“ဇူကာဘတ္ ရဲ႕ လွ်ဳိ႕၀ွက္ခ်က္မ်ား “

မက္ဇူကာဘတ္ ဟာ ေဖ့စ္ဘုတ္ ကို တီထြင္သူ တစ္ေယာက္ ျဖစ္ပါတယ္။ အခု ေဖာ္ျပထားတဲ့ အထဲက တခ်ဳိ႕အရာေတြကိုလည္း

သိျပီးသား ျဖစ္ေနမွာပါ။ ဒီအခ်က္အလက္ေတြဟာ ဇူကာဘတ္ ရဲ႕ မလွ်ဳိ႕၀ွက္ထားတဲ့ လွ်ဳိ႕၀ွက္ခ်က္ကေလးေတြ လုိ႔ ဆုိရင္လည္း

မမွားႏုိင္ပါဘူး ခင္ဗ်ာ။ . သူရဲ႕ နာမည္ အျပည့္အစုံ က Mark Elliot Zuckerberg ပါ။ May 14, 1984, White Plains ျမိဳ႕၊

New York ျပည္နယ္ မွာ ပညာတတ္ မိသားစုကေန ေမြးဖြားခဲ့ပါတယ္။ . သေဘၤာသားျဖစ္တဲ့ အဖုိး က ဘူေဂးရီးယားလူမ်ဳိးပါ။

သူ႔မွာ ဘူေဂးရီးယန္း ေသြး တစ္၀က္ပါတယ္ လုိ႔ ဆုိႏုိင္ပါတယ္။ . ဖခင္ျဖစ္တဲ့ Edward Zuckerberg သြားဖက္ဆုိင္ရာ ၀န္ထမ္းတစ္ဦးပါ။

မိခင္ကေတာ့ Mark, Randi,Donna, Arielle တုိ႔လုိ မက္ဇူကာဘတ္ ရဲ႕ ေမြးခ်င္းေတြကုိ မေမြးဖြားခင္တုန္းကေတာ့

စိတ္ေရာဂါအထူးကုဆရာ၀န္ ပါ။ ကာရန္…လုိ႔ ေခၚပါတယ္။ . မိဘေတြဆီက ေန C++ Dummies စာအုပ္ကုိ လက္ေဆာင္ရတဲ့

အခ်ိန္ကစျပီး ဇူကာဘတ္ ဟာ ကြန္ပ်ဴတာ ပရုိဂရမ္မင္း နည္းပညာ ကုိ စိတ္၀င္စားလာခဲ့တာလုိ႔ ေျပာႏုိင္ပါတယ္။ . မိသားစု အတြက္

မိသားစုအတြင္း သုံးစဲြဖုိ႔ ဆုိျပီး ZuckNet ဆုိတဲ့ instant messenger ကုိ စတင္ တီထြင္ခဲ့တယ္။ အဲဒါဟာ ေနာက္ပုိင္းမွာ AOL ရဲ႕

Instant Messenger ျဖစ္လာခဲ့တယ္။ . အေျခခံပညာအထက္တန္း ေက်ာင္းတက္ခဲ့ကတည္းက ကုမၸဏီ ၂ ခု က သူ႔ကုိ အျပိဳင္

လုိက္ခဲ့ၾကတယ္။ အဲဒီ ကုမၸဏီၾကီးေတြ က AOL နဲ႔ မုိက္ကရုိေဆာ့ဖ္ ပဲ။ ကုမၸဏီၾကီးေတြရဲ႕ ကင္းေထာက္ သူတုိ႔ဆီမွာ အလုပ္လုပ္

ဖုိ႔ အရည္အေသြးရွိ လူငယ္ေတြကုိ အျပိဳင္အဆုိင္ စည္းရုံးေနတဲ့ အခ်ိန္မွာ ဇူကာဘတ္ က ဒုတိယေျမာက္ ပရုိဂရမ္တစ္ခု ကုိ

တီထြင္ခဲ့တယ္။ အဲဒါ က Synapse လုိ႔ ေခၚတဲ့ ပရုိဂရမ္ပါ။ သီခ်င္းနားေထာင္တဲ့ အေလ့အက်င့္ေတြ ေပၚထြက္လာဖုိ႔ AI လုိ႔ ေခၚတဲ့

Artficial Intelligence ညဏ္ရည္တု သုံးစဲြ ျပီး ေလ့က်င့္ေပးမယ့္ ပရုိဂရမ္ငယ္ေလးပါ။ . သူရဲ႕ ပရုိဂရမ္ တစ္ခုကုိ သုံးစဲြျပီး ျပင္သစ္၊

ဟီဘရူး ၊ လက္တင္၊ ေရွးေခတ္ဂရိ ေတြရဲ႕ ဘာသာစကားေတြကုိ ေရးႏုိင္ ၊ ဖတ္ႏုိင္ စြမ္းရွိတယ္။ . အဲဒီ ဟားဗတ္တကၠသုိလ္မွာ

ရွိေနတဲ့အခ်ိန္မွာပဲ ေက်ာင္းသားေတြရဲ႕ Dorm-Directory ေက်ာင္းသားမွတ္တမ္း ၊ ေနထုိင္ပုံဇယားေတြ ၊ တက္ေရာက္ပုံဓါတ္ပုံေတြ၊

အေသးစိတ္ စာရင္းျပဳစုျပီး FaceMash ကုိ တီထြင္ခဲ့တယ္။ . ဘယ္တကၠသုိလ္ က သင္တဲ့ေက်ာင္းဆရာ ရဲ႕ ပရုိဂရမ္မ်ဳိးကုိ မဆုိ

ေရြးခ်ယ္ေလ့လာႏုိင္တဲ့ Course Match ကုိ ဖန္တီးခဲ့တယ္။ . february 4 2004 မွာ Zuckerberg က ေဖ့စ္ဘုတ္ ကုိ စတင္ေၾကာ္ျငာခဲ့တယ္။

နာမည္ က Thefacebook.com ျဖစ္ပါတယ္။ ေက်ာင္းေနဘက္သူငယ္ခ်င္းေတြ ၊ ေက်ာင္းသားေတြ နဲ႔ ေက်ာင္းသားအသုိင္းအ၀ုိင္း

က လူငယ္ေတြအတြက္ ရည္ရြယ္ျပီး ကိုယ္ေရးဖုိင္ေတြ၊ဓါတ္ပုံေတြ မွ်ေ၀ ေပးႏုိင္မဲ့ ကြန္ယက္တစ္ခု အျဖစ္သာ ရည္ရြယ္ခဲ့တယ္။

၂၀၀၆ ခုႏွစ္မွာေတာ့ အားလုံးအတြက္ ခြင့္ျပဳခဲ့တယ္။ . ဒါေပမဲ့ ဇူကာဘတ္ ဟာ တဲြဖက္တည္ေထာင္သူအျဖစ္ပဲ ေနျပီး သူ႔အခန္းေဖာ္ေတြ

ျဖစ္တဲ့ Eduardo Saverin , Dustin Moskovitz, နဲ႔ Chris Hughes တုိ႔ကုိ ဖိတ္ေခၚခဲ့တယ္။ အဲဒီအထဲက Saverin ဆုိရင္ ကုမၸဏီစတင္

တည္ေထာင္ခ်င္း မွာ ေဒၚလာ ၁၀၀၀ အထိ ရင္းႏွီးျမဳပ္ႏွံေပးခဲ့တယ္။ . တျခား ဟားဗတ္တကၠသုိလ္ေက်ာင္းသား ၃ ေယာက္ျဖစ္တဲ့

Cameron Winklevoss, Tyler Winklevoss နဲ႔ Divya Narenya တုိ႔က သူ႔ကုိ သူခုိးလုိ႔ စြပ္စဲြခဲ့ၾကတယ္။ အရင္တုန္းက ဇူကာဘတ္ က

အဲဒီ ၃ ေယာက္ ဦးေဆာင္လုပ္ခဲ့တဲ့ လူမႈကြန္ယက္ တစ္ခု ျဖစ္တဲ့ Connect’U အတြက္လည္း အလုပ္လုပ္ခဲ့ဖူးတယ္ ။

အဲဒီ ConnectU ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာလည္း ေဖ့စ္ဘုတ္ နဲ႔ ခပ္ဆင္ဆင္နီးပါး တူတယ္။ အဲဒီအတြက္ ConnectU ရဲ႕

ဦးေဆာင္ ၃ ေယာက္ က ေဒၚလာ ၆၅သန္း ရယူလုိမႈ နဲ႔ ဇူကာဘတ္ ကုိ တရားစြဲခဲ့တယ္။ . ဇူကာဘတ္ ရဲ႕ ပထမဆုံး ကား က

Subaru Forester SUV အမ်ဳိးအစား ျဖစ္ပါတယ္။ . ေဖ့စ္ဘုတ္ ဟာ အျပာေရာင္ ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဇူကာဘတ္

ဟာ အနီေရာင္နဲ႔ အစိမ္းေရာင္ ကုိ မျမင္ႏုိင္တဲ့ ကာလာဘလုိင္း ျဖစ္ေနလုိ႔ပါ။ အျပာေရာင္ မ်ဳိးကဲြအားလုံးကုိေတာ့ ဇူကာဘတ္ က

ေကာင္းေကာင္းျမင္ေတြ႔ႏုိင္တဲ့အတြက္ အျပာေရာင္ ကုိသာ ေရြးခ်ယ္တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။ . ဇူကာဘတ္ ဟာ ဘုရားမဲ့

၀ါဒီ တစ္ေယာက္ ျဖစ္ပါတယ္။ . တကယ္လုိ႔ @ [4:0] ဆုိျပီး ကြန္မန္႔ေဘာက္စ္မွာ ရုိက္ခဲ့မယ္ ဆုိရင္ ဇူကာဘတ္ ရဲ႕ အမည္ေပၚပါ

လိမ့္မယ္။ . ေဖစ့္ဘုတ္ မွာ ဘေလာ့လုိ႔ မရႏုိင္တဲ့သူ ဟာလည္း ဇူကာဘတ္ တစ္ေယာက္ တည္း သာ ျဖစ္ပါတယ္။ .

အေစာပုိင္းကာလေတြ မွာ သူသုံးခဲ့တဲ့ လိပ္စာကဒ္ business card မွာ ေရးသားထားတာက အမႈေဆာင္အရာရွိခ်ဳပ္

(ေပါက္ပန္း #!@#$ ) . တကယ္လုိ႔ တစ္ေယာက္ေယာက္ က ဗုိက္ဆာျပီ၊ အျပင္ထြက္ခ်င္ျပီဆုိပါစုိ႔ .။ ဇူကာဘတ္ သာ ရွိလုိ႔ကေတာ့

“ အလုပ္ကုိ အာရုံစုိက္စမ္းပါ။ အာရုံလႊဲပစ္လုိက္။ မျပီးမခ်င္း ထုိင္ခုံက မထ နဲ႔ ..” လုိ႔ ေျပာမွာ ေသခ်ာပါတယ္။ သူအဖဲြ႔ဟာ

အလုပ္အေပၚမွာ ေဇာကပ္ေနတာ ပဲ ျမင္ခ်င္ခဲ့သူတစ္ေယာက္ပါ။ . ၂၀၀၃ ခုႏွစ္မွာ အခု ဇနီး ခ်မ္း နဲ႔ ခ်ိန္းေတြ႔ခဲ့တာပါ။ ပရက္စီယာ

ခ်မ္း က အာရွႏြယ္ဖြား ဗီယက္နမ္-တရုတ္ေသြး ပါသူတစ္ေယာက္ပါ။ . ၂၀၀၄ ခုႏွစ္ ေဖေဖာ္၀ါရီ လ ၅ ရက္ေန႔ ခ်မ္းဟာ ေဖ့စ္ဘုတ္

အေကာင့္ စတင္ ဖြင့္လွစ္ခဲ့ပါတယ္။ ဟားဗတ္မွာ လႊင့္ျပိး တစ္ရက္ၾကာျပီးအခ်ိန္မွာပါ။ . အင္တာဗ်ဴးတစ္ခု မွာေတာ့ အခ်စ္စိတ္နဲ႔

ပတ္သက္ျပီး ေမးျမန္းတဲ့အခါမွာ ခ်မ္း က ဇူကာဘတ္ ရဲ႕ မွ်တတဲ့ သယာဟစိတ္ဓါတ္ကုိ သေဘာက်လုိ႔ ေရြးခ်ယ္ခဲ့တဲ့ အေၾကာင္း

ထုတ္ေဖာ္ေျပာၾကားခဲ့တယ္။ . October 2010 မွာ The Social Network ဆုိတဲ့ ရုပ္ရွင္ကား (ေဖ့စ္ဘုတ္ တည္ေထာင္ျခင္း နဲ႔

ဇူကာဘတ္ အေၾကာင္း ရုိက္ထားတဲ့ ရုပ္ရွင္ကား) ကုိ ရုံးထဲက အပန္းေျဖရုပ္ရွင္ရုံငယ္ ေလး ထဲမွာ ဇူကာဘတ္ နဲ႔ ၀န္ထမ္းေတြ

အတူတူ ထုိင္ျပီး ၾကည့္ရႈခဲ့ၾကတယ္။ . September 2010 မွာေတာ့ ဇူကာဘတ္ က ေဆးတကၠသုိလ္ေက်ာင္းသူ ခ်မ္းကုိ သူ႔ငွားထားတဲ့

အိမ္မွာ လုိက္ေနဖုိ႔ ဖိတ္ေခၚခဲ့တယ္။ အဲဒီမွာ ထုံးစံအတုိင္း လုိက္မေနခင္ ခ်မ္း က ေဖ့စ္ဘုတ္ မွာ တသက္တာ ထာ၀ရ ဆုိျပီး

Relationship Status ကုိ ျပင္ဆင္ခဲ့တယ္။ . ၂၀၁၁ ခုႏွစ္ ဒီဇင္ဘာမွာ ခ်မ္းရဲ႕ မိသားစုေတြ နဲ႔ မေတြ႔ေပးခင္ ဇူကာဘတ္ ရဲ႕ တာ၀န္

က တရုတ္ဘာသာစကား ကုိ ေကာင္းေကာင္းၾကီး ေလ့လာက်က္မွတ္ေနရတဲ့ အလုပ္တစ္ခု ပါ။ . ခ်မ္း ကုိ ေပးဖုိ႔ မဂၤလာလက္စြပ္ကုိ

ဇူကာဘတ္ ကုိယ္တုိင္ ဆဲြခဲ့တယ္။ အဲဒီ လက္စြပ္ဟာ ပတၱျမားကို စိန္လုံး ၂ လုံး က ကိုယ္စီ၀န္းရံထားတဲ့ သ႑ာန္ေလး ရွိတယ္။

အဲဒီအခ်ိန္မွာ ေဒၚလာ ၁၉ ဘီလီယံ ခ်မ္းသာေနျပီ ျဖစ္ေပမဲ့ သူ႔လက္စြပ္ကေတာ့ ေဒၚလာ ၂ ေသာင္းခဲြေလာက္ပဲ တန္ေၾကးရွိခဲ့တယ္။ .

May 19, 2012 ခုႏွစ္ ၊ Calif ျပည္နယ္ ၊ Palo Alto အရပ္၊ ေနအိမ္ရဲ႕ ဥယ်ာဥ္ေျမကြက္လပ္ မွာပဲ ပကာသန မပါဘဲ ရုိးရုိးရွင္းရွင္း

လက္ထပ္ခဲ့တယ္။ . ဧည့္ခံပဲြကေလး ဟာ အရမ္းေသးငယ္ျပီး ဧည့္သည္ အေယာက္ တစ္ေယာက္ ကုိပဲ ဖိတ္ၾကားခဲ့တယ္။

မကၠစီကန္ နဲ ဂ်ပန္အစားအစာေတြကုိ အသိ စားေသာက္ဆုိင္ ကပဲ မွာၾကားျပီး ဖိတ္ေၾကြးခဲ့တယ္။ ဂ်ပန္ရုိးရာ ဖူကီဆူရွီ နဲ႔

မကၠစီကန္အစားအစာ ေတြ ဟာ ေစ်းသက္သာျပီး ေစ်းအၾကီးဆုံး ဟင္းလ်ာ က မွာ ၈ ေဒၚလာ ေလာက္သာ တန္ဖုိးရွိတယ္။

ျပီးေတာ့ ၃ ေဒၚလာ တန္ ေခ်ာကလက္မစ္ရွိတ္ တုိက္ေၾကြးခဲ့ပါတယ္။ . သူ ဟာ အသက္ ၃၀ ႏွစ္ေအာက္ အရြယ္ ပရဟိတ

အလွဴရွင္ေတြထဲမွာ အၾကီးက်ယ္ဆုံး အလွဴရွင္ ျဖစ္မလာခင္ကတည္း က သူရဲ႕ မိန္းမ ခ်မ္းကုိ ၂၀၁၄ ခုႏွစ္မွာ ေဖ့စ္ဘုတ္ ရဲ႕ ရွယ္ယာ

ေဒၚလာ ၁၈ သန္း ဖုိး ကုိ လက္ေဆာင္ေပးအပ္ခဲ့ျပီး ျဖစ္ပါတယ္။ . အလုပ္ရႈပ္သက္သာေအာင္ နဲ႔ အခ်ိန္ကုန္ သက္သာေအာင္

ရည္ရြယ္ျပီး ေဖ့စ္ဘုတ္ အမွတ္တံဆိပ္ ပါ အညဳိေရာင္ တီရွပ္တထည္ သာ ေန႔တုိင္းနီးပါး ၀တ္ဆင္ေလ့ရွိပါတယ္။

. ၂၀၁၁ ခုႏွစ္ကတည္း က အသီးအရြကေတြကုိသာ စားသုံးေလ့ရွိသူ တစ္ဦးလည္း ျဖစ္ပါတယ္။ . သူ႔မွာ Beast လုိ႔ ေခၚတဲ့ ဟန္ေဂရီ

သုိးထိန္းေခြးတစ္ေကာင္ ရွိပါတယ္။ Beast ကလည္း ေခသူေတာ့ မဟုတ္ေခ်၊ ပရိသတ္ ၁.၈ သန္း ရွိတဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာပုိင္ရွင္

တစ္ေကာင္ ျဖစ္ပါတယ္။ . Daft Punk နဲ႔ Lady Gaga တုိ႔က သူ႔အၾကိဳက္ဆုံး ဂီတပညာရွင္ေတြပါ။ . “Ender’s Game” ကေတာ့

အၾကိဳက္ဆုံး စာအုပ္တစ္အုပ္ေပါ့။ Business Insider ရဲ႕ စုံစမ္းမႈေတြ အရ ဇူကာဘတ္ မွာ တီဗီြ (ရုပ္ျမင္သံၾကား) မရွိေခ်။

. ဇူကာဘတ္ ဟာ အနက္ေရာင္ Acura TSX ကားတစ္စီး ပုိင္ဆုိင္ထားျပီး စိတ္ခ်ရတယ္ လုိ႔ သူ႔ကား ကုိ အမႊန္းတင္ေလ့ရွိပါတယ္။

. သူ ဟာ Andy Samberg ကုိ ၾကိဳက္ႏွစ္သက္သူ တစ္ေယာက္ ျဖစ္ျပီး Andy Samberg သရုပ္ေဆာင္ခဲ့တဲ့ Social Network

ရုပ္ရွင္အေၾကာင္း ကုိ တသသ နဲ႔ ခ်ီးမြမ္းမဆုံး ျဖစ္ေလ့ရွိတယ္။ . July 2011 မွာ ဇူကာဘတ္ ဟာ Google+ တည္ေထာင္တဲ့

လယ္ရီေပ့ခ်္ တုိ႔ ၊ ဆာ့ခ်္ဘရင္း တုိ႔ထက္ ပုိျပီး လူၾကိက္မ်ားလာခဲ့ျပီး Google+ မွာ ပုိင္ရွင္ႏွစ္ဦးထက္ ပုိျပီး follower မ်ားတဲ့

လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ . အုိင္းစတုိင္း ရဲ႕ နာမည္ေက်ာ္ အဆုိအမိန္႔ျဖစ္တဲ့ “ျဖစ္ႏုိင္သမွ် ရုိးရုိးပဲ လုပ္ပါ၊ အဲဒါကပဲ

ဆန္းၾကယ္လာပါလိမ့္မယ္” ဆုိတဲ့ စကား ကုိ အၾကိဳက္ဆုံးပါပဲ။ . သူငယ္ခ်င္းေတြက Zuck လုိ႔ ေခၚေပေမဲ့ အေမျဖစ္သူက

ေတာ့ “ ကုိယ္ေတာ္ေခ်ာ” လုိ႔ ခ်စ္စႏုိး ေခၚေလ့ရွိတယ္။ . တြစ္တာ မွာ သူ႔အမည္ က @finkd ျဖစ္ျပီး ေဖာလ္လုိ၀ါ ၁

သိန္းခဲြေလာက္ပဲ ရွိတယ္။ ဒါေပမဲ့ ျပီးခဲ့တဲ့ ၃ ႏွစ္ခဲြအတြင္း မွာ တြစ္တာ မွာ သူ စာပုိ႔ခဲတာ က ၁၉ ၾကိမ္ပဲ ရွိပါတယ္။

. သူ႔နာမည္ နဲ႔ မူပုိင္ခြင့္ အခု ၅၀ ေက်ာ္ မွတ္ပုံတင္ထားပါတယ္။ အခြန္ေဆာင္ျပီး အသားတင္ ခ်မ္းသာမႈ က $19.8 ဘီလီယံ ရွိပါတယ္။ .

ညီအကုိေမာင္နွမေတြ ရွိမယ္။ သူငယ္ခ်င္ေးတြ ရွိမယ္။ သူတုိ႔ေတြ ဆီက သင္ယူၾကည့္ပါ။ အဲဒါ ဟာ ေအာင္ျမင္မႈကုိ

ဘယ္လုိတည္ေဆာက္မလဲ ဆုိတဲ့ ေမးခြန္း ရဲ႕ အေျဖထြက္လာေစပါမယ္။ . ေခတ္ေရစီး က ျမန္လြန္းပါတယ္။ စြန္႔စားမွ သာ

နည္းဗ်ဴဟာ ထြက္လာမွာပါ။ နည္းဗ်ဴဟာ ကသာ ရႈံးမလား ၊ ေအာင္ျမင္မလား ဆုိတဲ့ အေျဖကုိ ေပးႏုိင္မွာပါ။ .

Ref : Thumblr ၊ Wiki ၊ Mark Zuckerberg

Credit#

————————————–

< Unicode Version >

မက်ဇူကာဘတ် ဟာ ဖေ့စ်ဘုတ် ကို တီထွင်သူ တစ်ယောက် ဖြစ်ပါတယ်။ အခု ဖော်ပြထားတဲ့ အထဲက တချို့အရာတွေကိုလည်း

သိပြီးသား ဖြစ်နေမှာပါ။ ဒီအချက်အလက်တွေဟာ ဇူကာဘတ် ရဲ့ မလျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကလေးတွေ လို့ ဆိုရင်လည်း

မမှားနိုင်ပါဘူး ခင်ဗျာ။ . သူရဲ့ နာမည် အပြည့်အစုံ က Mark Elliot Zuckerberg ပါ။ May 14, 1984, White Plains မြို့၊

New York ပြည်နယ် မှာ ပညာတတ် မိသားစုကနေ မွေးဖွားခဲ့ပါတယ်။ . သင်္ဘောသားဖြစ်တဲ့ အဖိုး က ဘူဂေးရီးယားလူမျိုးပါ။

သူ့မှာ ဘူဂေးရီးယန်း သွေး တစ်ဝက်ပါတယ် လို့ ဆိုနိုင်ပါတယ်။ . ဖခင်ဖြစ်တဲ့ Edward Zuckerberg သွားဖက်ဆိုင်ရာ ၀န်ထမ်းတစ်ဦးပါ။

မိခင်ကတော့ Mark, Randi,Donna, Arielle တို့လို မက်ဇူကာဘတ် ရဲ့ မွေးချင်းတွေကို မမွေးဖွားခင်တုန်းကတော့

စိတ်ရောဂါအထူးကုဆရာဝန် ပါ။ ကာရန်…လို့ ခေါ်ပါတယ်။ . မိဘတွေဆီက နေ C++ Dummies စာအုပ်ကို လက်ဆောင်ရတဲ့

အချိန်ကစပြီး ဇူကာဘတ် ဟာ ကွန်ပျူတာ ပရိုဂရမ်မင်း နည်းပညာ ကို စိတ်ဝင်စားလာခဲ့တာလို့ ပြောနိုင်ပါတယ်။ . မိသားစု အတွက်

မိသားစုအတွင်း သုံးစွဲဖို့ ဆိုပြီး ZuckNet ဆိုတဲ့ instant messenger ကို စတင် တီထွင်ခဲ့တယ်။ အဲဒါဟာ နောက်ပိုင်းမှာ AOL ရဲ့

Instant Messenger ဖြစ်လာခဲ့တယ်။ . အခြေခံပညာအထက်တန်း ကျောင်းတက်ခဲ့ကတည်းက ကုမ္ပဏီ ၂ ခု က သူ့ကို အပြိုင်

လိုက်ခဲ့ကြတယ်။ အဲဒီ ကုမ္ပဏီကြီးတွေ က AOL နဲ့ မိုက်ကရိုဆော့ဖ် ပဲ။ ကုမ္ပဏီကြီးတွေရဲ့ ကင်းထောက် သူတို့ဆီမှာ အလုပ်လုပ်

ဖို့ အရည်အသွေးရှိ လူငယ်တွေကို အပြိုင်အဆိုင် စည်းရုံးနေတဲ့ အချိန်မှာ ဇူကာဘတ် က ဒုတိယမြောက် ပရိုဂရမ်တစ်ခု ကို

တီထွင်ခဲ့တယ်။ အဲဒါ က Synapse လို့ ခေါ်တဲ့ ပရိုဂရမ်ပါ။ သီချင်းနားထောင်တဲ့ အလေ့အကျင့်တွေ ပေါ်ထွက်လာဖို့ AI လို့ ခေါ်တဲ့

Artficial Intelligence ညဏ်ရည်တု သုံးစွဲ ပြီး လေ့ကျင့်ပေးမယ့် ပရိုဂရမ်ငယ်လေးပါ။ . သူရဲ့ ပရိုဂရမ် တစ်ခုကို သုံးစွဲပြီး ပြင်သစ်၊

ဟီဘရူး ၊ လက်တင်၊ ရှေးခေတ်ဂရိ တွေရဲ့ ဘာသာစကားတွေကို ရေးနိုင် ၊ ဖတ်နိုင် စွမ်းရှိတယ်။ . အဲဒီ ဟားဗတ်တက္ကသိုလ်မှာ

ရှိနေတဲ့အချိန်မှာပဲ ကျောင်းသားတွေရဲ့ Dorm-Directory ကျောင်းသားမှတ်တမ်း ၊ နေထိုင်ပုံဇယားတွေ ၊ တက်ရောက်ပုံဓါတ်ပုံတွေ၊

အသေးစိတ် စာရင်းပြုစုပြီး FaceMash ကို တီထွင်ခဲ့တယ်။ . ဘယ်တက္ကသိုလ် က သင်တဲ့ကျောင်းဆရာ ရဲ့ ပရိုဂရမ်မျိုးကို မဆို

ရွေးချယ်လေ့လာနိုင်တဲ့ Course Match ကို ဖန်တီးခဲ့တယ်။ . february 4 2004 မှာ Zuckerberg က ဖေ့စ်ဘုတ် ကို စတင်ကြော်ငြာခဲ့တယ်။

နာမည် က Thefacebook.com ဖြစ်ပါတယ်။ ကျောင်းနေဘက်သူငယ်ချင်းတွေ ၊ ကျောင်းသားတွေ နဲ့ ကျောင်းသားအသိုင်းအဝိုင်း

က လူငယ်တွေအတွက် ရည်ရွယ်ပြီး ကိုယ်ရေးဖိုင်တွေ၊ဓါတ်ပုံတွေ မျှဝေ ပေးနိုင်မဲ့ ကွန်ယက်တစ်ခု အဖြစ်သာ ရည်ရွယ်ခဲ့တယ်။

၂၀၀၆ ခုနှစ်မှာတော့ အားလုံးအတွက် ခွင့်ပြုခဲ့တယ်။ . ဒါပေမဲ့ ဇူကာဘတ် ဟာ တွဲဖက်တည်ထောင်သူအဖြစ်ပဲ နေပြီး သူ့အခန်းဖော်တွေ

ဖြစ်တဲ့ Eduardo Saverin , Dustin Moskovitz, နဲ့ Chris Hughes တို့ကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအထဲက Saverin ဆိုရင် ကုမ္ပဏီစတင်

တည်ထောင်ချင်း မှာ ဒေါ်လာ ၁၀၀၀ အထိ ရင်းနှီးမြုပ်နှံပေးခဲ့တယ်။ . တခြား ဟားဗတ်တက္ကသိုလ်ကျောင်းသား ၃ ယောက်ဖြစ်တဲ့

Cameron Winklevoss, Tyler Winklevoss နဲ့ Divya Narenya တို့က သူ့ကို သူခိုးလို့ စွပ်စွဲခဲ့ကြတယ်။ အရင်တုန်းက ဇူကာဘတ် က

အဲဒီ ၃ ယောက် ဦးဆောင်လုပ်ခဲ့တဲ့ လူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ Connect’U အတွက်လည်း အလုပ်လုပ်ခဲ့ဖူးတယ် ။

အဲဒီ ConnectU ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ဖေ့စ်ဘုတ် နဲ့ ခပ်ဆင်ဆင်နီးပါး တူတယ်။ အဲဒီအတွက် ConnectU ရဲ့

ဦးဆောင် ၃ ယောက် က ဒေါ်လာ ၆၅သန်း ရယူလိုမှု နဲ့ ဇူကာဘတ် ကို တရားစွဲခဲ့တယ်။ . ဇူကာဘတ် ရဲ့ ပထမဆုံး ကား က

Subaru Forester SUV အမျိုးအစား ဖြစ်ပါတယ်။ . ဖေ့စ်ဘုတ် ဟာ အပြာရောင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇူကာဘတ်

ဟာ အနီရောင်နဲ့ အစိမ်းရောင် ကို မမြင်နိုင်တဲ့ ကာလာဘလိုင်း ဖြစ်နေလို့ပါ။ အပြာရောင် မျိုးကွဲအားလုံးကိုတော့ ဇူကာဘတ် က

ကောင်းကောင်းမြင်တွေ့နိုင်တဲ့အတွက် အပြာရောင် ကိုသာ ရွေးချယ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ . ဇူကာဘတ် ဟာ ဘုရားမဲ့

၀ါဒီ တစ်ယောက် ဖြစ်ပါတယ်။ . တကယ်လို့ @ [4:0] ဆိုပြီး ကွန်မန့်ဘောက်စ်မှာ ရိုက်ခဲ့မယ် ဆိုရင် ဇူကာဘတ် ရဲ့ အမည်ပေါ်ပါ

လိမ့်မယ်။ . ဖေစ့်ဘုတ် မှာ ဘလော့လို့ မရနိုင်တဲ့သူ ဟာလည်း ဇူကာဘတ် တစ်ယောက် တည်း သာ ဖြစ်ပါတယ်။ .

အစောပိုင်းကာလတွေ မှာ သူသုံးခဲ့တဲ့ လိပ်စာကဒ် business card မှာ ရေးသားထားတာက အမှုဆောင်အရာရှိချုပ်

(ပေါက်ပန်း #!@#$ ) . တကယ်လို့ တစ်ယောက်ယောက် က ဗိုက်ဆာပြီ၊ အပြင်ထွက်ချင်ပြီဆိုပါစို့ .။ ဇူကာဘတ် သာ ရှိလို့ကတော့

“ အလုပ်ကို အာရုံစိုက်စမ်းပါ။ အာရုံလွှဲပစ်လိုက်။ မပြီးမချင်း ထိုင်ခုံက မထ နဲ့ ..” လို့ ပြောမှာ သေချာပါတယ်။ သူအဖွဲ့ဟာ

အလုပ်အပေါ်မှာ ဇောကပ်နေတာ ပဲ မြင်ချင်ခဲ့သူတစ်ယောက်ပါ။ . ၂၀၀၃ ခုနှစ်မှာ အခု ဇနီး ချမ်း နဲ့ ချိန်းတွေ့ခဲ့တာပါ။ ပရက်စီယာ

ချမ်း က အာရှနွယ်ဖွား ဗီယက်နမ်-တရုတ်သွေး ပါသူတစ်ယောက်ပါ။ . ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်နေ့ ချမ်းဟာ ဖေ့စ်ဘုတ်

အကောင့် စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဟားဗတ်မှာ လွှင့်ပြိး တစ်ရက်ကြာပြီးအချိန်မှာပါ။ . အင်တာဗျူးတစ်ခု မှာတော့ အချစ်စိတ်နဲ့

ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ချမ်း က ဇူကာဘတ် ရဲ့ မျှတတဲ့ သယာဟစိတ်ဓါတ်ကို သဘောကျလို့ ရွေးချယ်ခဲ့တဲ့ အကြောင်း

ထုတ်ဖော်ပြောကြားခဲ့တယ်။ . October 2010 မှာ The Social Network ဆိုတဲ့ ရုပ်ရှင်ကား (ဖေ့စ်ဘုတ် တည်ထောင်ခြင်း နဲ့

ဇူကာဘတ် အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကား) ကို ရုံးထဲက အပန်းဖြေရုပ်ရှင်ရုံငယ် လေး ထဲမှာ ဇူကာဘတ် နဲ့ ၀န်ထမ်းတွေ

အတူတူ ထိုင်ပြီး ကြည့်ရှုခဲ့ကြတယ်။ . September 2010 မှာတော့ ဇူကာဘတ် က ဆေးတက္ကသိုလ်ကျောင်းသူ ချမ်းကို သူ့ငှားထားတဲ့

အိမ်မှာ လိုက်နေဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ထုံးစံအတိုင်း လိုက်မနေခင် ချမ်း က ဖေ့စ်ဘုတ် မှာ တသက်တာ ထာဝရ ဆိုပြီး

Relationship Status ကို ပြင်ဆင်ခဲ့တယ်။ . ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ ချမ်းရဲ့ မိသားစုတွေ နဲ့ မတွေ့ပေးခင် ဇူကာဘတ် ရဲ့ တာဝန်

က တရုတ်ဘာသာစကား ကို ကောင်းကောင်းကြီး လေ့လာကျက်မှတ်နေရတဲ့ အလုပ်တစ်ခု ပါ။ . ချမ်း ကို ပေးဖို့ မင်္ဂလာလက်စွပ်ကို

ဇူကာဘတ် ကိုယ်တိုင် ဆွဲခဲ့တယ်။ အဲဒီ လက်စွပ်ဟာ ပတ္တမြားကို စိန်လုံး ၂ လုံး က ကိုယ်စီဝန်းရံထားတဲ့ သဏ္ဍာန်လေး ရှိတယ်။

အဲဒီအချိန်မှာ ဒေါ်လာ ၁၉ ဘီလီယံ ချမ်းသာနေပြီ ဖြစ်ပေမဲ့ သူ့လက်စွပ်ကတော့ ဒေါ်လာ ၂ သောင်းခွဲလောက်ပဲ တန်ကြေးရှိခဲ့တယ်။ .

May 19, 2012 ခုနှစ် ၊ Calif ပြည်နယ် ၊ Palo Alto အရပ်၊ နေအိမ်ရဲ့ ဥယျာဉ်မြေကွက်လပ် မှာပဲ ပကာသန မပါဘဲ ရိုးရိုးရှင်းရှင်း

လက်ထပ်ခဲ့တယ်။ . ဧည့်ခံပွဲကလေး ဟာ အရမ်းသေးငယ်ပြီး ဧည့်သည် အယောက် တစ်ယောက် ကိုပဲ ဖိတ်ကြားခဲ့တယ်။

မက္ကစီကန် နဲ ဂျပန်အစားအစာတွေကို အသိ စားသောက်ဆိုင် ကပဲ မှာကြားပြီး ဖိတ်ကြွေးခဲ့တယ်။ ဂျပန်ရိုးရာ ဖူကီဆူရှီ နဲ့

မက္ကစီကန်အစားအစာ တွေ ဟာ စျေးသက်သာပြီး စျေးအကြီးဆုံး ဟင်းလျာ က မှာ ၈ ဒေါ်လာ လောက်သာ တန်ဖိုးရှိတယ်။

ပြီးတော့ ၃ ဒေါ်လာ တန် ချောကလက်မစ်ရှိတ် တိုက်ကြွေးခဲ့ပါတယ်။ . သူ ဟာ အသက် ၃၀ နှစ်အောက် အရွယ် ပရဟိတ

အလှူရှင်တွေထဲမှာ အကြီးကျယ်ဆုံး အလှူရှင် ဖြစ်မလာခင်ကတည်း က သူရဲ့ မိန်းမ ချမ်းကို ၂၀၁၄ ခုနှစ်မှာ ဖေ့စ်ဘုတ် ရဲ့ ရှယ်ယာ

ဒေါ်လာ ၁၈ သန်း ဖိုး ကို လက်ဆောင်ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ . အလုပ်ရှုပ်သက်သာအောင် နဲ့ အချိန်ကုန် သက်သာအောင်

ရည်ရွယ်ပြီး ဖေ့စ်ဘုတ် အမှတ်တံဆိပ် ပါ အညိုရောင် တီရှပ်တထည် သာ နေ့တိုင်းနီးပါး ၀တ်ဆင်လေ့ရှိပါတယ်။

. ၂၀၁၁ ခုနှစ်ကတည်း က အသီးအရွကတွေကိုသာ စားသုံးလေ့ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။ . သူ့မှာ Beast လို့ ခေါ်တဲ့ ဟန်ဂေရီ

သိုးထိန်းခွေးတစ်ကောင် ရှိပါတယ်။ Beast ကလည်း ခေသူတော့ မဟုတ်ချေ၊ ပရိသတ် ၁.၈ သန်း ရှိတဲ့ ဖေ့စ်ဘုတ်စာမျက်နှာပိုင်ရှင်

တစ်ကောင် ဖြစ်ပါတယ်။ . Daft Punk နဲ့ Lady Gaga တို့က သူ့အကြိုက်ဆုံး ဂီတပညာရှင်တွေပါ။ . “Ender’s Game” ကတော့

အကြိုက်ဆုံး စာအုပ်တစ်အုပ်ပေါ့။ Business Insider ရဲ့ စုံစမ်းမှုတွေ အရ ဇူကာဘတ် မှာ တီဗွီ (ရုပ်မြင်သံကြား) မရှိချေ။

. ဇူကာဘတ် ဟာ အနက်ရောင် Acura TSX ကားတစ်စီး ပိုင်ဆိုင်ထားပြီး စိတ်ချရတယ် လို့ သူ့ကား ကို အမွှန်းတင်လေ့ရှိပါတယ်။

. သူ ဟာ Andy Samberg ကို ကြိုက်နှစ်သက်သူ တစ်ယောက် ဖြစ်ပြီး Andy Samberg သရုပ်ဆောင်ခဲ့တဲ့ Social Network

ရုပ်ရှင်အကြောင်း ကို တသသ နဲ့ ချီးမွမ်းမဆုံး ဖြစ်လေ့ရှိတယ်။ . July 2011 မှာ ဇူကာဘတ် ဟာ Google+ တည်ထောင်တဲ့

လယ်ရီပေ့ချ် တို့ ၊ ဆာ့ချ်ဘရင်း တို့ထက် ပိုပြီး လူကြိက်များလာခဲ့ပြီး Google+ မှာ ပိုင်ရှင်နှစ်ဦးထက် ပိုပြီး follower များတဲ့

လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ . အိုင်းစတိုင်း ရဲ့ နာမည်ကျော် အဆိုအမိန့်ဖြစ်တဲ့ “ဖြစ်နိုင်သမျှ ရိုးရိုးပဲ လုပ်ပါ၊ အဲဒါကပဲ

ဆန်းကြယ်လာပါလိမ့်မယ်” ဆိုတဲ့ စကား ကို အကြိုက်ဆုံးပါပဲ။ . သူငယ်ချင်းတွေက Zuck လို့ ခေါ်ပေမေဲ့ အမေဖြစ်သူက

တော့ “ ကိုယ်တော်ချော” လို့ ချစ်စနိုး ခေါ်လေ့ရှိတယ်။ . တွစ်တာ မှာ သူ့အမည် က @finkd ဖြစ်ပြီး ဖောလ်လို၀ါ ၁

သိန်းခွဲလောက်ပဲ ရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်း မှာ တွစ်တာ မှာ သူ စာပို့ခဲတာ က ၁၉ ကြိမ်ပဲ ရှိပါတယ်။

. သူ့နာမည် နဲ့ မူပိုင်ခွင့် အခု ၅၀ ကျော် မှတ်ပုံတင်ထားပါတယ်။ အခွန်ဆောင်ပြီး အသားတင် ချမ်းသာမှု က $19.8 ဘီလီယံ ရှိပါတယ်။ .

ညီအကိုမောင်နှမတွေ ရှိမယ်။ သူငယ်ချင်ေးတွ ရှိမယ်။ သူတို့တွေ ဆီက သင်ယူကြည့်ပါ။ အဲဒါ ဟာ အောင်မြင်မှုကို

ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ မေးခွန်း ရဲ့ အဖြေထွက်လာစေပါမယ်။ . ခေတ်ရေစီး က မြန်လွန်းပါတယ်။ စွန့်စားမှ သာ

နည်းဗျူဟာ ထွက်လာမှာပါ။ နည်းဗျူဟာ ကသာ ရှုံးမလား ၊ အောင်မြင်မလား ဆိုတဲ့ အဖြေကို ပေးနိုင်မှာပါ။ .

Ref : Thumblr ၊ Wiki ၊ Mark Zuckerberg

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

14 + 14 =