“သင့္ဘဝအတြက္ အေရးႀကီးဆံုး ေမးခြန္းတစ္ခု”

ကၽြန္ေတာ္ လူပ်ိဳအရြယ္မွာ အေတာ္ေလး ဆိုးသြမ္းပါတယ္။ ရပ္ကြက္ထဲက လူငယ္ေတြနဲ႔ ရန္ျဖစ္တယ္။ ဖဲ႐ိုက္တယ္။

အရက္ေသာက္ မူးၿပီးရမ္းတယ္။ မိဘေတြ လူႀကီးေတြ ဆံုးမလို႔ မရဘူး။ မိဘေတြနဲ႔ ေမာင္ႏွမေတြ အရမ္းစိတ္ဆင္းရဲေနၾကတယ္။

ဒါေပမဲ့ ကၽြန္ေတာ္ လုပ္ခ်င္ရာေတြ လုပ္ေနရလို႔ ေပ်ာ္ေနတယ္။ ကၽြန္ေတာ့္ေၾကာင့္ စိတ္ဆင္းရဲေနသူေတြကို ကၽြန္ေတာ္ ဂ႐ုမစိုက္ပါဘူး။

တစ္ရက္မွာ ကၽြန္ေတာ့္ေက်ာင္းက ဆရာႀကီးက သူ႔အိမ္လာဖို႔ သူငယ္ခ်င္းတစ္ေယာက္ကေန ေခၚခိုင္းလိုက္တယ္။ ကၽြန္ေတာ္

သိလိုက္ပါၿပီ။ ဆရာႀကီး ကၽြန္ေတာ့္ကို ဆံုးမစကားေတြ ေျပာေတာ့မယ္ဆိုတာ။ ကၽြန္ေတာ့္ေက်ာင္းက ဆရာ ဆရာမေတြထဲမွာ

ဆရာႀကီးဟာ ကၽြန္ေတာ္အေလးစားဆံုးနဲ႔ အေၾကာက္ရဆံုးပါ။ ဆရာႀကီးေခၚတယ္ဆိုေတာ့လည္း ကၽြန္ေတာ္ မသြားဘဲ မေနရဲဘူး။

ေနာက္တစ္ရက္ မနက္မွာ ဆရာႀကီးရဲ႕အိမ္ကို ကၽြန္ေတာ္ စက္ဘီးေလးစီးၿပီး ေရာက္သြားတယ္။ ဆရာႀကီးကို မ်က္ႏွာတင္းတင္းမာ

နဲ႔ ေတြ႕မယ္လို႔ ေမွ်ာ္လင့္ထားတယ္။ ဆရာႀကီးဟာ ေဖၚေဖၚေရြေရြနဲ႔ သူ႔အိမ္ေပၚ တက္လာဖို႔ ေခၚၿပီး ထိုင္ခိုင္းလိုက္တယ္။

ဆရာႀကီးဟာ စကားတစ္ခြန္းမွ မေျပာေသးဘဲ ကၽြန္ေတာ္ကို လက္ဘက္ရည္နဲ႔ မုန္႔ေတြ တိုက္ေကၽြးပါတယ္။

ကၽြန္ေတာ္လည္း မနက္စာ မစားရေသးလို႔ ဗိုက္ဆာဆာနဲ႔ မုန္႔နဲ႔ လက္ဖက္ရည္ေတြကို အကုန္စားေသာက္ပစ္လိုက္တယ္။ အခု

ဗိုက္ဝၿပီမို႔ ကၽြန္ေတာ္ ဆရာႀကီးရဲ႕ ဆံုးမၾသဝါဒကို ခံယူဖို႔ ျပင္လိုက္တယ္။ဆရာႀကီးက ကၽြန္ေတာ့္ကို တျခားဘာစကားမွ မေျပာဘဲ

ေမးခြန္းတစ္ခုပဲ ေမးလိုက္ပါတယ္။ ေမးခြန္းက – “ငါ့သား၊ မင္းေသရင္ ဘယ္သူေတြ ငိုၾကမလဲ”

ဆရာႀကီးက အဲဒီေမးခြန္းတစ္ခုကိုပဲ ေျပာၿပီး ကၽြန္ေတာ့္ကို ျပန္ေတာ့လို႔ ေျပာလိုက္တယ္။ ကၽြန္ေတာ္လည္း ခ်က္ခ်င္း

ဆရာႀကီးအိမ္ေပၚကဆင္းၿပီး ထြက္လာခဲ့တယ္။အဲဒီညမွာ ကၽြန္ေတာ္ အိပ္မေပ်ာ္ဘူး။ အိပ္ယာထဲမွာ လဲေလ်ာင္းရင္ ဆရာႀကီးရဲ႕

“မင္းေသရင္ ဘယ္သူေတြ ငိုၾကမလဲ”ဆိုတဲ့ ေမးခြန္းဟာ ကၽြန္ေတာ့္နားထဲမွာ ထပ္ခါတလဲလဲ ၾကားေနတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္

အဲဒီေမးခြန္းကို ေျဖဖို႔ စဥ္းစားတယ္။ ဟုတ္တယ္။ ငါေသရင္ ဘယ္သူေတြ ငိုၾကမလဲ။ ကၽြန္ေတာ့္ မိဘေတြနဲ႔ ေမာင္ႏွမေတြ

ငိုၾကမွာေတာ့ ေသခ်ာပါတယ္။ ေနာက္ထပ္ ငိုမယ့္သူ ဘယ္သူေတြ ရွိၾကေသးလဲ။ ေသခ်ာတာကေတာ့ ရပ္ကြက္ထဲက လူေတြဟာ

လူဆိုးေလးတစ္ေယာက္ ေလ်ာ့သြားၿပီဆိုၿပီး မငိုၾကမယ့္အျပင္ ဝမ္းေတာင္ သာေနၾကအံုးမယ္။ ကၽြန္ေတာ့္ သူငယ္ခ်င္းေတြလည္း

ကၽြန္ေတာ္အႏိုင္က်င့္ခဲ့သူေတြခ်ည္းမို႔ သူတို႔လည္း ဝမ္းသာေနၾကမွာပါ။ ကၽြန္ေတာ္ေသရင္ ငိုမယ့္သူ ေနာက္ထပ္တစ္ေယာက္မွ

စဥ္းစားမရေတာ့ဘူး။ကၽြန္ေတာ္ စဥ္းစားရင္းနဲ႔ ေၾကာက္လာတယ္။ ငါ ေသသြားလို႔ ငိုမယ့္သူက မိဘ ေမာင္ႏွမေတြပဲ ရွိတယ္။

ဝမ္းသာမယ့္ သူေတြ အမ်ားႀကီးပါလား။ ဒါ ဘာျဖစ္လို႔လဲ။ ငါဟာ ေလာကအတြက္ ေကာင္းက်ိဳးမေပးသူမို႔ပဲကိုး။ အဲဒီညမွာပဲ

ကၽြန္ေတာ္ လူေကာင္းသူေကာင္းတစ္ေယာက္ ျဖစ္ဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ ေနာက္ေန႔ကစၿပီး ကၽြန္ေတာ့္ မေကာင္းတဲ့အက်င့္ေတြကို

ေျပာင္းလဲၿပီး ေကာင္းတဲ့အက်င့္ေတြကို လုပ္ေတာ့တယ္။ ကၽြန္ေတာ့္ဘဝ ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့တယ္။

သင္လည္း သင့္ကိုယ္သင္ ဒီေမးခြန္းကို ေမးၿပီး ေျဖျကည့္စမ္းပါ။ – “ငါေသရင္ ဘယ္သူေတြ ငိုၾကမလဲ”

အဲဒီေမးခြန္းကို မေမးရဲရင္ ဒီလို ေျပာင္းေမးၾကည့္ပါ။ – “ငါေသရင္ ဘယ္သူေတြ ဝမ္းသာၾကမလဲ”

ေသခ်ာတာကေတာ့ သင္ဟာ လူ႔ေလာကေကာင္းက်ိဳး ေဆာင္ရြက္ေနသူဆိုရင္ သင္ေသရင္ ငိုေႂကြးသူေတြ မ်ားၾကလိမ့္မယ္။

ငိုေႂကြးသူအေရအတြက္ဟာ သင္ ေလာကအတြက္ ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ ဘယ္ေလာက္ေကာင္းက်ိဳးေဆာင္ရြက္ခဲ့တယ္ဆိုတဲ့

အေပၚမွာ တိုက္႐ိုက္အခ်ိဳးက်ေနပါတယ္။

ဗန္းေမာ္သိန္းေဖ Bamaw Thein Pe

၂၀-၀၇-၂၀၁၈

Credit#

< Unicode Version >

ကျွန်တော် လူပျိုအရွယ်မှာ အတော်လေး ဆိုးသွမ်းပါတယ်။ ရပ်ကွက်ထဲက လူငယ်တွေနဲ့ ရန်ဖြစ်တယ်။ ဖဲရိုက်တယ်။

အရက်သောက် မူးပြီးရမ်းတယ်။ မိဘတွေ လူကြီးတွေ ဆုံးမလို့ မရဘူး။ မိဘတွေနဲ့ မောင်နှမတွေ အရမ်းစိတ်ဆင်းရဲနေကြတယ်။

ဒါပေမဲ့ ကျွန်တော် လုပ်ချင်ရာတွေ လုပ်နေရလို့ ပျော်နေတယ်။ ကျွန်တော့်ကြောင့် စိတ်ဆင်းရဲနေသူတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။

တစ်ရက်မှာ ကျွန်တော့်ကျောင်းက ဆရာကြီးက သူ့အိမ်လာဖို့ သူငယ်ချင်းတစ်ယောက်ကနေ ခေါ်ခိုင်းလိုက်တယ်။ ကျွန်တော်

သိလိုက်ပါပြီ။ ဆရာကြီး ကျွန်တော့်ကို ဆုံးမစကားတွေ ပြောတော့မယ်ဆိုတာ။ ကျွန်တော့်ကျောင်းက ဆရာ ဆရာမတွေထဲမှာ

ဆရာကြီးဟာ ကျွန်တော်အလေးစားဆုံးနဲ့ အကြောက်ရဆုံးပါ။ ဆရာကြီးခေါ်တယ်ဆိုတော့လည်း ကျွန်တော် မသွားဘဲ မနေရဲဘူး။

နောက်တစ်ရက် မနက်မှာ ဆရာကြီးရဲ့အိမ်ကို ကျွန်တော် စက်ဘီးလေးစီးပြီး ရောက်သွားတယ်။ ဆရာကြီးကို မျက်နှာတင်းတင်းမာ

နဲ့ တွေ့မယ်လို့ မျှော်လင့်ထားတယ်။ ဆရာကြီးဟာ ဖေါ်ဖေါ်ရွေရွေနဲ့ သူ့အိမ်ပေါ် တက်လာဖို့ ခေါ်ပြီး ထိုင်ခိုင်းလိုက်တယ်။

ဆရာကြီးဟာ စကားတစ်ခွန်းမှ မပြောသေးဘဲ ကျွန်တော်ကို လက်ဘက်ရည်နဲ့ မုန့်တွေ တိုက်ကျွေးပါတယ်။

ကျွန်တော်လည်း မနက်စာ မစားရသေးလို့ ဗိုက်ဆာဆာနဲ့ မုန့်နဲ့ လက်ဖက်ရည်တွေကို အကုန်စားသောက်ပစ်လိုက်တယ်။ အခု

ဗိုက်ဝပြီမို့ ကျွန်တော် ဆရာကြီးရဲ့ ဆုံးမသြဝါဒကို ခံယူဖို့ ပြင်လိုက်တယ်။ဆရာကြီးက ကျွန်တော့်ကို တခြားဘာစကားမှ မပြောဘဲ

မေးခွန်းတစ်ခုပဲ မေးလိုက်ပါတယ်။ မေးခွန်းက – “ငါ့သား၊ မင်းသေရင် ဘယ်သူတွေ ငိုကြမလဲ”

ဆရာကြီးက အဲဒီမေးခွန်းတစ်ခုကိုပဲ ပြောပြီး ကျွန်တော့်ကို ပြန်တော့လို့ ပြောလိုက်တယ်။ ကျွန်တော်လည်း ချက်ချင်း

ဆရာကြီးအိမ်ပေါ်ကဆင်းပြီး ထွက်လာခဲ့တယ်။အဲဒီညမှာ ကျွန်တော် အိပ်မပျော်ဘူး။ အိပ်ယာထဲမှာ လဲလျောင်းရင် ဆရာကြီးရဲ့

“မင်းသေရင် ဘယ်သူတွေ ငိုကြမလဲ”ဆိုတဲ့ မေးခွန်းဟာ ကျွန်တော့်နားထဲမှာ ထပ်ခါတလဲလဲ ကြားနေတယ်။ ဒါကြောင့် ကျွန်တော်

အဲဒီမေးခွန်းကို ဖြေဖို့ စဉ်းစားတယ်။ ဟုတ်တယ်။ ငါသေရင် ဘယ်သူတွေ ငိုကြမလဲ။ ကျွန်တော့် မိဘတွေနဲ့ မောင်နှမတွေ

ငိုကြမှာတော့ သေချာပါတယ်။ နောက်ထပ် ငိုမယ့်သူ ဘယ်သူတွေ ရှိကြသေးလဲ။ သေချာတာကတော့ ရပ်ကွက်ထဲက လူတွေဟာ

လူဆိုးလေးတစ်ယောက် လျော့သွားပြီဆိုပြီး မငိုကြမယ့်အပြင် ဝမ်းတောင် သာနေကြအုံးမယ်။ ကျွန်တော့် သူငယ်ချင်းတွေလည်း

ကျွန်တော်အနိုင်ကျင့်ခဲ့သူတွေချည်းမို့ သူတို့လည်း ဝမ်းသာနေကြမှာပါ။ ကျွန်တော်သေရင် ငိုမယ့်သူ နောက်ထပ်တစ်ယောက်မှ

စဉ်းစားမရတော့ဘူး။ကျွန်တော် စဉ်းစားရင်းနဲ့ ကြောက်လာတယ်။ ငါ သေသွားလို့ ငိုမယ့်သူက မိဘ မောင်နှမတွေပဲ ရှိတယ်။

ဝမ်းသာမယ့် သူတွေ အများကြီးပါလား။ ဒါ ဘာဖြစ်လို့လဲ။ ငါဟာ လောကအတွက် ကောင်းကျိုးမပေးသူမို့ပဲကိုး။ အဲဒီညမှာပဲ

ကျွန်တော် လူကောင်းသူကောင်းတစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်နေ့ကစပြီး ကျွန်တော့် မကောင်းတဲ့အကျင့်တွေကို

ပြောင်းလဲပြီး ကောင်းတဲ့အကျင့်တွေကို လုပ်တော့တယ်။ ကျွန်တော့်ဘဝ ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

သင်လည်း သင့်ကိုယ်သင် ဒီမေးခွန်းကို မေးပြီး ဖြေကြည့်စမ်းပါ။ – “ငါသေရင် ဘယ်သူတွေ ငိုကြမလဲ”

အဲဒီမေးခွန်းကို မမေးရဲရင် ဒီလို ပြောင်းမေးကြည့်ပါ။ – “ငါသေရင် ဘယ်သူတွေ ဝမ်းသာကြမလဲ”

သေချာတာကတော့ သင်ဟာ လူ့လောကကောင်းကျိုး ဆောင်ရွက်နေသူဆိုရင် သင်သေရင် ငိုကြွေးသူတွေ များကြလိမ့်မယ်။

ငိုကြွေးသူအရေအတွက်ဟာ သင် လောကအတွက် နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လောက်ကောင်းကျိုးဆောင်ရွက်ခဲ့တယ်ဆိုတဲ့

အပေါ်မှာ တိုက်ရိုက်အချိုးကျနေပါတယ်။

ဗန်းမော်သိန်းဖေ Bamaw Thein Pe

၂၀-၀၇-၂၀၁၈

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

three × 5 =