”အချိန်ရဲ့တန်ဖိုး”




– တစ်လရဲ့တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ မွေးလာတဲ့ ကလေးရဲ့ မိခင်ကို မေးကြည့်ပါ။


Credit#
< Unicode Version >

– တစ်ဘဝရဲ့ တန်ဖိုးကို သိချင်ရင် သေခြင်းတရားကို စောင့်စားနေတဲ့ ကင်ဆာရောဂါသည်ကို မေးကြည့်ပါ။

– တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။

– တစ်လရဲ့တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ မွေးလာတဲ့ ကလေးရဲ့ မိခင်ကို မေးကြည့့်ပါ။

– တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကို မေးကြည့်ပါ။

– တစ်နေ့ရဲ့တန်ဖိုးကို သိချင်ရင် ကလေး ၆ ယောက်ခန့်ကို ကျွေးနေရတဲ့နေ့စဉ်အလုပ်သမား တစ်ဦးကိုမေးကြည့်ပါ။

– တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင် ဆုံစည်းခွင့်ကို စောင့်ဆိုင်းနေတဲ့ ချစ်သူများကို မေးကြည့်ပါ။

– တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင် ရထား မမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

– တစ်စက္ကန့်ရဲ့တန်ဖိုးကိုသိရင် ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။

– တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် အိုလံပစ်ငွေတံဆိပ် ဆုရှင်ကို မေးကြည့်ပါ။ အချိန်သည် တန်ဖိုးကြီးလှ၍ ပြန်လည်
မရနိုင်သော လူ့ဘဝ၏ အရာများထဲတွင် တစ်ခု ပါဝင်ပါသည်။ ဒါကြောင့် မိနစ်၊ စက္ကန့်၊ နာရီ တွေတိုင်းကို တန်ဖိုးရှိအောင်
အသုံးချပါလို့ တိုက်တွန်းအပ်ပါသည်။
ဆောင်းပါရှင် – ရဲသီဟမောင်
Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

one × 1 =