“ေလာကဒဏ္ကို ဘယ္လို ရင္ဆိုင္ဘို ့ဆံုးျဖတ္ထားပါသလဲ”

ဟိုး……. ေရွးေရွးတုန္းက ရြာတစ္ရြာမွာ သားအဖႏွစ္ေယာက္ရွိတယ္။ တစ္ေန ့မွာ သမီး ျဖစ္သူက ဖခင္ၾကီးကို တိုင္တယ္မိတယ္။

ဘာဘဲလုပ္လုပ္ တစ္ခုမွအဆင္မေျပတဲ့အေၾကာင္း အားပ်က္မိတဲ့ အေၾကာင္း ေျပာတယ္။

သမီးက အဲလို တုိင္တည္ျပီးေျပာလိုက္ေတာ့ ဖခင္ၾကီးက သမီးလက္ကိုဆြဲျပီး မီးဖိုေခ်ာင္ကို ေခၚသြားလိုက္တယ္။ ျပီးေတာ့

ဘာမွမေျပာဘဲ အိုးသံုးအိုးထဲကို ေရေတြျဖည့္ျပီး မီးျပင္းျပင္းနဲ ့ ဖိုသံုးဖိုေပၚမွာ တင္လိုက္တယ္။ မၾကာပါဘူး မီးအား

အရမ္းျပင္းတာေၾကာင့္ အိုးထဲကေရေတြ ပြက္ပြက္ဆူလာပါတယ္။ေရေႏြးေတြလဲဆူေရာ ဖခင္ျဖစ္သူက ပထမအိုးထဲကို

မုန္လာဥေတြထည့္၊ ဒုတိယအိုးထဲကို ၾကက္ဥ ေတြထည့္၊ တတိယအိုးထဲကို လက္ဖက္ေျခာက္ေတြ အသီးသီးထည့္လိုက္တယ္။

ထည့္ျပီးေတာ့ အိုးေတြကို မီးဖိုေပၚမွာဘဲ ဆက္ထားလိုက္တယ္။ေနာက္၁၀မိနစ္ေလာက္ၾကာတဲ့အခါမွာ ဖခင္ျဖစ္သူက

မီးသံုးဖိုစလံုးကို သတ္လိုက္ျပီး ပထမအိုးထဲက မုန္လာဥေတြကိုဆယ္၊ ပန္းကန္တစ္ခ်ပ္ထဲထည့္ လိုက္တယ္။ ေနာက္တစ္အိုးက

ၾကက္ဥေတြကိုဆယ္ျပီး ပန္းကန္ထဲထည့္လိုက္ျပန္တယ္။ ေနာက္ဆံုး အိုးထဲကလက္ဖက္ေျခာက္ေတြခပ္ထားတဲ့ ေရေႏြးေတြကို

ခြပ္တစ္လံုးထဲ ထည့္လိုက္တယ္။အဲဒိေနာက္ ဖခင္ျဖစ္သူက သမီးေရ ဒါေတြကဘာလဲလို ့ေမးတဲ့အခါမွာ သမီးလုပ္သူက

မုန္လာဥျပဳတ္၊ ၾကက္ဥျပဳတ္ နဲ ့ေရေႏြးၾကမ္းေတြပါလို ့ျပန္ေျဖလိုက္တယ္။သမီးက အဲဒိလိုျပန္ေျဖအျပီးမွာ ဖခင္ျဖစ္သူက

မုန္လာဥေတြကို စမ္းခိုင္းတယ္။ သမီးက မုန္လာဥကို ဇြန္းနဲ ့ ထိုးၾကည့္တဲ့အခါမွာ ေပ်ာ့ျပဲေနတာေတြ ့ရတယ္။ ေနာက္

ၾကက္ဥကိုယူျပီးစမ္းခိုင္းျပန္တယ္။ ၾကက္ဥကို ခြာလိုက္တဲ့ အခါမွာ အရမ္းကို က်က္ေနတဲ့ ၾကက္ဥျပဳတ္တစ္လံုးျဖစ္ေနတာ

ေတြ ့ရျပန္တယ္။ ေနာက္ဆံုးမွာ ေရေႏြးၾကမ္းကို ျမည္းၾကည့္ခိုင္းတဲ့ အခါမွာအနံ ့ အရသာနဲ ့ျပည့္စံုတဲ့ ေရေႏြးၾကမ္းတစ္

ခြက္ျဖစ္ေနတာ သတိထားမိျပန္တယ္။အားလံုးစမ္းသပ္ျပီးတဲ့အခါမွာ ဖခင္ျဖစ္သူက သမီးကို ဒီလိုဆံုးမပါတယ္။

မုန္လာဥက ေရေႏြးထဲမေရာက္ခက္မွာ သန္သန္မာမာေတာင့္ေတာင့္တင္းတင္းၾကီးေပါ့။ ဒါေပမယ့္ ေရေႏြးနဲ ့လဲ

ျပဳတ္လိုက္ေရာ တစ္ခါထဲကို ေဖ်ာ့ဖတ္သြားေတာ့တာဘဲ။ၾကက္ဥက်ျပန္ေတာ့ ေရေႏြးထဲမေရာက္ခင္မွာ အထိမခံဘူး။

ၾကမ္းၾကမ္းေလးထိမိတာနဲ ့ ခြက္ကနဲ ကြဲသြားေရာ။ အေပၚခြံ ပါးပါးေလးက အထဲက အရည္ၾကည့္ေပ်ာ့ဖတ္ဖတ္ေလးေတြကို

ကာရံထားတဲ့ အေနအထားေပါ့။ ဒါေပမယ့္ ေရေႏြးထဲမွာလဲ ျပဳတ္လိုက္ေရာ ေပ်ာ့အိအိ အတြင္းသားေတြက အားလံုးမာကုန္ျပန္ဘဲ။

လက္ဖက္ေျခာက္ကေတာ့ တစ္ဘာသာေပါ့။ ေရေႏြးပြက္ပြက္ထဲလဲေရာက္ေရာ အဲဒိအျဖဴေရာင္ ေရေႏြးေတြကိုပါ

လက္ဖက္ရည္အျဖစ္ေျပာင္းလဲျပစ္လိုက္တယ္။ ျပီးေတာ့ အရသာရွိတဲ့ ေရေႏြးၾကမ္းတစ္ခြက္အေနနဲ ့ ေျပာင္းသြားတယ္။

ကဲ…………. ဒီေတာ့ အေဖ့သမီးကေရာ ဘာလဲ။ လူမုန္လာဥလား၊ လူၾကက္ဥလား။ လူလက္ဖက္ေျခာက္လား။

ေလာကဒဏ္ဆိုတာ လူတိုင္းဟာတစ္နည္းနည္းနဲ ့ရင္ဆိုင္ေနရတာဘဲ။ အဲဒါေလာကဒဏ္နဲ ့ နဖူးေတြ ့၊ ဒူးေတြ ့

ရင္ဆိုင္လာရတဲ့အခါမွာ သမီးက ဘယ္လိုတုန္ ့ျပန္မလဲ။ သမီးကိုယ္တိုင္ စဥ္းစားပါတဲ့။

ပံုျပင္ေလးက ဒါပါဘဲ။ ဒါေပမယ့္ အဲဒိပံုျပင္ထဲမွာ ဘာေတြရလိုက္သလဲ။အျပင္ပန္းအျမင္မွာ မုန္လာဥလို မာခ်ာခ်ာ

ေတာင့္ေတာင့္တင္းတင္းနဲ ့ ၊ ေလာကဒဏ္ကို တကယ္ရင္ဆိုင္ရတဲ့ အခါမွာ ေပ်ာ့ေခြႏြမ္းရိျပီး အားကုန္သြားမယ့္ လူစားမ်ိဳးလား။

အစတုန္းကေတာ့ ထိလြယ္ကြဲလြယ္တဲ့စိတ္ရွိေနတယ္။ စိတ္ကလဲေပ်ာ့ေနတယ္။ ဒါေပမယ့္ ေသျခင္းတရားလို၊

ရွင္ကြဲကြဲတာလို၊ ခြ်တ္ျခံဳက်တာလို တစ္ခုခုကို အျပင္းအထန္ ခံစားျပီးတဲ့ေနာက္မွာေတာ့ နင္လားဟဲ့ ေလာကဒဏ္ဆိုတဲ့ စိတ္၊

ထီမထင္တဲ့စိတ္ဓါတ္နဲ ့ မာေၾကာေၾကာေတာင့္တင္းတင္း ျဖစ္သြားမယ့္ လူစားမ်ိဳးလား။ မျပဳတ္ခင္ၾကက္ဥနဲ ့ ျပဳတ္ျပီးသားၾကက္ဥလို

အျပင္ပန္းအျမင္မွာ သိပ္မကြာလွေပမယ့္ အတြင္းမွာေတာ့ ခါးသီးမာေၾကာေနတဲ့ ႏွလံုးသားနဲ ့လူမ်ိဳးလား။

လက္ဖက္ေျခာက္ဆိုတာ ေရေႏြးဆူေလေလ အရသာပိုေကာင္းေလေလဘဲ။ လက္ဖက္ေျခာက္လို လူဆိုတာကလဲ ဒုကေတြနဲ ့

အရွိန္တတ္ေလေလ အရည္အခ်င္းေတြ ပိုရွိလာေလေလျဖစ္ျပီး ကိုယ့္ပတ္၀န္းက်င္အတြက္ ပိုေကာင္းတဲ့ အေျခအေနကို

ဖန္တီးေပးႏိုင္တဲ့သူ ျဖစ္လာမယ္။

ေလာကဒဏ္ကို ဘယ္လို ရင္ဆိုင္ဘို ့ဆံုးျဖတ္ထားပါသလဲ။ လူမုန္လာဥလား၊ လူၾကက္ဥလား၊ လူလက္ဖက္ေျခာက္လား။

မူရင္း ဆရာအတၱေက်ာ္ရဲ ့ေနေပ်ာ္တဲ့ဘ၀ ၾကည္ျမတဲ့ဘ၀င္ ရႊင္လန္းတဲ့စိတ္ စာအုပ္မွ ကူးယူေဖာ္ျပထားပါတယ္။

Credit#

< Unicode Version >

ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ ့မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။

ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့အကြောင်း အားပျက်မိတဲ့ အကြောင်း ပြောတယ်။

သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့

ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ ့ ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား

အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။ရေနွေးတွေလဲဆူရော ဖခင်ဖြစ်သူက ပထမအိုးထဲကို

မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥ တွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီးထည့်လိုက်တယ်။

ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာဘဲ ဆက်ထားလိုက်တယ်။နောက်၁၀မိနစ်လောက်ကြာတဲ့အခါမှာ ဖခင်ဖြစ်သူက

မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့် လိုက်တယ်။ နောက်တစ်အိုးက

ကြက်ဥတွေကိုဆယ်ပြီး ပန်းကန်ထဲထည့်လိုက်ပြန်တယ်။ နောက်ဆုံး အိုးထဲကလက်ဖက်ခြောက်တွေခပ်ထားတဲ့ ရေနွေးတွေကို

ခွပ်တစ်လုံးထဲ ထည့်လိုက်တယ်။အဲဒိနောက် ဖခင်ဖြစ်သူက သမီးရေ ဒါတွေကဘာလဲလို ့မေးတဲ့အခါမှာ သမီးလုပ်သူက

မုန်လာဥပြုတ်၊ ကြက်ဥပြုတ် နဲ ့ရေနွေးကြမ်းတွေပါလို ့ပြန်ဖြေလိုက်တယ်။သမီးက အဲဒိလိုပြန်ဖြေအပြီးမှာ ဖခင်ဖြစ်သူက

မုန်လာဥတွေကို စမ်းခိုင်းတယ်။ သမီးက မုန်လာဥကို ဇွန်းနဲ ့ ထိုးကြည့်တဲ့အခါမှာ ပျော့ပြဲနေတာတွေ ့ရတယ်။ နောက်

ကြက်ဥကိုယူပြီးစမ်းခိုင်းပြန်တယ်။ ကြက်ဥကို ခွာလိုက်တဲ့ အခါမှာ အရမ်းကို ကျက်နေတဲ့ ကြက်ဥပြုတ်တစ်လုံးဖြစ်နေတာ

တွေ ့ရပြန်တယ်။ နောက်ဆုံးမှာ ရေနွေးကြမ်းကို မြည်းကြည့်ခိုင်းတဲ့ အခါမှာအနံ ့ အရသာနဲ ့ပြည့်စုံတဲ့ ရေနွေးကြမ်းတစ်

ခွက်ဖြစ်နေတာ သတိထားမိပြန်တယ်။အားလုံးစမ်းသပ်ပြီးတဲ့အခါမှာ ဖခင်ဖြစ်သူက သမီးကို ဒီလိုဆုံးမပါတယ်။

မုန်လာဥက ရေနွေးထဲမရောက်ခက်မှာ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးပေါ့။ ဒါပေမယ့် ရေနွေးနဲ ့လဲ

ပြုတ်လိုက်ရော တစ်ခါထဲကို ဖျော့ဖတ်သွားတော့တာဘဲ။ကြက်ဥကျပြန်တော့ ရေနွေးထဲမရောက်ခင်မှာ အထိမခံဘူး။

ကြမ်းကြမ်းလေးထိမိတာနဲ ့ ခွက်ကနဲ ကွဲသွားရော။ အပေါ်ခွံ ပါးပါးလေးက အထဲက အရည်ကြည့်ပျော့ဖတ်ဖတ်လေးတွေကို

ကာရံထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးထဲမှာလဲ ပြုတ်လိုက်ရော ပျော့အိအိ အတွင်းသားတွေက အားလုံးမာကုန်ပြန်ဘဲ။

လက်ဖက်ခြောက်ကတော့ တစ်ဘာသာပေါ့။ ရေနွေးပွက်ပွက်ထဲလဲရောက်ရော အဲဒိအဖြူရောင် ရေနွေးတွေကိုပါ

လက်ဖက်ရည်အဖြစ်ပြောင်းလဲပြစ်လိုက်တယ်။ ပြီးတော့ အရသာရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အနေနဲ ့ ပြောင်းသွားတယ်။

ကဲ…………. ဒီတော့ အဖေ့သမီးကရော ဘာလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား။ လူလက်ဖက်ခြောက်လား။

လောကဒဏ်ဆိုတာ လူတိုင်းဟာတစ်နည်းနည်းနဲ ့ရင်ဆိုင်နေရတာဘဲ။ အဲဒါလောကဒဏ်နဲ ့ နဖူးတွေ ့၊ ဒူးတွေ ့

ရင်ဆိုင်လာရတဲ့အခါမှာ သမီးက ဘယ်လိုတုန် ့ပြန်မလဲ။ သမီးကိုယ်တိုင် စဉ်းစားပါတဲ့။

ပုံပြင်လေးက ဒါပါဘဲ။ ဒါပေမယ့် အဲဒိပုံပြင်ထဲမှာ ဘာတွေရလိုက်သလဲ။အပြင်ပန်းအမြင်မှာ မုန်လာဥလို မာချာချာ

တောင့်တောင့်တင်းတင်းနဲ ့ ၊ လောကဒဏ်ကို တကယ်ရင်ဆိုင်ရတဲ့ အခါမှာ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးလား။

အစတုန်းကတော့ ထိလွယ်ကွဲလွယ်တဲ့စိတ်ရှိနေတယ်။ စိတ်ကလဲပျော့နေတယ်။ ဒါပေမယ့် သေခြင်းတရားလို၊

ရှင်ကွဲကွဲတာလို၊ ချွတ်ခြုံကျတာလို တစ်ခုခုကို အပြင်းအထန် ခံစားပြီးတဲ့နောက်မှာတော့ နင်လားဟဲ့ လောကဒဏ်ဆိုတဲ့ စိတ်၊

ထီမထင်တဲ့စိတ်ဓါတ်နဲ ့ မာကြောကြောတောင့်တင်းတင်း ဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ ့ ပြုတ်ပြီးသားကြက်ဥလို

အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာတော့ ခါးသီးမာကြောနေတဲ့ နှလုံးသားနဲ ့လူမျိုးလား။

လက်ဖက်ခြောက်ဆိုတာ ရေနွေးဆူလေလေ အရသာပိုကောင်းလေလေဘဲ။ လက်ဖက်ခြောက်လို လူဆိုတာကလဲ ဒုကတွေနဲ ့

အရှိန်တတ်လေလေ အရည်အချင်းတွေ ပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို

ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်။

လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဘို ့ဆုံးဖြတ်ထားပါသလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။

မူရင်း ဆရာအတ္တကျော်ရဲ ့နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် စာအုပ်မှ ကူးယူဖော်ပြထားပါတယ်။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

5 × 1 =