“အေမရက္စက္တာလား၊ ေလ့က်င့္ေပးတာလား”


ကၽြန္ေတာ့္ငယ္စဥ္ကေလးဘဝကို ျပန္စဥ္းစားၾကည့္လိုက္တဲ့အခါ အျဖစ္အပ်က္ အေတာ္မ်ားမ်ားကို မွုဳန္၀ါးဝါးေလးပဲ မွတ္မိပါေတာ့တယ္။

ဒါေပမဲ့ တခ်ိဳ႕အေၾကာင္းေတြက်ေတာ့ ေခါင္းထဲက ေဖ်ာက္မရဘဲ အခုထိ အမွတ္ရေနဆဲပါ။ အဲဒါေတြထဲက တစ္ခုကေတာ့ အေမဟာ

ကၽြန္ေတာ္ကို ငယ္စဥ္ကတဲက အခက္အခဲ၊ စိမ္ေခၚမွဳေတြကို မေၾကာက္တတ္ေအာင္၊ ရင္ဆိုင္ရဲေအာင္ မညွာမတာ ေလ့က်င့္ေပးခဲ့တယ္။

အဲဒီတုန္းကေတာ့ အေမဟာ ကၽြန္ေတာ့္အေပၚ ရက္စက္လြန္းတယ္၊ ကၽြန္ေတာ့္ကို မခ်စ္ဘူးလို႔ ထင္ခဲ့မိတယ္။ ဒါေပမဲ့

ၾကီးလာတဲ့အခါမွာ အခက္အခဲကို မေၾကာက္တတ္ေတာ့ဘူး၊ ကိုယ္အားကိုယ္ကိုးတတ္လာတယ္္၊ စြန္႔စားရဲလာတယ္။ ဒါေတြဟာ

ငယ္စဥ္က အေမ့ရဲ႕ ေလ့က်င့္ေပးမွဳေတြေၾကာင့္ပါလားဆိုတာကို ေနာက္မွ နားလည္လာခဲ့တယ္။
ကၽြန္ေတာ္ ၄ နွစ္သားအရြယ္ပဲ ရိွအံုမွာပါ။ အေမက ကၽြန္ေတာ့္ကို ေခၚျပီး တေနရာကို ကားေမာင္းသြားတယ္။ လမ္းမွာ

အေမက ကားကို ရုတ္တရက္ ထိုးရပ္လိုက္ျပီး ကၽြန္ေတာ့္ကို ကားေပၚက ဆင္းခိုင္းလုိက္တယ္။ ျပီးေတာ့ ကၽြန္ေတာ့္ကို

တစ္ေယာက္ထဲ အိမ္ကို ေျခလ်င္လမ္းေလွ်ာက္ျပန္ခိုင္းလိုက္တယ္။ ကၽြန္ေတာ္လည္း ငိုျပီး အိမ္ရွိရာဘက္ကို လမ္းေလွ်ာက္ျပန္

လာရတယ္။ လမ္းတစ္ဝက္ေရာက္မွ ေနာက္ဖက္ခတ္လွမ္းလွမ္းကေန ကားကို ျဖည္းျဖည္းေလး ေမာင္းရင္း လိုက္လာတဲ့ အေမက

ကၽြန္ေတာ့္ကို ကားေပၚျပန္တက္ခုိင္းျပီး အိမ္ကို ျပန္ေခၚလာတယ္။ အိမ္အျပန္လမ္းမွာ ကၽြန္ေတာ္ ငိုေနတာကို အေမက တခ်က္ေလးမွ

ျပန္မေခ်ာ့ဘူး။ ဒါေလးနဲ႔မ်ား ငိုစရာလားဆိုတဲ့ အေမရဲ႕အၾကည့္ကို အခုထိ ျမင္ေယာင္ေနမိပါတယ္။

ဇန္နဝါရီလလယ္တစ္ခုရဲ႕ အလြန္ခ်မ္းေအးလွတဲ့ မနက္ခင္း ၃ နာရီေလာက္မွာ အေမက ကၽြန္ေတာ္ကိုယ္ေပၚက ျခံဳထားတဲ့

ေစာင္ေတြကို ရုတ္တရက္ ဆြဲဖယ္လုိက္ျပီး ကၽြန္ေတာ့္ကို နူိးလိုက္တယ္။ အခု ခ်က္ျခင္း အိပ္ယာထျပီး ဘြန္ေနေမာက္ျမိဳ႕ကို

စက္ဘီးနင္းျပီး သြားလို႔ ေျပာတယ္။ ေျပာတယ္ဆိုတာထက္ အမိန္႔ေပးတယ္ဆိုတာက ပိုမွန္ပါလိမ့္မယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္

အသက္ ၁၀ နွစ္ေတာင္ မျပည့္ေသးပါဘူး။ ကၽြန္ေတာ္လည္း အေမေျပာတဲ့အတိုင္း အိပ္ယာက ခ်က္ျခင္းထျပီး စက္ဘီးကို

ဂိုေဒါင္ထဲက သြားထုတ္လိုက္တယ္။ အျပင္မွာ နွင္းေတြက်ျပီး အရမ္းကို ေအးစိမ့္ေနတယ္။ အေမက အသားညွပ္ေပါင္မုန္႔ ၂ ခ်ပ္နဲ႔

ပန္းသီးတစ္လံုးကို ပလတ္စတစ္အိတ္တစ္လံုးထဲမွာ ထည့္ျပီး စက္ဘီးလက္ကိုင္မွာ လာခ်ိတ္ေပးတယ္။ ျပီးေတာ့ စကားတစ္ခြန္း

ေျပာလိုက္တယ္။ ေရကို လမ္းမွာ ရွာေသာက္တဲ့။

ဘြန္ေနေမာက္ျမိဳ႕ဆိုတာ ကၽြန္ေတာ္တို႔ေနတဲ့ ရွမ္မလီဂရင္းျမိဳ႕နဲ႔ မိုင္ ၅၀ ကြာေဝးပါတယ္။ ကၽြန္ေတာ္လည္း အလင္းေရာင္မရွိ

ေမွာင္မဲမဲ နွင္းေတာထဲမွာ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ လမ္းမေပၚမွာ စက္ဘီးနင္းသြားရတယ္။ လမ္းမွာ ခရီးသြားသူ၊ စက္ဘီး၊

ေမာ္ေတာ္ကားတစ္စီးမွ မေတြ႔ဘူး။ အဲဒီျမိဳ႕ကို ေရာက္သြားျပီး ေဆြမ်ိဳးတစ္ေယာက္ရဲ႕ အိမ္မွာ ေရေတာင္းေသာက္ရတယ္။ အဲဒီမွာ

ခဏ အပန္းေျဖျပီး ရွမ္မလီဂရင္းကို စက္ဘီးျပန္နင္းလာခဲ့တယ္။ ညေနက်မွ အိ္မ္ကို ျပန္ေရာက္လာတယ္။ ကၽြန္ေတာ္ဟာ

အရမ္းပင္ပန္းေနေပမယ့္ အေမရိွတဲ့ မီးဖိုေခ်ာင္ထဲကို ေခါင္းေမာ့ ရင္ေကာ့ျပီး ၀င္လာလိုက္တယ္။ ခက္ခဲတဲ့ တာ၀န္ၾကီးကို

ေအာင္ျမင္စြာ ထမ္းေဆာင္နုိင္ခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္ၾကီးတစ္ေယာက္ရဲ႕ ပံုစံမ်ိဳးနဲ႔ေပါ့။ ကၽြန္ေတာ္ထင္တာက အေမဟာ ကၽြန္ေတာ့္ကို

ျမင္တာနဲ႕ အတင္းေျပးလာျပီး ဖက္မယ္။ ကၽြန္ေတာ့္ကို နမ္းရွဳတ္ရင္း ပါးစပ္ကလည္း “ေတာ္လိုက္တဲ့ ငါ့သား”လို႔ ၀မ္းသာအားရ

ခ်ီးက်ဴးစကားေတြ ေျပာမယ္ေပါ့။အေမ မီးဖိုေခ်ာင္ထဲမွာ ၾကက္သြန္နီဥေတြကို အခြံႏြာေနတာကို ကၽြန္ေတာ္ မီးဖိုေခ်ာင္အခန္းအ၀

ကေန လွမ္းျမင္ရတယ္။ အေမ ကၽြန္ေတာ့္ကို မျမင္ဘူး ထင္လို႔ မီးဖိုေခ်ာင္အဝင္ခန္းဝကေန “အဟမ္း အဟမ္း” လို႔ ေခ်ာင္းဟန္႔အသံျပဳ

လိုက္တယ္။ အေမဟာ ၾကက္သြန္ႏြာေနရာကေန ကၽြန္ေတာ့္ဘက္ကို တစ္ခ်က္ေတာင္ လွည့္မၾကည့္ဘဲ “ေကာင္းတယ္ ရစ္ကီ” လို႔႔႔ပဲ

ပါးစပ္က တိုးတိုးေျပာလိုက္တယ္။ ကၽြန္ေတာ္ ရင္ဆို႔သလို ခံစားလိုက္ရတယ္။ ျပီးေတာ့ အေမက ဆက္ေျပာတယ္။

“ေပ်ာ္စရာ ေကာင္းတယ္ မဟုတ္လား ရစ္ကီ။ အခု ခ်က္ျခင္း ဘုရားရွိခိုးေက်ာင္းက ဘုန္းၾကီးဆီကို ေျပးျပီး သြားေတြ႔လိုက္အံုး။

ေစာေစာေလးကပဲ ဘုန္းဘုန္းက ထင္းခြဲေပးဖို႔ မင္းကို လာေခၚတယ္။ မင္း မေရာက္ေသးဘူး။ ျပန္ေရာက္ေရာက္ခ်င္း လႊတ္ေပးလုိက္

မယ္လို႔ အေမေျပာထားတယ္”ေအာ္၊ ကၽြန္ေတာ္ကသာ အေမခုိင္းလိုက္တာကို ခက္ခဲတဲ့ တာ၀န္ၾကီးလို႔ ေအာက္ေမ့ေနလိုက္တာ၊

အေမကျဖင့္ အေသးအဖြဲလိုပဲ သေဘာထားပါတယ္။ အေမက ခက္ခဲတဲ့အလုပ္ကို လြယ္ကူတယ္လို႔ ျမင္လာေအာင္ ကၽြန္ေတာ့္ကို

ေလ့က်င့္ေပးေနတယ္ဆိုတာ အဲဒီတုန္းက သေဘာမေပါက္ခဲ့ဘူး။

မွတ္ခ်က္။  ရစ္ခ်တ္ဘရင္ဆန္အေၾကာင္းစာအုပ္ထဲက စာျမည္းေလးပါ။

ဗန္းေမာ္သိန္းေဖ
၂၁-၀၂-၂၀၁၇

Credit#

< Unicode Version >

ကျွန်တော့်ငယ်စဉ်ကလေးဘဝကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ အဖြစ်အပျက် အတော်များများကို မှုုန်ဝါးဝါးလေးပဲ မှတ်မိပါတော့တယ်။

ဒါပေမဲ့ တချို့အကြောင်းတွေကျတော့ ခေါင်းထဲက ဖျောက်မရဘဲ အခုထိ အမှတ်ရနေဆဲပါ။ အဲဒါတွေထဲက တစ်ခုကတော့ အမေဟာ

ကျွန်တော်ကို ငယ်စဉ်ကတဲက အခက်အခဲ၊ စိမ်ခေါ်မှုတွေကို မကြောက်တတ်အောင်၊ ရင်ဆိုင်ရဲအောင် မညှာမတာ လေ့ကျင့်ပေးခဲ့တယ်။

အဲဒီတုန်းကတော့ အမေဟာ ကျွန်တော့်အပေါ် ရက်စက်လွန်းတယ်၊ ကျွန်တော့်ကို မချစ်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့

ကြီးလာတဲ့အခါမှာ အခက်အခဲကို မကြောက်တတ်တော့ဘူး၊ ကိုယ်အားကိုယ်ကိုးတတ်လာတယ််၊ စွန့်စားရဲလာတယ်။ ဒါတွေဟာ

ငယ်စဉ်က အမေ့ရဲ့ လေ့ကျင့်ပေးမှုတွေကြောင့်ပါလားဆိုတာကို နောက်မှ နားလည်လာခဲ့တယ်။
ကျွန်တော် ၄ နှစ်သားအရွယ်ပဲ ရှိအုံမှာပါ။ အမေက ကျွန်တော့်ကို ခေါ်ပြီး တနေရာကို ကားမောင်းသွားတယ်။ လမ်းမှာ

အမေက ကားကို ရုတ်တရက် ထိုးရပ်လိုက်ပြီး ကျွန်တော့်ကို ကားပေါ်က ဆင်းခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို

တစ်ယောက်ထဲ အိမ်ကို ခြေလျင်လမ်းလျှောက်ပြန်ခိုင်းလိုက်တယ်။ ကျွန်တော်လည်း ငိုပြီး အိမ်ရှိရာဘက်ကို လမ်းလျှောက်ပြန်

လာရတယ်။ လမ်းတစ်ဝက်ရောက်မှ နောက်ဖက်ခတ်လှမ်းလှမ်းကနေ ကားကို ဖြည်းဖြည်းလေး မောင်းရင်း လိုက်လာတဲ့ အမေက

ကျွန်တော့်ကို ကားပေါ်ပြန်တက်ခိုင်းပြီး အိမ်ကို ပြန်ခေါ်လာတယ်။ အိမ်အပြန်လမ်းမှာ ကျွန်တော် ငိုနေတာကို အမေက တချက်လေးမှ

ပြန်မချော့ဘူး။ ဒါလေးနဲ့များ ငိုစရာလားဆိုတဲ့ အမေရဲ့အကြည့်ကို အခုထိ မြင်ယောင်နေမိပါတယ်။

ဇန်နဝါရီလလယ်တစ်ခုရဲ့ အလွန်ချမ်းအေးလှတဲ့ မနက်ခင်း ၃ နာရီလောက်မှာ အမေက ကျွန်တော်ကိုယ်ပေါ်က ခြုံထားတဲ့

စောင်တွေကို ရုတ်တရက် ဆွဲဖယ်လိုက်ပြီး ကျွန်တော့်ကို နိူးလိုက်တယ်။ အခု ချက်ခြင်း အိပ်ယာထပြီး ဘွန်နေမောက်မြို့ကို

စက်ဘီးနင်းပြီး သွားလို့ ပြောတယ်။ ပြောတယ်ဆိုတာထက် အမိန့်ပေးတယ်ဆိုတာက ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ကျွန်တော့်

အသက် ၁၀ နှစ်တောင် မပြည့်သေးပါဘူး။ ကျွန်တော်လည်း အမေပြောတဲ့အတိုင်း အိပ်ယာက ချက်ခြင်းထပြီး စက်ဘီးကို

ဂိုဒေါင်ထဲက သွားထုတ်လိုက်တယ်။ အပြင်မှာ နှင်းတွေကျပြီး အရမ်းကို အေးစိမ့်နေတယ်။ အမေက အသားညှပ်ပေါင်မုန့် ၂ ချပ်နဲ့

ပန်းသီးတစ်လုံးကို ပလတ်စတစ်အိတ်တစ်လုံးထဲမှာ ထည့်ပြီး စက်ဘီးလက်ကိုင်မှာ လာချိတ်ပေးတယ်။ ပြီးတော့ စကားတစ်ခွန်း

ပြောလိုက်တယ်။ ရေကို လမ်းမှာ ရှာသောက်တဲ့။

ဘွန်နေမောက်မြို့ဆိုတာ ကျွန်တော်တို့နေတဲ့ ရှမ်မလီဂရင်းမြို့နဲ့ မိုင် ၅၀ ကွာဝေးပါတယ်။ ကျွန်တော်လည်း အလင်းရောင်မရှိ

မှောင်မဲမဲ နှင်းတောထဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ လမ်းမပေါ်မှာ စက်ဘီးနင်းသွားရတယ်။ လမ်းမှာ ခရီးသွားသူ၊ စက်ဘီး၊

မော်တော်ကားတစ်စီးမှ မတွေ့ဘူး။ အဲဒီမြို့ကို ရောက်သွားပြီး ဆွေမျိုးတစ်ယောက်ရဲ့ အိမ်မှာ ရေတောင်းသောက်ရတယ်။ အဲဒီမှာ

ခဏ အပန်းဖြေပြီး ရှမ်မလီဂရင်းကို စက်ဘီးပြန်နင်းလာခဲ့တယ်။ ညနေကျမှ အိ်မ်ကို ပြန်ရောက်လာတယ်။ ကျွန်တော်ဟာ

အရမ်းပင်ပန်းနေပေမယ့် အမေရှိတဲ့ မီးဖိုချောင်ထဲကို ခေါင်းမော့ ရင်ကော့ပြီး ၀င်လာလိုက်တယ်။ ခက်ခဲတဲ့ တာဝန်ကြီးကို

အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ပေါ့။ ကျွန်တော်ထင်တာက အမေဟာ ကျွန်တော့်ကို

မြင်တာနဲ့ အတင်းပြေးလာပြီး ဖက်မယ်။ ကျွန်တော့်ကို နမ်းရှုတ်ရင်း ပါးစပ်ကလည်း “တော်လိုက်တဲ့ ငါ့သား”လို့ ၀မ်းသာအားရ

ချီးကျူးစကားတွေ ပြောမယ်ပေါ့။အမေ မီးဖိုချောင်ထဲမှာ ကြက်သွန်နီဥတွေကို အခွံနွာနေတာကို ကျွန်တော် မီးဖိုချောင်အခန်းအဝ

ကနေ လှမ်းမြင်ရတယ်။ အမေ ကျွန်တော့်ကို မမြင်ဘူး ထင်လို့ မီးဖိုချောင်အဝင်ခန်းဝကနေ “အဟမ်း အဟမ်း” လို့ ချောင်းဟန့်အသံပြု

လိုက်တယ်။ အမေဟာ ကြက်သွန်နွာနေရာကနေ ကျွန်တော့်ဘက်ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ “ကောင်းတယ် ရစ်ကီ” လို့့့ပဲ

ပါးစပ်က တိုးတိုးပြောလိုက်တယ်။ ကျွန်တော် ရင်ဆို့သလို ခံစားလိုက်ရတယ်။ ပြီးတော့ အမေက ဆက်ပြောတယ်။

“ပျော်စရာ ကောင်းတယ် မဟုတ်လား ရစ်ကီ။ အခု ချက်ခြင်း ဘုရားရှိခိုးကျောင်းက ဘုန်းကြီးဆီကို ပြေးပြီး သွားတွေ့လိုက်အုံး။

စောစောလေးကပဲ ဘုန်းဘုန်းက ထင်းခွဲပေးဖို့ မင်းကို လာခေါ်တယ်။ မင်း မရောက်သေးဘူး။ ပြန်ရောက်ရောက်ချင်း လွှတ်ပေးလိုက်

မယ်လို့ အမေပြောထားတယ်”အော်၊ ကျွန်တော်ကသာ အမေခိုင်းလိုက်တာကို ခက်ခဲတဲ့ တာဝန်ကြီးလို့ အောက်မေ့နေလိုက်တာ၊

အမေကဖြင့် အသေးအဖွဲလိုပဲ သဘောထားပါတယ်။ အမေက ခက်ခဲတဲ့အလုပ်ကို လွယ်ကူတယ်လို့ မြင်လာအောင် ကျွန်တော့်ကို

လေ့ကျင့်ပေးနေတယ်ဆိုတာ အဲဒီတုန်းက သဘောမပေါက်ခဲ့ဘူး။

မှတ်ချက်။  ရစ်ချတ်ဘရင်ဆန်အကြောင်းစာအုပ်ထဲက စာမြည်းလေးပါ။

ဗန်းမော်သိန်းဖေ
၂၁-၀၂-၂၀၁၇

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

four × 2 =