“ဆရာႀကီးဦးေအာင္သင္းေျပာတဲ့ စာဖတ္ျခင္း “

ေခြးတစ္ေကာင္ဟာ မီးခဲကိုနင္းမိရင္ ဂိန္! ဂိန္ ဂိန္ေအာ္ၿပီး ထြက္ေျပးသြားတာပဲ ဒါပဲ ေနာက္တစ္ေကာင္ကထပ္နင္းမိလည္း

ဂိန္! ဂိန္ ဂိန္ေအာ္ၿပီး ထြက္ေျပးသြားတာပဲ သူနင္းမိလို႔ပူတဲ့ကိစၥကို တစ္ျခားေခြးေတြကို မနင္းမိေစနဲ႔ ပူတယ္လို႔္မေျပာႏို္င္ဘူး

သူ႔အေတြ႔အၾကဳံကို လက္ဆင့္မကမ္းႏိုင္ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔မွာ ဘာသာစကားမ႐ွိလို႔ ကိုယ္တိုု္င္ျဖစ္မွ

ကိုယ္တိုင္သိရတာ ကမာၻဦးအစေခြးေတြကေန ဒီေန႔ေခြးေတြအထိ ဂိန္! ပဲ

တို႔တစ္ေတြလူေတြမွာေတာ့ အဲ့ဒီလိုမဟုတ္ဘူး ဘာသာစကား႐ွိတယ္ မင္းတို႔ငယ္ငယ္ကတည္းက တစ္ပါးသူရဲ႕

အေတြ႔အၾကဳံလက္ဆင့္ကမ္းလာတာ အေမျဖစ္သူက အဲ့ဒါမကိုင္နဲ႔ ပူပူ အဲ့ဒါမကိုင္နဲ႔ ေဝါ့ေဝါ့ မင္းကိုင္ပါဦးမလား မင္းအေမရဲ႕

အေတြ႔အၾကဳံလက္ဆင့္ကမ္းမႈေၾကာင့္ မင္း မီးကို အပူမွန္းသိသြားတယ္ ေဝါ့ေဝါ့ဆိုတာကို ရြံစရာမွန္းသိသြားတယ္

ေအာက္ဆီဂ်င္ကို ခုခ်က္ျခင္း မင္းဓာတ္ခြဲခန္းထဲမွာ မင္း႐ွာေဖြထုတ္ႏိုင္တယ္ အဲ့ဒီေအာက္ဆီဂ်င္ကိုမင္း႐ွာေတြ႔ခဲ့တာမဟုတ္ဘူး

ဒါေပမယ့္ ႐ွာေတြ႔ခဲ့တဲ့ပညာ႐ွင္က လက္ဆင့္ကမ္းခဲ့လို႔ မင္းခ်က္ျခင္းေဖာ္ထုတ္ႏိုင္တယ္ ဒါအေတြ႔အၾကဳံကိုလက္ဆင့္ကမ္းတာပဲ

ပညာသင္တယ္ ပညာ႐ွာတယ္ဆိုတာ ဒါပဲေလဘာသာစကား႐ွိလို႔ တစ္ပါးသူရဲ႕အေတြအၾကဳံကို လက္ဆင့္ကမ္းႏိုင္တယ္

တစ္ဆင့္ၿပီးတစ္ဆင့္လက္ဆင့္ကမ္းၾကတယ္ ဒါေၾကာင့္လည္း လူ႔ေလာကႀကီးက တစ္ဆင့္ၿပီးတစ္ဆင့္

တိုးတက္ေျပာင္းလဲလာတာေပါ့အေတြးအၾကံ အေတြ႔အၾကဳံကို လက္ဆင့္ကမ္းတဲ့ေနရာမွာ ႏွစ္မ်ဴိး႐ွိတယ္ တစ္ခုက

တိုက္႐ိုက္ေျပာဆိုပို႔ခ်ျခင္းနဲ႔ ေနာက္တစ္ခုက သူ႔ရဲ႕အေတြ႔အၾကဳံေတြကို စာအုပ္ထဲမွာ ခ်ေရးထားခဲ့ၿပီး လက္ဆင့္ကမ္းခဲ့တာ

ဥပမာ ေအာင္ျမင္သူေတြရဲ႕ အထုပၸတၱိေတြကို ဖတ္ၾကည့္ရင္ သူတို႔ရဲ႕အေတြးအၾကံ အေတြ႔အၾကဳံေတြ မင္းရလာမယ္

မင္းစိတ္ဓာတ္ေတြမာေက်ာလာမယ္ အထပ္တလဲလဲ ႀကိဳးစားခ်င္စိတ္ေတြ ျဖစ္လာမယ္ ေအာင္ျမင္သူေတြလည္း

အခက္အခဲေတြၾကားက ႐ုန္းထၾကတာကိုးဒါမို႔ စာဖတ္ခိုင္းတာ စာဖတ္တဲ့ေနရာမွာလည္း နည္းနည္းဖတ္မိေတာင္

မ်ားမ်ားေတြးပါ လိုက္နာပါ က်င့္သုံးပါ သူတစ္ပါးရဲ႕အေတြ႔အၾကဳံကို ကိုယ့္ရဲ႕အေတြးအၾကံေလးနဲ႔ေပါင္းစပ္ပါ ကိုယ့္ကိုကိုယ္ခိုင္း

ကိုယ့္ကိုကိုယ္မခိုင္းရင္ သူမ်ားခိုင္းတာခံရတတ္တယ္ စဥ္းစားေတြးေတာေပးရတယ္ ဦးေႏွာက္ကိုခါးေတာင္းက်ဴိက္ပါ ဒါမွ

ေခါင္းေဆာင္ျဖစ္မွာ လူခါးေတာင္းက်ဴိက္ရင္ ကူလီပဲျဖစ္မွာေပါ့စာဖတ္ျခင္းကို ေပါ့ေသးေသးမတြက္နဲ႔ စာဖတ္တယ္ဆိုတာ

တစ္ပါးသူရဲ႕အမွားကို ကိုယ္ဆက္မမွားေအာင္လုပ္တာ တစ္ပါးသူရဲ႕အေတြ႔အၾကဳံကို ကိုယ့္အေတြ႔အၾကဳံအျဖစ္ရယူတာပဲ

လူလိမၼာတုိ႔သည္ တစ္ပါးသူ၏ အမွားမွ သင္ခန္းစာကုိ ယူတတ္ၾကတယ္ လူမုိက္တုိ႔သည္ ကုိယ္တုိင္မွားမွ သင္ခန္းစာရၾကတယ္

ပုိ၍ မုိက္မဲေသာသူတုိ႔ကား ကုိယ္တုိင္ မွားပါလ်က္ ႏွင့္ပင္ သင္ခန္းစာ မယူတတ္ၾကကုန္တဲ့

ကိုယ္တိုင္မွားမွ မွားမွန္းသိရင္ ေခြးသာသာျဖစ္သြားမွာေပါ့စာၾကည့္တိုက္တစ္တိုက္ဖြင့္ရင္ အခ်ဴပ္ေထာင္မွာ လူငါးေယာက္ေလ်ာ့မယ္

စာဖတ္တဲ့လူဟာ အသိအဉာဏ္အားေကာင္းလာတယ္ အနည္းဆုံး မိဘေတြ ဆုံးမရတာသက္သာတယ္

မင္းကိုမင္းခ်စ္ရင္ ပညာသင္ပါ စာဖတ္ပါ မင္းမိသားစုကို မင္းခ်စ္ရင္ ပညာသင္ပါ စာဖတ္ပါ မင္းတိုင္းျပည္ကို မင္းခ်စ္ရင္

ပညာသင္ပါ စာဖတ္ပါမင္းတို႔တစ္ေတြ ဗဟုသုတကို႐ွာေဖြပါေလ့လာပါဆည္းပူးပါ စာဖတ္ပါ တစ္ပါးသူရဲ႕အေတြ႔အၾကဳံကို

လက္ဆင့္ကမ္းယူၾကပါဘဝကို ဦးေႏွာက္ကဦးေဆာင္တာျဖစ္တဲ့အတြက္ ဦးေနာက္ကိုဦးစားေပးတဲ့စာမ်ဴိး မ်ားမ်ားဖတ္ေစခ်င္တယ္

……………………..&………………………..

ဆက္လက္တင္ျပပါမည္.

ဆရာႀကီးအားေလးစားၾကည္ညိဳလ်က္.

Credit#

< Unicode Version >

ခွေးတစ်ကောင်ဟာ မီးခဲကိုနင်းမိရင် ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ နောက်တစ်ကောင်ကထပ်နင်းမိလည်း

ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ သူနင်းမိလို့ပူတဲ့ကိစ္စကို တစ်ခြားခွေးတွေကို မနင်းမိစေနဲ့ ပူတယ်လို့်မပြောနို်င်ဘူး

သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ဘာသာစကားမရှိလို့ ကိုယ်တိုု်င်ဖြစ်မှ

ကိုယ်တိုင်သိရတာ ကမ္ဘာဦးအစခွေးတွေကနေ ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ

တို့တစ်တွေလူတွေမှာတော့ အဲ့ဒီလိုမဟုတ်ဘူး ဘာသာစကားရှိတယ် မင်းတို့ငယ်ငယ်ကတည်းက တစ်ပါးသူရဲ့

အတွေ့အကြုံလက်ဆင့်ကမ်းလာတာ အမေဖြစ်သူက အဲ့ဒါမကိုင်နဲ့ ပူပူ အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့ မင်းကိုင်ပါဦးမလား မင်းအမေရဲ့

အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့် မင်း မီးကို အပူမှန်းသိသွားတယ် ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်

အောက်ဆီဂျင်ကို ခုချက်ခြင်း မင်းဓာတ်ခွဲခန်းထဲမှာ မင်းရှာဖွေထုတ်နိုင်တယ် အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူး

ဒါပေမယ့် ရှာတွေ့ခဲ့တဲ့ပညာရှင်က လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ် ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ

ပညာသင်တယ် ပညာရှာတယ်ဆိုတာ ဒါပဲလေဘာသာစကားရှိလို့ တစ်ပါးသူရဲ့အတွေအကြုံကို လက်ဆင့်ကမ်းနိုင်တယ်

တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ် ဒါကြောင့်လည်း လူ့လောကကြီးက တစ်ဆင့်ပြီးတစ်ဆင့်

တိုးတက်ပြောင်းလဲလာတာပေါ့အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ နှစ်မျိူးရှိတယ် တစ်ခုက

တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့ နောက်တစ်ခုက သူ့ရဲ့အတွေ့အကြုံတွေကို စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ

ဥပမာ အောင်မြင်သူတွေရဲ့ အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင် သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ မင်းရလာမယ်

မင်းစိတ်ဓာတ်တွေမာကျောလာမယ် အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ် အောင်မြင်သူတွေလည်း

အခက်အခဲတွေကြားက ရုန်းထကြတာကိုးဒါမို့ စာဖတ်ခိုင်းတာ စာဖတ်တဲ့နေရာမှာလည်း နည်းနည်းဖတ်မိတောင်

များများတွေးပါ လိုက်နာပါ ကျင့်သုံးပါ သူတစ်ပါးရဲ့အတွေ့အကြုံကို ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ ကိုယ့်ကိုကိုယ်ခိုင်း

ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ် စဉ်းစားတွေးတောပေးရတယ် ဦးနှောက်ကိုခါးတောင်းကျိူက်ပါ ဒါမှ

ခေါင်းဆောင်ဖြစ်မှာ လူခါးတောင်းကျိူက်ရင် ကူလီပဲဖြစ်မှာပေါ့စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့ စာဖတ်တယ်ဆိုတာ

တစ်ပါးသူရဲ့အမှားကို ကိုယ်ဆက်မမှားအောင်လုပ်တာ တစ်ပါးသူရဲ့အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ် လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်

ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန်တဲ့

ကိုယ်တိုင်မှားမှ မှားမှန်းသိရင် ခွေးသာသာဖြစ်သွားမှာပေါ့စာကြည့်တိုက်တစ်တိုက်ဖွင့်ရင် အချူပ်ထောင်မှာ လူငါးယောက်လျော့မယ်

စာဖတ်တဲ့လူဟာ အသိအဉာဏ်အားကောင်းလာတယ် အနည်းဆုံး မိဘတွေ ဆုံးမရတာသက်သာတယ်

မင်းကိုမင်းချစ်ရင် ပညာသင်ပါ စာဖတ်ပါ မင်းမိသားစုကို မင်းချစ်ရင် ပညာသင်ပါ စာဖတ်ပါ မင်းတိုင်းပြည်ကို မင်းချစ်ရင်

ပညာသင်ပါ စာဖတ်ပါမင်းတို့တစ်တွေ ဗဟုသုတကိုရှာဖွေပါလေ့လာပါဆည်းပူးပါ စာဖတ်ပါ တစ်ပါးသူရဲ့အတွေ့အကြုံကို

လက်ဆင့်ကမ်းယူကြပါဘဝကို ဦးနှောက်ကဦးဆောင်တာဖြစ်တဲ့အတွက် ဦးနောက်ကိုဦးစားပေးတဲ့စာမျိူး များများဖတ်စေချင်တယ်

……………………..&………………………..

ဆက်လက်တင်ပြပါမည်.

ဆရာကြီးအားလေးစားကြည်ညိုလျက်.

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

5 + fifteen =