“ကၽြန္ေတာ့္အေဖေျပာတဲ့ လူႏွစ္မ်ဳိးႏွစ္စား”

တစ္ခါက ကေလးေလးတစ္ေယာက္ဟာ အေဖလုပ္သူကို ေမးခြန္းေလးတစ္ခု ေမးတယ္။ “ေလာကမွာ လူဘယ္ႏွစ္မ်ိဳး ရွိသလဲ” တဲ့။

အၿမဲတမ္း ႀကံႀကံဖန္ဖန္ ေမးတတ္တဲ့ ကေလးေလးကို ၾကည့္ရင္း အေဖ လုပ္သူက ၿပံဳးျပတယ္။ ေမးခြန္းေတြဟာ ကေလးေလးရဲ႕

ဉာဏ္ရည္ ဉာဏ္ေသြးနဲ႔ လက္ရွိ စိတ္အေျခအေနကို ထင္ဟပ္ေစတယ္ဆုိတာ နားလည္တဲ့ အေဖလုပ္သူက ရွင္းျပဖုိ႔ ကေလးေလးကို

ေခၚလိုက္တယ္။ အေဖလုပ္သူဟာ ကေလးေလးနားလည္လြယ္တဲ့ စကားလံုး အေျဖေတြ စုပံုထားတဲ့ အဘိဓာန္စာအုပ္ႀကီးလို႔

ကေလးေလးကလည္း ယံုၾကည္တယ္ေလ။ထံုးစံအတိုင္း အေဖလုပ္သူက ကေလးေလးကို သူ႔ရဲ႕ ဧည့္ခန္းထဲကို ေခၚလာခဲ့တယ္။

ၿပီးေတာ့ တစ္ေနရာကို လက္ညွိဳးထုိးၿပီး ဘာျမင္ရသလဲတဲ့။ ျမင္ရတဲ့ ပံုရိပ္က ကေလးေလးကိုယ္တုိင္ ျဖစ္ေနတယ္။ ဒါဟာ

မွန္တစ္ခ်ပ္ေပါ့။ မွန္ထဲက ကေလးေလးပံုရိပ္ကို ကေလးေလးဟာ ျပန္ျမင္ေနရတယ္။ သူ႔ကိုယ္သူ ျပန္ျမင္ရတယ္လို႔

အေျဖျပန္ေပးလိုက္တယ္။ ကေလးေလးရဲ႕ အေျဖကို သေဘာက်သြားတဲ့ အေဖလုပ္သူက ေနာက္ထပ္ တစ္ေနရာကို

လက္ညိဳးညႊန္ျပျပန္တယ္။ ဒီတစ္ခါေကာ ဘာထပ္ေတြ႔ရသ လဲတဲ့။ ဖခင္အေပၚ ယံုၾကည္မႈအျပည့္ရွိတဲ့ ကေလးေလးဟာ

ဒီတစ္ခါလည္း ေမးခြန္းေတြ မေမးေတာ့ဘဲ သူ ညြႊန္ျပရာကို ၾကည့္လိုက္တယ္။ ဒါ ပန္းခ်ီကားတစ္ခ်ပ္…ပန္းခ်ီကားထဲက

လူႀကီးက သူ႔ကို ၿပံဳးၿပီး ၾကည့္ေနတယ္။ ဒါနဲ႔ အေဖက ကေလးေလးကို ရွင္းျပတယ္။ “သား… ေလာကမွာ လူႏွစ္မ်ိဳးပဲ ရွိတယ္။

မွန္လိုလူနဲ႔ ပန္းခ်ီကားလိုလူ၊ တစ္ခ်ိဳ႕က အျပန္ကလူ ၿပံဳးျပရင္ ျပန္ၿပံဳးျပမယ္၊ မဲ့ျပရင္ ျပန္မဲ့ျပမယ္၊ ေဒါသထြက္ရင္

ျပန္ထြက္ျပမယ္ဆုိတဲ့ မွန္လိုလူေတြ၊ သူတုိ႔ လက္ကိုင္ထားတဲ့ ေဆာင္ပုဒ္က သင္ေကာင္းလွ်င္ ကၽြႏု္ပ္ မဆိုးပါတဲ့။ သူတို႔စိတ္ဟာ

ပံုမွန္မရွိဘူး။ တစ္နည္းေျပာရရင္ သူတုိ႔ရဲ႕ စိတ္ခံစားမႈဟာ အျပင္က လူရဲ႕အေပၚမွာ မ်ားစြာ မူတည္ေနတယ္။ အျပင္ကလူ

ျပဳလုပ္တဲ့အတိုင္းသာ သူတုိ႔ ျပဳမူၾကတယ္။ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔ တိက်ျပတ္သားတဲ့ စိတ္ဓာတ္မရွိၾကတဲ့သူေတြေပါ့။

ေနာက္တစ္မ်ိဳးကေတာ့ ပန္းခ်ီကားလုိလူ၊ ပန္းခ်ီကားထဲကလူဟာ အျပင္ကလူ ဘာပဲလုပ္ျပျပ၊ သူ႔နဂိုရ္ပံုစံအတုိင္းပဲ။ သူ႔မွာ

တိက်ေသခ်ာတဲ့ ပံုသ႑ာန္ရွိတယ္။ အျပင္ကလူ ၿပံဳးျပလည္း သူ ျပန္မၿပံဳးျပဘူး။ အျပင္ကလူ ေဒါသထြက္ေနလည္း သူ

ျပန္မထြက္ျပဘူး။ ဒီ ပန္းခ်ီကားလိုလူမ်ိဳးဟာ သူတုိ႔စိတ္နဲ႔ သူတုိ႔ အသက္ရွင္ၾကတယ္။ သူတုိ႔မွာ ဘ၀အတြက္ တိက်တဲ့

စည္းကမ္းခ်က္ေတြ ရွိသလို၊ အဲဒီစည္းကမ္းေတြနဲ႔အတူ လုိက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္ႏိုင္တယ္။ တစ္နည္းေျပာရရင္

အျပင္ကလူေၾကာင့္ သူတုိ႔ဟာ ေျပာင္းလဲမသြားၾကဘူး” “ေျပာရရင္ေတာ့… လူႏွစ္မ်ိဳးပဲ ရွိတယ္။ ကိုယ့္စိတ္နဲ႔ အသက္ရွင္တဲ့လူနဲ႔

သူမ်ားစိတ္နဲ႔ အသက္ရွင္တဲ့လူ” တဲ့။

Credit#

< Unicode Version >

တစ်ခါက ကလေးလေးတစ်ယောက်ဟာ အဖေလုပ်သူကို မေးခွန်းလေးတစ်ခု မေးတယ်။ “လောကမှာ လူဘယ်နှစ်မျိုး ရှိသလဲ” တဲ့။

အမြဲတမ်း ကြံကြံဖန်ဖန် မေးတတ်တဲ့ ကလေးလေးကို ကြည့်ရင်း အဖေ လုပ်သူက ပြုံးပြတယ်။ မေးခွန်းတွေဟာ ကလေးလေးရဲ့

ဉာဏ်ရည် ဉာဏ်သွေးနဲ့ လက်ရှိ စိတ်အခြေအနေကို ထင်ဟပ်စေတယ်ဆိုတာ နားလည်တဲ့ အဖေလုပ်သူက ရှင်းပြဖို့ ကလေးလေးကို

ခေါ်လိုက်တယ်။ အဖေလုပ်သူဟာ ကလေးလေးနားလည်လွယ်တဲ့ စကားလုံး အဖြေတွေ စုပုံထားတဲ့ အဘိဓာန်စာအုပ်ကြီးလို့

ကလေးလေးကလည်း ယုံကြည်တယ်လေ။ထုံးစံအတိုင်း အဖေလုပ်သူက ကလေးလေးကို သူ့ရဲ့ ဧည့်ခန်းထဲကို ခေါ်လာခဲ့တယ်။

ပြီးတော့ တစ်နေရာကို လက်ညှိုးထိုးပြီး ဘာမြင်ရသလဲတဲ့။ မြင်ရတဲ့ ပုံရိပ်က ကလေးလေးကိုယ်တိုင် ဖြစ်နေတယ်။ ဒါဟာ

မှန်တစ်ချပ်ပေါ့။ မှန်ထဲက ကလေးလေးပုံရိပ်ကို ကလေးလေးဟာ ပြန်မြင်နေရတယ်။ သူ့ကိုယ်သူ ပြန်မြင်ရတယ်လို့

အဖြေပြန်ပေးလိုက်တယ်။ ကလေးလေးရဲ့ အဖြေကို သဘောကျသွားတဲ့ အဖေလုပ်သူက နောက်ထပ် တစ်နေရာကို

လက်ညိုးညွှန်ပြပြန်တယ်။ ဒီတစ်ခါကော ဘာထပ်တွေ့ရသ လဲတဲ့။ ဖခင်အပေါ် ယုံကြည်မှုအပြည့်ရှိတဲ့ ကလေးလေးဟာ

ဒီတစ်ခါလည်း မေးခွန်းတွေ မမေးတော့ဘဲ သူ ညွွှန်ပြရာကို ကြည့်လိုက်တယ်။ ဒါ ပန်းချီကားတစ်ချပ်…ပန်းချီကားထဲက

လူကြီးက သူ့ကို ပြံုးပြီး ကြည့်နေတယ်။ ဒါနဲ့ အဖေက ကလေးလေးကို ရှင်းပြတယ်။ “သား… လောကမှာ လူနှစ်မျိုးပဲ ရှိတယ်။

မှန်လိုလူနဲ့ ပန်းချီကားလိုလူ၊ တစ်ချို့က အပြန်ကလူ ပြံုးပြရင် ပြန်ပြံုးပြမယ်၊ မဲ့ပြရင် ပြန်မဲ့ပြမယ်၊ ဒေါသထွက်ရင်

ပြန်ထွက်ပြမယ်ဆိုတဲ့ မှန်လိုလူတွေ၊ သူတို့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က သင်ကောင်းလျှင် ကျွနု်ပ် မဆိုးပါတဲ့။ သူတို့စိတ်ဟာ

ပုံမှန်မရှိဘူး။ တစ်နည်းပြောရရင် သူတို့ရဲ့ စိတ်ခံစားမှုဟာ အပြင်က လူရဲ့အပေါ်မှာ များစွာ မူတည်နေတယ်။ အပြင်ကလူ

ပြုလုပ်တဲ့အတိုင်းသာ သူတို့ ပြုမူကြတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တိကျပြတ်သားတဲ့ စိတ်ဓာတ်မရှိကြတဲ့သူတွေပေါ့။

နောက်တစ်မျိုးကတော့ ပန်းချီကားလိုလူ၊ ပန်းချီကားထဲကလူဟာ အပြင်ကလူ ဘာပဲလုပ်ပြပြ၊ သူ့နဂိုရ်ပုံစံအတိုင်းပဲ။ သူ့မှာ

တိကျသေချာတဲ့ ပုံသဏ္ဍာန်ရှိတယ်။ အပြင်ကလူ ပြံုးပြလည်း သူ ပြန်မပြံုးပြဘူး။ အပြင်ကလူ ဒေါသထွက်နေလည်း သူ

ပြန်မထွက်ပြဘူး။ ဒီ ပန်းချီကားလိုလူမျိုးဟာ သူတို့စိတ်နဲ့ သူတို့ အသက်ရှင်ကြတယ်။ သူတို့မှာ ဘဝအတွက် တိကျတဲ့

စည်းကမ်းချက်တွေ ရှိသလို၊ အဲဒီစည်းကမ်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်တယ်။ တစ်နည်းပြောရရင်

အပြင်ကလူကြောင့် သူတို့ဟာ ပြောင်းလဲမသွားကြဘူး” “ပြောရရင်တော့… လူနှစ်မျိုးပဲ ရှိတယ်။ ကိုယ့်စိတ်နဲ့ အသက်ရှင်တဲ့လူနဲ့

သူများစိတ်နဲ့ အသက်ရှင်တဲ့လူ” တဲ့။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

2 − one =