“သတိ ျမဲပါေစ”

သတိမမူရင္ ဂူမျမင္ဘူးတဲ့။

စကားတစ္ခြန္းေျပာေတာ့မယ္ဆုိရင္ သတိေလး ထားႏိုင္ရင္ ပုိေကာင္းပါတယ္။ အထူးသျဖင့္ ကုိယ့္စိတ္မၾကည္မလင္ ျဖစ္ေနတဲ့

အခ်ိန္မ်ိဳးမွာ ပုိၿပီးအေရးႀကီးပါတယ္။

ၾကမ္းကြၽံရင္ ႏႈတ္လုိ႔ရေပမယ့္ စကားကြၽံရင္ေတာ့ ႏႈတ္လုိ႔ မရႏိုင္ပါဘူး။ ကုိယ့္ရဲ႕ အျပဳအမႈ ၊ အေျပာအဆုိ လုပ္ရပ္ ေတြက

လူတစ္ေယာက္ရဲ႕ ဘဝကုိ အမ်ားႀကီး ေျပာင္းလဲ သြားေစပါတယ္။

စကားေၾကာင့္ ခ်စ္ၾကသည္။ စကားေၾကာင့္ မုန္းၾက သည္။ စိတ္နာ စရာ စကားတစ္ခြန္းကုိ ဆယ္ စကၠန္႔ အတြင္းမွာ

ကြၽန္ေတာ္တုိ႔ ေျပာႏိုင္ေပမယ့္ ခံစားရသူ ေတြ အတြက္ ဆယ္ႏွစ္ၾကာတာေတာင့္ ေမ့ဖုိ႔ ခက္ခဲ သြား ႏိုင္ပါတယ္။

ကုိယ့္ရဲ႕ က်ဴးလြန္မိတဲ့ အမွားတစ္ခု အတြက္ ကြၽန္ ေတာ္တုိ႔ ျပန္လည္ ေတာင္းပန္လုိ႔ ရပါတယ္။ ဒါေပမယ့္

ကုိယ့္ေၾကာင့္ သူခံစားရတဲ့ ဒဏ္ရာေတြ၊ ဒုကၡ ေတြက ေပ်ာက္သြားဖုိ႔ ခက္ပါတယ္။

ကုိယ့္ရဲ႕ အမွားအတြက္ ေတာင္းပန္ရမွာ ဝန္မေလးဘူး ဆုိရင္ေတာင္ မမွားမိေအာင္ ၾကဳိးစားၿပီး မေတာင္းပန္

ရတာက ပုိၿပီး စိတ္ကုိယ္ လြတ္လပ္ေစတယ္။ ေက်နပ္ ေပ်ွာ္ရႊင္ေစမွာပါ။

သတိႀကီးေလ အမွားနည္းေလပဲ။ အမွားနည္းေလ စိတ္ခ်မ္းသာရေလ….

Credit#

< Unicode Version >

သတိမမူရင် ဂူမမြင်ဘူးတဲ့။

စကားတစ်ခွန်းပြောတော့မယ်ဆိုရင် သတိလေး ထားနိုင်ရင် ပိုကောင်းပါတယ်။ အထူးသဖြင့် ကိုယ့်စိတ်မကြည်မလင် ဖြစ်နေတဲ့

အချိန်မျိုးမှာ ပိုပြီးအရေးကြီးပါတယ်။

ကြမ်းကျွံရင် နှုတ်လို့ရပေမယ့် စကားကျွံရင်တော့ နှုတ်လို့ မရနိုင်ပါဘူး။ ကိုယ့်ရဲ့ အပြုအမှု ၊ အပြောအဆို လုပ်ရပ် တွေက

လူတစ်ယောက်ရဲ့ ဘဝကို အများကြီး ပြောင်းလဲ သွားစေပါတယ်။

စကားကြောင့် ချစ်ကြသည်။ စကားကြောင့် မုန်းကြ သည်။ စိတ်နာ စရာ စကားတစ်ခွန်းကို ဆယ် စက္ကန့် အတွင်းမှာ

ကျွန်တော်တို့ ပြောနိုင်ပေမယ့် ခံစားရသူ တွေ အတွက် ဆယ်နှစ်ကြာတာတောင့် မေ့ဖို့ ခက်ခဲ သွား နိုင်ပါတယ်။

ကိုယ့်ရဲ့ ကျူးလွန်မိတဲ့ အမှားတစ်ခု အတွက် ကျွန် တော်တို့ ပြန်လည် တောင်းပန်လို့ ရပါတယ်။ ဒါပေမယ့်

ကိုယ့်ကြောင့် သူခံစားရတဲ့ ဒဏ်ရာတွေ၊ ဒုက္ခ တွေက ပျောက်သွားဖို့ ခက်ပါတယ်။

ကိုယ့်ရဲ့ အမှားအတွက် တောင်းပန်ရမှာ ဝန်မလေးဘူး ဆိုရင်တောင် မမှားမိအောင် ကြိုးစားပြီး မတောင်းပန်

ရတာက ပိုပြီး စိတ်ကိုယ် လွတ်လပ်စေတယ်။ ကျေနပ် ပျှော်ရွှင်စေမှာပါ။

သတိကြီးလေ အမှားနည်းလေပဲ။ အမှားနည်းလေ စိတ်ချမ်းသာရလေ….

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

2 × two =