“ေျပာင္းလဲမႈကို ဘယ္လိုတံု႔ျပန္မလဲ”

ဘယ္ေတာ့မွ မေျပာင္းလဲေသာ အမွန္တရားတစ္ခုက ေျပာင္းလဲျခင္းပါ။ အရာရာဟာ ေန႔စဥ္ေျပာင္းလဲ ေနတယ္။

တျဖည္းျဖည္းေျပာင္းလဲတာနဲ႔ ႐ုတ္တရက္ ေျပာင္းလဲတာပဲ ကြာျခားပါတယ္။ လူျဖစ္လာရင္ ေျပာင္းလဲမႈကို အၿမဲတမ္း

ေတြ႕ၾကံဳေနရမွာပါ။ ေက်ာင္းေျပာင္းတက္ရတာ၊ အိမ္ေျပာင္းရတာ၊ မိသားစုတေယာက္ေယာက္ ကြယ္လြန္တာ၊

အစိုးရေျပာင္းလဲတာ၊ စီးပြားပ်က္တာ အမ်ားႀကီးပါပဲ။ ေျပာခ်င္တာက ေျပာင္းလဲမႈဆိုတာ အၿမဲျဖစ္ေနမွာ ျဖစ္သလို

ေရွာင္လြဲလို႔ ရမွာ မဟုတ္ပါဘူး။ေျပာင္းလဲမႈနဲ႔ ၾကံဳတိုင္း လူေတြရဲ႕ တံု႔ျပန္မႈ ၂ မ်ိဳး ရွိတယ္။

လူအေတာ္မ်ားမ်ားက ေျပာင္းလဲမႈကို မေကာင္းဘူးလို႔ ျမင္ၾကတယ္။အႏၲရာယ္လို႔ ျမင္ၾကတယ္။ ေၾကာက္ၾကတယ္။

ေရွာင္လို႔ရရင္ ေရွာင္ေျပးခ်င္ၾကတယ္။ ေျပာင္းလဲမႈကို ဘာလို႔ ေၾကာက္ၾကတာလဲ။ ဘာလို႔ ေရွာင္ေျပးခ်င္ၾကတာလဲ။

သူတို႔ကိုယ္သူတို႔ ယံုၾကည္မႈ မရွိၾကလို႔ပါ။ ဘာျဖစ္လို႔ ယံုၾကည္မႈ မရွိတာလဲ။ ေျပာင္းလဲျခင္းကို ရင္ဆိုင္ဖို႔ လံုေလာက္တဲ့

အသိပညာ၊ အတတ္ပညာ၊ အရည္အခ်င္း မရွိၾကလို႔ပါ။ေအာင္ျမင္စိတ္ရွိသူေတြက်ေတာ့ ေျပာင္းလဲမႈကို

အေကာင္းလို႔ ျမင္ၾကတယ္။ အခြင့္အလမ္းလို႔ ယူဆၾကတယ္။ ေျပာင္းလဲျခင္းကို မေၾကာက္သလို ႀကိဳေတာင္ ႀကိဳဆိုၾကတယ္။

ဘာေၾကာင့္လဲ။ သူတို႔ဟာ လိုအပ္တဲ့ အသိပညာ၊ အတတ္ပညာ၊ အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားၾကလို႔ ေျပာင္းလဲမႈကို

ေစာင့္ေမ်ာ္ေနၾကတယ္။ အခြင့္အလမ္းအျဖစ္ ႀကိဳဆိုေနၾကတယ္။ျမန္မာႏိုင္ငံမွာလဲ အေျပာင္းအလဲေတြ ျဖစ္ေနတယ္။

အစိုးရ ေျပာင္းလဲတယ္။ စီးပြားေရးမူဝါဒေတြ ေျပာင္းလဲတယ္။ ႏိုင္ငံတကာ ဆက္ဆံေရးေျပာင္းလဲတယ္။ မၾကာခင္

ႏိုင္ငံျခားက ရင္းႏွီးျမဳပ္ႏွံမႈေတြ ဝင္လာေတာ့မယ္။သင့္ကိုယ္သင္ ျပန္သံုးသပ္ၾကည့္ပါ။ ႏိုင္ငံျခားက ရင္းႏွီးျမဳပ္နံွမႈေတြ

ဝင္လာမွာကို ႀကိဳဆိုသလား။ မလိုလားဘူးလား။သင္ မလိုလားဘူးဆိုရင္ သင္ ေၾကာက္ေနလို႔၊ ဘာေၾကာင့္ ေၾကာက္ေနတာလဲဆိုရင္၊

သင့္မွာ အရည္အခ်င္းမရွိလို႔ပါ။ အဲဒါကို သိရင္ သင္ကိုယ္သင္ အရည္အခ်င္း ရွိေအာင္ ႀကိဳးစားပါ။ အခ်ိန္ရွိပါေသးတယ္။

ငယ္ငယ္က လူႀကီးေတြ ေျပာေလ့ရွိတဲ့ စကားတစ္ခြန္းရွိတယ္။ “မိုးမၿပိဳ ၿပိဳခဲ့သည္ရွိေသာ္”တဲ့။ အခု မိုးက ၿပိဳကို ၿပိဳမွာ။

အဲဒီအတြက္ ျပင္ဆင္သင့္တာ ျပင္ထားဖို႔ အခ်ိန္က်ပါၿပီ။

ဗန္းေမာ္သိန္းေဖ

၂၄-၀၇-၂၀၁၆

Credit#

< Unicode Version >

ဘယ်တော့မှ မပြောင်းလဲသော အမှန်တရားတစ်ခုက ပြောင်းလဲခြင်းပါ။ အရာရာဟာ နေ့စဉ်ပြောင်းလဲ နေတယ်။

တဖြည်းဖြည်းပြောင်းလဲတာနဲ့ ရုတ်တရက် ပြောင်းလဲတာပဲ ကွာခြားပါတယ်။ လူဖြစ်လာရင် ပြောင်းလဲမှုကို အမြဲတမ်း

တွေ့ကြုံနေရမှာပါ။ ကျောင်းပြောင်းတက်ရတာ၊ အိမ်ပြောင်းရတာ၊ မိသားစုတယောက်ယောက် ကွယ်လွန်တာ၊

အစိုးရပြောင်းလဲတာ၊ စီးပွားပျက်တာ အများကြီးပါပဲ။ ပြောချင်တာက ပြောင်းလဲမှုဆိုတာ အမြဲဖြစ်နေမှာ ဖြစ်သလို

ရှောင်လွဲလို့ ရမှာ မဟုတ်ပါဘူး။ပြောင်းလဲမှုနဲ့ ကြံုတိုင်း လူတွေရဲ့ တုံ့ပြန်မှု ၂ မျိုး ရှိတယ်။

လူအတော်များများက ပြောင်းလဲမှုကို မကောင်းဘူးလို့ မြင်ကြတယ်။အန္တရာယ်လို့ မြင်ကြတယ်။ ကြောက်ကြတယ်။

ရှောင်လို့ရရင် ရှောင်ပြေးချင်ကြတယ်။ ပြောင်းလဲမှုကို ဘာလို့ ကြောက်ကြတာလဲ။ ဘာလို့ ရှောင်ပြေးချင်ကြတာလဲ။

သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိကြလို့ပါ။ ဘာဖြစ်လို့ ယုံကြည်မှု မရှိတာလဲ။ ပြောင်းလဲခြင်းကို ရင်ဆိုင်ဖို့ လုံလောက်တဲ့

အသိပညာ၊ အတတ်ပညာ၊ အရည်အချင်း မရှိကြလို့ပါ။အောင်မြင်စိတ်ရှိသူတွေကျတော့ ပြောင်းလဲမှုကို

အကောင်းလို့ မြင်ကြတယ်။ အခွင့်အလမ်းလို့ ယူဆကြတယ်။ ပြောင်းလဲခြင်းကို မကြောက်သလို ကြိုတောင် ကြိုဆိုကြတယ်။

ဘာကြောင့်လဲ။ သူတို့ဟာ လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာ၊ အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြလို့ ပြောင်းလဲမှုကို

စောင့်မျော်နေကြတယ်။ အခွင့်အလမ်းအဖြစ် ကြိုဆိုနေကြတယ်။မြန်မာနိုင်ငံမှာလဲ အပြောင်းအလဲတွေ ဖြစ်နေတယ်။

အစိုးရ ပြောင်းလဲတယ်။ စီးပွားရေးမူဝါဒတွေ ပြောင်းလဲတယ်။ နိုင်ငံတကာ ဆက်ဆံရေးပြောင်းလဲတယ်။ မကြာခင်

နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာတော့မယ်။သင့်ကိုယ်သင် ပြန်သုံးသပ်ကြည့်ပါ။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ

ဝင်လာမှာကို ကြိုဆိုသလား။ မလိုလားဘူးလား။သင် မလိုလားဘူးဆိုရင် သင် ကြောက်နေလို့၊ ဘာကြောင့် ကြောက်နေတာလဲဆိုရင်၊

သင့်မှာ အရည်အချင်းမရှိလို့ပါ။ အဲဒါကို သိရင် သင်ကိုယ်သင် အရည်အချင်း ရှိအောင် ကြိုးစားပါ။ အချိန်ရှိပါသေးတယ်။

ငယ်ငယ်က လူကြီးတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ “မိုးမပြို ပြိုခဲ့သည်ရှိသော်”တဲ့။ အခု မိုးက ပြိုကို ပြိုမှာ။

အဲဒီအတွက် ပြင်ဆင်သင့်တာ ပြင်ထားဖို့ အချိန်ကျပါပြီ။

ဗန်းမော်သိန်းဖေ

၂၄-၀၇-၂၀၁၆

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

13 − eleven =