစ်လာတဲ့သူက အသတ်အ ပုတ်တွေကိုပဲဝါသနာပါခဲ့တယ်။ဖခင်နာတာရှည်
ရောဂါသည်ကြောင့်အိမ်မက်တွေကိုမေ့ထားခဲ့ရ ပေမယ့်ဘယ်တော့မှမစွန့်လွှတ်ခဲ့ဘူး။တရားမဝင် လက်ဝှေ့ပွဲတွေထိုးတယ်
သူငယ်ချင်းဖြစ်သူအ လုပ်ရှာပေးမူကြောင့်ရုပ်ရှင်စက်အထမ်းသမား လုပ်တယ် နောက်ဆုံးအိမ်မက်ကိုဘယ်လိုမှမမေ့ ထားနိုင်တော့
လို့ကမ္ဘာ့ကရာတေးပြိုင်ပွဲကိုဝင်ထိုး ခဲ့တယ်။ “ကရာတေးဆိုတာ ခန္တာကိုယ်ချင်းယှဉ် ပြိုင်ရတာထက် စိတ်ဓာတ်ချင်းယှဉ်ပြိုင်ရတဲ့ကစား
နည်း”လို့ခံယူထားတဲ့သူက သူ့ထက်နာမည်ပိုကြီး တဲ့သူကိုထိုးသတ်ပြီးအသက်၂၀နဲ့ကမ္ဘာ့ကရာ တေးချန်ပီယံဖြစ်လာခဲ့တယ်။
ရုပ်ရှင်သရုပ်ဆောင် လောကထဲထပ်ဝင်တယ် ၈နှစ်တိတိသူများခိုင်း ဖက်ဖြစ်ရတာတောင်ဇွဲမလျော့ခဲ့တဲ့ရလာဒ်က ကမ္ဘာ့တိုက်ခိုက်
ရည်အမြင့်ဆုံးမင်းသားအဖြစ် ဘရုစ်လီပြီးရင်No.2နေရာကိုရခဲ့တယ်။လက်ရှိ မှာတော့Hollywood ရဲ့အထင်ကရမင်းသားတ
ဦးဖြစ်လာခဲ့တယ်။
“လူအများစုကအချိန်ကြာကြာ ရုန်းကန်ပြီးလိုချင်သလောက်မရလာရင် ကိုယ့် အိမ်မက်တွေကိုမုန်းတီးလာတတ်ကြတယ်။မမုန်း
လိုက်ပါနဲ့ သင်ချစ်နေသ၍အောင်မြင်မူဆိုတာ ရောက်ဖို့နီးလာတဲ့အရာတခုပါ။ ”
ဗန်ဒိန်း
#Tom_Hanks
ဆင်းရဲသားမိသားစုကမွေးလာခဲ့တဲ့ ခြေထောက်တဖက်အကြောမသန်ခဲ့သူ။ငယ်စဉ် ထဲကမိတကွဲဖကွဲနဲ့အသက်ကြီးမှရုပ်ရှင်လောက
ထဲကိုဝင်ခဲ့ရသူ။ သူ့မှာထူးခြားရဲ့ရုပ်ရည် ဗလမရှိ ဘူး။သာမာန်လူလေးက ကမ္ဘာ့ရုပ်ရှင်လောကမှာ အံ့သြရလောက်တဲ့Forrest Gump , Big , Cast Away လိုကားတွေနဲ့စထွက်လာခဲ့တယ်။ သူကမင်းသားပေမယ့် ထူးခြားတယ်။ဖြစ်ရပ်မှန် ကားတွေပဲရိုက်ခဲ့သလို
လေယာဉ် သင်္ဘောတွေ ကိုကိုယ်တိုင်မောင်းတတ်တဲ့အထိကြိုးစားခဲ့သလို ကမ္ဘာ့စစ်နယ်ပယ် သင်္ဘောသားတွေ လေယာဉ်
မှူးတွေကပါလေးစားရတဲ့သရုပ်ဆောင်တဦးဖြစ် လာခဲ့တယ်။သူသာအသက်ကြီးလို့မင်းသားမဖြစ် နိုင်ဘူး ရုပ်မရှိလို့မင်းသားမဖြစ်နိုင်
ဘူး တွေနဲ့သာ အားငယ်ခဲ့ရင် ကမ္ဘာ့အော်စကာ၂နှစ်ဆက်တိုက် ရမင်းသား ကမ္ဘာ့အော်စကာဆုဇကာတင်အများ ဆုံးခံရတဲ့ကားတွေရဲ့
မင်းသားHonors Medallion ဂုဏ်ထူးဆောင်ဆုရမင်းသားတဦး ဖြစ်လာမှာမဟုတ်ပါဘူး။
“အကြိမ်၁၀၀ကျရှံုးလို့ဘာမှမဖြစ် ဘူး အကြိမ်ကြိမ်ပြန်ထဖို့ကြောက်နေရင်တော့ ထာဝရရှံုးနိမ့်သွားလိမ့်မယ်။”
Tom Hanks
#Mr_Bean
လယ်သမားမိသားစုကနေမွေးဖွားခဲ့ တဲ့ကလေးတဦး စာတော်တဲ့အကိုအမတွေကြား ကြောင်တောင်တောင်ကောင်လေးတယောက်
ဘဝကနေ ဖခင်ရဲ့လေးစားမူကိုလိုချင်လို့Oxford တက္ကသိုလ်ကနေမာစတာဘွဲ့အထိရခဲ့တဲ့ပညာ တတ်Engineerတဦး။
ဒါပေမယ့်ပညာတတ် ထက်လူတွေပျော်ဖို ့ဟာသလုပ်ပြရတဲ့သူတ ယောက်ဖြစ်ချင်ခဲ့တဲ့သူ့အိမ်မက်ကြောင့်ရုပ်ရှင် လောကထဲကိုဝင်
ခဲ့ပြီးယနေ့မှာတကမ္ဘာလုံးသိ တဲ့Mr.Bean ဖြစ်လာတဲ့Rowan Atkinson။ ၂၁ရာစုမှာအတော်ဆုံးဟာသပညာရှင်ဖြစ်လာခဲ့ တယ်။
” ဘယ်မိဘကမွေးလဲ ဘယ်လိုနေခဲ့ရ လဲ ဘယ်နိုင်ငံကမွေးလဲ ဘယ်တက္ကသိုလ်ကဘွဲ့ရ လဲ အရေးမကြီးဘူး။ လူတွေအပေါ်ဘယ်
လိုအ ကျိုးပြုခဲ့လဲပဲ အရေးကြီးတယ်။ ”
Mr.Bean
#စတားလုံး
ပြည့်တန်ဆာမကမွေးခဲ့တဲ့ ူကလေးတယောက်။
” သားမှတ်ထား သားအမေကမကောင်း တဲ့မိန်းမဖြစ်လို့သားကမကောင်းတဲ့သားမဖြစ် ဘူး။ သားဘဝကိုသားကိုယ်တိုင်တည်ဆောက်
ရမယ်။ ”
ဆိုတဲ့မိခင်ကောင်းကြောင့်စားရမဲ့ သောက်ရမဲ့ဘဝကနေ စားပွဲထိုး အထမ်းသမား တိရစ္ဆာန်ရုံကမြင်းချေးကျံုးသမားလုပ်ရင်းဘဝကို
အရှံုးမပေးခဲ့ဘူး။ မွေးရာပါပါးရွဲ့စကားမပီလို့ဘယ် ဒါရိုက်တာကမှမင်းသားမတင်ပေး သူရေးတဲ့စာမူ ကိုအကြိမ်၁၅၀၀အထိအငြင်းခံရတာတောင် လက်မလျှော့ခဲ့ဘူး။ ဒီရလာဒ်က Rocky လို ရမ်ဘိုလို ကမ္ဘာ့ရုပ်ရှင်လောကရဲ့အထင်ကရကား တွေရဲ့မင်းသားဖြစ်လာခဲ့ပါ
တယ်။ သူပညာတတ် ဘွဲ့ရမဟုတ်ဘူး ဒါပေမယ့်ကမ္ဘာ့တက္ကသိုလ်တွေ ကပါလူငယ်တွေကိုစံထားဖို ့ပြဋ္ဌာန်းကြတဲ့လူသား တဦးဖြစ်လာ
ခဲ့တယ်။
“ငွေရဖို ့ရုပ်ရှင်မရိုက်ပါနဲ့ ငွေရဖို့သရုပ် ဆောင်မဖြစ်ချင်ပါနဲ့ အနုပညာဆိုတာငွေထက် တန်ဖိုးရှိတဲ့အရာများစွာကို ပေးနိုင်လို့ပါ။ ”
စတားလုံး
#Nixau_Toma
မြို့ဆိုတာကို ကားဆိုတာကို ရုပ်ရှင်ဆို တာကိုဘာမှမသိတဲ့တောထဲမှာအမဲလိုက်ဖို့ပဲသိ တဲ့လူရိုင်းလေးတယောက် အရေအတွက်၂၀ထိ
မမှတ်နိုင်တဲ့ဦးနှောက်နဲ့လူရိုင်းတယောက်က ကမ္ဘာ့ရုပ်ရှင်လောကထဲမှာ ဂင်းနစ်စံချိန်ပါတင် ခဲ့တဲ့အထိအောင်မြင်ခဲ့တယ်။သူလိုချင်တာ
ဆိတ် ရကောင်ပဲ ဒါပေမယ့် ဒေါ်လာသန်းရ၀ကျော်အ ထိရခဲ့တယ်။ဒါပေမယ့်သူမယူပဲ ကမ္ဘာ့မတိုးတက် သေးတဲ့ဒုက္ခများစွာရောက်နေ
တဲ့သူ့လိုဘဝတူ လူမည်းတွေကိုလှူပြီး အောင်မြင်မူ နာမည်ကြီးမူ တွေကိုထားခဲ့ပြီး သူ့မိသားစုရှိတဲ့တောထဲကိုပဲ ပြန်သွားခဲ့တယ်။
အာဖရိကမောစ့်
#စတီဗင်ချောင်
ဆင်းရဲလွန်းလို့အမတွေနဲ့အတူပျံကျ စျေးထဲလက်ညည်းညှပ်လိုက်ရောင်းခဲ့ရတဲ့က လေးတယောက်။ အထက်တန်းအောင်ပြီးပညာ
ဆက်သင်ချင်ပေမယ့်မိသားစုအဆင်မပြေလို့ စားပွဲထိုး အလုပ်ကြမ်းသမား လုပ်ခဲ့ရသူ။ရုပ်ရှင် မင်းသားဖြစ်ချင်လွန်းလို့ သူများခိုင်းတာ
အကုန် လုပ်ပြီးကို ရုပ်ရှင်လောကထဲတိုးဝင်ခဲ့သူ။ဒါတွေ ကယနေ့အချိန်မှာတော့အာရှတင်မကပဲ ကမ္ဘာ့ ရုပ်ရှင်လောကထဲ ဟာသလမ်း
သစ်တခုကိုဖောက် ပြီး ထုတ်လုပ်သူ စာရေးဆရာ မင်းသား အစိုးရ အကြံပေးပုဂ္ဂိုလ်အဖြစ် ဒေါ်လာသန်းရာချီပိုင်ဆိုင်
နိုင်ခဲ့တဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။
“မိသားစု = ကမ္ဘာပေါ်မှာအတိုဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးကဗျာတပုဒ်
စတီဗင်ချောင်
#ဂျက်လီ
ကျူးကျော်ရပ်ကွက်ကလူဖြစ်လာတဲ့ ကလေးတယောက်က မုဆိုးမမိခင်ကိုလုပ်ကျွေး ရင်းဘဝကိုစတင်ခဲ့ရသူ။ ကျောင်းတက်ချင်လွန်း
လို့ပူဆာတာတောင်မိခင်ကမထားနိုင်ခဲ့လို့ဘုန်း ုကြီးကျောင်းမှာစာသင်ခိုင်းရင်း ရုပ်ရှင်လောက ထဲကိုသုညကနေစဝင်ခဲ့ရတဲ့ လက်ရှိ
ကမ္ဘာ့အ အောင်မြင်မြင်ဆုံးမင်းသားတွေထဲကတဦးဖြစ်လာ ခဲ့ပါတယ်၊
“အထီးကျန်တာပြသနာမဟုတ်ဘူး အထီးကျန်တာကို အကြောင်းပြပြဘာမှမလုပ်ချင် ရင်တော့ မင်းအကျည်းတန်သွားလိမ့်မယ်။”
ဂျက်လီ
#အင်ဂျလီနာဂျိုလီ
ဖခင်စွန့်ပစ်လိုက်လို ့မိခင်နဲ့အတူပေ၂၀ ကျယ်တိုက်ခန်းအစုတ်လေးမှာနေခဲ့ရတဲ့က လေးတယောက်က ရုပ်ရှင်မင်းသမီးဖြစ်ချင်လွန်း
လို့ရုပ်ရှင်လောကထဲကိုသုညကနေတိုးခဲ့ရသူ။ ကျရာအလုပ်လုပ်ရတယ် modelလုပ်တယ် အပြာကားမင်းသမီးသာသာသရုပ်ဆောင်
လဲလုပ် ခဲ့ရတယ် ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်သေ ကြောင်းကြံခဲ့တဲ့အထိဘဝဆိုးခဲ့တယ် အချစ်ရေး မှာလဲလူယုတ်မာလူလိမ်ယောကျာ်းတွေကိုယုံစား မိလို့ကြေကွဲခဲ့ရတယ်။ရင်သားကင်ဆာပါဖြစ်လို့ ပိုကြေကွဲခဲ့ရတယ်။ဒါပေမယ့်ဒီဒဏ်တွေကနေ ရုန်းကန်ရင်း ကမ္ဘာ့No.1မင်းသမီးဖြစ်လာခဲ့ တယ်။ ပရဟိတအဖွဲ့၅၁ဖွဲ့ကိုဦးဆောင်သူအထိ ဖြစ်ခဲ့သလို Unicefရဲ့သံတမန် ဂုဏ်ထူးဆောင်
စံပြအမျိုးသမီးတဦးဖြစ်လာခဲ့ပါတယ်ယ
“ဝမ်းနည်းစရာတိုင်းကနောက်ကို မရောက်ပါဘူး ဝမ်းနည်းစရာတွေကို ခံစားနေမှ သာ နောက်ကျကျန်ခဲ့မှာပါ။ ”
ဂျိုလီ
#မိုက်ကယ်ဂျက်ဆင်
လူမည်းတွေအနှိမ်ခံရတဲ့လူမူနယ်ပယ် မှာသူက လူမည်းတွေကိုကမ္ဘာကအထင်မသေး နိုင်အောင်လုပ်ပြခဲ့သူ။တကိုယ်လုံးအရေပြား
လဲ တယ်တို ့ကလေးတွေကိမုဒိန်းကျင့်တယ်တို့ များစွာသောသတင်းတွေကိုကျတော်တို့ငယ်ဘ ဝဂျင်းထည့်ခံခဲ့ရ သမိုင်းလိမ်ခံခဲ့ရတဲ့
King Of Pop မိုက်ကယ်ဂျက်ဆင်အကြောင်းကတော့စာ အုပ်ထဲမှာပိုစုံအောင်ပါပါလိမ့်မယ်။သူ့အကြောင်း ကိုရေးရာမှာဘယ်တ
ဦးတယောက်ရေးသားခဲ့မူ ကိုမှစော်ကားခြင်းမဟုတ်ပဲ ကျတော်တို့အပါအ ဝင်ကမ္ဘာ့သတင်းအများစု လူမည်းတွေအပေါ်အ မေရိကန်mushကသတင်းလိမ်ခဲ့မူတွေကိုမခံမ ရပ်နိုင်လို့သာမိုက်ကယ်ရဲ့အရေပြားပြသနာရော ဂါအကြောင်းကိုပါဆေးပညာဖက်ကဆရာတွေ
ပြောပြမူနဲ့ထည့်သွင်းထားပါတယ်။
“ဂီတက ယဉ်ကျေးမူတခုပါ ဂီတက လူသားတွေရဲ့နေ့စဉ်ဘဝပါ ဂီတက ငြိမ်းချမ်းရေးစကားတခွန်းပါ ”
မိုက်ကယ်ဂျက်ဆင်
#Marilyn_Manson
အမေကတောင်သတ်ပစ်ဖို့အထိ လုပ်ခဲ့တဲ့ကလေးတယောက် ဒါပေမယ့်မိခင်တွေ ရဲ့သားသမီးအပေါ်မေတ္တာကြောင့်မသတ်ပစ်ခဲ့လို့
လူဖြစ်လာသူ။ သူကဂီတနဲ့ နိုင်ငံရေး ဘာသာ ရေး လူမျိုးရေး လိင်အကြမ်းဖက်မူ လူသားချင်း မစာနာမူ ဥပဒေတွေသောက်တလွဲဖြစ်နေ
မူကို ထောက်ပြဖို့ တော်လှန်ဖို့လူဖြစ်လာခဲ့သူဆိုမမှား ဘူး။ Manson ဆိုပြီး အမေရိကန်ရဲ့မဟာတံ တိုင်းကြီးလို့တောင်တင်စားခံရဖို့ဖြစ်
လာခဲ့တဲ့သူ ့ ရဲ့ဘဝဖြတ်သန်းခဲ့မူကတော့ ရင်နင့်စရာတွေ ချည်းပါပဲ။
“ကျွန်တော် ဘာသာရေးခေါင်းဆောင် နိုင်ငံတော်သမ္မတ မဟုတ်ဘူး။ ကျွန်တော့်မှာ ပြောပိုင်ခွင့်လဲမရှိဘူး ။ ဒါပေမယ့် ကျွန်တော့်ဂီတ
နဲ့ကျွန်တော်ပြောချင်သလိုပြောပိုင်ခွင့်တော့ရှိ တယ်။ ”
Manson
#Kurt_Cobain
လူဖြစ်လာဖို့တောင်မသင့်တဲ့အ ထိငယ်ဘဝကကြမ်းခဲ့တယ် လမ်းကြိုလမ်းကြား ထဲကြီးပြင်းခဲ့ရတယ် မူးယစ်ဆေးအရက်တွေနဲ့
ကလေးဘဝထဲကအချိန်ကုန်ခဲ့ရာက ဂီတလော ကထဲကိုသုညကနေဝင်ခဲ့တယ်။ သူ့ဂီတက ကြောက်စရာကောင်းလောက်တဲ့
အထိခေတ်ပြိုင် ဂီတသမားတွေကိုဖုံးစေခဲ့တယ် နေရာတိုင်းသူ့အ သံသူ့ပုံဖြစ်စေခဲ့တယ်။ နောက်ဆုံးတော့အသက်
ငယ်ငယ်နဲ့အောင်မြင်မူဒဏ်ကိုမခံနိုင်တဲ့အဆုံး သတ်သေသွားခဲ့တယ်။ သူသေသွားခဲ့ပေမယ့် သူ့ဂီတနဲ့သူလုပ်ပြခဲ့တဲ့စံချိန်များ
စွာကတော့ယနေ့ ထိလူငယ်လူကြီးကြား အရောင်တက်နေဆဲပါ။
#Adele
သုညကနေ တန်ဖိုးတလုံးချင်းတက် လာအောင်ကြိုးစားရင်းကမ္ဘာကျော်လာခဲ့တဲ့သူမ။ အဖော်အချွတ် ခန္တာကိုယ်အလှအပထက် အသံ
တခုထဲကိုပြသပြီးကမ္ဘာကျော်ခဲ့ပေမယ့် သူမဘယ် ဖြတ်သန်းခဲ့ရတဲ့ ဘဝရုန်းကန်မူ နာကျည်းစရာ ပေးဆပ်ခဲ့မူများစွာရင်းခဲ့ရသူပါ။
#Eminem
ပန်းနာရင်ကြပ်သည်မိခင်ကမွေးဖွားခဲ့ တဲ့ဆင်းရဲသားမိသားစုကကလေးတယောက်။ ဖခင်ဖြစ်သူကမယားငယ်ထား မိခင်ဖြစ်သူကလဲ
မွေးစားဖို့သူများထံအကြိမ်ကြိမ်အပေးခံခဲ့ရတဲ့က လေးတယောက်။ တံတားအောက်မှာအိမ် လမ်း မပေါ်မှာကြီးပြင်းရင်း
၈တန်း၃ခါကျခဲ့သူ။ကလေး ဘဝထဲကဆေးချ အရက်သောက်ရင်းအပေအ တေဘဝမှာ လူမည်းRapperတွေကြားဂီတကို
သင်ယူရင်းလမ်းမပေါ်ကRap Battleတွေမှာ ကြီးပြင်းခဲ့ရသူ။ မိန်းမကသစ္စာဖောက်တယ် အချစ်ဆုံးသူငယ်ချင်းကသေတယ်
ဆေးသမား ဖြစ်တယ် သတ်သေဖို့အထိလုပ်ခဲ့တယ်။ဒါပေမယ့် ယနေ့အချိန်မှာ Eminemဆိုတဲ့ Grammy ၁၅ဆုရထားတဲ့၂၁ရာစု
အချမ်းသာဆုံးဂီတသမား ၁၀ဦးစာရင်းဝင်သူဟာ ကမ္ဘာကျော်အနုပညာရှင် တဦးဖြစ်နေခဲ့ပါပြီ။
ဒါကတော့ဒီစာအုပ်ထဲကအနုပညာရှင် များစွာထဲက လူအနည်းအကျဉ်းရဲ့ဘဝအတိုအစ လေးတွေပါ။စာအုပ်ထဲမှာရုပ်ရှင်ဖက်
ကလူတွေ ဂီတဖက်ကလူတွေအားလုံးစုစုပေါင်း၅၀ကျော်နီး ပါးလောက်ပါပါတယ်။ သူတို့အားလုံးဟာစာအုပ် ခေါင်းစဉ်အတိုင်း
ဘာမှမရှိတဲ့သုညဘဝကနေ ယနေ့လူအများသိတဲ့ကမ္ဘာကျော်အနုပညာရှင် တွေဖြစ်လာကြသူတွေထဲကကိုရွေးချယ်ခဲ့တာပါ။
ကျွန်တော်စာရေးဆရာမဟုတ်ပါဘူး စာပေအရေး အသားလဲစရိုက်ဆန်ချင်ဆန်ပါလိမ့်မယ်။စာပေပ ညာရှင်ဆိုတာ
အရမ်းပါရမီထူးကြသူတွေပါ။ကိုယ့် ဆီကဦးနှောက်ကိုလူအများကြီးထံပြန်မျှဝေကြ သူတွေကစာရေးဆရာတွေပါ။
လိုအပ်ချက်တွေ မသေမသပ်မူတွေနဲ့ကျွန်တော်ဉာဏ်မှီသလောက် ကြိုးစားထားရုံပါ။ ကျွန်တော်တို့လူငယ်တွေကြား Education region
နိမ့်လာတာနဲ့အမျှစာအုပ် စာပေတွေထက်fb music movie series တွေကိုသာပိုစိတ်ဝင်စားလာကြတယ်။အများစု ကကိုယ့်အိမ်မက်က
ဘာလဲဘာဖြစ်ချင်လဲ ငါအခု ဘယ်လိုနယ်ပယ်ကိုတိုးပြီးဘယ်လိုကြိုးစားရမယ် ဆိုတဲ့ life planတွေမရှိကြမထားကြပဲရေလိုက်
ငါးလိုက်နဲ့ Uni တွေမှာအချိန်ကုန်ခံတက်နေရ တယ်။Enginnerဖြစ်ချင်လို့TUတက်တာမဟုတ် ပဲဂုဏ်ရှိချင်လို့တက်ကြ
ဆရာဝန်ဖြစ်ချင်လို့ဆေး ကျောင်းတက်နေတာမဟုတ်ပဲအိမ်ကမိဘတက် ခိုင်းလို့ကိုယ်ကလဲလူထင်ကြီးခံချင်လို့တက်နေ
ကြတာတွေများလာတယ်။တချို့ကလဲငါလုပ်တာ ကဖြစ်ပါ့မလား လူအမြင်မှာမတင့်တယ်ဘူး ငါ လုပ်ရင်လဲခက်ခဲမှာပါမဖြစ်နိုင်ဘူး
စသဖြင့်မစခင် ထဲကစိတ်ဓာတ်ကျပြီးလက်လျှော့လိုက်ကြတယ်။ ကိုယ်ကလုပ်ချင်တာမလုပ်ရလို့ လုပ်သင့်တာကို
လုပ်နေရရင်တောင်ရေလိုက်ငါးလိုက်နဲ့အချိန်ကုန် ခံနေကြတယ်။ ဒါကကျွန်တော်ကိုယ်တိုင်လဲဒီလို နေခဲ့အချိန်နှစ်ချီကုန်ခဲ့
ပညာရေးလဲဟိုလိုလိုဒီလို လို ကိုယ်ဝါသနာပါတာကျလဲဟိုလိုလိုဒီလိုလိုနဲ့ ဘယ်နေရာမှမထူးချွန်မလုပ်နိုင်ပဲသူများဘာလုပ်
လဲသူများဘာမှားလဲပဲလိုက်ကြည့်လိုက်ဟား လိုက်ခွီးရင်းကိုယ့်အချိန်တွေကိုကုန်ပစ်ခဲ့လို့လူ ငယ်ချင်းသိတဲ့အရာတွေလို့ပဲပြောရမယ်။
ဒီစာအုပ် ကသူတို့ဘာအောင်မြင်လဲဘာဆုတွေရလဲကိုရွေး ဖတ်ဖို့မဟုတ်ပါဘူး။သူတို့အနုပညာ သူတို့ဂီတ
ဘယ်လောက်ကောင်းကောင်း ကျွန်တော်တို့လူ ငယ်တွေကိုယ်ပိုင်ဘဝနဲ့မဆိုင်ဘူး။ဒါပေမယ့်သူ တို့ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ
သူတို့ဘဝမှာ ကြံုခဲ့ရတဲ့ဒုက္ခတွေကကိုယ်လက်ရှိကြံုနေရတဲ့အ ရာတွေဆိုဘယ်လိုဖြေရှင်းမလဲဆိုပြီးကိုယ့်ကိုယ်
ကိုယ်ပြန်သုံးသပ်စေချင်လို့ရေးသားထုတ်ဝေခဲ့မူ ပါ။စာအုပ်တွေဘယ်လောက်ဖတ်ဖတ်မချမ်းသာ မအောင်မြင်နိုင်ပါဘူး။
ကိုယ်ဖတ်တဲ့စာထဲကဘယ် လောက်ကျင့်သုံးလိုက်နာနိုင်လဲနဲ့ပဲဆိုင်တာပါ။ ဒီစာအုပ်ဖတ်ပြီးကမ္ဘာကျော်မယ်ထင်နေရင်တော့ အမှားပေါ့။
ကမ္ဘာ့အကောင်းဆုံးစာအုပ်တွေဖတ် လဲကိုယ့်ကိုယ်ကိုယ်ပြန်မသုံးသပ်ရင်ဘာမှမဖြစ် နိုင်ဘူး။ဒီစာအုပ်ကပေးချင်တဲ့messageကလဲ
ဒီသဘောပါပဲ။အပျင်းပြေဖတ်ဖို့ဝယ်ဝယ် ကိုယ် ကြ်ုက်တဲ့အနုပညာရှင်ပါလို့ဖတ်ဖို့ဝယ်ဝယ် ဖတ် ပြီးအသိ ရသ သုတတခုခုရတယ်ဆိုရင်ပဲ
တန်လှ ပါပြီ။ ဒါကြောင့်ဒီစာအုပ်ကို၄၅၀၀တောင်ပေးဝယ် ဖတ်မယ့်အကိုအမ သူငယ်ချင်းတွေအတွက်ဒီစာ အုပ်ရဲ့အမြည်းကိုခု
လိုပြန်ဖော်ပြပေးတာပါခင်ဗျ။ ဝယ်ဝယ်မဝယ်ဝယ် အမြည်းဖတ်ပေးတဲ့အကိုအမ သူငယ်ချင်း ဆရာတွေအားလုံးကိုအထူးကျေးဇူး
တင်ပါတယ်ဗျာ။
Post Author: MM Book City
Leave a Reply
Your email address will not be published. Required fields are marked *
sixteen − fifteen =