“အကၽင္႔”

တစ္ခါကရြာတစ္ရြာမွာ လင္မယားႏွစ္ေယာက္ရွိတယ္ ။ မယားလုပ္တဲ့သူမွာ အက်င့္တစ္ခုရွိတယ္ ။ အဲဒါကေတာ့

သူ႕ကို ဘာေျပာေျပာ “ဟုတ္လား — ကၽြန္မအစကတည္းက ထင္ေတာ့ထင္သားဘဲ” –ဆိုျပီး အျမဲ အဲသလိုေျပာတတ္သတဲ့ ။

အဲဒါကို ေန႕တိုင္းၾကားေနရေတာ့ ေယာက်ၤားျဖစ္တဲ့သူဟာ သူ႕မိန္းမကို အျမင္ကပ္လာတယ္ ။

ဒါနဲ႕ တစ္ေန႕မွာ ေယာက်ၤားလုပ္တဲ့သူဟာ လယ္ေတာကိုသြားျပီး…… အခ်ိန္မတန္မီ နြားနွင္တံ

( ႏြားေမာင္းရာတြင္ ႏြားကိုရိုက္ရန္သုံးေသာတုတ္) ကို ကိုင္ျပီး သူတစ္ေယာက္ထဲျပန္လာတယ္ ။

ဒါကိုမိန္းမကျမင္ေတာ့ “ ေဟာ — ရွင္ဘာျဖစ္လို႕ အိမ္ကိုအေစာၾကီးျပန္လာရတာလဲ

ဒါနဲ႕ လွည္းေတြ ႏြားေတြေရာ –“

“ ေအးကြာ — မေျပာကို မေျပာခ်င္ပါဘူး — ငါေတာေရာက္လို႕ လွည္းက ႏြားေတြကို ခၽြတ္လိုက္တာနဲ႕ ႏြားႏွစ္ေကာင္ဟာ

ေတာင္ပံေတြေပါက္ျပီး မိုးေပၚပ်ံကုန္ၾကတယ္ကြာ –“

ဒီေတာ့မိန္းမက သူ႕ဝစီအတိုင္း — “ ဟုတ္လား — ကၽြန္မအစကတည္းက ထင္ေတာ့ထင္သားဘဲ

ဒီႏြားႏွစ္ေကာင္ ဒီေန႕မနက္ျမင္ရတာ ထူးဆန္းေန သလားလို႕ လို့ ေျပာလိုက္ေရာ

“ဒီေတာ့ ေယာက်ၤားဟာ လက္ထဲက အသင့္ကိုင္ထားတဲ့ ႏြားနွင္တံနဲ႕ မိန္းမကိုလွိမ့္ရိုက္ျပီး — ပါးစပ္ကလဲ

“ထင္ဦးကြာ — ထင္ဦးကြာ မင္းဒီေသာက္က်င့္ က မေပ်ာက္ႏိုင္ဘူး — ႏြားေတာင္ပံေပါက္ျပီး ေကာင္းကင္ပ်ံတယ္လို႕ ေျပာတာ

ျဖစ္ႏိုင္ မျဖစ္ႏိုင္မစဥ္းစား ဘဲ သူဘဲၾကိဳသိသလိုလို ဒီေသာက္က်င့္ကမေဖ်ာက္ဘူး –“

ဒီလိုလွိမ့္ျပီး အရိုက္ခံေနရတဲ့ ၾကားက သူ႕မိန္းမေျပာတဲ့စကားေၾကာင့္ သူဆက္ျပီး မရိုက္ႏိုင္ေတာ့ေအာင္

စိတ္ဓါတ္က်သြားတယ္ —

သူ့မိန္းမ ေျပာလိုက္ပုံက…

“ဒီလိုေျပာရင္ ဒီလိုအရိုက္ခံရမယ္ဆိုတာ ကၽြန္မ အစကတည္းက ထင္ေတာ့ထင္သားဘဲ ဟူသတည္း။

9-2-2017

#ဓမၼအလင္းေရာင္

Credit#

< Unicode Version >

တစ်ခါကရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ် ။ မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ် ။ အဲဒါကတော့

သူ့ကို ဘာပြောပြော “ဟုတ်လား — ကျွန်မအစကတည်းက ထင်တော့ထင်သားဘဲ” –ဆိုပြီး အမြဲ အဲသလိုပြောတတ်သတဲ့ ။

အဲဒါကို နေ့တိုင်းကြားနေရတော့ ယောကျင်္ားဖြစ်တဲ့သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ် ။

ဒါနဲ့ တစ်နေ့မှာ ယောကျင်္ားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး…… အချိန်မတန်မီ နွားနှင်တံ

( နွားမောင်းရာတွင် နွားကိုရိုက်ရန်သုံးသောတုတ်) ကို ကိုင်ပြီး သူတစ်ယောက်ထဲပြန်လာတယ် ။

ဒါကိုမိန်းမကမြင်တော့ “ ဟော — ရှင်ဘာဖြစ်လို့ အိမ်ကိုအစောကြီးပြန်လာရတာလဲ

ဒါနဲ့ လှည်းတွေ နွားတွေရော –“

“ အေးကွာ — မပြောကို မပြောချင်ပါဘူး — ငါတောရောက်လို့ လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့ နွားနှစ်ကောင်ဟာ

တောင်ပံတွေပေါက်ပြီး မိုးပေါ်ပျံကုန်ကြတယ်ကွာ –“

ဒီတော့မိန်းမက သူ့ဝစီအတိုင်း — “ ဟုတ်လား — ကျွန်မအစကတည်းက ထင်တော့ထင်သားဘဲ

ဒီနွားနှစ်ကောင် ဒီနေ့မနက်မြင်ရတာ ထူးဆန်းနေ သလားလို့ လို့ ပြောလိုက်ရော

“ဒီတော့ ယောကျင်္ားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားနှင်တံနဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး — ပါးစပ်ကလဲ

“ထင်ဦးကွာ — ထင်ဦးကွာ မင်းဒီသောက်ကျင့် က မပျောက်နိုင်ဘူး — နွားတောင်ပံပေါက်ပြီး ကောင်းကင်ပျံတယ်လို့ ပြောတာ

ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစား ဘဲ သူဘဲကြိုသိသလိုလို ဒီသောက်ကျင့်ကမဖျောက်ဘူး –“

ဒီလိုလှိမ့်ပြီး အရိုက်ခံနေရတဲ့ ကြားက သူ့မိန်းမပြောတဲ့စကားကြောင့် သူဆက်ပြီး မရိုက်နိုင်တော့အောင်

စိတ်ဓါတ်ကျသွားတယ် —

သူ့မိန်းမ ပြောလိုက်ပုံက…

“ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ ကျွန်မ အစကတည်းက ထင်တော့ထင်သားဘဲ ဟူသတည်း။

9-2-2017

#ဓမ္မအလင်းရောင်

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

three × 3 =