“ဂၽြန္ေပါလ္ေဒဂ်ိဳးရီးယား (သို႔မဟုတ္) ျပႆနာကို အခြင့္အလမ္း အျဖစ္ ေျပာင္းလဲလိုက္သူ”

ဂြ်န္ဟာ ၁၉၇၁ ခုႏွစ္ (သူ ့အသက္ ၂၇ ႏွစ္)မွာ ဆံပင္အလွျပင္ပစၥည္းေတြေရာင္းတဲ့ Redken ကုမၸဏီမွာ အေရာင္းသမား

အလုပ္ရတယ္။ အဲဒီအခ်ိန္က Redken ကုမၸဏီဆိုတာ ဆံပင္အလွျပင္ပစၥည္းေတြ ထုတ္လုပ္တဲ့ အေမရိကန္ႏိုင္ငံက ကုမၸဏီေတြထဲမွာ

အႀကီးဆံုးပါ။ သူဟာ လစာေဒၚလာ ၆၀၀ နဲ႔ ကားအသံုးစရိတ္ ၁၂၅ ေဒၚလာပဲရတယ္။ တႏွစ္ခြဲအၾကာမွာ အေရာင္း႒ါနႀကီး ၂ ခုရဲ႕

မန္ေနဂ်ာ ျဖစ္လာတယ္။ သူ႔လက္ေအာက္မွာ အတြင္းေရးမႉးအမ်ိဳးသမီး ၂ ေယာက္နဲ႔ ဝန္ထမ္း ၄ ေယာက္ရွိတယ္။ ၁၉၇၅ ခုႏွစ္မွာ

သူအလုပ္ျဖဳတ္ခံလိုက္ရတယ္။ အလုပ္ျဖဳတ္ခံလိုက္ရတာက သူအလုပ္မွာမႀကိဳးစားလို႔၊ သူ႔႒ါနေတြမွာ အျမတ္နဲလို႔ မဟုတ္ပါဘူး။

သူဟာ ဝန္ထမ္းနဲနဲေလးနဲ႔ ကုမၸဏီအတြက္ ဝင္ေငြအမ်ားႀကီး ရေအာင္ ရွာေပးႏိုင္ခဲ့ပါတယ္။ အဲဒါကို တျခားမန္ေနဂ်ာေတြက

မနာလိုျဖစ္ျပီး အထက္ကို မဟုတ္မမွန္ လုပ္ၾကံတိုင္ေျပာၾကလို႔ အထက္လူၾကီးက အထင္မွားၿပီး သူ႔ကို ျဖဳတ္လိုက္တာပါ။

ဂြ်န္ဟာ မတရားအလုပ္ျဖဳတ္ခံလိုက္ရလို႔ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေပမဲ့ စိတ္ဓါတ္က်မသြားပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့

အဲဒီကုမၸဏီမွာ ၄ ႏွစ္ၾကာေအာင္ လုပ္ခဲ့တာေၾကာင့္ သူ႔အတြက္ အက်ိဳးအမ်ားႀကီး ရလိုက္တယ္လို႔ ခံယူမိလို႔ပါ။

အဲဒီအကိ်ဳးေတြက –

၁) သူမ်ားအခိုင္းခံဝန္ထမ္းဘဝမွာ မေနခ်င္ေတာ့ပဲ ကိုယ္ပိုင္ကုမၸဏီတခု ထူေထာင္ခ်င္စိတ္ ျဖစ္ေပၚလာခဲ့တယ္။

၂) Redkenက ထုတ္လုပ္တဲ့ အလွကုန္ပစၥည္းေတြရဲ့ အားနဲခ်က္ေတြကို သိေနလို႔ အဲဒီပစၥည္းေတြထက္ ပိုေကာင္းတဲ့ပစၥည္းေတြ

သူလုပ္ေပးႏိုင္တယ္ဆိုတဲ့ ယံုၾကည္စိတ္ ျဖစ္္ေပၚလာခဲ့တယ္။

၃) ပစၥည္းထုတ္လုပ္တာ၊ ေရာင္းခ်တာ၊ ေစ်းကြက္ရွာတာစတဲ့ နယ္ပယ္စံုကိုလဲ ႏွံ ့နံွ ့စပ္စပ္နားလည္သေဘာေပါက္သြားတယ္။

၄) ဆံပင္အလွျပင္တာကို လူႀကီး၊ လူငယ္၊ ေယာက္်ား၊ မိန္းမ လူတိုင္းစိတ္ဝင္စားၾကတာမို႔ ဆံပင္နဲ႔ ပါတ္သက္တဲ့ ေစ်းကြက္ဟာ

အႀကီးႀကီးပဲဆိုတာကို သိလိုက္တယ္။ ဆံပင္အလွျပင္္နဲ႔ ပတ္သက္တာတဲ့လုပ္ငန္း လုပ္္ရင္ ႀကီးပြားခ်မ္းသာႏိုင္တယ္ဆိုတာကို

သိလိုက္တယ္။ ဒါေၾကာင့္ သူဟာ ဆံပင္အလွျပင္လုပ္ငန္းလုပ္ဖိ႔ု အခြင့္အလမ္းကို ရွာၾကံပါေတာ့တယ္။ မိတ္ေဆြတစ္ေယာက္နဲ႔

စပ္ၿပီး PMS ကုမၸဏီကို ထူေထာင္လိုက္တယ္။ ေနာက္ေတာ့ ဂၽြန္ဟာ ေဒၚလာသန္းေပါင္းမ်ားစြာ ပိုင္ဆိုင္တဲ့ PMS ကုမၸဏီ

ပိုင္ရွင္ျဖစ္ေနပါၿပီ။ သူနဲ႔အက်ိဳးတူစီးပြားဖက္ မစ္ခ်ဲဟာ ၁၉၈၉ ခုႏွစ္မွာ ကြယ္လြန္သြားခဲ့လို႔ PMS ကုမၸဏီဟာ ဂြ်န္တဦးတည္းပိုင္

ျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕PMS အလွျပင္ပစၥည္းအမ်ိဳးေပါင္း ၉၀ ေက်ာ္ကို အေမရိကန္ႏိုင္ငံနဲ႔ အျခားႏိုင္ငံေပါင္း ၇၀ ေက်ာ္က

ဆံပင္အလွျပင္ဆိုင္ေပါင္း တစ္သိန္းေက်ာ္ဟာ ႏွစ္စဥ္တစ္ဘီလီယံဖိုး ဝယ္ယူေနၾကပါတယ္။ အခု သူ႔ရဲ႕ပိုင္ဆိုင္ႂကြယ္ဝမႈဟာ

အေမရိကန္ေဒၚလာ ၄.၆ ဘီလီယံ ျဖစ္ေနပါတယ္။ တကယ္လို႔ သူ႔လို မတရား အလုပ္ ျဖဳတ္ခံလိုက္ရၿပီဆိုရင္ ဘာျဖစ္သြားမလဲ။

လူ ၁၀၀ မွာ ၉၉ ေယာက္ဟာ မေက်မနပ္ ေဒါသထြက္ေနၾကမယ္။ ဒါမွမဟုတ္ မစားႏိုင္ မေသာက္ႏိုင္ အိပ္ယာထဲမွာ တပိန္ပိန္

တလိမ္လိမ္နဲ႔ ပူေဆြးေနလိမ့္မယ္။ ဒါမွမဟုတ္ သူငယ္ခ်င္း အေပါင္းအသင္းေတြကို ငိုေႂကြးရင္ဖြင့္ေနၾကမယ္။ ဒါမွမဟုတ္

ကံဆိုးလိုက္တာဆိုၿပီး ကံကို ယိုးမယ္ဖြဲ႕ က်ိန္ဆဲေနလိမ့္မယ္။ ဂြ်န္ကေတာ့ အဲဒါေတြ တစ္ခုမွ မလုပ္ဘူး။ အလုပ္ျဖဳတ္ခံလိုက္ရေတာ့

ကိုယ္ပိုင္လုပ္ငန္း လုပ္လို႔ ရၿပီဆိုၿပီး ဝမ္းသာသြားတယ္။ အဲဒီလူဟာ အခက္အခဲ ဒုကၡ (problem) ကို အခြင့္အလမ္း

(opportunity) အျဖစ္ ေျပာင္းလဲလိုက္တယ္။ သူ႔ရဲ႕ မွတ္မွတ္သားသားစကားမ်ား – ေအာင္ျမင္သူနဲ႔ မေအာင္ျမင္သူေတြမွာ

ကြာျခားတာတခု ရွိပါတယ္။ အဲဒါက ေအာင္ျမင္သူေတြဟာ မေအာင္ျမင္သူေတြ မလုပ္ခ်င္တဲ့အလုပ္ေတြကို လုပ္ၾကတယ္။

– ေသခ်ာေပါက္ ေအာင္ျမင္ခ်င္သလား။ သူမ်ားေတြ မလုပ္ခ်င္တဲ့ အလုပ္ကို လုပ္ပါ။

– ရင္းနွီးစရာေငြ မရိွသူဟာ တျခားအရာေတြမွာ ပိုရင္းႏွီးရတယ္။ အဲဒါက သူမ်ားေတြထက္ အမ်ားၾကီး ပိုေတြးရတယ္။

အမ်ားၾကီး ပိုတီထြင္ရတယ္။ နည္းလမ္းသစ္ေတြ အမ်ားၾကီး ပိုရွာရတယ္။

– ေအာင္ျမင္မႈကို အစပ်ိဳးေပးလိုက္တာက ရႈံးနိမ့္မႈပါ။

– ေရာင္းတာကို ျငင္းပယ္ခံရဖို႔ ျပင္ဆင္ထားပါ။ တႀကိမ္ျငင္းပယ္ခံရတိုင္း လိုခ်င္တဲ့ပန္းတိုင္ကို ေျခတလွမ္း ပိုနီးကပ္သြားျပီလို႔

မွတ္လိုက္ပါ။

-ေရာင္းတာကို ျငင္းပယ္ခံရလို႔ လဲေသမသြားပါဘူး။

– လုပ္ခ်င္တာကို လုပ္ရင္းေပ်ာ္ေနရမွ ဘဝဟာ တန္ဖိုးရွိပါတယ္။

– ထုတ္လုပ္တဲ့ပစၥည္းဟာ အေကာင္းဆံုးအရည္အေသြးရွိမွ လူေတြဟာ ထပ္ခါတလဲလဲျပန္ဝယ္ၾကမယ္။

– ေအာင္ျမင္မႈဆိုတာ ေငြေၾကး အမ်ားၾကီးရွိတာ၊ အာဏာပါဝါ ရိွတာ၊ ပစၥည္းေတြ အမ်ားၾကီးပိုင္ဆိုင္တာေတြ မဟုတ္ပါ။

လူသိသိ၊ မသိသိကိုယ္လုပ္ေနတဲ့ အလုပ္ကုိ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေနျခင္းကမွ ေအာင္ျမင္မႈပါ။

ကၽြန္ေတ္ာရဲ႕ ဒုတိယစာအုပ္ “ဆင္းရဲႏြံမွ ခ်မ္းသာဘံုသို႔” စာအုပ္ထဲက ေကာက္ႏူတ္ခ်က္ေလးပါ။

Credit#

< Unicode Version >

ဂျွန်ဟာ ၁၉၇၁ ခုနှစ် (သူ ့အသက် ၂၇ နှစ်)မှာ ဆံပင်အလှပြင်ပစ္စည်းတွေရောင်းတဲ့ Redken ကုမ္ပဏီမှာ အရောင်းသမား

အလုပ်ရတယ်။ အဲဒီအချိန်က Redken ကုမ္ပဏီဆိုတာ ဆံပင်အလှပြင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အမေရိကန်နိုင်ငံက ကုမ္ပဏီတွေထဲမှာ

အကြီးဆုံးပါ။ သူဟာ လစာဒေါ်လာ ၆၀၀ နဲ့ ကားအသုံးစရိတ် ၁၂၅ ဒေါ်လာပဲရတယ်။ တနှစ်ခွဲအကြာမှာ အရောင်းဋ္ဌါနကြီး ၂ ခုရဲ့

မန်နေဂျာ ဖြစ်လာတယ်။ သူ့လက်အောက်မှာ အတွင်းရေးမှူးအမျိုးသမီး ၂ ယောက်နဲ့ ဝန်ထမ်း ၄ ယောက်ရှိတယ်။ ၁၉၇၅ ခုနှစ်မှာ

သူအလုပ်ဖြုတ်ခံလိုက်ရတယ်။ အလုပ်ဖြုတ်ခံလိုက်ရတာက သူအလုပ်မှာမကြိုးစားလို့၊ သူ့ဋ္ဌါနတွေမှာ အမြတ်နဲလို့ မဟုတ်ပါဘူး။

သူဟာ ဝန်ထမ်းနဲနဲလေးနဲ့ ကုမ္ပဏီအတွက် ဝင်ငွေအများကြီး ရအောင် ရှာပေးနိုင်ခဲ့ပါတယ်။ အဲဒါကို တခြားမန်နေဂျာတွေက

မနာလိုဖြစ်ပြီး အထက်ကို မဟုတ်မမှန် လုပ်ကြံတိုင်ပြောကြလို့ အထက်လူကြီးက အထင်မှားပြီး သူ့ကို ဖြုတ်လိုက်တာပါ။

ဂျွန်ဟာ မတရားအလုပ်ဖြုတ်ခံလိုက်ရလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပေမဲ့ စိတ်ဓါတ်ကျမသွားပါဘူး။ ဘာကြောင့်လဲဆိုတော့

အဲဒီကုမ္ပဏီမှာ ၄ နှစ်ကြာအောင် လုပ်ခဲ့တာကြောင့် သူ့အတွက် အကျိုးအများကြီး ရလိုက်တယ်လို့ ခံယူမိလို့ပါ။

အဲဒီအကျိုးတွေက –

၁) သူများအခိုင်းခံဝန်ထမ်းဘဝမှာ မနေချင်တော့ပဲ ကိုယ်ပိုင်ကုမ္ပဏီတခု ထူထောင်ချင်စိတ် ဖြစ်ပေါ်လာခဲ့တယ်။

၂) Redkenက ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေရဲ့ အားနဲချက်တွေကို သိနေလို့ အဲဒီပစ္စည်းတွေထက် ပိုကောင်းတဲ့ပစ္စည်းတွေ

သူလုပ်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်စိတ် ဖြစ််ပေါ်လာခဲ့တယ်။

၃) ပစ္စည်းထုတ်လုပ်တာ၊ ရောင်းချတာ၊ စျေးကွက်ရှာတာစတဲ့ နယ်ပယ်စုံကိုလဲ နှံ ့နှံ ့စပ်စပ်နားလည်သဘောပေါက်သွားတယ်။

၄) ဆံပင်အလှပြင်တာကို လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ လူတိုင်းစိတ်ဝင်စားကြတာမို့ ဆံပင်နဲ့ ပါတ်သက်တဲ့ စျေးကွက်ဟာ

အကြီးကြီးပဲဆိုတာကို သိလိုက်တယ်။ ဆံပင်အလှပြင််နဲ့ ပတ်သက်တာတဲ့လုပ်ငန်း လုပ််ရင် ကြီးပွားချမ်းသာနိုင်တယ်ဆိုတာကို

သိလိုက်တယ်။ ဒါကြောင့် သူဟာ ဆံပင်အလှပြင်လုပ်ငန်းလုပ်ဖို့ အခွင့်အလမ်းကို ရှာကြံပါတော့တယ်။ မိတ်ဆွေတစ်ယောက်နဲ့

စပ်ပြီး PMS ကုမ္ပဏီကို ထူထောင်လိုက်တယ်။ နောက်တော့ ဂျွန်ဟာ ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်တဲ့ PMS ကုမ္ပဏီ

ပိုင်ရှင်ဖြစ်နေပါပြီ။ သူနဲ့အကျိုးတူစီးပွားဖက် မစ်ချဲဟာ ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့လို့ PMS ကုမ္ပဏီဟာ ဂျွန်တဦးတည်းပိုင်

ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့PMS အလှပြင်ပစ္စည်းအမျိုးပေါင်း ၉၀ ကျော်ကို အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံပေါင်း ရ၀ ကျော်က

ဆံပင်အလှပြင်ဆိုင်ပေါင်း တစ်သိန်းကျော်ဟာ နှစ်စဉ်တစ်ဘီလီယံဖိုး ဝယ်ယူနေကြပါတယ်။ အခု သူ့ရဲ့ပိုင်ဆိုင်ကြွယ်ဝမှုဟာ

အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံ ဖြစ်နေပါတယ်။ တကယ်လို့ သူ့လို မတရား အလုပ် ဖြုတ်ခံလိုက်ရပြီဆိုရင် ဘာဖြစ်သွားမလဲ။

လူ ၁၀၀ မှာ ၉၉ ယောက်ဟာ မကျေမနပ် ဒေါသထွက်နေကြမယ်။ ဒါမှမဟုတ် မစားနိုင် မသောက်နိုင် အိပ်ယာထဲမှာ တပိန်ပိန်

တလိမ်လိမ်နဲ့ ပူဆွေးနေလိမ့်မယ်။ ဒါမှမဟုတ် သူငယ်ချင်း အပေါင်းအသင်းတွေကို ငိုကြွေးရင်ဖွင့်နေကြမယ်။ ဒါမှမဟုတ်

ကံဆိုးလိုက်တာဆိုပြီး ကံကို ယိုးမယ်ဖွဲ့ ကျိန်ဆဲနေလိမ့်မယ်။ ဂျွန်ကတော့ အဲဒါတွေ တစ်ခုမှ မလုပ်ဘူး။ အလုပ်ဖြုတ်ခံလိုက်ရတော့

ကိုယ်ပိုင်လုပ်ငန်း လုပ်လို့ ရပြီဆိုပြီး ဝမ်းသာသွားတယ်။ အဲဒီလူဟာ အခက်အခဲ ဒုက္ခ (problem) ကို အခွင့်အလမ်း

(opportunity) အဖြစ် ပြောင်းလဲလိုက်တယ်။ သူ့ရဲ့ မှတ်မှတ်သားသားစကားများ – အောင်မြင်သူနဲ့ မအောင်မြင်သူတွေမှာ

ကွာခြားတာတခု ရှိပါတယ်။ အဲဒါက အောင်မြင်သူတွေဟာ မအောင်မြင်သူတွေ မလုပ်ချင်တဲ့အလုပ်တွေကို လုပ်ကြတယ်။

– သေချာပေါက် အောင်မြင်ချင်သလား။ သူများတွေ မလုပ်ချင်တဲ့ အလုပ်ကို လုပ်ပါ။

– ရင်းနှီးစရာငွေ မရှိသူဟာ တခြားအရာတွေမှာ ပိုရင်းနှီးရတယ်။ အဲဒါက သူများတွေထက် အများကြီး ပိုတွေးရတယ်။

အများကြီး ပိုတီထွင်ရတယ်။ နည်းလမ်းသစ်တွေ အများကြီး ပိုရှာရတယ်။

– အောင်မြင်မှုကို အစပျိုးပေးလိုက်တာက ရှုံးနိမ့်မှုပါ။

– ရောင်းတာကို ငြင်းပယ်ခံရဖို့ ပြင်ဆင်ထားပါ။ တကြိမ်ငြင်းပယ်ခံရတိုင်း လိုချင်တဲ့ပန်းတိုင်ကို ခြေတလှမ်း ပိုနီးကပ်သွားပြီလို့

မှတ်လိုက်ပါ။

-ရောင်းတာကို ငြင်းပယ်ခံရလို့ လဲသေမသွားပါဘူး။

– လုပ်ချင်တာကို လုပ်ရင်းပျော်နေရမှ ဘဝဟာ တန်ဖိုးရှိပါတယ်။

– ထုတ်လုပ်တဲ့ပစ္စည်းဟာ အကောင်းဆုံးအရည်အသွေးရှိမှ လူတွေဟာ ထပ်ခါတလဲလဲပြန်ဝယ်ကြမယ်။

– အောင်မြင်မှုဆိုတာ ငွေကြေး အများကြီးရှိတာ၊ အာဏာပါဝါ ရှိတာ၊ ပစ္စည်းတွေ အများကြီးပိုင်ဆိုင်တာတွေ မဟုတ်ပါ။

လူသိသိ၊ မသိသိကိုယ်လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေခြင်းကမှ အောင်မြင်မှုပါ။

ကျွန်တေ်ာရဲ့ ဒုတိယစာအုပ် “ဆင်းရဲနွံမှ ချမ်းသာဘုံသို့” စာအုပ်ထဲက ကောက်နူတ်ချက်လေးပါ။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

3 + sixteen =