“ေကာင္းလိုက္တဲ့ ဆုေတာင္း”

တစ္ခါက အလြန္ခင္တဲ့ သူငယ္ခ်င္းႏွစ္ေယာက္က ပင္လယ္ထဲကို သေဘၤာျဖင့္ ခရီးထြက္ခဲ့ပါတယ္…

ဒါေပမယ့္ မုန္တိုင္းနဲ႕ ၾကံဳၿပီး သေဘၤာပ်က္သြားတာေၾကာင့္ ႏွစ္ေယာက္လံုး ေရကူးၿပီး ကၽြန္းတစ္ကၽြန္းေပၚကို ေရာက္လာၾကပါတယ္…

ကၽြန္းေပၚေရာက္ေတာ့ သူတို႕ သူငယ္ခ်င္း ႏွစ္ေယာက္ ဘယ္သူ ပိုကံေကာင္းတယ္ဆိုတာ သိရေအာင္ ကၽြန္း တစ္ျခမ္းစီမွာ

သီးသန္႕ေနထိုင္ဖို႕ လုပ္ၾကပါတယ္…ပထမေန႔မွာ တစ္ေယာက္က အစားအေသာက္ရဖို႕ ဆုေတာင္းေတာ့ သစ္သီးပင္တစ္ပင္ကို

သူ႕ကၽြန္းဘက္ျခမ္းမွာေတြ႕ပါတယ္။ က်န္တစ္ေယာက္ကေတာ့ သစ္သီးပင္မေတြ႕တာေၾကာင့္ ရွိတဲ့ အရြက္ေတြကိုပဲ စားရပါတယ္…

ေနာက္ေန႕မွာ ပထမတစ္ဦးကပဲ ဆုေတာင္းတိုင္း ရရွိေနပါေတာ့တယ္။ မိန္းမအေဖာ္လိုခ်င္တယ္လို႕ဆုေတာင္းေတာ့

သေဘၤာပ်က္ေပၚက အမ်ိဳးသမီးတစ္ေယာက္က သူ႕ကၽြန္းဘက္မွာ ေရာက္လာပါတယ္။ အဲလိုပဲ အ၀တ္အစားေတြကို

အစားအေသာက္ေတြပါ သူဆုေတာင္းတိုင္း ရရွိပါတယ္…ေနာက္ဆံုးေတာ့ သူက သေဘၤာတစ္စီးဆုေတာင္းၿပီး ကၽြန္းကေန ျပန္ဖို႕

လုပ္ပါတယ္။ သေဘၤာတစ္ကယ္ပဲေရာက္လာေတာ့ သူရယ္ သူ႕အေဖာ္အမ်ိဳးသမီးရယ္က ကၽြန္းကေန ထြက္ခြာဖို႕ လုပ္ပါတယ္…

အဲဒီအခ်ိန္မွာ သိၾကားမင္းေပၚလာၿပီး ေမးပါတယ္။

☞”ဘာလို႕ မင္းသူငယ္ခ်င္းကိုပါ မေခၚသြားဘူးလဲ ဆိုေတာ့ သူကေျဖပါတယ္သူက ကံမေကာင္းဘူးေလ။ သူဆုေတာင္းသမွ် ျပည့္မွ

မျပည့္တာ။ သူ႕ေၾကာင့္ ကၽြန္ေတာ္တို႕ သေဘၤာပ်က္ၿပီး ကၽြန္ေတာ္တို႕ ဒုကၡေရာက္တာလားေတာင္မသိဘူး။ ဒါေၾကာင့္ ဒီတစ္ခါေတာ့

သူကို ကၽြန္ေတာ္ ထားခဲ့ေတာ့မယ္”…

သိၾကားမင္းက ဆက္ေျပာပါတယ္။ “သင္မွားေနၿပီ။ ကၽြႏု္ပ္ ဆုေတာင္းျဖည့္ေပးခဲ့တာက သင့္သူငယ္ခ်င္းရဲ႕ ဆုေတာင္းတစ္ခုထဲကိုပါ။

သင့္ဆုေတာင္းေတြကို ကၽြႏု္ပ္ မျဖည့္စီးေပးခဲ့ပါဘူး”…

ထိုအခါက်မွ သူလည္း အံ့ၾသသြားၿပီး “ဒါဆို ကၽြန္ေတာ့္သူငယ္ခ်င္းရဲ႕ ဆုေတာင္းကဘာလဲ” လို႕ေမးလိုက္ေတာ့…

“သင့္သူငယ္ခ်င္းရဲ႕ ဆုေတာင္းက သူ႕အခ်စ္ဆံုး သူငယ္ခ်င္းျဖစ္တဲ့ သင့္ရဲ႕ ဆုေတာင္းမ်ားအားလံုး ျပည့္ပါေစတဲ့”…

အဲ့ဆုေတာင္းကိုပဲ ငါျဖည့္စည္းေပးခဲ့တာပါ⚘

ေလာကမွာလည္း တူတူပါပဲ။ ကိုယ့္ရဲ႕ ကံေကာင္းမႈတိုင္းက လူတစ္ဦးတစ္ေယာက္ရဲ႕ ျဖည့္စီးေပးမႈလည္း ပါ၀င္ႏိုင္တယ္ဆိုတာကို

မေမ့ပါနဲ႕။ သင္အခ်စ္ဆံုးလူေတြကို ဘယ္ေတာ့မွ ခ်န္မထားခဲ့ပါနဲ႕ …

Credit#

< Unicode Version >

တစ်ခါက အလွန်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်…

ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘောပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာကြပါတယ်…

ကျွန်းပေါ်ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်း တစ်ခြမ်းစီမှာ

သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ်…ပထမနေ့မှာ တစ်ယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင်တစ်ပင်ကို

သူ့ကျွန်းဘက်ခြမ်းမှာတွေ့ပါတယ်။ ကျန်တစ်ယောက်ကတော့ သစ်သီးပင်မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်…

နောက်နေ့မှာ ပထမတစ်ဦးကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ်။ မိန်းမအဖော်လိုချင်တယ်လို့ဆုတောင်းတော့

သင်္ဘောပျက်ပေါ်က အမျိုးသမီးတစ်ယောက်က သူ့ကျွန်းဘက်မှာ ရောက်လာပါတယ်။ အဲလိုပဲ အဝတ်အစားတွေကို

အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ်…နောက်ဆုံးတော့ သူက သင်္ဘောတစ်စီးဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့

လုပ်ပါတယ်။ သင်္ဘောတစ်ကယ်ပဲရောက်လာတော့ သူရယ် သူ့အဖော်အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်…

အဲဒီအချိန်မှာ သိကြားမင်းပေါ်လာပြီး မေးပါတယ်။

☞”ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားဘူးလဲ ဆိုတော့ သူကဖြေပါတယ်သူက ကံမကောင်းဘူးလေ။ သူဆုတောင်းသမျှ ပြည့်မှ

မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခရောက်တာလားတောင်မသိဘူး။ ဒါကြောင့် ဒီတစ်ခါတော့

သူကို ကျွန်တော် ထားခဲ့တော့မယ်”…

သိကြားမင်းက ဆက်ပြောပါတယ်။ “သင်မှားနေပြီ။ ကျွနု်ပ် ဆုတောင်းဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်းတစ်ခုထဲကိုပါ။

သင့်ဆုတောင်းတွေကို ကျွနု်ပ် မဖြည့်စီးပေးခဲ့ပါဘူး”…

ထိုအခါကျမှ သူလည်း အံ့သြသွားပြီး “ဒါဆို ကျွန်တော့်သူငယ်ချင်းရဲ့ ဆုတောင်းကဘာလဲ” လို့မေးလိုက်တော့…

“သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများအားလုံး ပြည့်ပါစေတဲ့”…

အဲ့ဆုတောင်းကိုပဲ ငါဖြည့်စည်းပေးခဲ့တာပါ⚘

လောကမှာလည်း တူတူပါပဲ။ ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတစ်ဦးတစ်ယောက်ရဲ့ ဖြည့်စီးပေးမှုလည်း ပါ၀င်နိုင်တယ်ဆိုတာကို

မမေ့ပါနဲ့။ သင်အချစ်ဆုံးလူတွေကို ဘယ်တော့မှ ချန်မထားခဲ့ပါနဲ့ …

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

thirteen + eight =