“ဂဏန္းလိုလူ”

ပင္လယ္ကမ္းေျခမွာ အဖံုးမပါတဲ့ ပလိုင္းနဲ႔ ဂဏန္းေကာက္ေနသူကို ကေလး တစ္ေယာက္က သြားေမးတယ္။ ဘာလို႔

ပလိုင္းကိုကို ဖံုးမထားတာလဲတဲ့။ ဂဏန္းေတြ ထြက္ကုန္မွာေပါ့တဲ့။ ဒါနဲ႔ အဖိုးအိုက ျပံဳးရယ္စြာနဲ႔ပဲ ျပန္ေျဖ ပါတယ္။

“တစ္ေကာင္တည္းဆုိရင္ေတာ့ ထြက္ေကာင္းထြက္လိမ့္မယ္။ ခုေတာ့ သူတို႔ေတြ ကုိယ္ခ်င္းကိုယ္ခ်င္း ေအာက္ကို

ဆြဲခ်ေနတာ ဘယ္သူမွ ထြက္ႏိုင္မွာ မဟုတ္ပါဘူး”

Crab mentality လို႔ ေခၚတဲ့ စိတ္ထားမ်ိဳး ျဖစ္ပါတယ္။ ဂဏန္းေတြရဲ႕ အေလ့အထ တစ္ခုက တစ္ေကာင္ေကာင္

အေပၚတက္ဖို႔ ၾကိဳးစားရင္ ေအာက္မွာ က်န္ခဲ့တဲ့ အေကာင္ေတြက ဆြဲခ်ပါတယ္။ ဘယ္သူပဲ ျဖစ္ျဖစ္ တက္ျပီ ဆုိရင္

ဆြဲခ်ေလ့ ရွိျပီး ဘယ္သူမွ ဖြင့္ထားတဲ့ အဖံုးကေန ထြက္ႏိုင္စြမ္း မရွိပါဘူး။

လူအခ်ိဳ႕မွာလဲ ဂဏန္းလို စိတ္ထား ရွိပါတယ္။ မိမိကိုယ္ကို ေအာင္ျမင္ေအာင္ မၾကိဳးစားႏိုင္သလို၊ သူတစ္ပါး

ေအာင္ျမင္တာကိုလည္း မလိုလား ပါဘူး။ မိမိစိတ္ဆင္းရဲေနတဲ့အခ်ိန္ သူမ်ား စိတ္ခ်မ္းသာတာကိုလည္း မျမင္ခ်င္ၾက ပါဘူး။

မနာလို၊ အူတုိတဲ့ စိတ္ေၾကာင့္ မိမိကိုယ္ကို္လည္း ျငင္းပန္းႏွိပ္စက္ရာ ေရာက္သလုိိ၊ သူတစ္ပါးကိုလည္း ဒုကၡေရာက္ေစပါတယ္။

ဒါေၾကာင့္မို႔ ေမတၱာ၊ ဂရုဏာ၊ မုဒိတာ ပြားလို႔ ဂဏန္းလိုလူ မျဖစ္ဖို႔အတြက္ အထူး သတိျပဳ က်င့္ၾကံ ေနထိုင္ရမွာ ျဖစ္ပါတယ္။

Credit#

< Unicode Version >

ပင်လယ်ကမ်းခြေမှာ အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေသူကို ကလေး တစ်ယောက်က သွားမေးတယ်။ ဘာလို့

ပလိုင်းကိုကို ဖုံးမထားတာလဲတဲ့။ ဂဏန်းတွေ ထွက်ကုန်မှာပေါ့တဲ့။ ဒါနဲ့ အဖိုးအိုက ပြုံးရယ်စွာနဲ့ပဲ ပြန်ဖြေ ပါတယ်။

“တစ်ကောင်တည်းဆိုရင်တော့ ထွက်ကောင်းထွက်လိမ့်မယ်။ ခုတော့ သူတို့တွေ ကိုယ်ချင်းကိုယ်ချင်း အောက်ကို

ဆွဲချနေတာ ဘယ်သူမှ ထွက်နိုင်မှာ မဟုတ်ပါဘူး”

Crab mentality လို့ ခေါ်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ဂဏန်းတွေရဲ့ အလေ့အထ တစ်ခုက တစ်ကောင်ကောင်

အပေါ်တက်ဖို့ ကြိုးစားရင် အောက်မှာ ကျန်ခဲ့တဲ့ အကောင်တွေက ဆွဲချပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တက်ပြီ ဆိုရင်

ဆွဲချလေ့ ရှိပြီး ဘယ်သူမှ ဖွင့်ထားတဲ့ အဖုံးကနေ ထွက်နိုင်စွမ်း မရှိပါဘူး။

လူအချို့မှာလဲ ဂဏန်းလို စိတ်ထား ရှိပါတယ်။ မိမိကိုယ်ကို အောင်မြင်အောင် မကြိုးစားနိုင်သလို၊ သူတစ်ပါး

အောင်မြင်တာကိုလည်း မလိုလား ပါဘူး။ မိမိစိတ်ဆင်းရဲနေတဲ့အချိန် သူများ စိတ်ချမ်းသာတာကိုလည်း မမြင်ချင်ကြ ပါဘူး။

မနာလို၊ အူတိုတဲ့ စိတ်ကြောင့် မိမိကိုယ်ကို်လည်း ငြင်းပန်းနှိပ်စက်ရာ ရောက်သလိုိ၊ သူတစ်ပါးကိုလည်း ဒုက္ခရောက်စေပါတယ်။

ဒါကြောင့်မို့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပွားလို့ ဂဏန်းလိုလူ မဖြစ်ဖို့အတွက် အထူး သတိပြု ကျင့်ကြံ နေထိုင်ရမှာ ဖြစ်ပါတယ်။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

15 − 14 =