“တန္ဖိုး ( Price and Value)”

တစ္ခါတုန္းက ကမၻာေက်ာ္ပန္းခ်ီဆရာၾကီး ပီကာဆို ဟာ ျပင္သစ္ႏုိင္ငံ ပဲရစ္ျမိဳ႕ရဲ႕ လမ္းမၾကီးေဘးနားက ကဖီးဆိုင္တစ္ခုမွာ

ပန္းခ်ီဆြဲဖို႔ျပင္ဆင္ေနခဲ့ပါတယ္ ။ အဲဒီအခ်ိန္မွာ သူဟာ ပံုတစ္ပံုဆြဲဖို႔ ပံုၾကမ္းေရးျခစ္ေနတဲ့အခ်ိန္ျဖစ္ပါတယ္ ။ ကဖီးဆိုင္ကို

လာတဲ့ အမ်ိဳးသမီးတစ္ေယာက္က ပီကာဆိုကို ေတြ႔သြားတယ္ ။ အမ်ိဳးသမီးရဲ႕စိတ္ထဲမွာ လမ္းေဘးက ပံုတူဆြဲတဲ့ပန္းခ်ီဆရာ

တစ္ေယာက္လို႔ပဲ ထင္ဟန္တူပါတယ္ ။ ဒါေၾကာင့္ သူ႔ဖို႔ပံုတူဆြဲေပးဖို႔ ေျပာပါတယ္ ။ ပီကာဆိုကလည္း သေဘာတူခဲ့တယ္ ။

မိနစ္ပိုင္းအတြင္းမွာပဲ အမ်ိဳးသမီးရဲ႕ပံုတူကို ပန္းခ်ီဆြဲလို႔ျပီးသြားခဲ့တယ္ ။ သေဘာက်သြားတဲ့အတြက္ အမ်ိဳးသမီးက ပီကာဆို

ကိုေမးတယ္ ။ “ ပန္းခ်ီဆရာရွင့္ ဘယ္ေလာက္က်ပါသလဲ ” ဒီေတာ့ ပီကာဆိုက ေလေအးေအးေလးနဲ႔ေျပာလိုက္တယ္ ။

“ ငါးေထာင္က်ပါတယ္ ” အမ်ိဳးသမီးက အ့့ံၾသသြားတဲ့အရိပ္အေယာင္နဲ႔ မိနစ္ပိုင္းေလး အခ်ိန္ေပးရတာကို ေငြငါးေထာင္ေတာင္

ယူတဲ့အတြက္ မေက်မနပ္ျဖစ္သြားတယ္ ။ ဒီေတာ့ အမ်ိဳးသမီးက ပီကာဆိုကိုေျပာတယ္ ။ “ သံုးမိနစ္ေလာက္ေလး

အခ်ိန္ေပးရးတာနဲ႔ ေငြငါးေထာင္ေတာင္ ယူရသလားး ” ပီကာဆိုက အမ်ိဳးသမီးကို တည္ျငိမ္စြာနဲ႔ ေျပာလိုက္တယ္ ။

“ သံုးမိနစ္မဟုတ္ပါဘူး တစ္ဘ၀လံုးအခ်ိန္ေပးခဲ့ရတာပါ ” တဲ့ ။တန္ဖိုးဆိုတာ ေပးဆပ္ခဲ့ရတဲ့ အခ်ိန္ကာလနဲ႔ထပ္တူညီပါတယ္ ။

ေအာင္ျမင္မႈတစ္ခုရဖို႔ အတတ္ပညာတစ္ခု ကၽြမ္းက်င္ဖို႔အတြက္ အခ်ိန္အမ်ားၾကီးေပးဆပ္ခဲ့ရသလို ျဖစ္ေပၚလာတဲ့ တန္ဖိုးကလည္း

လတ္တေလာ ေပးလိုက္ရတဲ့ အခ်ိန္ေပၚမူတည္ျပီး တြက္ခ်က္လို႔မရပါဘူး ။ ေပးဆပ္ခဲ့ရတဲ့ အခ်ိန္ကာလ အရင္းအႏွီးၾကီးေလ

တန္ဖိုးတက္ေလေလပါပဲ ။

Creadit-သက္တန္႔ခ်ိဳ

< Unicode Version >

တစ်ခါတုန်းက ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ လမ်းမကြီးဘေးနားက ကဖီးဆိုင်တစ်ခုမှာ

ပန်းချီဆွဲဖို့ပြင်ဆင်နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ သူဟာ ပုံတစ်ပုံဆွဲဖို့ ပုံကြမ်းရေးခြစ်နေတဲ့အချိန်ဖြစ်ပါတယ် ။ ကဖီးဆိုင်ကို

လာတဲ့ အမျိုးသမီးတစ်ယောက်က ပီကာဆိုကို တွေ့သွားတယ် ။ အမျိုးသမီးရဲ့စိတ်ထဲမှာ လမ်းဘေးက ပုံတူဆွဲတဲ့ပန်းချီဆရာ

တစ်ယောက်လို့ပဲ ထင်ဟန်တူပါတယ် ။ ဒါကြောင့် သူ့ဖို့ပုံတူဆွဲပေးဖို့ ပြောပါတယ် ။ ပီကာဆိုကလည်း သဘောတူခဲ့တယ် ။

မိနစ်ပိုင်းအတွင်းမှာပဲ အမျိုးသမီးရဲ့ပုံတူကို ပန်းချီဆွဲလို့ပြီးသွားခဲ့တယ် ။ သဘောကျသွားတဲ့အတွက် အမျိုးသမီးက ပီကာဆို

ကိုမေးတယ် ။ “ ပန်းချီဆရာရှင့် ဘယ်လောက်ကျပါသလဲ ” ဒီတော့ ပီကာဆိုက လေအေးအေးလေးနဲ့ပြောလိုက်တယ် ။

“ ငါးထောင်ကျပါတယ် ” အမျိုးသမီးက အ့့ံသြသွားတဲ့အရိပ်အယောင်နဲ့ မိနစ်ပိုင်းလေး အချိန်ပေးရတာကို ငွေငါးထောင်တောင်

ယူတဲ့အတွက် မကျေမနပ်ဖြစ်သွားတယ် ။ ဒီတော့ အမျိုးသမီးက ပီကာဆိုကိုပြောတယ် ။ “ သုံးမိနစ်လောက်လေး

အချိန်ပေးရးတာနဲ့ ငွေငါးထောင်တောင် ယူရသလားး ” ပီကာဆိုက အမျိုးသမီးကို တည်ငြိမ်စွာနဲ့ ပြောလိုက်တယ် ။

“ သုံးမိနစ်မဟုတ်ပါဘူး တစ်ဘဝလုံးအချိန်ပေးခဲ့ရတာပါ ” တဲ့ ။တန်ဖိုးဆိုတာ ပေးဆပ်ခဲ့ရတဲ့ အချိန်ကာလနဲ့ထပ်တူညီပါတယ် ။

အောင်မြင်မှုတစ်ခုရဖို့ အတတ်ပညာတစ်ခု ကျွမ်းကျင်ဖို့အတွက် အချိန်အများကြီးပေးဆပ်ခဲ့ရသလို ဖြစ်ပေါ်လာတဲ့ တန်ဖိုးကလည်း

လတ်တလော ပေးလိုက်ရတဲ့ အချိန်ပေါ်မူတည်ပြီး တွက်ချက်လို့မရပါဘူး ။ ပေးဆပ်ခဲ့ရတဲ့ အချိန်ကာလ အရင်းအနှီးကြီးလေ

တန်ဖိုးတက်လေလေပါပဲ ။

Creadit-သက်တန့်ချို

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

1 × four =