“ေလာကၾကီးဆီကေန သင္ယူခဲ့ရတာေတြ”

၁။ တစ္စံုတစ္ေယာက္က ကုိယ့္ကို ခ်စ္လာေအာင္ အတင္း လုပ္ယူလို႔မရပါဘူး၊ အတတ္ႏိုင္ဆံုးကေတာ့

သူတစ္ပါး အခ်စ္ခံရေအာင္သာ ေနတတ္ဖို႔ပါပဲ။

၂။ ကိုယ့္ဘက္က ဘယ္ေလာက္ပဲ ဂရုစိုက္ပါေစ လူတိုင္းဆီက ထပ္တူညီတဲ့ ဂရုစိုက္မႈေတြ ျပန္မေမ်ွာ္လင့္မိဖို႔ အေရးၾကီးပါတယ္။

၃။ ယံုၾကည္မႈဆိုတာကို အၾကာၾကီး တည္ေဆာက္ရေပမယ့္လည္း တစ္စကၠန္႔ေလာက္ အတြင္းမွာတင္ ပ်က္စီးသြားႏိုင္ပါတယ္။

၄။ ဘယ္ေလာက္ပဲ သူငယ္ခ်င္းေကာင္းျဖစ္ပါေစ၊ တစ္ခါတစ္ေလေတာ့ မိမိကို နာက်င္မႈေလးေတြ ေပးတတ္ျပီး

ခြင့္လႊတ္ေပးရတတ္ပါတယ္။

၅။ ဘဝမွာ ဘယ္လို အေဆာင္အေယာင္ေတြ ပိုင္ဆိုင္ထားလဲ ဆိုတာထက္ ဘယ္လိုလူေတြ အနားမွာ

ရိွေနလဲ ဆိုတာက ပိုျပီး အေရးပါ အရာေရာက္ပါတယ္။

၆။ ေတာင္းပန္ရမယ့္ ကိစၥတစ္ခုကို ဆင္ေျခေတြ၊ အေၾကာင္းျပခ်က္ေတြနဲ႔ မဖ်က္ဆီးသင့္ပါဘူး။

၇။ အေတာ္ဆံုးဆိုတဲ့ သူေတြ ဘယ္ေလာက္ေတာင္ ေကာင္းေအာင္ လုပ္ႏိုင္တယ္ ဆိုတာေတြနဲ႔ ႏိႈင္းယွဥ္ျပီး

ကိုယ့္ကိုယ္ကို အားမလိုအားမရ ျဖစ္မေနသင့္ပါဘူး။

၈။ တစ္ခုခုကို မစဥ္းစားမဆင္ျခင္ဘဲ လုပ္လိုက္တာက ဘဝမွာ ေခါင္းစားစရာေတြ ျဖစ္သြားတတ္ပါတယ္။

၉။ ကိုယ္ေရာက္ခ်င္တဲ့ ဘဝမ်ိဳး၊ ေနရာမ်ိဳး၊ အဆင့္မိ်ဳးကို ေရာက္ဖို႔ အခ်ိန္ေတြ အမ်ားၾကီး ေပးဆပ္ရေလ့ရိွပါတယ္။

၁၀။ ေနာက္ဆံုးအၾကိမ္ ေတြ႔ရတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တာေၾကာင့္ ခ်စ္ရတဲ့ သူေတြနဲ႔

စကားေျပာတဲ့အခါ ေမတၱာစကားေလးေတြနဲ႔ပဲ အဆံုးသတ္ခဲ့ႏိုင္တာ အေကာင္းဆံုုးပါ။

Credit#

< Unicode Version >

၁။ တစ်စုံတစ်ယောက်က ကိုယ့်ကို ချစ်လာအောင် အတင်း လုပ်ယူလို့မရပါဘူး၊ အတတ်နိုင်ဆုံးကတော့

သူတစ်ပါး အချစ်ခံရအောင်သာ နေတတ်ဖို့ပါပဲ။

၂။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ဂရုစိုက်ပါစေ လူတိုင်းဆီက ထပ်တူညီတဲ့ ဂရုစိုက်မှုတွေ ပြန်မမျှော်လင့်မိဖို့ အရေးကြီးပါတယ်။

၃။ ယုံကြည်မှုဆိုတာကို အကြာကြီး တည်ဆောက်ရပေမယ့်လည်း တစ်စက္ကန့်လောက် အတွင်းမှာတင် ပျက်စီးသွားနိုင်ပါတယ်။

၄။ ဘယ်လောက်ပဲ သူငယ်ချင်းကောင်းဖြစ်ပါစေ၊ တစ်ခါတစ်လေတော့ မိမိကို နာကျင်မှုလေးတွေ ပေးတတ်ပြီး

ခွင့်လွှတ်ပေးရတတ်ပါတယ်။

၅။ ဘဝမှာ ဘယ်လို အဆောင်အယောင်တွေ ပိုင်ဆိုင်ထားလဲ ဆိုတာထက် ဘယ်လိုလူတွေ အနားမှာ

ရှိနေလဲ ဆိုတာက ပိုပြီး အရေးပါ အရာရောက်ပါတယ်။

၆။ တောင်းပန်ရမယ့် ကိစ္စတစ်ခုကို ဆင်ခြေတွေ၊ အကြောင်းပြချက်တွေနဲ့ မဖျက်ဆီးသင့်ပါဘူး။

၇။ အတော်ဆုံးဆိုတဲ့ သူတွေ ဘယ်လောက်တောင် ကောင်းအောင် လုပ်နိုင်တယ် ဆိုတာတွေနဲ့ နှိုင်းယှဉ်ပြီး

ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်မနေသင့်ပါဘူး။

၈။ တစ်ခုခုကို မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်တာက ဘဝမှာ ခေါင်းစားစရာတွေ ဖြစ်သွားတတ်ပါတယ်။

၉။ ကိုယ်ရောက်ချင်တဲ့ ဘဝမျိုး၊ နေရာမျိုး၊ အဆင့်မျိုးကို ရောက်ဖို့ အချိန်တွေ အများကြီး ပေးဆပ်ရလေ့ရှိပါတယ်။

၁၀။ နောက်ဆုံးအကြိမ် တွေ့ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာကြောင့် ချစ်ရတဲ့ သူတွေနဲ့

စကားပြောတဲ့အခါ မေတ္တာစကားလေးတွေနဲ့ပဲ အဆုံးသတ်ခဲ့နိုင်တာ အကောင်းဆုုံးပါ။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

four × one =