“ဆရာေတာ္ ဦးေဇာတိက တရားတစ္ခ်ိဳ႕”

(၁) ငါဟာ ငါ႔ဘ၀မွာ အေရးပါတဲ႔သူ ျဖစ္တယ္။ ငါ႔မိသားစုဘ၀မွာလည္း အေရးပါတဲ႔သူ ျဖစ္တယ္။ ငါ႔အသုိင္းအ၀ိုင္းမွာလည္း

အေရးပါတဲ႔သူ ျဖစ္တယ္။ ဘာေတြ လုပ္ေပးႏုိင္လုိ႔ အေရးပါတာလဲ။ ဘာမွ ထူးထူးျခားျခား လုပ္ေပးႏုိင္လုိ႔ မဟုတ္ပါဘူး။ သြားရင္း

လာရင္းနဲ႔ စိတ္ခ်မ္းသာစရာေလးေတြကို ငါ ေျပာႏုိင္တယ္။ တစ္ခါတေလ ကိုယ္တတ္ႏုိင္တဲ႔အကူအညီ ေပးႏုိင္တယ္။ ငါ႔ေၾကာင္႔

နည္းနည္းေလးျဖစ္ျဖစ္ စိတ္ခ်မ္းသာမႈ ရေစခ်င္တယ္။ ငါ႔ဘ၀မွာ ငါဟာ အေရးအပါဆံုးလူ မဟုတ္ရင္ ဘယ္သူက ငါ႔ဘ၀မွာ

အေရးအပါဆံုး ျဖစ္မလဲ။ ငါဟာ ဘာမွ အသံုးမက်တဲ႔သူလုိ႔ ငါ႔ကိုယ္ငါ သေဘာထားရင္ဘယ္လိုလုပ္ စိတ္ခ်မ္းသာမလဲ။ ဘယ္လုိလုပ္

စိတ္အားတက္မလဲ။

(၂) ငါ ဘယ္သူ႔ကိုမွ ဒုကၡမေပးမိေအာင္ သတိထားတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ဒုကၡေပးေနၾကရင္ ဒီေလာက္လူေတြမ်ား

တဲ႔ ေလာကၾကီးမွာ ဘယ္ေနလုိ႔ ျဖစ္ေတာ႔မလဲ။ ဒါေၾကာင္႔ စိတ္ခ်မ္းသာမႈမေပးႏုိင္ရင္ ရွိပါေစေတာ႔ စိတ္ဆင္းရဲမႈေတာ႔ မေပးမိေအာင္

သတိထားပါတယ္။

(၃) ဒီေန႔ဟာ အေရးအၾကီးဆံုးေန႔ပဲ။ ဒီေန႔ကို တန္ဖုိးထားမွ ေန႔တုိင္း တန္ဖုိးရွိတဲ႔ေန႔ ျဖစ္မယ္။ ေန႔တုိင္း တန္ဖုိးရွိတဲ႔ေန႔ျဖစ္မွ ငါ႔ဘ၀ဟာ

တန္ဖုိးရွိတဲ႔ဘ၀ျဖစ္မယ္။ ဒါေၾကာင္႔ ဒီေန႔ တန္ဖုိးရွိတာ လုပ္မယ္။ ပညာရွာမယ္။ မိတ္ေဆြေကာင္းရွာမယ္။ စိတ္ခ်မ္းသာေအာင္ ေနမယ္။

ေမြးေန႔မွာ Happy Birth Day ေပ်ာ္ရႊင္စရာေမြးေန႔လုိ႔ ေျပာၾကတယ္။ ေပ်ာ္လည္းေပ်ာ္ၾကတယ္။ ေန႔တုိင္း အဲဒီလုိ ေပ်ာ္လုိ႔ မျဖစ္ဘူးလား။

မျဖစ္ႏုိင္စရာအေၾကာင္း ဘာရွိသလဲ။ ေန႔တုိင္း ေမြးေန႔လုိ႔ သေဘာထားမယ္။

(၄) ဒီေန႔လုပ္ရမယ္႔ အလုပ္ေတြကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္မယ္။ လူေတြကို အေကာင္းဆံုးသေဘာထားနဲ႔ ဆက္ဆံမယ္။

ငါနဲ႔ေတြ႔ရတဲ႔ လူေတြဟာ ငါ႔လုိပဲ ဘ၀ကို ရုန္းကန္ျပီး ေနသြားၾကတယ္။

(၅) ကိုယ္တတ္ႏုိင္တာကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊ စိတ္ပါလက္ပါ၊ ရုိးရိုးသားသား ေစတနာနဲ႔ လုပ္မယ္။ မတတ္ႏုိင္တာကို မတတ္ႏုိင္ဘူးလုိ႔

သေဘာထားမယ္။ အဲဒီလုိ မတတ္ႏုိင္တဲ႔အတြက္ေၾကာင္႔ စိတ္ဆင္းရဲမခံဘူး။

(၆) ဒီေန႔ အကူအညီလုိတဲ႔ ငါ႔မိတ္ေဆြတစ္ေယာက္ကို အကူအညီေပးမယ္။ လူ႔ဘ၀မွာ တစ္ဦးကိုတစ္ဦး အကူအညီေပးျပီးေနသြားမွ

အားလံုး အဆင္ေျပမယ္။ ငါကလည္း ဘယ္သူ႔ကိုမွ အကူအညီမေပးဘူး။ ဘယ္သူ႔ဆီကမွလည္း အကူအညီ မယူဘူး ဆုိျပီး ေနလုိ႔မျဖစ္ဘူး။

(၇) ငါ ခင္သလို ငါ႔ကို မခင္ၾကဘူးလုိ႔ အျပစ္မတင္ဘူး။ သူတုိ႔ မခင္တာဟာ ငါ႔အတြက္ စိတ္ဆုိးစရာ မဟုတ္ဘူး။

(၉) ဒီေန႔ဟာ ငါ တကယ္ေနရတဲ႔ေန႔ပဲ။ ေပ်ာ္ရႊင္မႈ၊ စိတ္ခ်မ္းသာမႈဟာ အျပင္မွာ မရွိဘူး။ အတိတ္မွာ မရွိဘူး။ အနာဂတ္မွာ မရွိဘူး။

အခု ပစၥဳပၸာန္မွာပဲ ရွိတယ္။ ငါ႔ကိုယ္ကိုငါ ေက်နပ္ေနတယ္။ ငါ႔ဘ၀ကိုငါ ေက်နပ္ေနတယ္။ ငါ႔စိတ္ခ်မ္းသာမႈဟာ ငါ႔တာ၀န္ပဲဆိုတာ

ငါသိတယ္။ ငါစိတ္ခ်မ္းသာေနမွ ငါနဲ႔ေတြ႔ရတဲ႔သူေတြကို စိတ္ခ်မ္းသာမႈ ေပးႏုိင္မယ္။ အနည္းဆံုးေတာ႔ ငါ႔အျပံဳးဟာ လႈိက္လွဲတဲ႔အျပံဳး

ျဖစ္ေစရမယ္။

(၁၀) ငါဟာ ငါ႔ရဲ႕ အေကာင္းဆံုးမိတ္ေဆြျဖစ္ႏုိင္သလုိ အဆိုးဆံုးရန္သူလည္း ျဖစ္ႏိုင္တယ္။ သူမ်ားက ငါ႔ကို ေနရာမေရြး အခ်ိန္မေရြး

ဒုကၡမေပးႏုိင္ဘူး။ ငါ႔စိတ္ကိုငါ မထားတတ္ရင္ အခ်ိန္မေေရြး ေနရာမေရြး စိတ္ဆင္းရဲႏုိင္တယ္။ ငါ႔စိတ္ကို ငါသိလုိ႔ စိတ္ထားတတ္ရင္

လည္း ေနရာမေရြး အခ်ိန္မေရြး စိတ္ခ်မ္းသာႏုိင္တယ္။

(၁၁) ဘယ္လုိသေဘာထားရင္ စိတ္ခ်မ္းသာမယ္။ ဘယ္လုိေတြးရင္ စိတ္ခ်မ္းသာမယ္။ ဘာလုပ္ရင္ စိတ္ခ်မ္းသာမယ္။ ဘယ္သူနဲ႔ေပါင္း

ရင္ စိတ္ခ်မ္းသာမယ္ဆုိတာကို အျမဲ ေလ႔လာရမယ္။ စိတ္ခ်မ္းသာတဲ႔ သူေတြကို ေလ႔လာမယ္။ အဆင္ေျပေနတဲ႔သူေတြကို ေလ႔လာမယ္။

(၁၂) ကိုယ္႔ဘ၀ ကိုယ္႔ေနရာ ကိုယ္႔အေျခအေနကို ဘယ္သူနဲ႔မွ မလဲခ်င္ဘူး။ လဲခ်င္ေနရင္ စိတ္ဆင္းရဲေနတယ္။ ငါ႔ဘ၀ကို ငါ

ေက်နပ္တယ္။ ဘယ္သူ႔ဘ၀နဲ႔မွ မလဲႏုိင္ဘူးဆုိရင္ စိတ္ခ်မ္းသာတယ္။

(၁၃) ကိုယ္႔ကို သူမ်ား ခ်ီးမြမ္းတဲ႔အခါ ႏွစ္သက္ပါတယ္။ ဒါေပမယ္႔ အဲဒါ သိပ္အေရးၾကီးတယ္လုိ႔ သေဘာမထားဘူး။ ခ်ီးမြမ္းတာခံရဖုိ႔

မလုပ္ဘူး။ ကိုယ္ စိတ္၀င္စားတာ၊ ကိုယ္၀ါသနာပါတာ၊ ကိုယ္လုပ္ခ်င္တာကို လုပ္တယ္။ ခ်ီးမြမ္းရင္ ေက်နပ္ပါတယ္။ ဒါေပမယ္႔

ငါလုပ္တာကို ခ်ီးမြမ္းမွာလား၊ ကဲ႔ရဲ႕မွာလားလုိ႔ မေတြးဘူး။

(၁၄) ေငြ ဘယ္ေလာက္လုိခ်င္တယ္လုိ႔ မေတြးေတာ႔ဘူး။ ဒီအလုပ္လုပ္ရင္ ေငြဘယ္ေလာက္ရမလဲလုိ႔ မေတြးဘူး။ ဒီအလုပ္ကို ခ်စ္လုိ႔

လုပ္တယ္။

(၁၅) ကိုယ္႔စိတ္မွာျဖစ္တဲ႔ ခံစားမႈနဲ႔ပတ္သတ္ျပီး ဘယ္သူ႔မွာမွ တာ၀န္မရွိဘူး။ ငါ႔စိတ္ကိုငါ ခ်မ္းသာေအာင္ ထားႏုိင္တယ္။ ငါ႔စိတ္ခ်မ္း

သာမႈကို သူမ်ား ဖ်က္ဆီးလုိ႔ မရဘူး။ ငါစိတ္မခ်မ္းသာရင္ အဲဒါ ဘယ္သူ႔မွာမွ တာ၀န္မရွိဘူး။ ငါ႔စိတ္ခ်မ္းသာမႈဟာ ငါ႔တာ၀န္ပဲ။

ငါဒုကၡေရာက္တာ သူတုိ႔ေၾကာင္႔လုိ႔ ေတြးသလား။ အဲဒီလို ေတြးေနရင္ စိတ္ဆင္းရဲေနတယ္။ စိတ္ခ်မ္းသာတဲ႔သူ မျဖစ္ေသးဘူး။

ငါ႔စိတ္မွာျဖစ္တဲ႔ ခံစားမႈအတြက္ ငါ႔မွာပဲ တာ၀န္ရွိတယ္။ ဘယ္သူ႔ကိုမွ အျပစ္တင္ဖုိ႔မလုိဘူး။ အဲဒီလို သေဘာထားကို ျပတ္ျပတ္သား

သား ထားႏိုင္တဲ႔သူဟာ စိတ္ခ်မ္းသာတဲ႔သူ။ ငါ႔ကို စိတ္ဆင္းရဲေအာင္ လုပ္ၾကတယ္။ ငါ႔ကို စိတ္ဆင္းရဲေအာင္ မလုပ္ၾကနဲ႔လုိ႔

ေျပာတဲ႔သူဟာ စိတ္ဆင္းရဲေနတဲ႔သူ။

“ဆရာေတာ္ဦးေဇာတိက”

Credit#

< Unicode Version >

(၁) ငါဟာ ငါ့ဘဝမှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘဝမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအဝိုင်းမှာလည်း

အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်း

လာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့်

နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘဝမှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘဝမှာ

အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ်

စိတ်အားတက်မလဲ။

(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများ

တဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင်

သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာ

တန်ဖိုးရှိတဲ့ဘဝဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။

မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။

မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။

ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘဝကို ရုန်းကန်ပြီး နေသွားကြတယ်။

(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်ပါလက်ပါ၊ ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့

သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘဝမှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ

အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့မဖြစ်ဘူး။

(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ်မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။

အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘဝကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ

ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြံုး

ဖြစ်စေရမယ်။

(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး

ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မေရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်

လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။

(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်း

ရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

(၁၂) ကိုယ့်ဘဝ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘဝကို ငါ

ကျေနပ်တယ်။ ဘယ်သူ့ဘဝနဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။

(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့

မလုပ်ဘူး။ ကိုယ် စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့်

ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့

လုပ်တယ်။

(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်း

သာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။

ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။

ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သား

သား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့

ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

“ဆရာတော်ဦးဇောတိက”

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

2 × four =