“ေအာင္ျမင္သူေတြနဲ႔ေပါင္းပါ”

လူဆိုတာ ပတ္ဝန္းက်င္နဲ႔ ကင္းကြာၿပီး ေနလို႔မရလို႔ ပတ္ဝန္းက်င္က လူေတြရဲ႕ အျပဳအမူ အက်င့္စ႐ိုက္ေတြဟာလည္း သူ႔အေပၚ

ရိုက္ခတ္ကူးစက္လာတတ္ပါတယ္။ လႊမ္းမိုးလာတတ္ပါတယ္။ အထူးသျဖင့္ ေမြးဖြားခ်ိန္ကစၿပီး အရြယ္ေရာက္ခ်ိန္ထိ

အနီးကပ္ေနခဲ့တဲ့ မိဘရဲ႕ အေျပာအဆို အျပဳအမူေတြကို အတုခိုးတတ္ၾကတယ္။ မိဘေတြ လုပ္တာကို လိုက္လုပ္တတ္ၾကတယ္။

အတုယူၾကတယ္။ အတုယူ လိုက္လုပ္ရင္းနဲ႔ အက်င့္ျဖစ္သြားၾကတယ္။ ညတိုင္း မအိပ္ခင္ စာအုပ္ဖတ္ေလ့ရွိတဲ့ ဖခင္ကို

ၾကည့္ရင္းနဲ႔ ကေလးဟာ ငယ္စဥ္ကတဲက ကာတြန္း၊ ပံုျပင္စာအုပ္ေလးေတြဖတ္တဲ့ အက်င့္ရလာတယ္။ သူ ႀကီးလာတဲ့အခါ

စာဖတ္ဝါသနာပါသူ တစ္ေယာက္ျဖစ္လာဖို႔ မ်ားပါတယ္။ ထို႔နည္းတူ ေန႔စဥ္ အရက္ေသာက္ အၿမဲမူးေနတဲ့ လူတစ္ေယာက္ရဲ႕

သားဟာလည္း ၾကီးလာတဲ့အခါ အရက္သမားျဖစ္လာမွာ မဆန္းပါဘူး။ အားရင္ အိပ္ယာေပၚလွဲ ေက်ာခင္းေနတတ္တဲ့့ အမ်ိဳးသမီးရဲ႕

သမီးဟာလည္း ႀကီးလာတဲ့အခါ အပ်င္းၾကီးေနမွာ ေသခ်ာသေလာက္ပါပဲ။

အထက္က ေျပာခဲ့သလို လူေတြဟာ နီးစပ္သူေတြဆီက အက်င့္ကူးတတ္လို႔ ေအာင္ျမင္ႀကီးပြားခ်င္သူဟာ

ေအာင္ျမင္ေနသူေတြနဲ႔ အေပါင္းအသင္းလုပ္ပါ။ ေအာင္ျမင္သူေတြဆီက အက်င့္ေတြကို အတုယူရေအာင္လို႔ပါ။

ေအာင္ျမင္ေနသူေတြဟာ သူမ်ားမေကာင္းေၾကာင္း၊ သူမ်ားေတြရဲ႕ အတင္းအဖ်င္းေတြကို မေျပာတတ္ၾကဘူး။

အဓိပၸါယ္ကင္းမဲ့ၿပီး အက်ိဳးမရွိေစမယ့္ စကားေတြကိုလည္း မေျပာၾကဘူး။ မေျပာရံုမကဘဲ သူမ်ားလာေျပာရင္လည္း

နားမေထာင္တတ္ၾကဘူး။ သူတို႔မွာ အဲဒီလို စကားေတြကို ေျပာခ်ိန္၊ နားေထာင္ခ်ိန္ မရွိၾကလို႔ပါ။ သူတို႔ဟာ ရတဲ့အခ်ိန္ေလးမွာ

တစ္ဦးနဲ႔တစ္ဦး လုပ္ငန္းဆိုင္ရာ အၾကံဉာဏ္ေတြ ဖလွယ္ၾကတယ္။ ေဆြးေႏြးၾကတယ္။ ဘယ္လိုအခြင့္အလမ္းေတြေပၚေနတယ္၊

ဘာလုပ္ရင္ ေကာင္းမယ္ဆိုတာေတြကို တိုင္ပင္ၾကတယ္။ အဂၤလိပ္စကားပံု တစ္ခုရွိပါတယ္။

– အသိဉာဏ္ပညာ နည္းပါးသူေတြဟာ သူမ်ားအေၾကာင္း အတင္းအဖ်င္းကို ေျပာေလ့ရွိၾကတယ္။

– အသိဉာဏ္ပညာ အသင့္အတင့္ရွိသူဟာ အေၾကာင္းအရာ၊ အျဖစ္အပ်က္ေတြကို ေျပာတတ္ၾကတယ္။

– အသိဉာဏ္ပညာ ႀကီးျမင့္သူေတြကေတာ့ အၾကံအစည္၊ အေတြးအေခၚေတြအေၾကာင္းေျပာၾကတယ္တဲ့။

ေအာင္ျမင္သူေတြနဲ႔ ေပါင္းေတာ့ သူတို႔ရဲ႕ အျပဳအမူ၊ အေျပာအဆို၊ အၾကံအစည္ေတြဟာ မိမိဆီကို ကူးစက္လာၿပီး သူတို႔လို

ေအာင္ျမင္ေအာင္ လုပ္တတ္တဲ့ အေလ့အက်င့္ အၾကံအစည္ေတြ မိမိမွာလည္း ျဖစ္ေပၚလာမွာပါ။ အလုပ္ကို တာဝန္ေက်ပဲ

လုပ္တတ္တဲ့ လခစားလုပ္သူေတြနဲ႔ ေပါင္းသင္းရင္ သူတို႔ဆီက ဘယ္လိုစကားမ်ိဳး ၾကားရမလဲ။

“အလုပ္ေတြကလည္း မ်ားလိုက္တာကြာ” “အထက္က လူကလည္း ငါ့ကိုခ်ည္းပဲ မၫွာမတာ ခိုင္းေနတာပဲကြာ”

“ကုမၸဏီပိုင္ရွင္ကလည္း ကပ္ေစးနည္း ေကာ္တရာပါကြာ” “ဘာေမးေမး မသိဘူးသာေျပာ။ မသိဘူးဆိုရင္ မင္း အခိုင္းမခံရလို႔

သက္သာတာေပါ့” စတဲ့ စကားမ်ိဳးေတြကိုသာ ၾကားေနရမွာပါ။ အဲဒီစကားေတြဟာ ေအာင္ျမင္ႀကီးပြားခ်င္သူေတြ

နားေထာင္သင့္တဲ့ စကားမ်ိဳး မဟုတ္ၾကပါ။ အဲဒီစကားေတြဟာ အၾကံဉာဏ္စကားေတြ မဟုတ္ပါ။ ဒီလိုစကားမ်ိဳး ေန႔တိုင္း

နားေထာင္ေနသူ၊ ေန႔စဥ္ ၾကားေနသူ တစ္ေယာက္မွာ ဘယ္လိုမွ ႀကိဳးစားခ်င္စိတ္ ျဖစ္ေပၚလာမွာ မဟုတ္ပါဘူး။

ေျခ နွစ္ဖက္၊ လက္ နွစ္ဖက္ လံုးဝမပါဘဲ ေမြးလာခဲ့တဲ့ ၾသစေတးလ်ႏိုင္ငံက နစ္ဘြိဳင္းယစ္ခ်စ္ဆိုသူဟာ အခုအခါမွာ

ကမာၻအနံွ႕ လွည့္လည္ရင္း စိတ္ဓါတ္ျမင့္တင္ေရးဆိုင္ရာ ေဟာေျပာပြဲေတြကရယ္၊ သူ႔အေၾကာင္း ေရးထားတဲ့ စာအုပ္ေတြ

သန္းခ်ီေရာင္းေနရတာရယ္ေတြေၾကာင့္ သူဟာ ေအာင္ျမင္တဲ့ မီလ်ံနာသူေ႒းတစ္ေယာက္ ျဖစ္ေနပါၿပီ။ သူဟာ ေျခ၊ လက္မပါ

ဒုကၡိတေတြ ျဖစ္ပါလ်က္ စိတ္ဓါတ္မက် သူမ်ားေပးစာကမ္းစာနဲ႔ ေနရ စားရတဲ့ ဘဝမွာ မေနပဲ ကိုယ့္အားကိုယ္ကိုးရံုမက

ေျခ၊ လက္အျပည့္အစံု ရွိသူအမ်ားစု မလုပ္ႏိုင္တာကိုေတာင္ ဘာေၾကာင့္လုပ္ႏိုင္ခဲ့ၾကတာလဲ။ သူ႔အေၾကာင္း ေရးထားတဲ့

စာအုပ္ေတြကို ဖတ္ၾကည့္ရင္ သိႏိုင္ပါတယ္။ အဲဒါက သူ ငယ္စဥ္ကေလးဘဝကတဲက မိဘေတြက သူ႔ကိုို

စိတ္ဓါတ္ခြန္အားေပးတဲ့ စကားေတြ၊ ဘဝကို အရွံုးမေပးဖို႔ စကားေတြကို ေန႔စဥ္ ေျပာျပနားသြင္းေပးခဲ့ၾကလို႔ပါ။

(သူ႔အေၾကာင္းကို သိခ်င္ရင္ “သူတို႔ ဘာေၾကာင့္ ကမာၻေက်ာ္တာလဲ” စာအုပ္မွာ ဖတ္ၾကည့္ႏိုင္ပါတယ္။)

ဒီေတာ့ ေန႔စဥ္ေပါင္းသင္းဆက္ဆံေနရတဲ့ မိတ္ေဆြဆီက ဘယ္လို စကားမ်ိဳးၾကားရသလဲဆိုတာ ဆန္းစစ္ၾကည့္ပါ။

သူမ်ားေတြအေၾကာင္း အတင္အဖ်င္းေတြ၊ စိတ္ဓါတ္က်စရာစကားေတြ၊ သူမ်ားအေပၚ ကလိမ္က် လိမ္ညာေနတဲ့

အေၾကာင္းေတြကို ဂုဏ္ယူေျပာေနတဲ့ သူငယ္ခ်င္းမ်ိဳးကို သင္ဟာ ႀကီးပြားေအာင္ျမင္ခ်င္စိတ္ရွိသူဆိုရင္ ေဝးေဝးက ေရွာင္က်ဥ္ပါ။

သူတို႔ဆီက အတင္းအဖ်င္းေျပာတဲ့ အလိမ္အညာစကားေတြ ေျပာတဲ့အက်င့္ေတြ ကူးစက္မခံရေစဖို႔ပါ။ သူတို႔ဟာ သင့္ရဲ႕

ေအာင္ျမင္ေရးပန္းတိုင္ ေရာက္ဖို႔ ဘယ္လိုမွ အက်ိဳးျပဳမွာ မဟုတ္သလို အတားအဆီး အဟန္႔အတားေတြ ျဖစ္ေနၾကပါတယ္။

သူတို႔နဲ႔ ေပါင္းသင္းလို႔ သင့္မွာ အက်ဳိးရိွဖို႔ထက္ အက်ိဳးယုတ္ဖို႔က ပိုမ်ားပါတယ္။ ဥပမာတစ္ခု ေျပာရရင္သင္ဟာ စီးပြားေရးလုပ္ငန္းတစ္

ခုမွာ အခက္အခဲ ၾကံဳေနလို႔ အဲဒီလူေတြနဲ႔ တိုင္ပင္ၾကည့္လိုက္္တဲ့အခါ သူတို႔ဆီက “သူငယ္ခ်င္း ဘာမွ စိတ္ပ်က္ျပီး အားငယ္မေနပါနဲ႔။

ဆက္ႀကိဳးစားလုိက္စမ္းပါ။ ေအာင္ျမင္သူတိုင္းဟာ မေအာင္ျမင္ခင္မွာ ဒီလိုပါပဲ။ အခက္အခဲ ရွံုးနိမ့္မႈနဲ႔ ၾကံဳရတတ္တာမို႔ အဆန္းမဟုတ္ပါ

ဘူးကြာ” ဆိုတဲ့ စကားမ်ိဳးကို သူတို႔ဆီက ၾကားရမယ္လို႔ ထင္ပါသလား။ သင္ ၾကားရမယ့္ စကားေတြက ဒါမ်ိဳးျဖစ္ပါလိမ့္မယ္။

“သူငယ္ခ်င္းကို ငါ အစကတဲက ေျပာခဲ့တယ္ေလ။ ဒီအလုပ္ကို မလုပ္သင့္ဘူးဆိုတာ။ အခုေတာ့ မင္း ဒုကၡေရာက္ၿပီ မဟုတ္လား။ ငါ မင္းကို အေကာင္းဆံုးအၾကံ ေပးမယ္ကြာ။ ဒီအလုပ္ကို ဆက္မလုပ္နဲ႔ေတာ့။ ရပ္ပစ္လိုက္ပါ။ ႏိုမို႔ဆိုရင္ မင္း စုထားတဲ့ ပိုက္ဆံေတြ

ကုန္သြားၿပီး မိသားစုပါ ထမင္းငတ္လိမ့္မယ္” တဲ့။ သူ႔ဆီက ေန႔တိုင္း ဒီလို စကားမ်ိဳးေတြပဲ ၾကားေနရရင္ သင့္အလုပ္ကို

ဆက္လုပ္ခ်င္စိတ္ ရွိပါ့အံုးမလား။ ခုေလာက္ဆိုရင္ ေအာင္ျမင္သူေတြနဲ႔ အေပါင္းအသင္းလုပ္ဖို႔ အေရးႀကီးတယ္ဆိုတာ

နားလည္လက္ခံမယ္လို႔ ထင္ပါတယ္။ သူငယ္ခ်င္း အေပါင္းအသင္းထဲမွာ ေအာင္ျမင္သူမရွိရင္လည္း အဆက္အသြယ္ရွာၿပီး

ေအာင္ျမင္သူေတြနဲ႔ အေပါင္းအသင္းျဖစ္ေအာင္ အခြင့္အလမ္းကို ရွာၾကံပါ။ အဆက္အသြယ္ရဖို႔ ပိုက္ဆံေပးရမယ္ဆိုရင္ေတာင္

ေငြအကုန္ခံလိုက္ပါ။ သင္ရမယ့္ အက်ိဳးက ႀကီးမားလြန္းလို႔ ေငြကုန္ရက်ိဳးနပ္ပါလိမ့္မယ္။ တကယ္လို႔ သင့္မွာ အဲဒီအဆက္အသြယ္ရဖို႔

အခြင့္အလမ္း လံုးဝမရွိဘူးဆိုရင္လည္း သင္လုပ္ႏိုင္တာ ရွိပါတယ္။ အဲဒါက ေအာင္ျမင္ႀကီးပြားသူေတြအေၾကာင္း ေရးထားတဲ့

စာအုပ္ေတြ၊ သူတို႔ရဲ႕ အထုပၸတိစာအုပ္ေတြကို ဝယ္ဖတ္ပါ။ ငွားဖတ္ပါ။ ရွာဖတ္ပါ။ အဲဒီစာအုပ္ေတြဟာ ေအာင္ျမင္သူေတြရဲ႕

စိတ္ကူး၊ အေတြးအေခၚ၊ အၾကံအစည္၊ အေျပာအဆို၊ အက်င့္စ႐ိုက္၊ ျပဳမူေဆာင္ရြက္ပံုေတြကို အေသးစိပ္

ေရးျပထားတတ္တာမို႔ ေသခ်ာဖတ္္ၾကည့္ပါ။ ဒါဆိုရင္ သူတို႔နဲ႔ အနီးကပ္ေပါင္းသင္းေနရသလို သူတို႔ရဲ႕ ေအာင္ျမင္ေရး

အက်င့္စရိုက္ေတြကို အတုယူနိုင္မွာပါ။

ဗန္းေမာ္သိန္းေဖ ၁၇-၀၁-၂၀၁၇

Credit#

 < Unicode Version >

လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး နေလို့မရလို့ ပတ်ဝန်းကျင်က လူတွေရဲ့ အပြုအမူ အကျင့်စရိုက်တွေဟာလည်း သူ့အပေါ်

ရိုက်ခတ်ကူးစက်လာတတ်ပါတယ်။ လွှမ်းမိုးလာတတ်ပါတယ်။ အထူးသဖြင့် မွေးဖွားချိန်ကစပြီး အရွယ်ရောက်ချိန်ထိ

အနီးကပ်နေခဲ့တဲ့ မိဘရဲ့ အပြောအဆို အပြုအမူတွေကို အတုခိုးတတ်ကြတယ်။ မိဘတွေ လုပ်တာကို လိုက်လုပ်တတ်ကြတယ်။

အတုယူကြတယ်။ အတုယူ လိုက်လုပ်ရင်းနဲ့ အကျင့်ဖြစ်သွားကြတယ်။ ညတိုင်း မအိပ်ခင် စာအုပ်ဖတ်လေ့ရှိတဲ့ ဖခင်ကို

ကြည့်ရင်းနဲ့ ကလေးဟာ ငယ်စဉ်ကတဲက ကာတွန်း၊ ပုံပြင်စာအုပ်လေးတွေဖတ်တဲ့ အကျင့်ရလာတယ်။ သူ ကြီးလာတဲ့အခါ

စာဖတ်ဝါသနာပါသူ တစ်ယောက်ဖြစ်လာဖို့ များပါတယ်။ ထို့နည်းတူ နေ့စဉ် အရက်သောက် အမြဲမူးနေတဲ့ လူတစ်ယောက်ရဲ့

သားဟာလည်း ကြီးလာတဲ့အခါ အရက်သမားဖြစ်လာမှာ မဆန်းပါဘူး။ အားရင် အိပ်ယာပေါ်လှဲ ကျောခင်းနေတတ်တဲ့့ အမျိုးသမီးရဲ့

သမီးဟာလည်း ကြီးလာတဲ့အခါ အပျင်းကြီးနေမှာ သေချာသလောက်ပါပဲ။

အထက်က ပြောခဲ့သလို လူတွေဟာ နီးစပ်သူတွေဆီက အကျင့်ကူးတတ်လို့ အောင်မြင်ကြီးပွားချင်သူဟာ

အောင်မြင်နေသူတွေနဲ့ အပေါင်းအသင်းလုပ်ပါ။ အောင်မြင်သူတွေဆီက အကျင့်တွေကို အတုယူရအောင်လို့ပါ။

အောင်မြင်နေသူတွေဟာ သူများမကောင်းကြောင်း၊ သူများတွေရဲ့ အတင်းအဖျင်းတွေကို မပြောတတ်ကြဘူး။

အဓိပ္ပါယ်ကင်းမဲ့ပြီး အကျိုးမရှိစေမယ့် စကားတွေကိုလည်း မပြောကြဘူး။ မပြောရုံမကဘဲ သူများလာပြောရင်လည်း

နားမထောင်တတ်ကြဘူး။ သူတို့မှာ အဲဒီလို စကားတွေကို ပြောချိန်၊ နားထောင်ချိန် မရှိကြလို့ပါ။ သူတို့ဟာ ရတဲ့အချိန်လေးမှာ

တစ်ဦးနဲ့တစ်ဦး လုပ်ငန်းဆိုင်ရာ အကြံဉာဏ်တွေ ဖလှယ်ကြတယ်။ ဆွေးနွေးကြတယ်။ ဘယ်လိုအခွင့်အလမ်းတွေပေါ်နေတယ်၊

ဘာလုပ်ရင် ကောင်းမယ်ဆိုတာတွေကို တိုင်ပင်ကြတယ်။ အင်္ဂလိပ်စကားပုံ တစ်ခုရှိပါတယ်။

– အသိဉာဏ်ပညာ နည်းပါးသူတွေဟာ သူများအကြောင်း အတင်းအဖျင်းကို ပြောလေ့ရှိကြတယ်။

– အသိဉာဏ်ပညာ အသင့်အတင့်ရှိသူဟာ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ပြောတတ်ကြတယ်။

– အသိဉာဏ်ပညာ ကြီးမြင့်သူတွေကတော့ အကြံအစည်၊ အတွေးအခေါ်တွေအကြောင်းပြောကြတယ်တဲ့။

အောင်မြင်သူတွေနဲ့ ပေါင်းတော့ သူတို့ရဲ့ အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေဟာ မိမိဆီကို ကူးစက်လာပြီး သူတို့လို

အောင်မြင်အောင် လုပ်တတ်တဲ့ အလေ့အကျင့် အကြံအစည်တွေ မိမိမှာလည်း ဖြစ်ပေါ်လာမှာပါ။ အလုပ်ကို တာဝန်ကျေပဲ

လုပ်တတ်တဲ့ လခစားလုပ်သူတွေနဲ့ ပေါင်းသင်းရင် သူတို့ဆီက ဘယ်လိုစကားမျိုး ကြားရမလဲ။

“အလုပ်တွေကလည်း များလိုက်တာကွာ” “အထက်က လူကလည်း ငါ့ကိုချည်းပဲ မညှာမတာ ခိုင်းနေတာပဲကွာ”

“ကုမ္ပဏီပိုင်ရှင်ကလည်း ကပ်စေးနည်း ကော်တရာပါကွာ” “ဘာမေးမေး မသိဘူးသာပြော။ မသိဘူးဆိုရင် မင်း အခိုင်းမခံရလို့

သက်သာတာပေါ့” စတဲ့ စကားမျိုးတွေကိုသာ ကြားနေရမှာပါ။ အဲဒီစကားတွေဟာ အောင်မြင်ကြီးပွားချင်သူတွေ

နားထောင်သင့်တဲ့ စကားမျိုး မဟုတ်ကြပါ။ အဲဒီစကားတွေဟာ အကြံဉာဏ်စကားတွေ မဟုတ်ပါ။ ဒီလိုစကားမျိုး နေ့တိုင်း

နားထောင်နေသူ၊ နေ့စဉ် ကြားနေသူ တစ်ယောက်မှာ ဘယ်လိုမှ ကြိုးစားချင်စိတ် ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။

ခြေ နှစ်ဖက်၊ လက် နှစ်ဖက် လုံးဝမပါဘဲ မွေးလာခဲ့တဲ့ သြစတေးလျနိုင်ငံက နစ်ဘွိုင်းယစ်ချစ်ဆိုသူဟာ အခုအခါမှာ

ကမ္ဘာအနှံ့ လှည့်လည်ရင်း စိတ်ဓါတ်မြင့်တင်ရေးဆိုင်ရာ ဟောပြောပွဲတွေကရယ်၊ သူ့အကြောင်း ရေးထားတဲ့ စာအုပ်တွေ

သန်းချီရောင်းနေရတာရယ်တွေကြောင့် သူဟာ အောင်မြင်တဲ့ မီလျံနာသူဋ္ဌေးတစ်ယောက် ဖြစ်နေပါပြီ။ သူဟာ ခြေ၊ လက်မပါ

ဒုက္ခိတတွေ ဖြစ်ပါလျက် စိတ်ဓါတ်မကျ သူများပေးစာကမ်းစာနဲ့ နေရ စားရတဲ့ ဘဝမှာ မနေပဲ ကိုယ့်အားကိုယ်ကိုးရုံမက

ခြေ၊ လက်အပြည့်အစုံ ရှိသူအများစု မလုပ်နိုင်တာကိုတောင် ဘာကြောင့်လုပ်နိုင်ခဲ့ကြတာလဲ။ သူ့အကြောင်း ရေးထားတဲ့

စာအုပ်တွေကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ အဲဒါက သူ ငယ်စဉ်ကလေးဘဝကတဲက မိဘတွေက သူ့ကိိုု

စိတ်ဓါတ်ခွန်အားပေးတဲ့ စကားတွေ၊ ဘဝကို အရှုံးမပေးဖို့ စကားတွေကို နေ့စဉ် ပြောပြနားသွင်းပေးခဲ့ကြလို့ပါ။

(သူ့အကြောင်းကို သိချင်ရင် “သူတို့ ဘာကြောင့် ကမ္ဘာကျော်တာလဲ” စာအုပ်မှာ ဖတ်ကြည့်နိုင်ပါတယ်။)

ဒီတော့ နေ့စဉ်ပေါင်းသင်းဆက်ဆံနေရတဲ့ မိတ်ဆွေဆီက ဘယ်လို စကားမျိုးကြားရသလဲဆိုတာ ဆန်းစစ်ကြည့်ပါ။

သူများတွေအကြောင်း အတင်အဖျင်းတွေ၊ စိတ်ဓါတ်ကျစရာစကားတွေ၊ သူများအပေါ် ကလိမ်ကျ လိမ်ညာနေတဲ့

အကြောင်းတွေကို ဂုဏ်ယူပြောနေတဲ့ သူငယ်ချင်းမျိုးကို သင်ဟာ ကြီးပွားအောင်မြင်ချင်စိတ်ရှိသူဆိုရင် ဝေးဝေးက ရှောင်ကျဉ်ပါ။

သူတို့ဆီက အတင်းအဖျင်းပြောတဲ့ အလိမ်အညာစကားတွေ ပြောတဲ့အကျင့်တွေ ကူးစက်မခံရစေဖို့ပါ။ သူတို့ဟာ သင့်ရဲ့

အောင်မြင်ရေးပန်းတိုင် ရောက်ဖို့ ဘယ်လိုမှ အကျိုးပြုမှာ မဟုတ်သလို အတားအဆီး အဟန့်အတားတွေ ဖြစ်နေကြပါတယ်။

သူတို့နဲ့ ပေါင်းသင်းလို့ သင့်မှာ အကျိုးရှိဖို့ထက် အကျိုးယုတ်ဖို့က ပိုများပါတယ်။ ဥပမာတစ်ခု ပြောရရင်သင်ဟာ စီးပွားရေးလုပ်ငန်းတစ်

ခုမှာ အခက်အခဲ ကြံုနေလို့ အဲဒီလူတွေနဲ့ တိုင်ပင်ကြည့်လိုက််တဲ့အခါ သူတို့ဆီက “သူငယ်ချင်း ဘာမှ စိတ်ပျက်ပြီး အားငယ်မနေပါနဲ့။

ဆက်ကြိုးစားလိုက်စမ်းပါ။ အောင်မြင်သူတိုင်းဟာ မအောင်မြင်ခင်မှာ ဒီလိုပါပဲ။ အခက်အခဲ ရှံုးနိမ့်မှုနဲ့ ကြံုရတတ်တာမို့ အဆန်းမဟုတ်ပါ

ဘူးကွာ” ဆိုတဲ့ စကားမျိုးကို သူတို့ဆီက ကြားရမယ်လို့ ထင်ပါသလား။ သင် ကြားရမယ့် စကားတွေက ဒါမျိုးဖြစ်ပါလိမ့်မယ်။

“သူငယ်ချင်းကို ငါ အစကတဲက ပြောခဲ့တယ်လေ။ ဒီအလုပ်ကို မလုပ်သင့်ဘူးဆိုတာ။ အခုတော့ မင်း ဒုက္ခရောက်ပြီ မဟုတ်လား။ ငါ မင်းကို အကောင်းဆုံးအကြံ ပေးမယ်ကွာ။ ဒီအလုပ်ကို ဆက်မလုပ်နဲ့တော့။ ရပ်ပစ်လိုက်ပါ။ နိုမို့ဆိုရင် မင်း စုထားတဲ့ ပိုက်ဆံတွေ

ကုန်သွားပြီး မိသားစုပါ ထမင်းငတ်လိမ့်မယ်” တဲ့။ သူ့ဆီက နေ့တိုင်း ဒီလို စကားမျိုးတွေပဲ ကြားနေရရင် သင့်အလုပ်ကို

ဆက်လုပ်ချင်စိတ် ရှိပါ့အုံးမလား။ ခုလောက်ဆိုရင် အောင်မြင်သူတွေနဲ့ အပေါင်းအသင်းလုပ်ဖို့ အရေးကြီးတယ်ဆိုတာ

နားလည်လက်ခံမယ်လို့ ထင်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းထဲမှာ အောင်မြင်သူမရှိရင်လည်း အဆက်အသွယ်ရှာပြီး

အောင်မြင်သူတွေနဲ့ အပေါင်းအသင်းဖြစ်အောင် အခွင့်အလမ်းကို ရှာကြံပါ။ အဆက်အသွယ်ရဖို့ ပိုက်ဆံပေးရမယ်ဆိုရင်တောင်

ငွေအကုန်ခံလိုက်ပါ။ သင်ရမယ့် အကျိုးက ကြီးမားလွန်းလို့ ငွေကုန်ရကျိုးနပ်ပါလိမ့်မယ်။ တကယ်လို့ သင့်မှာ အဲဒီအဆက်အသွယ်ရဖို့

အခွင့်အလမ်း လုံးဝမရှိဘူးဆိုရင်လည်း သင်လုပ်နိုင်တာ ရှိပါတယ်။ အဲဒါက အောင်မြင်ကြီးပွားသူတွေအကြောင်း ရေးထားတဲ့

စာအုပ်တွေ၊ သူတို့ရဲ့ အထုပ္ပတိစာအုပ်တွေကို ဝယ်ဖတ်ပါ။ ငှားဖတ်ပါ။ ရှာဖတ်ပါ။ အဲဒီစာအုပ်တွေဟာ အောင်မြင်သူတွေရဲ့

စိတ်ကူး၊ အတွေးအခေါ်၊ အကြံအစည်၊ အပြောအဆို၊ အကျင့်စရိုက်၊ ပြုမူဆောင်ရွက်ပုံတွေကို အသေးစိပ်

ရေးပြထားတတ်တာမို့ သေချာဖတ််ကြည့်ပါ။ ဒါဆိုရင် သူတို့နဲ့ အနီးကပ်ပေါင်းသင်းနေရသလို သူတို့ရဲ့ အောင်မြင်ရေး

အကျင့်စရိုက်တွေကို အတုယူနိုင်မှာပါ။

ဗန်းမော်သိန်းဖေ ၁၇-၀၁-၂၀၁၇

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

ten − two =