ပညာရည္နိမ့္က်ေသာ ႏိုင္ငံမ်ားတြင္ Facebook အား အင္တာနက္ အျဖစ္ယူဆ အသုံးျပဳသူအလြန္မ်ားျပား

Facebook ဟာ လူမႈကြန္ရက္ တစ္ခု ျဖစ္တယ္လို႔ လူတိုင္းသိထားၾကေပမယ့္ ျမန္မာႏိုင္ငံအပါအဝင္ အာရွႏိုင္ငံ အေတာ္မ်ားမ်ားဟာ

Facebook ကို အရင္းအျမစ္တစ္ခုအျဖစ္သာ အသုံးျပဳေနၾကပါတယ္။ အခ်ိဳ႕ဆို Facebook ကို အင္တာနက္လို႔ အထင္မွားေနသူေတြ

ေတာင္ ရွိပါတယ္။ ယခင္က ဆင္းကဒ္တစ္ကဒ္လွ်င္ ၁၅ သိန္းမွ သိန္း ၃၀ ေက်ာ္အထိ ေဈးရွိခဲ့ေသာ္လည္း ယခုအခါတြင္

ဆင္းကဒ္မ်ားမွာ ေဈးေပါလာသည္ႏွင့္အမွ် အင္တာနက္အသုံးျပဳမႈ ပိုမိုတိုးတက္မ်ားျပားလာခဲ့သည္။ ေနရာအေတာ္မ်ားမ်ားတြင္

အင္တာနက္ ဆက္သြယ္မႈမ်ား ပိုမိုတိုးတက္ေကာင္းမြန္လာခဲ့ေသာ္လည္း ႏိုင္ငံအတြင္းတြင္ Facebook ကဲ့သို႔ လူမႈကြန္ရက္ မ်ားကိုသာ

အရင္းအျမစ္အျဖစ္ အသုံးျပဳလာၾကသည္။ မွတ္တမ္းမ်ားအရ Facebook ကို အရင္းအျမစ္တစ္ခုကဲ့သို႔ေသာ အသုံးျပဳေသာ

ႏိုင္ငံမ်ားသည္ ပညာေရးနိမ့္က်ေနေသာ ႏိုင္ငံမ်ား ျဖစ္ေနၾကသည္ကို ေတြ႕ရွိရသည္။ အထူးသျဖင့္ အာရွႏိုင္ငံမ်ားတြင္ Facebook

သည္ လူတို႔၏ ေနထိုင္စားေသာက္မႈ၊ စိတ္ေနစိတ္ထားႏွင့္ အခ်စ္ေရးကိစၥမ်ားအထိ ဝင္ေရာက္စြက္ဖက္လာတာကို ေတြ႕ရပါတယ္။

စမတ္ဖုန္း မ်ား ေပါေပါေလာေလာရလာေသာ ျမန္မာႏိုင္ငံ တြင္လည္း ထို႔နည္းတူစြာပင္ျဖစ္သည္။ လူမ်ိဳးေရး၊ ဘာသာေရး၊

ႏိုင္ငံေရး ႏွင့္ စကားလုံး အသုံးအႏႈံးမွ အစ ထိခိုက္လြယ္ေသာ ျမန္မာႏိုင္ငံတြင္ Facebook မွ တက္သမွ် အေၾကာင္းအရာ

အားလုံးကို အမွန္ဟု ထင္ၾကသည္။ အမွန္တရား ၂၅ က်ပ္သားကို ၇၅ က်ပ္သားေလာက္ ဂ်င္းထည့္ၿပီး ေရးေသာ အေၾကာင္းအရာမ်ား

ကိုလည္း အမွန္ႏွင့္ အမွား မခြဲျခားႏိုင္ၾကေသးေပ။ ဝမ္းနည္းဖို႔ေကာင္းသည္မွာ Facebook ကို အင္တာနက္ဟု ယူဆသူ မ်ားစြာရွိေနျခင္း

ျဖစ္သည္။ စမတ္ဖုန္းလက္ထဲ ကိုင္ဆိုင္သည့္ အခ်ိန္မွ စ၍ ဖုန္းထဲတြင္ Facebook ႏွင့္ Selfie Camera App ေလာက္သာ

တင္ထားေသာ အသုံးျပဳသူ ပမာဏမွာ အလြန္မ်ားျပားလွသည္။ေနာက္ဆုံးရရွိေသာ မွတ္တမ္းအရ ၂၀၁၆ ခုႏွစ္ ဂြၽန္လတြင္

ျမန္မာႏိုင္ငံ၏ Facebook အသုံးျပဳသူမွာ ၁၁သန္း ရွိေၾကာင္း သိရွိရသည္။ ၂၀၁၇ ခုႏွစ္မွတ္တမ္းကိုမူ လက္ရွိတြင္

မထုတ္ျပန္ထားေသးေခ်။

Credit : ဆန္းသစ္ျမန္မာ

< Unicode Version >

Facebook ဟာ လူမှုကွန်ရက် တစ်ခု ဖြစ်တယ်လို့ လူတိုင်းသိထားကြပေမယ့် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ အတော်များများဟာ

Facebook ကို အရင်းအမြစ်တစ်ခုအဖြစ်သာ အသုံးပြုနေကြပါတယ်။ အချို့ဆို Facebook ကို အင်တာနက်လို့ အထင်မှားနေသူတွေ

တောင် ရှိပါတယ်။ ယခင်က ဆင်းကဒ်တစ်ကဒ်လျှင် ၁၅ သိန်းမှ သိန်း ၃၀ ကျော်အထိ ဈေးရှိခဲ့သော်လည်း ယခုအခါတွင်

ဆင်းကဒ်များမှာ ဈေးပေါလာသည်နှင့်အမျှ အင်တာနက်အသုံးပြုမှု ပိုမိုတိုးတက်များပြားလာခဲ့သည်။ နေရာအတော်များများတွင်

အင်တာနက် ဆက်သွယ်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သော်လည်း နိုင်ငံအတွင်းတွင် Facebook ကဲ့သို့ လူမှုကွန်ရက် များကိုသာ

အရင်းအမြစ်အဖြစ် အသုံးပြုလာကြသည်။ မှတ်တမ်းများအရ Facebook ကို အရင်းအမြစ်တစ်ခုကဲ့သို့သော အသုံးပြုသော

နိုင်ငံများသည် ပညာရေးနိမ့်ကျနေသော နိုင်ငံများ ဖြစ်နေကြသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် အာရှနိုင်ငံများတွင် Facebook

သည် လူတို့၏ နေထိုင်စားသောက်မှု၊ စိတ်နေစိတ်ထားနှင့် အချစ်ရေးကိစ္စများအထိ ဝင်ရောက်စွက်ဖက်လာတာကို တွေ့ရပါတယ်။

စမတ်ဖုန်း များ ပေါပေါလောလောရလာသော မြန်မာနိုင်ငံ တွင်လည်း ထို့နည်းတူစွာပင်ဖြစ်သည်။ လူမျိုးရေး၊ ဘာသာရေး၊

နိုင်ငံရေး နှင့် စကားလုံး အသုံးအနှုံးမှ အစ ထိခိုက်လွယ်သော မြန်မာနိုင်ငံတွင် Facebook မှ တက်သမျှ အကြောင်းအရာ

အားလုံးကို အမှန်ဟု ထင်ကြသည်။ အမှန်တရား ၂၅ ကျပ်သားကို ရ၅ ကျပ်သားလောက် ဂျင်းထည့်ပြီး ရေးသော အကြောင်းအရာများ

ကိုလည်း အမှန်နှင့် အမှား မခွဲခြားနိုင်ကြသေးပေ။ ဝမ်းနည်းဖို့ကောင်းသည်မှာ Facebook ကို အင်တာနက်ဟု ယူဆသူ များစွာရှိနေခြင်း

ဖြစ်သည်။ စမတ်ဖုန်းလက်ထဲ ကိုင်ဆိုင်သည့် အချိန်မှ စ၍ ဖုန်းထဲတွင် Facebook နှင့် Selfie Camera App လောက်သာ

တင်ထားသော အသုံးပြုသူ ပမာဏမှာ အလွန်များပြားလှသည်။နောက်ဆုံးရရှိသော မှတ်တမ်းအရ ၂၀၁၆ ခုနှစ် ဂျွန်လတွင်

မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူမှာ ၁၁သန်း ရှိကြောင်း သိရှိရသည်။ ၂၀၁၇ ခုနှစ်မှတ်တမ်းကိုမူ လက်ရှိတွင်

မထုတ်ပြန်ထားသေးချေ။

Credit : ဆန်းသစ်မြန်မာ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

15 − 14 =