“Steve Jobsရဲ့ နာမည်ကျော်မိန့်ခွန်း”

“တစ်ခါတစ်လေမှာ လောကကြီးက သင့်ကိုအုတ်ခဲနဲ့ ပေါက်လိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ယုံကြည်ချက်တွေတော့ မပျောက်သွား

ပါစေနဲ့။ သင်တစ်ခုခုကိုတော့ ယုံနေမှဖြစ် မယ်။ သင့်ကိုယ်သင်၊ သင့်ယုံကြည် ချက်၊ သင့်ဘဝ၊ သင့်ကံကြမ္မာ ဘာပဲဖြစ်ဖြစ် သင့်မှာ

ယုံကြည်ချက် တစ်ခုတော့ ရှိနေဖို့လိုတယ်။ ကျွန်တော့် တစ်ဘဝလုံး ကျွန်တော့်ကို ရှေ့ဆက်လျှောက်စေခဲ့တဲ့ အရာကတော့

ကျွန်တော် ချစ်မြတ်နိုးတာကို လုပ်ကိုင်ခဲ့ခြင်းပါပဲ။ သင်ကြိုက်နှစ်သက်တာကို သင်ရှာဖွေဖို့ လိုပါတယ်။ သင်နေရမယ့် အချိန်က

အကန့်အသတ်ရှိပါတယ်။ အခြားလူ တစ်ယောက်ရဲ့ဘဝထဲမှာ ဟန်ဆောင်ပြီး မနေပါနဲ့။ အခြားသူတွေ သတ်မှတ်ထားတဲ့ဘောင်

တွေထဲမှာ ပိတ်မိမနေပါစေနဲ့။ အခြားသူတွေရဲ့ အမြင်တွေကြောင့် သင့်စိတ်ဓာတ် မညှိုးနွမ်းပါစေနဲ့။ အရေးအကြီး ဆုံးကတော့

သင်ချစ်မြတ်နိုးတဲ့ အရာကို ရယူဖို့ သတ္တိရှိပါစေ။ အခြားအရာတွေ အားလုံးက သင်ချစ်မြတ်နိုးတဲ့ အရာနဲ့ ယှဉ်ရင် အမြဲတမ်း

ဒုတိယပါပဲ ဖြစ်ပါစေ။”

-Steve Jobs, CEO of Apple Computer and Pixar, 2/3/05

အထက်ပါစကားကတော့ Standford University မှာ Steve Jobs ပြောခဲ့တာကို ကောက်နှုတ်ထား တာဖြစ်ပါတယ်။ ဒီခေတ်ထဲမှာ

Apple Product တွေဖြစ်တဲ့ Mac Book, iPad, iPhone စတာတွေ ကို လူတိုင်းသိနေပါပြီ။ လူတိုင်းလိုချင်တဲ့ ပစ္စည်း တစ်ခုလိုတောင်

ဖြစ်နေ ပါပြီ။ ဒီလောာက်အောင်မြင် တဲ့ ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တဲ့ Steve Jobs ရဲ့ မိန့်ခွန်းကို အမှတ်မထင် ကျွန်တော်ဖတ်မိခဲ့

ပါတယ်။ အရမ်းကောင်းလွန်းလို့ဖတ်ပြီးတာနဲ့အရင်ကထက် စိတ်ဓာတ်အင်အား တွေပိုရရှိခဲ့ပါတယ်။ အောက်မှာ တော့ 2005ခုနှစ်

ဇွန်လ12 ရက်နေ့မှာ Standford တက္ကသိုလ်မှာ Steve Jobs ပြောခဲ့တဲ့ နာမည်ကျော် မိန့်ခွန်းကို ဆီလျော်အောင် ဘာသာပြန်ပြီး

ဖော်ပြပေး လိုက်ပါတယ်။ သင်ဟာ အောင်မြင်ချင်တဲ့ သူ တစ်ယောက် ဆိုရင်တော့ မဖြစ်မနေ ကို ဖတ်သင့်တဲ့ မိန့်ခွန်းတစ်ခုပါ။

“ကမ္ဘာပေါ်မှာ အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ ဒီတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်မှာ မိန့်ခွန်း ပြောခွင့်ရပြီး

ခင်ဗျားတို့နဲ့ တွေ့ခွင့်ရတာ အရမ်းကို ဂုဏ်ယူပါတယ်။ ကျွန်တော်ကတော့ ဘယ်ကောလိပ် ကမှ ဘွဲ့မရခဲ့ပါဘူး။ ရိုးရိုး

သာသားပြောရရင် ဒီနေ့ဟာ ကောလိပ်နဲ့ အနီးစပ်ဆုံး ရှိဖူးတဲ့နေ့ပါပဲ။ ဒီနေ့ ခင်ဗျား တို့ကို ကျွန်တော့်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့

အဖြစ်အပျက် (၃)ခုကို ပြောပြချင်ပါတယ်။ အဖြစ်အပျက်လေး(၃)ခု ပါပဲ။ အခြားကြီးကြီးကျယ်ကျယ် တော့ မဟုတ်ပါဘူး။

ပထမဆုံးအဖြစ်အပျက်ကတော့ဘဝရဲ့ အဖြစ်အပျက် တွေကိုပြန်လည် ဆက်စပ်ခြင်းပါ။

ကျွန်တော်Reedကောလိပ်မှာ၆လတက်အပြီးမှာ ကျောင်းကထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် နောက်ထပ် ၁၈လနီးပါးလောက်

ကောလိပ်ကို သံယောဇဉ် မကုန်ခဲ့ပါဘူး။ ဒါဆိုရင် ဘာလို့ ကျွန်တော် ကောလိပ်ကထွက်ခဲ့တာပါလဲ၊

ကျွန်တော့်မမွေးခင်က အဖြစ်အပျက်လေးကို အရင် ပြန်ပြောပြပါ့မယ်။ ကျွန်တော့် အမေက ငယ်ရွယ်တဲ့ ကောလိပ်ကျောင်းသူ

အပျိုလေး ဖြစ်ခဲ့တာကြောင့် ကျွန်တော့်ကို မွေးစားမယ့်သူဆီ စွန့်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် အမေက ကျွန်တော့်ကို ပညာတတ်တွေ

ဆီကိုပဲ လွှဲပြောင်း ပေးချင်ခဲ့ပါတယ်။ ရှေ့နေတစ် ယောက်နဲ့သူ့ဇနီးတို့ဟာ ကျွန်တော့်ကို မွေးစားဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့်

တကယ်တန်း ကျွန်တော့် ကို တွေ့တဲ့အခါမှာတော့ သူတို့လိုချင် တာ မိန်းကလေး ဖြစ်လို့ ကျွန်တော့်ကို မမွေးစား တော့ပါဘူး။

မွေးစားဖို့ကလေးရှာနေကြောင်း စာရင်းသွားထားတဲ့ အခုကျွန်တော့် မိဘဖြစ်လာမယ့် အဖေနဲ့အမေဟာ ညဘက်မှာ ဖုန်းခေါ်ဆိုမှု

တစ်ခု ရရှိခဲ့ပြီး “ကျွန်မတို့ မှာ မမျှော်လင့်ထားတဲ့ ယောင်္ကျားလေး ကလေး တစ်ယောက် ရှိနေပါတယ်။ ရှင်တို့ သူ့ကိုလိုချင်လား”

လို့ အမေးခံခဲ့ ရတဲ့အချိန်မှာ ချက်ချင်းပဲ ကျွန်တော့်ကို လက်ခံခဲ့ပါတယ်။ ကျွန်တော့်မွေးစား အမေက ဘွဲ့ရ တစ်ယောက်

မဟုတ်တဲ့အပြင် ကျွန်တော့် မွေးစားအဖေ က အထက်တန်းကျောင်း မအောင်ခဲ့တာကို အမေအရင်း က နောက်မှ သိခဲ့ပြီး

စာရွက်စာတမ်း တွေကို လက်မှတ် ထိုးပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်ထပ် လအနည်းငယ် အကြာမှာ တော့ ကျွန်တာ့်မွေးစား

မိဘတွေက ကျွန်တော့် ကို တကယ်ကောလိပ် ပို့မယ်လို့ ယုံကြည်အောင် ပြောတော့မှ အမေအရင်းက လက်မှတ် ထိုးပေးခဲ့ တာပါ။

နောက်ထပ် (၁၇)နှစ်ကြာတဲ့ အချိန်မှာတော့ တကယ်ပဲ ကျွန်တော် ကောလိပ် တက်ခွင့်ရခဲ့ပါတယ်။ အတွေ့အကြုံ မရှိပဲ

ကောလိပ်အရွေး မှားခဲ့တာကြောင့် Standfordနီးပါး ဈေးကြီးတဲ့ ကောလိပ်ကို ရွေးခဲ့မိပါ တယ်။ လက်လုပ် လက်စားတွေဖြစ်တဲ့

ကျွန်တော့်မိဘတွေ စုထားတာ တွေလည်း ကျွန်တော့်ကျောင်းစရိတ်ကြောင့် ကုန်သွားခဲ့ ပါတယ်။ ၆လခန့် အကြာမှာတော့

ကျွန်တော် ကျောင်းသာ တက်နေရတာ ဘာအလားအလာမှ မမြင်မိပါဘူး။ ကျွန်တော် ဘဝမှာ ဘာလုပ်ချင်လဲ ဆိုတာလည်း

မသိခဲ့ပါဘူး။ နောက် တစ်ခုက ကျွန်တ်ာဘာလုပ်ချင် တယ်ဆိုတာကိုသိအောင် ဒီကောလိပ်ကြီးက ဘယ်လိုကူညီပေးမှာလဲ

ဆိုတာလည်း စဉ်းစားလို့ မရခဲ့ပါဘူး။ နောက်ပြီး ကျွန်တော့် မိဘနှစ်ပါး ဘဝတစ်လျှောက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံတွေကို

ကျွန်တော်က ဖြုန်းနေခဲ့တယ်လေ။ဒါနဲ့ကျွန်တော်လည်း ကောလိပ်ကနေထွက်ရင် အရာရာ ချောမွေ့ သွားမယ်လို့ ယူဆပြီး

ကျောင်းထွက်ခဲ့ပါတယ်။ အဲ့ဒိအချိန်တုန်းက ကျွန်တော် အရမ်းကို ကြောက်နေခဲ့ ပါတယ်။ ဒါပေမယ့် အခုနေ ကျွန်တော့်

အတိတ်ကို ပြန် ကြည့်ရင် အဲ့ဒိဆုံးဖြတ်ချက်ဟာ ကျွန်တော့် ဘဝမှာချခဲ့တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တွေထဲက တစ်ခုဖြစ်ခဲ့ပါ တယ်။

ကျွန်တော်အဲ့ဒိလို ထွက်လိုက်တဲ့ အချိန်မှာ ကျွန်တော် စိတ်မဝင်စားပေမယ့် မတက်မဖြစ်တက် နေခဲ့ရတဲ့ အတန်းတွေကို

မတက်လည်းဘာမှမဖြစ် တော့ပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ဝင်စား တဲ့ ကောလိပ်ထဲက အတန်းတွေကို စတင်ပြီး တက်ခဲ့ ပါတယ်။

(စာကြွင်း- ကောလိပ်ကထွက်ပေမယ့် ထိုကဲ့သို့သော ကျောင်းသား များအတွက် တက်ခွင့်ရှိတဲ့ အတန်းအချို့ အမေရိကန်ပညာရေး စနစ်

မှာ ရှိပါတယ်။)အရာအားလုံးက ချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်က ကောလိပ်က ထွက်ထားတာမို့ ကျွန်တော် နေဖို့

အခန်းမရှိပါဘူး။ ဒါ့ကြောင့် သူငယ်ချင်းတွေရဲ့ အခန်းမှာ ကြမ်းပြင်ပေါ်မှာ လိုက်အိပ် လေ့ရှိပါတယ်။ Cokeဘူးခွံတွေကိုကောက်ပြီး

စက်ရုံကို ပြန်လည် အပ်ကာစားသောက်ဖို့ ပိုက်ဆံရှာခဲ့ပါတယ်။ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း အစားအသောက်ကောင်း စားရဖို့

၇မိုင်ရှိတဲ့ခရီးကို လမ်းလျှောက်သွားပြီး Hara Krishna ဘုရားကျောင်းကို သွားခဲ့ ပါတယ်။ အဲ့ဒိလို သွားရတာ ကို ကျွန်တော်ကိုယ်တိုင်

လည်း နှစ်သက်ခဲ့ ပါတယ်။ ကျွန်တော့်ရဲ့ စူးစမ်းစိတ်တွေနောက်ကို လိုက်ရင်း ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ အရာတွေက နောင်တစ်ချိန်

မှာတော့ အဖိုးဖြတ်လို့ မရတဲ့အရာတွေ ဖြစ်လာခဲ့ပါ တယ်။ ဥပမာ တစ်ခုလောက် ကျွန်တော် ပြောပြပါရစေ။

အဲ့ဒိအချိန်တုန်းက Reed College ဟာ လက်ရေးနဲ့ ပက်သက်ပြီး သင်ကြားတဲ့ နေရာမှာ နိုင်ငံတစ်ခုလုံးမှာ ထိပ်တန်းအဆင့်ရှိပါတယ်။

ကျောင်းထဲက ဘယ်လို ပိုစတာကိုပဲ ကြည့်လိုက်ကြည့်လိုက်၊ ဘယ်လို စာတန်း ကိုပဲ ကြည့်လိုက်ကြည့်လိုက်၊ လက်ရေး အားလုံးက

လှပ နေပါတယ်။ ကျွန်တော်က ကောလိပ်ကထွက်ခဲ့ပြီး ပုံမှန်သင်တန်းတွေ မတက်ရတော့တာကြောင့် ကျွန်တော် အဲ့ဒိလက်ရေးအ

လှအပ ရေးနည်း သင်တန်းကို တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့် Serif နဲ့ San Serif တို့လို Font Familyတွေကို သင်ယူခဲ့ပါတယ်။

ဒါ့အပြင် စာလုံးတွေ တစ်လုံးနဲ့ တစ်လုံးပေါင်းစပ်ရာမှာ ကြားထဲ မှာထားတဲ့ နေရာလွတ် အကြောင်း၊ စာလုံးတွေ ဖွဲ့စည်း ထားတာကို

ဘယ်လို ကြည့်ကောင်းအောင် လုပ်ရမယ် ဆိုတဲ့ အကြောင်းကို လေ့လာခဲ့ ပါတယ်။ အဲ့ဒါတွေက အရမ်းကို လှပပါတယ်။ သိပ္ပံနည်းနဲ့

တိုင်းတာ လို့ မရ တဲ့လှပမှုမျိုးနဲ့ လှပပါတယ်။ ကျွန်တော် အရမ်းကို သဘော ကျခဲ့ပါတယ်။

ဒီလို လေ့လာခဲ့တာက အဲ့ဒိအချိန်တုန်းက ကျွန်တော့် ဘဝမှာ လက်တွေ့တစ်ခါမှ အသုံးမဝင်ခဲ့ပါဘူး။ ဒါပေ မယ့် ၁၀နှစ်ကြာတဲ့အချိန်

ကျွန်တော်တို့ ပထမဆုံး Machintosh Computerကို စတင်ဒီဇိုင်း ရေးဆွဲ တဲ့အချိန်မှာတော့ အဲ့ဒိလေ့လာမှုတွေက ကျွန်တော့်

ခေါင်းထဲကို အစီအရီ ပြန်ဝင်လာပါတယ်။ ပြီးတော့ အဲ့ဒိအရာတွေကို ကျွန်တော့် Macတီထွင်တဲ့နေရာ မှာထည့်သုံးခဲ့ပါတယ်။

အဲ့ဒိတုန်းကကျွန်တော်တို့ တီထွင်တဲ့ကွန်ပျူတာက စာရေးသားရာမှာ အလှ အပဆုံး ကွန်ပျူတာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်သာ

ကျောင်းတုန်းက အဲ့ဒိလက်ရေးသင်တန်း လေး မတက်ခဲ့ရင် Macမှာ ဒီလောက်လှပတဲ့ စာရေးသား တဲ့ စနစ် ပါလာမှာမဟုတ်ပါဘူး။

ကျွန်တော်သာ ကောလိပ်က မထွက်ခဲ့ရင် အဲ့ဒိ လက်ရေးအလှ သင်တန်းကို ကျွန်တော် တက်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့

ကွန်ပျူတာတွေမှာ အခုလို လှပတဲ့ စာလုံးပုံစံတွေလည်း ရှိလာဖို့ လွယ်မှာ မဟုတ်ပါဘူး။

ခင်ဗျားအနေနဲ့ အနာဂတ်ကိုမျှော်နေတုန်းအချိန်မှာ ခင်ဗျားဘဝရဲ့ အစိတ်အပိုင်းတွေကို ဆက်ဖို့ လွယ်ကူ မှာ မဟုတ်ပါဘူး။ တကယ်

ခင်ဗျားဘဝရဲ့ အစိတ်အပိုင်း တွေကို ဆက်လို့ရတဲ့ အချိန်က ခင်ဗျား ဘဝကိုနောက်ပြန် လှည့်ကြည့်တဲ့အချိန်ပါပဲ။ ကျွန်တော်

ငယ်ငယ်တုန်း က ကျွန်တော်လုပ်နေတဲ့ အရာတွေကို ဆက်စပ်ကြည့် လို့ မရပါဘူး။ ဒါပေမယ့် ဆယ်နှစ်အကြာ နောက်ပြန်

လှည့်ပြီး ကြည့်တဲ့ အချိန်မှာ တော့ ကျွန်တော်လုပ်ခဲ့တဲ့ အသေးအဖွဲအရာလေးတွေရဲ့ ဆက်စပ်မှုကို တွေ့ခဲ့ရပါ တယ်။ ဒါ့ကြောင့်

ခင်ဗျားဘဝမှာလည်း ခင်ဗျားလုပ်နေ တဲ့ အရာလေးတွေဟာ တစ်နေ့နေ့မှာ ခင်ဗျားဘဝထဲမှာ အသုံးဝင်လာ လိမ့်မယ်လို့ ယုံကြည်ဖို့

လိုပါတယ်။ ခင်ဗျားအနေနဲ့ တစ်စုံတစ်ခုကို တော့ ယုံကြည်နေဖို့ လိုပါတယ်။ ကံတရား၊ ဘဝ၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ယုံကြည်ခြင်းကြောင့်

ကျွန်တော့်ဘဝမြင့်တက်ခဲ့တာ ပါ။ အဲ့ဒိယုံကြည် ခြင်းကပဲ ကျွန်တော့်ဘဝကို ပြောင်း လဲစေခဲ့တာပါ။ အဲ့ဒိ ယုံကြည်ချက် က

ကျွန်တော့်ကို တစ်ခါမှ စိတ်မပျက်စေခဲ့ပါဘူး။ဒုတိယပြောချင်တာကတော့ ချစ်မြတ်နိုးခြင်းနဲ့ဆုံးရှုံးမှု အကြောင်းပါ။

ကျွန်တော်က ကံကောင်းခဲ့ပါတယ်။ ကျွန်တော် ငယ်ရွယ်စဉ်မှာပဲ ကျွန်တော် ဘာကို နှစ်သက်မြတ်နိုး တယ် ဆိုတာကို သိခဲ့ပါတယ်။

အသက်၂၀အရွယ်မှာ Wozနဲ့ ကျွန်တော် Appleကိုစတည်ထောင် ခဲ့ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့ နေရာကတော့ ကျွန်တော့်

မိဘတွေ ရဲ့ကားဂိုဒေါင်ထဲမှာပါ။ ကျွန်တော်တို့ အရမ်း ကြိုးစားခဲ့ကြတယ်။ ၁၀နှစ်အတွင်းမှာ Appleဟာ ကားဂိုဒေါင်ထဲက

ကျွန်တော်တို့ ၂ယောက်ကနေ ဝန်ထမ်း၄၀၀၀ကျော်ရှိပြီး $2Billion တန်တဲ့ Company ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကျွန်တော် တို့ Macintosh အကောင်းဆုံး ဖန်တီးမှုကို ထုတ်လုပ် ခဲ့ပါတယ်။ နောက်နစ်မှာတော့ ကျွန်တော်အသက် (၃၀)

အရွယ်ရောက်လာခဲ့ပြီး အလုပ်ထုတ်ခံခဲ့ရ ပါတယ်။ ကိုယ်ထောင်ထားတဲ့ Company ကနေ ကျွန်တော် ဘာလို့ အထုတ်ခဲ့ရတာလဲလို့

ခင်ဗျားတို့ စဉ်းစားနေပါလိမ့်မယ်။ ဟုတ်ကဲ့ ကျွန်တော်ပြောပြ ပါ့မယ်။ Appleက စပြီးတိုးတက်ကြီးပွား လာတော့ အရည်အချင်းရှိပြီး

ကျွန်တော်နဲ့အတူ လုပ်ငန်းကို ဦးစီးနိုင်မယ့်သူ တစ်ယောက်ကို ကျွန်တော်တို့ ငှားရမ်း ခန့်အပ်ခဲ့ပါတယ်။ ပထမနှစ်မှာ တော့

အားလုံးအဆင် ပြေခဲ့ပါတယ်။ နည်းနည်းအချိန်ကြာလာတော့ ကျွန်တော်တို့အမြင်တွေ ကွဲလာပါတယ်။ နောက်ဆုံး တော့

ဘုတ်အဖွဲ့ က သူ့ဘက်က ရပ်တည်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက်၃၀အရွယ်မှာ ကျွန်တော် အလုပ်ထုတ် ခံခဲ့ရပါတယ်။ ကျွန်တော့်

ဘဝတစ်လျှောက် ပုံအောပြီး အာရုံစိုက်ခဲ့သမျှ၊ ကြိုးစားခဲ့သမျှတွေ ရေစုန်မျှောသွား သလိုပါပဲ။ အဲ့ဒိတုန်းက ခံစားချက်က

တော်တော်ကို ဆိုးရွားပါ တယ်။ကျွန်တော် လအနည်းငယ် ကြာသည်အထိ ဘာဆက် လုပ်ရမယ်မှန်း မသိခဲ့ပါဘူး။ နောင်ပေါ်ထွက်

လာမယ့် စွန့်ဦးတီထွင်သူများရဲ့ စိတ်အား ထက်သန်မှုကို ရိုက် ချိုးလိုက်သလို ခံစားရတယ်။ ကျွန်တော့်ဆီ လက်ဆင့် ကမ်းခံခဲ့ရတဲ့

တာဝန်ကို မကျေပြွန်သလို ခံစားခဲ့ရတယ်။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို တွေ့ပြီး တောင်းပန် ခဲ့တယ်။

ကျွန်တော် Silicon Valley ကနေတောင် ထွက်ပြေးဖို့ စဉ်းစားခဲ့တယ်။ဒါပေမယ့် ကျွန်တော့်အတွက် အာရုံဦးလမ်းစ ပြန်လည်

ပြီးပေါ် လာခဲ့တယ်။ ကျွန်တော်လုပ်ခဲ့တာတွေကို ကျွန်တော် ချစ်မြတ်နိုး တယ်။ဒီလိုအလုပ်ထုတ်ခံရရုံနဲ့တော့အဲ့ဒိ ချစ်မြတ်နိုးခြင်းတွေ

မပျောက် သွားခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်အစက ပြန်ပြီးလုပ်ဖို့ ဆုံးဖြတ် ခဲ့တယ်။ Appleကနေ အလုပ်ထုတ်ခံခဲ့ရတာဟာ

ကျွန်တော် အတွက် အကောင်းဆုံးအဖြစ်အပျက် တစ်ခုဆိုတာ ကို အဲ့ဒိအချိန်တုန်းကတော့ သတိမထားမိခဲ့ပါဘူး။ အောင်မြင်မှုရဲ့

လေးလံခြင်းကို လူသစ် တစ်ယောက် ရဲ့ ပေါ့ပါးမှုတွေနဲ့ အစားထိုး ခံလိုက်ရလိုပါပဲ။ ကျွန်တော့် ဘဝရဲ့ အကောင်းဆုံးတီထွင်နိုင်တဲ့

အချိန်အပိုင်း အခြားတစ်ခုကို ရောက်ရှိစေခဲ့ပါတယ်။နောက်ငါးနှစ်အတွင်းမှာ NeXTလို့ခေါ်တဲ့ Company တစ်ခုနဲ့ Pixarလို့ ခေါ်တဲ့

အခြား Companyတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒိကာလ အတွင်းမှာ တစ်ချိန်မှာ ကျွန်တော့်ရဲ့ ဇနီးဖြစ်လာမယ့် အရမ်းတော် တဲ့

အမျိုးသမီး တစ်ယောက်နဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ Pixarဟာ ပထမဆုံး Computer Animation ဇာတ်လမ်းဖြစ်တဲ့ Toy Storyကို ဖန်တီး

နိုင်ခဲ့ပြီး ကမ္ဘာမှာအအောင်မြင်ဆုံး Animation Studio တစ်ခုဖြစ် လာခဲ့ပါတယ်။

နောက်ကာလအနည်းငယ် အကြာမှာတော့ Appleက NeXTကို ဝယ်ခဲ့ပြီး ကျွန်တော်လည်း Appleကို ပြန်ရောက်လာခဲ့ပါတယ်။

ပြီးတော့ ကျွန်တော်တို့ NeXTမှာ ဖန်တီးခဲ့တဲ့ နည်းပညာဟာ Appleရဲ့ အသက်ဖြစ်လာပါတယ်။ အဲ့ဒိအချိန်မှာပဲ ကျွန်တော့်

ဇနီးLaurene နဲ့ ကျွန်တော် သာယာတဲ့ မိသားစုလေး ကို တည်ထောင်နိုင်ခဲ့ပါတယ်။

တကယ်လို့ ကျွန်တော်သာ Appleကနေ အလုပ်ထုတ် မခံရရင် ဒါတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်က

ဆေးခါးကြီး တစ်ခွက်လိုပါပဲ။ ဒါပေမယ့် လူနာအတွက် လိုအပ်ခဲ့တယ်လေ။ တစ်ခါတစ်လေ လောကကြီးက ခင်ဗျားရဲ့ခေါင်းကို

အုတ်ခဲနဲ့ပေါက် တတ်တယ်။ဒါပေမယ့်ယုံကြည်မှု တွေမပျောက်သွားပါစေနဲ့။ ကျွန်တော့် ကို ဒီနေရာ အထိရောက်လာအောင်

တွန်းပို့ပေးခဲ့တာ ကျွန်တော် ချစ်မြတ်နိုးတာကို ကျွန်တော်လုပ်ခဲ့လို့ပါ။ ခင်ဗျားလည်း ဘဝမှာ ခင်ဗျားဘယ်အရာတွေကိုလုပ်ရတာ

ချစ်မြတ်နိုး လဲ သိဖို့ လိုပါတယ်။ အချစ်ဆိုတာ ဘဝလက်တွဲဖော် ရွေးတဲ့ နေရာမှာ လိုအပ်သလို တစ်သက်လုံးလုပ်မယ့် အလုပ်ရွေးတဲ့

နေရာမှာလည်း လိုအပ် ပါတယ်။အလုပ်ဆိုတာ ခင်ဗျားဘဝရဲ့ အချိန်တော်တော်များများ ကို အပိုင်စီး မယ့်အရာပါ။ ဒါ့ကြောင့်

အကောင်းဆုံး နည်းလမ်းက ခင်ဗျားချစ်မြတ် နိုးတဲ့ အလုပ်ကို လုပ်ဖို့ ပါပဲ။ မတွေ့သေးရင် ငြိမ်မနေပါနဲ့။ ဆက်လက် ရှာဖွေပါ။

ခင်ဗျားရဲ့နှလုံးသားက တစ်နေ့နေ့မှာ ခင်ဗျားချစ်တာ ကို တွေ့ရှိပါလိမ့်မယ်။ တကယ်ချစ်မြတ်နိုးတဲ့ စုံတွဲလိုပါ ပဲ ကိုယ်တကယ် အချစ်တဲ့

အလုပ်ကို လုပ်ရင် နှစ်တွေ ကြာလာလေ အချစ်တွေ ခိုင်မြဲလေပါပဲ။ ဒါ့ကြောင့် မတွေ့သေးသ၍ ဆက်လက်ရှာဖွေပါ။

ကျွန်တော်တတိယပြောချင်တဲ့ အကြောင်းအရာက သေခြင်းတရားပါ။

ကျွန်တော် အသက် ၁၇နှစ်အရွယ်တုန်းက ဆိုရိုးလေး တစ်ခု ဖတ်ဖူး ပါတယ်။ အဲ့ဒိဆိုရိုးလေးက “နေ့တိုင်း နေ့တိုင်းကို

သင့်ရဲ့နောက်ဆုံးနေ့ အဖြစ်အသက်ရှင်ပါ။ တစ်နေ့ကျရင် သင်တွေးတာ မှန်ကန်ပါလိမ့် မယ်”တဲ့။ ဒီဆိုရိုးလေးက ကျွန်တော့်

ဘဝပေါ် အများကြီး သက် ရောက်ခဲ့ပါတယ်။ အဲ့ဒိအချိန်ကတည်းက လွန်ခဲ့တဲ့ ၃၃နှစ်လုံး ကျွန်တော်မှန်ထဲကို မနက်တိုင်း ကြည့်ပြီး

ဒီနေ့ဟာ ငါနေရမယ့် နောက်ဆုံးနေ့ဆို ငါဘာလုပ်မလဲ ဆိုပြီးမေးခဲ့ပါတယ်။ နောက်ဆုံး နေ့သာ ဆိုရင် ငါအခု လုပ်ဖို့ စဉ်းစားနေတဲ့

အရာကို ငါလုပ်မှာလားလို့ လည်း မေးခဲ့ပါတယ်။ အဖြေက No ဖြစ်တိုင်း ကျွန်တော်သိခဲ့တာက ကျွန်တော် တစ်ခုခု ပြုပြင်ဖို့

လိုပြီဆိုတာပါပဲ။မကြာခင်မှာ သေနိုင်တယ်လို့ ခံယူထားခြင်းက ကျွန်တော့် ဘဝရဲ့ အကြီးမားဆုံး ဆုံးဖြတ်ချက်တွေ ချခဲ့ရာမှာ

အများကြီး အသုံးဝင် ခဲ့ပါတယ်။ ဘာလို့လည်း ဆိုတော့ မျှော်လင့်ခြင်း၊ မာန်မာန၊ အကြောက်တရား၊ ရှက်ရွံ့ ခြင်းတွေ အားလုံးဟာ

သေခြင်းဆိုတာကို တွေးလိုက်တာနဲ့ အားလုံး ပျောက်ကွယ် ကုန်လို့ပါပဲ။ ဒါတွေအားလုံး ပျောက်ကွယ်သွားပြီး တကယ် လုပ်ချင်တဲ့

အရေးကြီးတဲ့ အရာက ခေါင်းထဲ အလိုလို ပေါ်လာပါတယ်။ မကြာခင် သေနိုင်တယ်လို့ တွေးခြင်း က သင်ဟာ တစ်ခုခု

ဆုံးရှုံးနိုင်တယ်လို့ တွေးလေ့ရှိခြင်း ကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သင်ဟာ အချိန် မရွေးသေနိုင်တယ်လေ။

သေတာထက် ပိုပြီး ဆုံးရှုံးနိုင်တာ ရှိသေးလို့ လား။ ဒါ့ကြောင့်သင်ချစ်မြတ် နိုးတဲ့ အရာကို မလုပ်ဖို့ ဘာမှ ဆင်ခြေ ပေးစရာ မရှိတော့

ပါဘူး။လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်ကင်ဆာရောဂါ ခံစားခဲ့ရပါ တယ်။ မနက်၇နာရီခွဲမှာ Scanဖတ်ပြီးတဲ့နောက်

ကျွန်တော့်ရဲ့ Pancreas(သရက်ရွက်)ထဲမှာ အကျိတ် ရှိနေတာကိုသိလိုက်ရပါတယ်။ ကျွန်တော်အစက သရက်ရွက်ဆိုတာ

ဘာမှန်းတောင် မသိပါဘူး။ ဒေါက်တာတွေက ကျွန်တော့်ရဲ့ကင်ဆာဟာ ကုသ လို့မရကြောင်း ပြောပြခဲ့ပါတယ်။ ကျွန်တော် ၆လ

ထက်ပိုပြီး အသက်မရှင်နိုင်တော့ ဘူးလို့ ဆိုကြပါ တယ်။ ဆရာဝန်တွေက ကျွန်တော်ကို အိမ်ပြန်စေပြီး အေးအေးဆေးဆေး

အနားယူကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ဆိုခဲ့ပါတယ်။ သူတို့ပြောချင်တာကတော့ ကျွန်တော့် ကလေးတွေကို နောက်၁၀နှစ်မှာ

ကျွန်တော် ပြောချင်တာတွေကို အခုထဲကပြောခဲ့ပေါ့။ နှုတ်ဆက်ခိုင်း တာနဲ့ အတူတူပါပဲ။

ဒီရောဂါနဲ့ ကျွန်တော်နေထိုင်ခဲ့ရပါတယ်။ တစ်ညနေ မှာတော့ ဆရာဝန် တွေဟာ ကျွန်တော့်ရဲ့ လည်ချောင်း ထဲကို Endoscope

ထည့်ပြီး အစာအိမ်တွေ၊ အူတွေ ထဲက တစ်ဆင့် သရက်ရွက်အကြိတ်ဆီက ဆဲလ်တစ်ချို့ ကို ထုတ်ယူခဲ့ပါတယ်။ ကျွန်တော်က

ငြိမ်သက်နေခဲ့ ပါတယ်။ ဆရာဝန်တွေက ထိုဆဲလ်ကို ကြည့်အပြီးမှာ တော့ စတင်ပြီး ငိုကြပါတော့တယ်လို့ ကျွန်တော်မိန်းမ က

ကျွန်တော့်ကို ပြန်ပြောပြ ပါတယ်။ ဘာလို့လည်းဆို တော့ ကျွန်တော်ဖြစ်နေတဲ့ ဒီသရက်ရွက် ကင်ဆာဟာ ဖြစ်လေ့ဖြစ်ထနည်းပြီး

ခွဲစိတ်ကုသလို့ရတဲ့ ကင်ဆာ အမျိုးအစားဖြစ်နေတာကို တွေ့ရှိခဲ့လို့ ဝမ်းသာလုံးဆို့ ခဲ့ကြတာပါ။ ဒါ့ကြောင့် ကျွန်တော်လည်း

အခွဲစိတ်ခံ ခဲ့ပြီး အခုတော့ ပြန်လည် ကောင်းမွန်သွားပါပြီ။ သေခြင်းတရားနဲ့ အနီးစပ်ဆုံး ခံစားဖူးခဲ့တာပါပဲ။ လူတိုင်း မသေချင်ကြပါဘူး။

ကောင်းကင်ဘုံကို သွားချင်တယ်လို့ ပြောနေတဲ့ သူတွေတောင် မသေချင်ကြပါဘူး။ ဒါပေမယ့် သေခြင်း တရား ဆိုတာ

ကျွန်တော်တို့ အားလုံး ရင်ဆိုင်ရမယ့် အရာပါ။ ဘယ်သူမှ သေခြင်းတရားက မလွတ် မြောက်ခဲ့ပါဘူး။ တကယ်တော့ သေခြင်း

တရား ဆိုတာ ဘဝရဲ့အကောင်းဆုံး ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။ သူကဘဝကို ပြောင်းလဲပေးတဲ့အရာပါ။ အခုသင်က

အသစ်ဖြစ်နေပေမယ့် တစ်နေ့နေ့မှာ သင်ဟာ ဟောင်းနွမ်းသွားပြီး သေဆုံးရမှာပါ။ ဒီလိုမျိုး ပြောရတာ တော့ စိတ်မကောင်းပါဘူး။

ဒါပေမယ့် ဒါဟာ အမှန်တရားပါ။သင်နေရမယ့် အချိန်ဟာ အကန့်အသတ်ရှိပါတယ်။ ဒါ့ကြောင့် အခြားသူ တစ်ယောက်အဖြစ်နဲ့

နေထိုင်ရင်း သင့်အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့။ ပုံသေကားချပ် ကြီး ထဲမှာ ပိတ်မိမနေပါစေနဲ့။ အခြားသူတွေ သင့်ကို

ဘယ်လိုမြင်မလဲ ဆိုတာကို တွေးပြီး မနေထိုင် ပါနဲ့။ အခြားသူတွေရဲ့ ဆူညံသံတွေက သင့်ရင်ထဲက ဂီတ သံကို မဖုံးလွှမ်းသွားပါစေနဲ့။

အရေးအကြီးဆုံးက သင်တကယ်ချစ်မြတ်နိုးတဲ့ သင့်အိမ်မက်တွေနောက် ကိုလိုက်ရဲတဲ့ သတ္တိရှိပါစေ။ သင့်ရင်ဘတ်ထဲ က

နှလုံးသားထဲက ဖြစ်ချင်တာကို လုပ်ပါ။ အခြားအရာ တွေကို ဒုတိယ ဦးစားပေးပါ။

ကျွန်တော်ငယ်ငယ်တုန်းက The Whole Earth Catalog လို့ခေါ်တဲ့ စာအုပ် တစ်အုပ်ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ ခေတ်တုန်းက

သူက သမ္မာကျမ်းစာ လိုပါပဲ။ လူတော်တော်များများမှာ ရှိပါတယ်။ Menlo Parkနဲ့ သိပ်မဝေးတဲ့နေရာမှာ နေထိုင်တဲ့ Stewart Brand

ဆိုတဲ့ သူကတီထွင်ခဲ့တာပါ။ အဲ့ဒိအချိန်တုန်း က ၁၉၆၀ အစောပိုင်းလောက် ပေါ့။ ကွန်ပျူတာတွေ မပေါ်သေးပါဘူး။

အဲ့ဒိစာအုပ်က လက်နှိပ်စက် နဲ့ရိုက် ကာ၊ကတ်ကြေးနဲ့ဖြတ်ထားတဲ့ ပုံစံမျိုးပါ။ သူက Google နဲ့ သဘောတရားတူပါတယ်။

ရှာချင်တဲ့အကြောင်း အရာတွေ ရှာနိုင်ဖို့ လုပ်ထားတဲ့ စအုပ်မျိုးပါ။ Google ပေါ်မလာခင် ၃၅နှစ်လောက် အထိ သူ့ရဲ့ အတွေးအခေါ်

ဟာ လက်တွေ့ဆန်ခဲ့ပါတယ်။ သူတို့ စာအုပ်ကို အဆင့်ဆင့်မွမ်းမံခဲ့ကြတယ်။ ၁၉၇၀လောက်က နောက်ဆုံးသူတို့

ထုတ်ခဲ့တဲ့စာအုပ်ရဲ့ နောက်ဘက် ကာဗာမှာတော့ မနက်ခင်းနေရောင် အောက်က ကျေးလက်လမ်းကလေးရဲ့ ပုံပါလာခဲ့ပါတယ်။

အဲ့ဒိပုံ အောက်မှာတော့ “အမြဲရူးသွပ်ဆာလောင်နေပါစေ” ဆိုတဲ့ စကားစု လေးပါခဲ့ပါတယ်။ ဒါကသူတို့ရဲ့ နောက်ဆုံး

နှုတ်ဆက်စကားပါ။ ကျွန်တော့်ဘဝမှာ လည်း ကျွန်တော်ဒီစကားကို ကျင့်သုံးခဲ့ပါတယ်။ အခု ခင်ဗျားတို့အားလုံး ဘွဲ့တွေရပြီး

ဘဝအသစ် တစ်ခုကို စတော့ မယ်ဆိုတော့ ကျွန်တော်ကလည်း ခင်ဗျားတို့ကို “အမြဲရူးသွပ် ဆာလောင်နေပါစေ” လို့

ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။”

အထက်ပါမိန့်ခွန်းကတော့ Steve Jobsရဲ့ နာမည် aကျာ်မိန့်ခွန်း ဖြစ်ပါ တယ်။

ကျွန်တော့်ဘဝမှာလည်း သူရဲ့မိန့်ခွန်းအတိုင်း နေခဲ့ ပါတယ်။ ဒီမိန့်ခွန်း ကို မမြင်ခင်ကတည်းက အဲ့ဒိလို နေခဲ့ပါတယ်။ ဒါပေမယ့်

ကျွန်တော် လုပ်နေတာ မှန် ရဲ့လား၊ မှားနေလား မသိခဲ့ပါဘူး။ တစ်နေ့မှာတော့ အမှတ်မထင် ဒီမိန့်ခွန်းလေးကို ဖတ်မိပြီး Steve Jobs

ကို အရမ်း ကျေးဇူးတင်မိခဲ့ပါတယ်။ ဒီလို မိန့်ခွန်းမျိုး ကို ကျွန်တော်ဒိထက် ငယ်စဉ်က သိခဲ့ရ၊ဖတ်ခွင့်ရခဲ့ရင် ကောင်းမှာပဲလို့လည်း

တွေးခဲ့ ပါတယ်။ ဒါ့ကြောင့် အခုဒီစာအုပ် (သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့) ထဲမှာ သင့်တော်အောင် ဘာသာပြန် ပြီး ကျွန်တော့်စာဖတ်

ပရိတ်သတ်တွေနဲ့ မျှဝေလိုက်တာပါ။Steve Jobs ပြောခဲ့တဲ့ အရာ(၃)ခုလုံးကိုလည်း သင်ခန်းစာယူ နိုင်အောင်ကြိုးစားပါ။ ေ

လာကကြီးမှာ လောကဓံကြောင့် မြင့်တဲ့အခါ မြင့်မယ်၊ နိမ့်တဲ့အခါ နိမ့်မယ်။ ဒါပေမယ့် ဘယ်တော့မှ ယုံကြည်မှုတွေ

မပျောက်သွားပါစေနဲ့။ အိမ်မက်တွေကို ဘယ်တော့ မှ မစွန့်လွှတ် လိုက်ပါနဲ့။ ဒီနေ့သာ သင့်ဘဝရဲ့ နောက်ဆုံးနေ့ဆို သင်ဘာလုပ်မလဲ?

Ref:weboflove

#မိုးရှင်း (I.M.T) ဘာသာပြန်၍ ဖြည့်စွက်ရေးသားသည်။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

20 − three =