“ဘီလ်ံနာသူေ႒းႀကီး လီကာရွင္းရဲ႕ တန္ဖိုးရိွေသာ စကားမ်ား”

သူ႔မိသားစုဟာ စစ္ေဘးေရွာင္ဖို႔ တ႐ုတ္ျပည္ကေန ေဟာင္ေကာင္ကြ်န္းကို ထြက္ေျပးလာခဲ့တယ္။ ေဟာင္ေကာင္ေရာက္ၿပီး

သိတ္မၾကာခင္မွာပဲ သူ႔အေဖဟာ တီဘီေရာဂါနဲ႔ ကြယ္လြန္သြားတယ္။ အဲဒီအခ်ိန္မွာ သူ႔အသက္ ၁၄ ႏွစ္ပဲ ရွိေသးတယ္။ ဒါေပမဲ့

သားအႀကီးဆံုးျဖစ္တာမို႔ မိသားစုတာဝန္ယူဖို႔ ေက်ာင္းက ထြက္ၿပီး ပလတ္စတစ္စက္ရံုတခုမွာ အလုပ္ဝင္လုပ္တယ္။

ေနာက္ အေရာင္းကိုယ္စားလွယ္ လုပ္တယ္။ တေန႔ကို ၁၆ နာရီအထိ အလုပ္လုပ္တယ္။ လူပ်ိဳျဖစ္လာေတာ့ သူမ်ားေတြလို

မေပ်ာ္ႏိုင္ဘူး။ အလုပ္ပဲလုပ္ရင္း ပိုက္ဆံစုတယ္။ စုလို႔ရတဲ့ေငြေလးနဲ႔ ပလတ္စတစ္စက္ရံုေလး ေထာင္လိုက္တယ္။ တေန႔မွာ

အဂၤလိပ္မဂၢဇင္းတေစာင္က သတင္းတိုေလးတပုဒ္ကို ဖတ္မိရင္း အၾကံတခု ရလိုက္တယ္။ အဲဒီအၾကံကို

အေကာင္အထည္ေဖၚရင္း ႀကီးပြားႏိုင္တဲ့ အခြင့္အလမ္းေတြ ေတြ႔လာတယ္။ အဲဒီအခြင့္အလမ္းေတြကို အသံုးခ်ၿပီး သူဟာ

ေဒၚလာ ၃၀ ဘီလီယံ ပိုင္ဆိုင္ေနၿပီး အာရွမွာ အခ်မ္းသာဆံုးသူေ႒းႀကီးတေယာက္ ျဖစ္လာခဲ့တယ္။ သူ႔နာမည္က လီကာရွင္း

(Li Ka-shing) ပါ။ လီကာရွင္းရဲ႕ မွတ္မွတ္သားသား စကားမ်ား

– ဝင္ေငြတခုထဲေပၚမွာ မမွီခိုပါနဲ႔။ ဒုတိယဝင္ေငြရဖို႔ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ပါ။

– သင္မလိုအပ္တာေတြ ဝယ္ေနရင္ မၾကာခင္ သင္လိုအပ္တာေတြ ေရာင္းပစ္ရတဲ့ အေျခအေန

ဆိုက္ေရာက္သြားလိမ့္မယ္။

– လုပ္ငန္းစလုပ္ရင္ ျမစ္ထဲဆင္းသလို ေျခ ၂ ေခ်ာင္းစလံုး စံုပစ္မဆင္းလိုက္ပါနဲ႔။ ေျခတေခ်ာင္းနဲ႔ စမ္းဆင္းၾကည့္ပါ။

ေရနက္ေနရင္ ေျခေထာက္ကို ခ်က္ျခင္း ျပန္ႏူတ္လို႔ရတယ္။

– ႀကိဳးစားအားထုတ္မႈဟာ အခြင့္အလမ္းထက္ပိုအေရးႀကီးပါတယ္။ ႀကိဳးစားမႈ မရွိရင္ေတာ့ အခြင့္အလမ္းကို

လက္လြတ္ဆံုးရႈံးသြားမွာပါ။

– ေတာင္းတေတာင္းထဲမွာၾကက္ဥေတြအားလံုး ထဲ့ထားသလို ရင္းႏွီးေငြကို တေနရာထဲမွာ မထားပါနဲ႔။ ေတာင္းလြတ္က်ရင္

ၾကက္ဥေတြအားလံုးကြဲႏိုင္တာမို႔ ေတာင္းေတြမွာ ခြဲထားပါ။

– ႐ိုးသားမႈဆိုတာ တန္ဖိုးႀကီးတာမို႔ အဆင့္အတန္းမရွိသူေတြဆီမွာ ရွာမေတြ႕ႏိုင္ပါဘူး။

– နာမည္တလံုးဟာ ေအာင္ျမင္မႈရဲ႕ ေသာ့ခ်က္ပါ။ နာမည္မပ်က္ေစဖို႔ သင့္ေဖါက္သည္ေတြအေပၚမွာ သစၥာရွိပါ။

– Knowledge အသိဉာဏ္က သင့္အနာဂါတ္ဘဝကို အဆံုးအျဖတ္ ေပးပါလိမ့္မယ္။

– Knowledge ဟာ သင့္ကို ႀကီးပြားခ်မ္းသာေစမယ္လို႔ အာမ,မခံေပမဲ့ ႀကီးပြားခ်မ္းသာမဲ့ အခြင့္အေရးေတြကို ျမင္တတ္ေအာင္

မ်က္စိဖြင့္ေပးပါလိမ့္မယ္။

– လူတေယာက္ရဲ႕ အနာဂါတ္ဟာ ေန႔စဥ္သူ႔အားလပ္ခ်ိန္မွာ ဘာလုပ္သလဲဆိုတဲ့ အေပၚမွာမူတည္ေနပါတယ္။

ညပိုင္းမအိပ္ခင္ ၂ နာရီ – ၃ နာရီေလာက္ ရတဲ့အားလပ္ခ်ိန္မွာ စာဖတ္ပါ။ ေတြးေတာၾကံဆပါ။

အကိ်ဳးရွိရာရွိေၾကာင္းေတြ ေဆြးေႏြးပါ။ ဒါကို ေန႔စဥ္မွန္မွန္လုပ္ေနရင္ ေအာင္ျမင္မႈဆိုတဲ့ ဧည့္သည္ဟာ သင့္အိမ္တံခါးကို

လာေခါက္ၿပီး သင့္ေရွ႕ေမွာက္ကို မုခ်အခစားဝင္လာပါလိမ့္မယ္။

– ဆင္းရဲလို႔ စိတ္ဓါတ္မက်ပါနဲ႔။ သင့္ကိုယ္ကို knowledge မွာ ရင္းႏွီးျမဳပ္ႏွံပါ။ knowledge ျပည့္စံုသူဟာ ဘယ္ဟာက

ရင္းႏွီးျမဳပ္ႏွံဖို႔ သင့္တယ္၊ မသင့္ဘူးဆိုတာ သိလာလိမ့္မယ္။

– က်ေနာ္ငယ္ငယ္က ေငြပိုေလးရွိရင္ စာအုပ္အေဟာင္းေတြ ဝယ္ဖတ္တယ္။ စာအုပ္ထဲက စာေတြကို ေက်ညက္ေအာင္

ဖတ္ၿပီးသြားရင္ ေနာက္ထပ္စာအုပ္အေဟာင္းေတြနဲ႔ သြားလဲဖတ္လိုက္တယ္။

– ပိုက္ဆံကို သံုးၿပီးမွ က်န္တာကို မစုပါနဲ႔။ စုၿပီးမွ က်န္တာကို သံုးပါ။ – ပိုက္ဆံဆိုတာ သံုးဖို႔ပါ။ ျဖဳန္းဖို႔ မဟုတ္ပါဘူး။

– က်ေနာ္ရဲ႕ ဘဝအနိမ့္က်ဆံုးအခ်ိန္မွာ အရမ္းေခၽြတာခဲ့ရတယ္။ ပိုက္ဆံမရွိလို႔ ဆံပင္မညွပ္ႏိုင္တာနဲ ့၃ လၾကာမွ တခါ

ေခါင္းတံုးရိပ္ရတယ္။ ကတံုးနဲ ့ေနရတာမ်ားလို႔ အၿမဲတမ္းဘုန္းႀကီးနဲ႔ တူေနတယ္။

Ref: ဗန္းေမာ္သိန္းေဖရဲ႕ ဒုတိယေျမာက္စာအုပ္ “ဆင္းရဲႏြံမွ ခ်မ္းသာဘံုသို႔” မွ ေကာက္ႏူတ္ခ်က္။

< Unicode Version >

သူ့မိသားစုဟာ စစ်ဘေးရှောင်ဖို့ တရုတ်ပြည်ကနေ ဟောင်ကောင်ကျွန်းကို ထွက်ပြေးလာခဲ့တယ်။ ဟောင်ကောင်ရောက်ပြီး

သိတ်မကြာခင်မှာပဲ သူ့အဖေဟာ တီဘီရောဂါနဲ့ ကွယ်လွန်သွားတယ်။ အဲဒီအချိန်မှာ သူ့အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့

သားအကြီးဆုံးဖြစ်တာမို့ မိသားစုတာဝန်ယူဖို့ ကျောင်းက ထွက်ပြီး ပလတ်စတစ်စက်ရုံတခုမှာ အလုပ်ဝင်လုပ်တယ်။

နောက် အရောင်းကိုယ်စားလှယ် လုပ်တယ်။ တနေ့ကို ၁၆ နာရီအထိ အလုပ်လုပ်တယ်။ လူပျိုဖြစ်လာတော့ သူများတွေလို

မပျော်နိုင်ဘူး။ အလုပ်ပဲလုပ်ရင်း ပိုက်ဆံစုတယ်။ စုလို့ရတဲ့ငွေလေးနဲ့ ပလတ်စတစ်စက်ရုံလေး ထောင်လိုက်တယ်။ တနေ့မှာ

အင်္ဂလိပ်မဂ္ဂဇင်းတစောင်က သတင်းတိုလေးတပုဒ်ကို ဖတ်မိရင်း အကြံတခု ရလိုက်တယ်။ အဲဒီအကြံကို

အကောင်အထည်ဖေါ်ရင်း ကြီးပွားနိုင်တဲ့ အခွင့်အလမ်းတွေ တွေ့လာတယ်။ အဲဒီအခွင့်အလမ်းတွေကို အသုံးချပြီး သူဟာ

ဒေါ်လာ ၃၀ ဘီလီယံ ပိုင်ဆိုင်နေပြီး အာရှမှာ အချမ်းသာဆုံးသူဋ္ဌေးကြီးတယောက် ဖြစ်လာခဲ့တယ်။ သူ့နာမည်က လီကာရှင်း

(Li Ka-shing) ပါ။ လီကာရှင်းရဲ့ မှတ်မှတ်သားသား စကားများ

– ဝင်ငွေတခုထဲပေါ်မှာ မမှီခိုပါနဲ့။ ဒုတိယဝင်ငွေရဖို့ ရင်းနှီးမြုပ်နှံမှုလုပ်ပါ။

– သင်မလိုအပ်တာတွေ ဝယ်နေရင် မကြာခင် သင်လိုအပ်တာတွေ ရောင်းပစ်ရတဲ့ အခြေအနေ

ဆိုက်ရောက်သွားလိမ့်မယ်။

– လုပ်ငန်းစလုပ်ရင် မြစ်ထဲဆင်းသလို ခြေ ၂ ချောင်းစလုံး စုံပစ်မဆင်းလိုက်ပါနဲ့။ ခြေတချောင်းနဲ့ စမ်းဆင်းကြည့်ပါ။

ရေနက်နေရင် ခြေထောက်ကို ချက်ခြင်း ပြန်နူတ်လို့ရတယ်။

– ကြိုးစားအားထုတ်မှုဟာ အခွင့်အလမ်းထက်ပိုအရေးကြီးပါတယ်။ ကြိုးစားမှု မရှိရင်တော့ အခွင့်အလမ်းကို

လက်လွတ်ဆုံးရှုံးသွားမှာပါ။

– တောင်းတတောင်းထဲမှာကြက်ဥတွေအားလုံး ထဲ့ထားသလို ရင်းနှီးငွေကို တနေရာထဲမှာ မထားပါနဲ့။ တောင်းလွတ်ကျရင်

ကြက်ဥတွေအားလုံးကွဲနိုင်တာမို့ တောင်းတွေမှာ ခွဲထားပါ။

– ရိုးသားမှုဆိုတာ တန်ဖိုးကြီးတာမို့ အဆင့်အတန်းမရှိသူတွေဆီမှာ ရှာမတွေ့နိုင်ပါဘူး။

– နာမည်တလုံးဟာ အောင်မြင်မှုရဲ့ သော့ချက်ပါ။ နာမည်မပျက်စေဖို့ သင့်ဖေါက်သည်တွေအပေါ်မှာ သစ္စာရှိပါ။

– Knowledge အသိဉာဏ်က သင့်အနာဂါတ်ဘဝကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။

– Knowledge ဟာ သင့်ကို ကြီးပွားချမ်းသာစေမယ်လို့ အာမ,မခံပေမဲ့ ကြီးပွားချမ်းသာမဲ့ အခွင့်အရေးတွေကို မြင်တတ်အောင်

မျက်စိဖွင့်ပေးပါလိမ့်မယ်။

– လူတယောက်ရဲ့ အနာဂါတ်ဟာ နေ့စဉ်သူ့အားလပ်ချိန်မှာ ဘာလုပ်သလဲဆိုတဲ့ အပေါ်မှာမူတည်နေပါတယ်။

ညပိုင်းမအိပ်ခင် ၂ နာရီ – ၃ နာရီလောက် ရတဲ့အားလပ်ချိန်မှာ စာဖတ်ပါ။ တွေးတောကြံဆပါ။

အကျိုးရှိရာရှိကြောင်းတွေ ဆွေးနွေးပါ။ ဒါကို နေ့စဉ်မှန်မှန်လုပ်နေရင် အောင်မြင်မှုဆိုတဲ့ ဧည့်သည်ဟာ သင့်အိမ်တံခါးကို

လာခေါက်ပြီး သင့်ရှေ့မှောက်ကို မုချအခစားဝင်လာပါလိမ့်မယ်။

– ဆင်းရဲလို့ စိတ်ဓါတ်မကျပါနဲ့။ သင့်ကိုယ်ကို knowledge မှာ ရင်းနှီးမြုပ်နှံပါ။ knowledge ပြည့်စုံသူဟာ ဘယ်ဟာက

ရင်းနှီးမြုပ်နှံဖို့ သင့်တယ်၊ မသင့်ဘူးဆိုတာ သိလာလိမ့်မယ်။

– ကျနော်ငယ်ငယ်က ငွေပိုလေးရှိရင် စာအုပ်အဟောင်းတွေ ဝယ်ဖတ်တယ်။ စာအုပ်ထဲက စာတွေကို ကျေညက်အောင်

ဖတ်ပြီးသွားရင် နောက်ထပ်စာအုပ်အဟောင်းတွေနဲ့ သွားလဲဖတ်လိုက်တယ်။

– ပိုက်ဆံကို သုံးပြီးမှ ကျန်တာကို မစုပါနဲ့။ စုပြီးမှ ကျန်တာကို သုံးပါ။ – ပိုက်ဆံဆိုတာ သုံးဖို့ပါ။ ဖြုန်းဖို့ မဟုတ်ပါဘူး။

– ကျနော်ရဲ့ ဘဝအနိမ့်ကျဆုံးအချိန်မှာ အရမ်းချွေတာခဲ့ရတယ်။ ပိုက်ဆံမရှိလို့ ဆံပင်မညှပ်နိုင်တာနဲ ့၃ လကြာမှ တခါ

ခေါင်းတုံးရိပ်ရတယ်။ ကတုံးနဲ ့နေရတာများလို့ အမြဲတမ်းဘုန်းကြီးနဲ့ တူနေတယ်။

Ref: ဗန်းမော်သိန်းဖေရဲ့ ဒုတိယမြောက်စာအုပ် “ဆင်းရဲနွံမှ ချမ်းသာဘုံသို့” မှ ကောက်နူတ်ချက်။

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

3 + 11 =