“တသက္လုံး မုန္႔ဟင္းခါး ခ်က္ေတာ့မွာလား …”

တစ္ခါတုန္းက ေကာင္ေလးတစ္ေယာက္မုန္႔ဟင္းခါးကို အထမ္းနဲ႔ လိုက္ေရာင္းတယ္.. သူက မုန္႔ဟင္းခါးကို

က်က် နနခ်က္တတ္ေတာ့ သူ႔မုန္႔ဟင္းခါးက အင္မတန္ ေရာင္းေကာင္းတယ္…

စားေကာင္းလြန္းအားႀကီးေတာ့သူ႔ မုန္႔ဟင္းခါးက အေစာႀကီး ကုန္ကုန္သြားတယ္ သူကလည္း မုန္႔ဟင္းခါးကို

ေစတနာပါပါနဲ႔ ခ်က္တယ္ သူ႔ မုန္႔ဟင္းခါးလည္း နာမည္ရလာတယ္…

ဒီလိုနဲ႔ တစ္ေန႔ ခါတိ္ုင္းထက္ ေစာၿပီးေတာ့ကို မုန္႔ဟင္းခါးက ေရာင္းလို႔ ကုန္သြားတယ္ ဒီေတာ့ ေကာင္ေလးလည္း

ပ်င္းပ်င္းရွိတာနဲ႔သူ႔မွာပါလာတဲ့ ဂီတာထိုင္တီးတယ္…

ေကာင္ေလးက ဂီတာထိုင္တီးတာ ဝါသနာပါတယ္ ဒါေပမဲ့ ပညာရွင္တစ္ေယာက္လို တီးတတ္တာေတာ့ မဟုတ္ဘူး

သို႔ေသာ္ နားေထာင္လို႔ ေကာင္းရံုေတာ့ အသင့္အတင့္ ေတာ့တီးတတ္တယ္…

အဲ့ေတာ့ သူဂီတာထိုင္တီးေနတုန္းမွာေဘးနားက ျဖတ္သြားျဖတ္လာ လူေတြက သတိထားမိၿပီး လာနားေထာင္ၾကတယ္

လက္ခုပ္ၾသဘာေပးၾကတယ္ ဟိုသီခ်င္းေလးတီးျပပါ ဒီသီခ်င္းေလးတီးျပပါေပါ့ ..

သူကလည္း ႀကိဳးႀကိဳးစားစားနဲ႔ တီးျပတယ္လူေတြကလည္း ဝိုင္းလို႔ နားေထာင္ၾကတယ္ ဒီလိုနဲ႔ သူက တစ္ေန႔

တစ္ေန႔ အိမ္ျပန္ေရာက္ရင္မုန္႔ဟင္းခါးခ်က္ဖို႔ကို စိတ္မပါေတာ့ဘူး ဂီတာကို ဘယ္သီခ်င္းေတြ နဲ႕တီးရမလဲပဲ

စဥ္းစားေတာ့တယ္ အဲ့ဒီမွာပဲ စိတ္ကေရာက္ေနတယ္…

မုန္႔ဟင္းခါးအိုးႀကီးကို ပစ္ထားတယ္ခါတိုင္းလို စိတ္ပါလက္ပါနဲ႔ မခ်က္ေတာ့ဘူး လူေတြလက္ခုပ္ၾသဘာေပးတဲ့

ဂီတာထိုင္တီးတာကိုပဲသာယာၿပီး ေပ်ာ္ေမြ႕ေနတယ္…အဲ့ဒီမွာ သူ႔မုန္႔ဟင္းခါး နာမည္ပ်က္သြားတယ္ အရင္လို

မေရာင္းရေတာ့ဘူး ဂီတာကလည္း ပညာရွင္အဆင့္မဟုတ္ဘူး ဒီအတိုင္း ဝါသနာရွင္အဆင့္ တီးတတ္႐ံုဆိုေတာ့

အဲ့ဒါနဲ႔လည္း အလုပ္မျဖစ္ဘူး ေနာက္ဆံုး ေမ်ာက္သစ္ကိုင္းလြတ္ၿပီး ဟိုမေရာက္ ဒီမေရာက္နဲ႔ ဒုကၡေရာက္သြားတယ္…

———————–

ဆိုလိုခ်င္တာကေတာ့ လက္ရွိ အလုပ္ျဖစ္တဲ့ တစ္သက္လုံး မုန့္ဟင္းခါး ခ်က္ေတာ့မွာလား

ကိုယ္ဝါသနာပါတဲ့ အလုပ္ကို ေပါက္ေျမာက္ေအာက္ လုပ္မွာလား ၂ ခုလုံးကိုပဲ ထူးခ်ြန္ေအာင္ လုပ္မွာလား

ဒါေမမယ့္ ေမ်ာက္ သစ္ကိုင္းလြတ္သလိုေတာ့ မျဖစ္ေစျကနဲ႔ေပါ့။

Credit#

**********************************

< Unicode Version >

တစ်ခါတုန်းက ကောင်လေးတစ်ယောက်မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်.. သူက မုန့်ဟင်းခါးကို

ကျကျ နနချက်တတ်တော့ သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်…

စားကောင်းလွန်းအားကြီးတော့သူ့ မုန့်ဟင်းခါးက အစောကြီး ကုန်ကုန်သွားတယ် သူကလည်း မုန့်ဟင်းခါးကို

စေတနာပါပါနဲ့ ချက်တယ် သူ့ မုန့်ဟင်းခါးလည်း နာမည်ရလာတယ်…

ဒီလိုနဲ့ တစ်နေ့ ခါတိ်ုင်းထက် စောပြီးတော့ကို မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ် ဒီတော့ ကောင်လေးလည်း

ပျင်းပျင်းရှိတာနဲ့သူ့မှာပါလာတဲ့ ဂီတာထိုင်တီးတယ်…

ကောင်လေးက ဂီတာထိုင်တီးတာ ဝါသနာပါတယ် ဒါပေမဲ့ ပညာရှင်တစ်ယောက်လို တီးတတ်တာတော့ မဟုတ်ဘူး

သို့သော် နားထောင်လို့ ကောင်းရုံတော့ အသင့်အတင့် တော့တီးတတ်တယ်…

အဲ့တော့ သူဂီတာထိုင်တီးနေတုန်းမှာဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက သတိထားမိပြီး လာနားထောင်ကြတယ်

လက်ခုပ်သြဘာပေးကြတယ် ဟိုသီချင်းလေးတီးပြပါ ဒီသီချင်းလေးတီးပြပါပေါ့ ..

သူကလည်း ကြိုးကြိုးစားစားနဲ့ တီးပြတယ်လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ် ဒီလိုနဲ့ သူက တစ်နေ့

တစ်နေ့ အိမ်ပြန်ရောက်ရင်မုန့်ဟင်းခါးချက်ဖို့ကို စိတ်မပါတော့ဘူး ဂီတာကို ဘယ်သီချင်းတွေ နဲ့တီးရမလဲပဲ

စဉ်းစားတော့တယ် အဲ့ဒီမှာပဲ စိတ်ကရောက်နေတယ်…

မုန့်ဟင်းခါးအိုးကြီးကို ပစ်ထားတယ်ခါတိုင်းလို စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး လူတွေလက်ခုပ်သြဘာပေးတဲ့

ဂီတာထိုင်တီးတာကိုပဲသာယာပြီး ပျော်မွေ့နေတယ်…အဲ့ဒီမှာ သူ့မုန့်ဟင်းခါး နာမည်ပျက်သွားတယ် အရင်လို

မရောင်းရတော့ဘူး ဂီတာကလည်း ပညာရှင်အဆင့်မဟုတ်ဘူး ဒီအတိုင်း ဝါသနာရှင်အဆင့် တီးတတ်ရုံဆိုတော့

အဲ့ဒါနဲ့လည်း အလုပ်မဖြစ်ဘူး နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ပြီး ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွားတယ်…

———————–

ဆိုလိုချင်တာကတော့ လက်ရှိ အလုပ်ဖြစ်တဲ့ တစ်သက်လုံး မုန့်ဟင်းခါး ချက်တော့မှာလား

ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ပေါက်မြောက်အောက် လုပ်မှာလား ၂ ခုလုံးကိုပဲ ထူးချွန်အောင် လုပ်မှာလား

ဒါမေမယ့် မျောက် သစ်ကိုင်းလွတ်သလိုတော့ မဖြစ်စေကြနဲ့ပေါ့။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

five × 1 =