“ေမ်ာက္ဥပုသ္ “

တစ္ခါက ေမ်ာက္အုပ္တစ္အုပ္ရဲ႕ ေခါင္းေဆာင္ ေမ်ာက္ဟာ သူ႕ငယ္သားေမ်ာက္ေတြကို စုေ၀းေစၿပီး တရားဓမၼ ေဟာျပပါသတဲ့။

သူက “””ငါ မေန႕က လူေတြေနတဲ့ ရြာက ဘုန္းႀကီးေက်ာင္းေဘးက မန္က်ည္းပင္ေပၚေရာက္ခဲ့တယ္။ ငါမန္က်ည္းသီးစားေနတုန္း

ဘုန္းႀကီးေက်ာင္းထဲက ဘုန္းႀကီးရဲ႕တရားဟာ ငါ့ကို သတိသံေ၀ဂ ေပးခဲ့တယ္။ အဲဒီတရားကို မင္းတို႕ကိုလည္းငါျပန္ေဟာျပမယ္”

လို႕ေျပာရင္း ဘုန္းႀကီးရဲ႕ဟန္ပန္အတိုင္း ေခ်ာင္းဟန္႕ တင္ပ်ဥ္ေခြထိုင္ၿပီး သူၾကားခဲ့ရတဲ့တရားကို ျပန္လည္ေဟာျပခဲ့ပါသတဲ့..။

အဲဒီလို ေမ်ာက္ေခါင္းေဆာင္ရဲ႕ တရားကို နာၿပီးတဲ့ေနာက္မွာ ေမ်ာက္ေတြဟာလည္း လူေတြျပဳမူပံု ျပဳမူနည္းအတိုင္း ဥပုသ္သီလ

ေဆာက္တည္ၾကဖို႕ သေဘာတူၾကပါသတဲ့။ အဲဒီအခါ ေမ်ာက္ေခါင္းေဆာင္က ဒီလိုေျပာတယ္

“ငါတို႕ ဥပုသ္ေစာင့္တာကေတာ့ ဟုတ္ပါၿပီ ဒါေပမယ့္ ဥပုသ္ထြက္တဲ့အခါ ဗိုက္ဆာၿပီး အားနည္းေနၾကမွာပဲ အဲဒီေတာ့

ဥပုသ္ထြက္တဲ့အခါ စားဖို႕အတြက္ အစားအစာကို ႀကိဳတင္ရွာထားၾကရင္ ေကာင္းမယ္”

အဲဒီအခါ ေမ်ာက္ေတြဟာ ငယ္ရြယ္ သန္မာတဲ့ေမ်ာက္ေတြကို ေစလႊတ္ၿပီး အစားအစာ ရွာေဖြေစတယ္။ အစာရွာေဖြတဲ့ေမ်ာက္ေတြ

ျပန္ေရာက္လာတဲ့အခါမွာေတာ့ မွည့္၀င္းေမႊးႀကိဳင္ေနတဲ့ ငွက္ေပ်ာခိုင္ေတြ ပါလာၾကတယ္။ ေမ်ာက္ေတြက ငွက္ေပ်ာသီးကိုၾကည့္

လိုက္တာနဲ႕ အရသာရွိၿပီး စားလို႕ေကာင္းမယ္ဆိုတာကို သိေနၾကတယ္။ ဥပုသ္ ေစာင့္ဖို႕ထက္ ဥပုသ္ထြက္တဲ့အခါ ငွက္ေပ်ာသီး

စားဖို႕ကို ပိုၿပီး စိတ္ထက္သန္လာၾကျပန္တယ္။အဲဒီလို ငွက္ေပ်ာသီးေတြကို ျမင္တဲ့အခါ ေမ်ာက္အုပ္ထဲက

ေမ်ာက္အိုႀကီးတစ္ေကာင္က “ငါတို႕ငွက္ေပ်ာသီးေတြကို ဒီေနရာမွာထားမယ့္အစား ကိုိယ့္ေ၀စုအလိုက္ ႀကိဳတင္ေ၀ငွထားရင္

မေကာင္းဘူးလား။ ဒါမွ ဥပုသ္ထြက္တဲ့အခါ အလုပ္႐ႈပ္သက္သာတာေပါ့” လို႕ေျပာျပန္တယ္။ ေမ်ာက္ေတြလည္း ေမ်ာက္အိုႀကီး

စကားကို သေဘာတူၾကၿပီး မိမိတို႕ရမယ့္ေ၀စုကို အသီးသီးခြဲေ၀ ယူထားၾကျပန္တယ္။ အဲဒီလိုခြဲေ၀ယူၿပီးတဲ့အခါမွာလည္း

အစားမက္တဲ့ ေမ်ာက္တစ္ေကာင္က ဒီလိုေျပာျပန္တယ္”ဒီလို ေ၀စု ခြဲၿပီးေနမွေတာ့ မထူးေတာ့ပါဘူး.. တစ္ခါတည္း

အခြံပါႏႊာထားလိုက္ၾကရေအာင္။ ဥပုသ္ ထြက္တာနဲ႕ အသင့္ေကာက္စားလိုက္႐ံုပဲ”

အဲဒီအခါ ေမ်ာက္ေတြလည္း သေဘာတူၾကၿပီး မိမိတို႕ရရွိတဲ့ ေ၀စုငွက္ေပ်ာသီးေတြကို အခြံႏြာလိုက္ၾကျပန္တယ္။ အဲဒီလို

ႏႊာၿပီးတဲ့အခါ ေမ်ာက္ငယ္ေလးတစ္ေကာင္က

“က်ေနာ္ငွက္ေပ်ာသီးကို အခြံႏႊာၿပီး ဘယ္နားထားရမွန္းမသိျဖစ္ေနတယ္။ က်ေနာ့္ပါးစပ္ထဲ ထည့္ၿပီး သိမ္းထားလို႕ရမလားမသိဘူး။

က်ေနာ္ မ်ိဳမခ်ဘူးလို႕ ကတိေပးပါတယ္” လို႕ေျပာျပန္တယ္။ အဲဒီအခါ ေမ်ာက္ေခါင္းေဆာင္က

“မထူးေတာ့ပါဘူးကြာ.. အားလံုးပါးစပ္ထဲမွာ ငွက္ေပ်ာသီးေတြ ထည့္ထားၾက၊ ၿမိဳေတာ့ မခ်ၾကနဲ႕” လို႕ အမိန္႕ေပးလိုက္တယ္။

အဲဒီလိုနဲ႕ ေမ်ာက္ေတြဟာ ငွက္ေပ်ာသီးေတြကို ပါးစပ္ထဲမွာ ငံုၿပီး ဥပုသ္ေစာင့္ၾကတယ္။ ဒါေပမယ့္ မၾကာခင္ကာလမွာပဲ

ေမ်ာက္ေတြအားလံုးရဲ႕ ပါးစပ္ထဲက ငွက္ေပ်ာသီးေတြ ဟာ အသီးသီး ေပ်ာက္ကြယ္သြားၾကေတာ့တယ္။ ေမ်ာက္ေတြရဲ႕

ဥပုသ္ႀကီးလည္း တိတ္တဆိတ္ပဲ ၿပီးဆံုးခဲ့တယ္။တကယ္ေတာ့ ဒီပံုျပင္ေလးေတြဟာ က်ေနာ္တို႕ရဲ႕ ဆံုးျဖတ္ခ်က္ မခိုင္မာျခင္း၊

စိတ္ရဲ႕ မေစာင့္စည္းျခင္း ကို ေထာက္ျပေနတဲ့ပံုျပင္ေလးပဲျဖစ္တယ္။ က်ေနာ္တို႕ေတြဟာ တစ္စံုတစ္ခုကို သင္ခန္းစာရလို႕ပဲျဖစ္ျဖစ္၊

ေတြးေတာမိလို႕ပဲျဖစ္ျဖစ္ ေမ်ာက္ေတြရဲ႕ ဥပုသ္ေစာင့္လိုစိတ္နဲ႕တူတဲ့ “မွန္ကန္တဲ့ဆံုးျဖတ္ခ်က္” ေတြကို ခ်ေလ့ရွိၾကတယ္။

ဥပမာအားျဖင့္- ဒီလ ငါ “လက္ဘက္ရည္ဆိုင္ထိုင္တဲ့အခ်ိန္ေတြေလ်ာ့မယ္”၊ “ကိုရီးရားကားၾကည့္တာ အခ်ိန္ကုန္တယ္

မၾကည့္ေတာ့ဘူး”၊ “အျပင္စာေတြမစားေတာ့ဘူး အသံုးစရိတ္ေခၽြတာမယ္” “ဒီအလုပ္မၿပီးမခ်င္း Facebook ကို

ေယာင္လို႕ေတာင္လွည့္မၾကည့္ဘူး” စတဲ့ ေကာင္းမြန္မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြကို ခ်ေလ့ရွိၾကတယ္။

အဲဒီလို ဥပုသ္ေစာင့္ျခင္းနဲ႕တူတဲ့ ေစာင့္စည္းျခင္းဆံုးျဖတ္ခ်က္ေတြကို ခ်ေလ့ရွိၾကေပမယ့္ မခိုင္မာတဲ့စိတ္ဓါတ္ေၾကာင့္

“တစ္ခါတစ္ေလ ဆိုင္ထိုင္တာေတာ့ ကိစၥ မရွိပါဘူးေလ” “ဒီဇာတ္ကားေလးက မဆိုးေလာက္ဘူး တစ္ပိုဒ္တစ္ေလေလာက္ၾကည့္ရင္

ဘာမွမျဖစ္ပါဘူး” “အင္း.. ဒီတစ္ႀကိမ္ေတာ့ အျပင္စာေလး စားလိုက္ဦးမွ ေနာက္တစ္ႀကိမ္မွဆင္ျခင္ေတာ့မယ္”

“ခဏေလး Facebook ေပၚတက္လိုက္ဦးမွ ငါးမိနစ္ေလာက္နဲ႕ ဘာမွျဖစ္မသြားပါဘူး” စတဲ့ Excuse ေတြေပးရင္း ေမ်ာက္ဥပုသ္ကို

ေစာင့္ေလ့ရွိၾကသူမ်ားပဲျဖစ္တယ္။ ငယ္စဥ္ကာလတုန္းက လို စာသင္ ႏွစ္စမွာ တက္ၾကြေနတဲ့စိတ္ဟာ ႏွစ္လည္နဲ႕ ႏွစ္ဆံုးမွာ

တစ္ျဖည္းျဖည္း ေမ်ာက္ဥပုသ္ ျဖစ္လာၾကျပန္တယ္။ ေဆးလိပ္ျဖတ္ဖို႕ ဆံုးျဖတ္ၿပီးခါမွာ ျပန္ေသာက္မိတဲ့စိတ္မ်ိဳးဟာလည္း

ေမ်ာက္ဥပုသ္စိတ္မ်ိဳးပဲျဖစ္တယ္။တကယ္ေတာ့ ရည္ရြယ္ခ်က္ တစ္ခုကို ေအာင္ျမင္ေအာင္ ႀကိဳးစားတဲ့သူဟာ ေမ်ာက္ဥပုသ္နဲ႕

တူတဲ့ ေပ်ာ့ညံ့တဲ့၊ မခိုင္မာတဲ့စိတ္ကို ရဲ၀ံ့ျပတ္သားေသာစိတ္နဲ႕ ဖယ္ခြာသင့္တယ္။ တစ္ခုခုဆံုးျဖတ္ၿပီးရင္

ဆင္ေျခဆင္လက္မေပးေတာ့ပဲ ရည္ရြယ္ခ်က္ေအာင္ျမင္ျပည့္ေျမာက္သည္အထိ တစ္စိုက္မတ္မတ္ ျပဳလုပ္သင့္လွတယ္။

ေအာင္ျမင္ေသာသူေတြနဲ႕ သာမာန္လူေတြၾကားရဲ႕ အဓိက ကြာဟခ်က္ဟာလည္း အဲဒီဆင္ေျခေပးတတ္တဲ့ ေမ်ာက္ဥပုသ္

စိတ္မ်ိဳးလို႕ဆိုတယ္။”I don’t stop when I am tired, I stop when I am done.” ငါေမာေနပါေစ၊ ရည္ရြယ္ခ်က္မျပည့္မခ်င္း

ငါမရပ္ဘူး ဆိုတဲ့စကားလို ရည္ရြယ္ခ်က္မျပည့္မခ်င္း ခိုင္က်ည္ေသာစိတ္နဲ႕ ေစာင့္စည္းဖို႕၊ ႀကိဳးစားဖို႕ လိုမွာပဲျဖစ္တယ္။

မွန္ကန္ေသာ ဥပုသ္မ်ား ေစာင့္ႏိုင္ၾကပါေစ။

တင္​နိုင္​စိုး@မရမ္​းကုန္​း မွ်​ေဝသည္​။

#crdအရွင္စႏၵာဝရ(ေတာင္တြင္း)

< Unicode Version >

တစ်ခါက မျောက်အုပ်တစ်အုပ်ရဲ့ ခေါင်းဆောင် မျောက်ဟာ သူ့ငယ်သားမျောက်တွေကို စုဝေးစေပြီး တရားဓမ္မ ဟောပြပါသတဲ့။

သူက “””ငါ မနေ့က လူတွေနေတဲ့ ရွာက ဘုန်းကြီးကျောင်းဘေးက မန်ကျည်းပင်ပေါ်ရောက်ခဲ့တယ်။ ငါမန်ကျည်းသီးစားနေတုန်း

ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးရဲ့တရားဟာ ငါ့ကို သတိသံဝေဂ ပေးခဲ့တယ်။ အဲဒီတရားကို မင်းတို့ကိုလည်းငါပြန်ဟောပြမယ်”

လို့ပြောရင်း ဘုန်းကြီးရဲ့ဟန်ပန်အတိုင်း ချောင်းဟန့် တင်ပျဉ်ခွေထိုင်ပြီး သူကြားခဲ့ရတဲ့တရားကို ပြန်လည်ဟောပြခဲ့ပါသတဲ့..။

အဲဒီလို မျောက်ခေါင်းဆောင်ရဲ့ တရားကို နာပြီးတဲ့နောက်မှာ မျောက်တွေဟာလည်း လူတွေပြုမူပုံ ပြုမူနည်းအတိုင်း ဥပုသ်သီလ

ဆောက်တည်ကြဖို့ သဘောတူကြပါသတဲ့။ အဲဒီအခါ မျောက်ခေါင်းဆောင်က ဒီလိုပြောတယ်

“ငါတို့ ဥပုသ်စောင့်တာကတော့ ဟုတ်ပါပြီ ဒါပေမယ့် ဥပုသ်ထွက်တဲ့အခါ ဗိုက်ဆာပြီး အားနည်းနေကြမှာပဲ အဲဒီတော့

ဥပုသ်ထွက်တဲ့အခါ စားဖို့အတွက် အစားအစာကို ကြိုတင်ရှာထားကြရင် ကောင်းမယ်”

အဲဒီအခါ မျောက်တွေဟာ ငယ်ရွယ် သန်မာတဲ့မျောက်တွေကို စေလွှတ်ပြီး အစားအစာ ရှာဖွေစေတယ်။ အစာရှာဖွေတဲ့မျောက်တွေ

ပြန်ရောက်လာတဲ့အခါမှာတော့ မှည့်ဝင်းမွှေးကြိုင်နေတဲ့ ငှက်ပျောခိုင်တွေ ပါလာကြတယ်။ မျောက်တွေက ငှက်ပျောသီးကိုကြည့်

လိုက်တာနဲ့ အရသာရှိပြီး စားလို့ကောင်းမယ်ဆိုတာကို သိနေကြတယ်။ ဥပုသ် စောင့်ဖို့ထက် ဥပုသ်ထွက်တဲ့အခါ ငှက်ပျောသီး

စားဖို့ကို ပိုပြီး စိတ်ထက်သန်လာကြပြန်တယ်။အဲဒီလို ငှက်ပျောသီးတွေကို မြင်တဲ့အခါ မျောက်အုပ်ထဲက

မျောက်အိုကြီးတစ်ကောင်က “ငါတို့ငှက်ပျောသီးတွေကို ဒီနေရာမှာထားမယ့်အစား ကိိုယ့်ဝေစုအလိုက် ကြိုတင်ဝေငှထားရင်

မကောင်းဘူးလား။ ဒါမှ ဥပုသ်ထွက်တဲ့အခါ အလုပ်ရှုပ်သက်သာတာပေါ့” လို့ပြောပြန်တယ်။ မျောက်တွေလည်း မျောက်အိုကြီး

စကားကို သဘောတူကြပြီး မိမိတို့ရမယ့်ဝေစုကို အသီးသီးခွဲဝေ ယူထားကြပြန်တယ်။ အဲဒီလိုခွဲဝေယူပြီးတဲ့အခါမှာလည်း

အစားမက်တဲ့ မျောက်တစ်ကောင်က ဒီလိုပြောပြန်တယ်”ဒီလို ဝေစု ခွဲပြီးနေမှတော့ မထူးတော့ပါဘူး.. တစ်ခါတည်း

အခွံပါနွှာထားလိုက်ကြရအောင်။ ဥပုသ် ထွက်တာနဲ့ အသင့်ကောက်စားလိုက်ရုံပဲ”

အဲဒီအခါ မျောက်တွေလည်း သဘောတူကြပြီး မိမိတို့ရရှိတဲ့ ဝေစုငှက်ပျောသီးတွေကို အခွံနွာလိုက်ကြပြန်တယ်။ အဲဒီလို

နွှာပြီးတဲ့အခါ မျောက်ငယ်လေးတစ်ကောင်က

“ကျနော်ငှက်ပျောသီးကို အခွံနွှာပြီး ဘယ်နားထားရမှန်းမသိဖြစ်နေတယ်။ ကျနော့်ပါးစပ်ထဲ ထည့်ပြီး သိမ်းထားလို့ရမလားမသိဘူး။

ကျနော် မျိုမချဘူးလို့ ကတိပေးပါတယ်” လို့ပြောပြန်တယ်။ အဲဒီအခါ မျောက်ခေါင်းဆောင်က

“မထူးတော့ပါဘူးကွာ.. အားလုံးပါးစပ်ထဲမှာ ငှက်ပျောသီးတွေ ထည့်ထားကြ၊ မြိုတော့ မချကြနဲ့” လို့ အမိန့်ပေးလိုက်တယ်။

အဲဒီလိုနဲ့ မျောက်တွေဟာ ငှက်ပျောသီးတွေကို ပါးစပ်ထဲမှာ ငုံပြီး ဥပုသ်စောင့်ကြတယ်။ ဒါပေမယ့် မကြာခင်ကာလမှာပဲ

မျောက်တွေအားလုံးရဲ့ ပါးစပ်ထဲက ငှက်ပျောသီးတွေ ဟာ အသီးသီး ပျောက်ကွယ်သွားကြတော့တယ်။ မျောက်တွေရဲ့

ဥပုသ်ကြီးလည်း တိတ်တဆိတ်ပဲ ပြီးဆုံးခဲ့တယ်။တကယ်တော့ ဒီပုံပြင်လေးတွေဟာ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက် မခိုင်မာခြင်း၊

စိတ်ရဲ့ မစောင့်စည်းခြင်း ကို ထောက်ပြနေတဲ့ပုံပြင်လေးပဲဖြစ်တယ်။ ကျနော်တို့တွေဟာ တစ်စုံတစ်ခုကို သင်ခန်းစာရလို့ပဲဖြစ်ဖြစ်၊

တွေးတောမိလို့ပဲဖြစ်ဖြစ် မျောက်တွေရဲ့ ဥပုသ်စောင့်လိုစိတ်နဲ့တူတဲ့ “မှန်ကန်တဲ့ဆုံးဖြတ်ချက်” တွေကို ချလေ့ရှိကြတယ်။

ဥပမာအားဖြင့်- ဒီလ ငါ “လက်ဘက်ရည်ဆိုင်ထိုင်တဲ့အချိန်တွေလျော့မယ်”၊ “ကိုရီးရားကားကြည့်တာ အချိန်ကုန်တယ်

မကြည့်တော့ဘူး”၊ “အပြင်စာတွေမစားတော့ဘူး အသုံးစရိတ်ချွေတာမယ်” “ဒီအလုပ်မပြီးမချင်း Facebook ကို

ယောင်လို့တောင်လှည့်မကြည့်ဘူး” စတဲ့ ကောင်းမွန်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချလေ့ရှိကြတယ်။

အဲဒီလို ဥပုသ်စောင့်ခြင်းနဲ့တူတဲ့ စောင့်စည်းခြင်းဆုံးဖြတ်ချက်တွေကို ချလေ့ရှိကြပေမယ့် မခိုင်မာတဲ့စိတ်ဓါတ်ကြောင့်

“တစ်ခါတစ်လေ ဆိုင်ထိုင်တာတော့ ကိစ္စ မရှိပါဘူးလေ” “ဒီဇာတ်ကားလေးက မဆိုးလောက်ဘူး တစ်ပိုဒ်တစ်လေလောက်ကြည့်ရင်

ဘာမှမဖြစ်ပါဘူး” “အင်း.. ဒီတစ်ကြိမ်တော့ အပြင်စာလေး စားလိုက်ဦးမှ နောက်တစ်ကြိမ်မှဆင်ခြင်တော့မယ်”

“ခဏလေး Facebook ပေါ်တက်လိုက်ဦးမှ ငါးမိနစ်လောက်နဲ့ ဘာမှဖြစ်မသွားပါဘူး” စတဲ့ Excuse တွေပေးရင်း မျောက်ဥပုသ်ကို

စောင့်လေ့ရှိကြသူများပဲဖြစ်တယ်။ ငယ်စဉ်ကာလတုန်းက လို စာသင် နှစ်စမှာ တက်ကြွနေတဲ့စိတ်ဟာ နှစ်လည်နဲ့ နှစ်ဆုံးမှာ

တစ်ဖြည်းဖြည်း မျောက်ဥပုသ် ဖြစ်လာကြပြန်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ပြီးခါမှာ ပြန်သောက်မိတဲ့စိတ်မျိုးဟာလည်း

မျောက်ဥပုသ်စိတ်မျိုးပဲဖြစ်တယ်။တကယ်တော့ ရည်ရွယ်ချက် တစ်ခုကို အောင်မြင်အောင် ကြိုးစားတဲ့သူဟာ မျောက်ဥပုသ်နဲ့

တူတဲ့ ပျော့ညံ့တဲ့၊ မခိုင်မာတဲ့စိတ်ကို ရဲဝံ့ပြတ်သားသောစိတ်နဲ့ ဖယ်ခွာသင့်တယ်။ တစ်ခုခုဆုံးဖြတ်ပြီးရင်

ဆင်ခြေဆင်လက်မပေးတော့ပဲ ရည်ရွယ်ချက်အောင်မြင်ပြည့်မြောက်သည်အထိ တစ်စိုက်မတ်မတ် ပြုလုပ်သင့်လှတယ်။

အောင်မြင်သောသူတွေနဲ့ သာမာန်လူတွေကြားရဲ့ အဓိက ကွာဟချက်ဟာလည်း အဲဒီဆင်ခြေပေးတတ်တဲ့ မျောက်ဥပုသ်

စိတ်မျိုးလို့ဆိုတယ်။”I don’t stop when I am tired, I stop when I am done.” ငါမောနေပါစေ၊ ရည်ရွယ်ချက်မပြည့်မချင်း

ငါမရပ်ဘူး ဆိုတဲ့စကားလို ရည်ရွယ်ချက်မပြည့်မချင်း ခိုင်ကျည်သောစိတ်နဲ့ စောင့်စည်းဖို့၊ ကြိုးစားဖို့ လိုမှာပဲဖြစ်တယ်။

မှန်ကန်သော ဥပုသ်များ စောင့်နိုင်ကြပါစေ။

တင်​နိုင်​စိုး@မရမ်​းကုန်​း မျှ​ဝေသည်​။

#crdအရှင်စန္ဒာဝရ(တောင်တွင်း)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

two × 3 =