Credit#
< Unicode Version >
၁။ အများနဲ့မတူ ကွဲပြားခြားနားတဲ့အယူအဆတွေကို လက်ခံလို့ ဝေဖန်ခံရကောင်း ဝေဖန်ခံရပါလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။
၂။ အတားအဆီးတွေ့ရင် ဂရုမစိုက်ပါနဲ့။ သူ့ထက်အရေးကြီးတဲ့အရာတွေကို ဂရုစိုက်ရဦးမှာမို့ပါ။
၃။ ခံစားချက်ဆိုတာ ဘဝအတွက်သိပ်အရေးမကြီးလို့ ဂရုမစိုက်ပါနဲ့။
၄။ Facebook ဆိုတာ အကြောင်းအရာတော်တော်များများ ရှိတဲ့နေရာဖြစ်တယ်။ သင့်ဦးနှောက်က အမှိုက်ပုံးမဟုတ်လို့
အားလုံးကို လိုက်ပြီး ဂရုမစိုက်ပါနဲ့။
၅။ လူတွေက အောင်မြင်လည်းဝေဖန်မယ် မအောင်မြင်လည်းဝေဖန်မယ် ဘာမှမလုပ်လည်း ဝေဖန်မယ်။
ဒါကြောင့် ဘယ်လိုထင်ထင်ဂရုမစိုက်ပဲ ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးလုပ်ပါ။
၆။ ပတ်ဝန်းကျင်က သင့်မိသားစုစားစရာမရှိလို့ဆိုပြီး သင်ဒုက္ခရောက်ချိန်မှာ အလကားတင်ကြွေးထားမယ့်သူ မရှိပါဘူး။
ဒါကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ခေါင်းထဲထည့်ပြီး ဂရုစိုက်မနေပါနဲ့။
၇။ သင့်မိတ်ဆွေရင်းတွေက တစ်ခါတရံ သင့်လုပ်ရပ်ကို လှောင်ပြောင်ကောင်း လှောင်ပြောင်လိမ့်မယ်။
ဂရုမစိုက်ပါနဲ့ တချို့သော မိတ်ဆွေရင်းတွေက သူစိမ်းထက် ကိုယ့်အပေါ်ပိုပြီး မနာလိုကြီးကြတယ်။
၈။ မိသားစုဝင်တွေက သင့်လုပ်ရပ်ကို ကန့်ကွက်ချင်ကန့်ကွက်လိမ့်မယ်။ သူတို့က သင့်အလုပ်အပေါ်
သင်နားလည်သလောက် နားမလည်သေးဘူးဆိုတာ သင်ကိုယ်တိုင်သိနေတာပဲ။ ဂရုမစိုက်ပါနဲ့
တဖြေးဖြေးနဲ့နားလည်လာအောင် နားချပါ။
တစ်ခါတလေ ဂရုမစိုက်ခြင်းဟာ သင့်ကို ချည်နှောင်မှုကလွတ်မြောက်စေလို့ ဂရုမစိုက်ခြင်းဆိုတဲ့ အတတ်ပညာကို
ကျွမ်းကျင်အောင်လေ့ကျင့်ပါ။
Credit#