“ျမန္မာ့႐ုပ္ရွင္ေလာကကို ေငြတစ္ရာနဲ႔စတင္ခဲ့သူ “

လန္ဒန္အတ္ဦးအုန္းေမာင္ ယေန႔႐ုပ္ရွင္ေလာကကို တခ်ိန္က ေငြတစ္ရာနဲ႔ စခဲ့ရတယ္ဆိုရင္ ယုံခ်င္မွယုံၾကမွာပါ။

တကယ္ပဲ ေငြတစ္ရာနဲ႔ စခဲ့ရတာပါ။ စတင္သူကေတာ့ ျမန္မာပီမီေသၽွာင္ထုံးအျမဲ ထုံးထားတတ္သူ လန္ဒန္အတ္ဦးအုန္းေမာင္ ျဖစ္သည္။

ဦးအုန္းေမာင္သည္ ေသၽွာင္ထုံးႀကီးႏွင့္ ျဖစ္ေသာ္လည္း အဂၤလိပ္စာတတ္သူ ၊ ပန္းခ်ီ ႏွင့္ ဓာတ္ပုံ အႏုပညာကို ဝါသနာပါသူ ျဖစ္သည္။

ဒီ ၊ ေအ ၊ အဟူဂ်ာ ဓာတ္ပုံတိုက္တြင္ လခစားဓာတ္ပုံဆရာလုပ္ခဲ့သူ ျဖစ္သည္။ယင္းသို႔လုပ္ကိုင္ရာမွ တစ္ေန႔တြင္ ဦးအုန္းေမာင္သည္

လခစားဓာတ္ပုံဆရာဘဝကို စြန္႔လႊတ္လိုက္သည္။ ေယာက္ဖျဖစ္သူ ဓာတ္ပုံဆရာဦးေမာင္ေမာင္ ႏွင့္ တြဲကာ “လန္ဒန္အတ္ ဓာတ္ပုံကူး

တိုက္” ကိုတည္ေထာင္လိုက္သည္။ ဓာတ္ပုံလုပ္ငန္းအဝ၀ကို စိတ္တိုင္းက်ေဆာင္ရြက္သည္။ ဦးအုန္းေမာင္သည္ ဓာတ္ပုံပညာကၽြမ္းက်င္

သည့္အျပင္ လုံ႔လဝီရိယရွိသူ ၊ ေပါင္းသင္းဆက္ဆံေရးေကာင္းသူ လည္းျဖစ္တာေၾကာင့္ သူ႔လုပ္ငန္းသည္ ေအာင္ျမင္ေလသည္။ယင္း

သို႔ေအာင္ျမင္ေနေသာ္လည္း ဦးအုန္းေမာင္ကား ႐ုပ္ေသဓာတ္ပုံမၽွႏွင့္ မတင္းတိမ္နိုင္ ၊ ႐ုပ္ရွင္ရိုက္ကူးရန္ စိတ္ဆႏၵျပင္းျပေနသည္။ ထိုအ

ခ်ိန္တြင္ ျမန္မာျပည္၌ အဂၤလိပ္ ၊ အေမရိကန္ ႐ုပ္ရွင္ကားမ်ားျပ သေနျခင္းေၾကာင့္ ျမန္မာ့႐ုပ္ရွင္ကားမ်ား ရိုက္ကူးရန္

ဆႏၵျပင္းျပေနျခင္းျဖစ္သည္။ ဦးအုန္းေမာင္သည္ ယင္း႐ုပ္ရွင္ဇာတ္ကားမ်ားကို မလြတ္တမ္းၾကည့္ရွုေလ့လာသည္။

စာအုပ္စာတမ္းမ်ားလည္း ရွာေဖြဖတ္ရွုသည္။ ထို႔ေနာက္ ျမန္မာ့႐ုပ္ရွင္ကို စတင္ရိုက္ကူးရန္ ေျခလွမ္းျပင္လိုက္ေလသည္။

ထိုစဥ္ဦးအုန္းေမာင္သည္ သုံးမရ၍ ပစ္ထားေသာ(မွန္ဘီလူးပင္မပါရွိေသာ) ႐ုပ္ရွင္ကင္မရာ တစ္လုံးကို E.m.desouza ေဆးတိုက္မွ ဝယ္

ယူရရွိလိုက္သည္။ မွန္ဘီလူးမပါ၍ မည္သို႔မၽွရိုက္ကူး၍ မရျဖစ္ေနစဥ္ Cinima De Paris ႐ုံပိုင္ရွင္ထံမွ ႐ုပ္ရွင္ရိုက္ကင္မရာ မွန္ဘီလူးတစ္ခု

ကို ရရွိသည္။ ဝယ္ယူထားေသာ ကင္မရာတြင္ စြပ္ၾကည့္ရာ အံကိုက္ျဖစ္ေနသည္။ ဤနည္းျဖင့္ တတ္ေျမာက္ထားေသာ ဓာတ္ပုံပညာႏွင့္

စုေပါင္းစပ္ေပါင္း ကင္မရာေဟာင္းကေလးတစ္လုံးျဖင့္ ျမန္မာ့႐ုပ္ရွင္လုပ္ငန္း တံခါးကို စတင္ဖြင့္လွစ္ခဲ့သည္။ထိုအေၾကာင္းကို

ဦးအုန္းေမာင္က “ဟိုတုန္းက လုပ္ခဲ့တာေတြ ျပန္စဥ္းစားမိတဲ့အခါ ရယ္မိပါတယ္၊ ဘာျပဳလို႔လဲဆိုေတာ့ ကင္မရာ ဆိုတာကလည္း

ခုလိုဘယ္ဟုတ္မလဲ၊ ထင္းရွူးေသတၱာငယ္ကေလးမွာ မွန္ဘီလူး တပ္ထားၿပီး လွည့္လို႔ရတာ တစ္ခုပဲ ရွိတယ္။ မွန္ဘီလူး

ဆိုျပန္ေတာ့လည္း ပုလင္းကြဲသာသာ ရွိေတာ့ လက္နဲ႔ လွည့္လိုက္တိုင္းလည္း အ႐ုပ္ထင္ခ်င္မ် ထင္တာဗ်၊ ဒီအထဲ ရိုက္ရတဲ့

ဖလင္ကလည္း ခုေခတ္လို မေကာင္းျပန္ဆိုေတာ့ အင္မတန္ အခက္အခဲေတြ႕ၿပီး အ႐ုပ္ထင္ေအာင္ မနည္းႀကိဳးစားခဲ့ရပါတယ္”ဟု ျပန္ေျ

ပာင္းေျပာဆိုခဲ့သည္။ပထမဆုံး အေနႏွင့္ ရိုက္ကူးမည့္ကား မွာ “ေမတၱာ ႏွင့္ သူရာ” ျဖစ္သည္။ ကားရိုက္ကူးေရးစစဥ္မွာပင္ ဘိလပ္သြား

ကိုယ္စားလွယ္ႀကီးတစ္ဦးျဖစ္သူ ဝံသာႏုေခါင္းေဆာင္ ဦးထြန္းရွိန္ ကြယ္လြန္သြားသည္။ အနယ္နယ္အရပ္ရပ္သို႔ ဝံသာႏုတရားမ်ား လွည့္

လည္ေဟာေျပာစဥ္ ကြယ္လြန္သြားျခင္း ျဖစ္သည္။ ကြယ္လြန္ခ်ိန္ အသက္မွာ ၃၀ သာရွိေသးသျဖင့္ တစ္တိုင္းျပည္လုံး ဝမ္းနည္းၾကသည္။

ဤတြင္ ဦးအုန္းေမာင္သည္ ဦးထြန္းရွိဈာပနကို သတင္းကားအျဖစ္ ၾကားျဖတ္ရိုက္ကူးသည္။ ထိုသတင္းကားကို ယခုဗိုလ္ခ်ဳပ္ေဈးေနရာ၌

ရွိခဲ့ဖူးေသာ စီနီမာဒီပဲရစ္႐ုံ၌ ျပသရာ သတင္းကားပင္ျဖစ္လင့္ကစား ပထမဆုံးျမန္မာကားျဖစ္သျဖင့္ ျမန္မာပရိသတ္တို႔ ႀကိတ္ႀကိတ္တိုး

အားေပးၾကည့္ရွုၾကသည္။ ထို႔ေနာက္ ျမန္မာ့႐ုပ္ရွင္သမိုင္း၏ ပထမဆုံးဇာတ္ကားျဖစ္လာမည့္ ေမတၱာႏွင့္သူရာ ဇာတ္ကားကို

ရိုက္ကူးသည္။ ဝထၳဳမွာ ဆရာႀကီးပီမိုးနင္း ဝထၳဳျဖစ္ၿပီး မင္းသားမွာ ဦးဘညြန္႔၏သား ႐ုပ္ရွင္ဝါသနာအိုး ကိုညီပု ႏွင့္ မင္းသမီးမွာ

ၾကည့္ျမင္တိုင္သူ မရီ ျဖစ္သည္။ ထိုကားႏွင့္ ပတ္သတ္၍ ဦးအုန္းေမာင္က “ဇာတ္ကားကို အင္းလ်ားကန္ေစာင္းမွာ သြားရိုက္တာ ရိုက္တဲ့

အခန္းက လူဆိုးတုတ္ႀကီးက မင္းသမီးကို ကားနဲ႔ ခိုးေျပးလို႔ လိုက္ၾကတာ မိေရာဆိုပါေတာ့။ အဲလိုမိေတာ့ လမ္းေဘးကန္ေစာင္းထဲ ေထြး

လုံးၿပီးလိမ့္က်ၾကပါေရာ။ တယ္ၾကည့္လို႔ေကာင္းေနသေပါ့ဗ်ာ။ ကၽြမ္းထိုးေမွာက္ခုံ က်လို႔ ေရထဲလည္းေရာက္ခါနီးေရာ “ဟိုးဟိုး

ေနၾကဦး ၊ ေနၾကဦး ” ၊ ၾကည့္လိုက္ေတာ့ ကိုညီပုက သူရိုက္ေနတဲ့ ကင္မရာက မွန္ဘီလူးေရွ႕အစိုက္မွာ အျပင္ကိုထြက္က်သြားသတဲ့ ၊

ျပန္ရိုက္ပါ ဆိုေတာ့ အက်ိဳးကိုနည္းေရာ ၊ ကြဲသူလည္း ကြဲ ၊ ျပဲသူလည္း ျပဲေနၾကၿပီ ၊ ဒီလိုအခက္အခဲမ်ိဳးစုံကို ၂ ႏွစ္ေက်ာ္ေက်ာ္ ရိုက္ေတာ့မွ

ပဲ အဲဒီ ေမတၱာသူရာ ဇာတ္ကားေလးၿပီးခဲ့တယ္” ဟု ရင္ဖြင့္ေျပာဆိုခဲ့ေလသည္။

ဒီဇာတ္ကားကို တစ္တိုင္းျပည္လုံး အုန္းအုန္းက်က္က်က္ အားေပးၾကသည္။ ထိုသို႔အားေပးေသာ္ျငား ဦးအုန္းေမာင္အဖို႔မွု

ေငြေၾကးအေနျဖင့္ အျမတ္အစြန္းမရရွာေပ။ အရွုံးပင္ေပၚခဲ့ေလသည္။ မည္သို႔ပင္ျဖစ္ေစ ဦးအုန္းေမာင္၏ ႀကိဳးစားမွု မ်ားစြာ

ထိေရာက္ခဲ့သည္။ ထိုမွစ၍ ျမန္မာဇာတ္ကားမ်ား တစ္ကားၿပီး တစ္ကား ပိုမိုေကာင္းမြန္စြာထြက္လာခဲ့သည္။ ေမတၱာႏွင့္ သူရာ

အၿပီးတြင္ ေက်းေတာသူ မႏု ၊ ေရႊေပးလို႔မရ၊ တိမ္တစ္လုံး ၊ ခင္ခင့္မွားေတာ္ပုံ စသည့္ဇာတ္ကားမ်ားကို ရိုက္ကူးခဲ့သည္။

‘ခင္ခင့္မွားေတာ္ပုံ’ သည္ ဦးအုန္းေမာင္ ႐ုပ္ရွင္ပညာစြမ္း ျပေသာဇာတ္ကားျဖစ္သည္။ ကိရိယာ မစုံလင္ပဲ ႏွင့္ ႏွစ္ကိုယ္ခြဲခန္းမ်ား

ပါဝင္ခဲ့ေသာဇာတ္ကားျဖစ္သည္။အစပိုင္း အရွုံးခ်ည္းသာ ရင္ဆိုင္ခဲ့ရေသာ္လည္း အခက္အခဲမ်ားကို မာန္တင္းေက်ာ္ျဖတ္ရင္း

ေနာက္ပိုင္းတြင္ တစ္ေန႔တစ္ျခားေအာင္ျမင္လာခဲ့သည္။ မၾကာမီပင္ ႐ုပ္ရွင္ သူေဌး “လန္ဒန္အတ္ ဦးအုန္းေမာင္” ဘဝ

သို႔ေရာက္ခဲ့ေပသည္။ ထိုသို႔ စီးပြားျဖစ္ထြန္းေသာ္လည္း ဦးအုန္းေမာင္သည္ ေငြေၾကး ဥစၥာ စုေဆာင္းရန္ဝါသနာမပါ။

႐ုပ္ရွင္လုပ္ငန္းႏွင့္ ပတ္သတ္၍ ထူးသမၽွ ဆန္းသမၽွ ပစၥည္းမ်ား ကိရိယာမ်ားကို နိုင္ငံျခားမွ မွာယူ အသုံးျပဳေလသည္။

နိုင္ငံျခားမွ ထုတ္ေဝသမၽွ ႐ုပ္ရွင္စာေစာင္ ၊ စာတမ္း ၊ စာအုပ္မ်ားကို မွာယူၾကည့္ရွု႔သည္။ မိမိအတြက္လည္း အေကာင္းစား

စီးကရက္ ၊ ရွုးဖိနပ္မ်ားကို အသုံးျပဳၿပီး ေမာ္ေတာ္ကားအသစ္ေပၚတိုင္းလည္း လဲလွယ္ စီးခဲ့သည္။ ထိုအတြင္း

ကမၻာစီးပြားပ်က္ကယက္ ဆိုက္ၿပီး ျမန္မာနိုင္ငံသို႔ဝင္လာရာ ဦးအုန္းေမာင္၏ လန္ဒန္အတ္ ကုမၸဏီသည္ အထူးထိခိုက္သည္။

ေႂကြးၿမီမ်ားလည္း တင္လာရာ ေနာက္ဆုံး စိတ္ရွုပ္မခံနိုင္ေတာ့ သည့္အခါ ကုမၸဏီကို အဆမတန္ေဈးေလၽွာ့ကာ

ေရာင္းခ်လိုက္ရေလေတာ့သည္။ထိုမွတစ္ဖန္ ဇာတ္ကားမ်ားကို ျပန္လည္ရိုက္ရာ ၁၅ ကားခန္႔ရိုက္ခဲ့ေသာ္လည္း

အသက္အရြယ္ကလည္း ႀကီးလာ၊ ဖိဖိစီးစီးလည္း မလုပ္နိုင္ေတာ့သျဖင့္ ယခင္ကဲ့သို႔ေအာင္ျမင္ျခင္းမရွိေတာ့ေခ်။

ကြယ္လြန္ခါနီးတြင္ ႐ုပ္ရွင္လုပ္ငန္းကို ကိုယ္တိုင္မလုပ္ေတာ့ ေနာက္လာေနာက္သား ႐ုပ္ရွင္ ပညာရွင္မ်ား

အကူအညီေတာင္းလာသည့္အခါ အျမဲကူညီခဲ့သည္။ျမန္မာ့ ႐ုပ္ရွင္ေလာက၏ ဖခင္ႀကီး ဦးအုန္းေမာင္သည္ ၁၉၆၄

ခု ၾသဂုတ္လ ၁၅ ရက္ေန႔ ၊ အသက္ ၇၃ ႏွစ္တြင္ ကြယ္လြန္ခဲ့သည္။

ဦးအုန္းေမာင္သည္ ႐ုပ္ရွင္သူေဌး ျဖစ္ခဲ့ေသာ္လည္း စီးပြားေရးသမားမဟုတ္။ အႏုပညာရွင္ ျဖစ္သည္။ ထို႔ေၾကာင့္လည္း

ဦးအုန္းေမာင္က “အမွန္ေျပာရရင္ ဒီ႐ုပ္ရွင္နဲ႔ ကၽြန္ေတာ္တို႔ စီးပြားရွာ ခ်မ္းသာခ်င္လို႔ ႀကံစည္ႀကိဳးစားလာတာမဟုတ္ပါဘူး။

ျမန္မာ့အစြမ္းကို ျပခ်င္လို႔ စိတ္တင္းၿပီး မျဖစ္ျဖစ္ေအာင္ ဇြဲေကာင္းေကာင္းနဲ႔ ႀကိဳးစားခဲ့တာပါပဲ” ဟူ၍ မကြယ္လြန္မီ ဖြင့္ဟေျပာဆို

ခဲ့ေလသည္။ လူသည္ ဆင္းရဲဒဏ္ကို ခံနိုင္ေသာ္လည္း ခ်မ္းသာသည့္ဒဏ္ကို မခံနိုင္သည့္အေၾကာင္းကို ဦးအုန္းေမာင္

အျမဲေျပာေလ့ရွိသည္။ ထိုစကားမွာကား နိမ့္တုန္း မေၾကာက္ရဘူး၊ ျမင့္ေတာ့ ေၾကာက္ရတယ္” ဟူ၍ပင္ျဖစ္သည္။

Credit#

< Unicode Version >

လန်ဒန်အတ်ဦးအုန်းမောင် ယနေ့ရုပ်ရှင်လောကကို တချိန်က ငွေတစ်ရာနဲ့ စခဲ့ရတယ်ဆိုရင် ယုံချင်မှယုံကြမှာပါ။

တကယ်ပဲ ငွေတစ်ရာနဲ့ စခဲ့ရတာပါ။ စတင်သူကတော့ မြန်မာပီမီသျှောင်ထုံးအမြဲ ထုံးထားတတ်သူ လန်ဒန်အတ်ဦးအုန်းမောင် ဖြစ်သည်။

ဦးအုန်းမောင်သည် သျှောင်ထုံးကြီးနှင့် ဖြစ်သော်လည်း အင်္ဂလိပ်စာတတ်သူ ၊ ပန်းချီ နှင့် ဓာတ်ပုံ အနုပညာကို ဝါသနာပါသူ ဖြစ်သည်။

ဒီ ၊ အေ ၊ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစားဓာတ်ပုံဆရာလုပ်ခဲ့သူ ဖြစ်သည်။ယင်းသို့လုပ်ကိုင်ရာမှ တစ်နေ့တွင် ဦးအုန်းမောင်သည်

လခစားဓာတ်ပုံဆရာဘဝကို စွန့်လွှတ်လိုက်သည်။ ယောက်ဖဖြစ်သူ ဓာတ်ပုံဆရာဦးမောင်မောင် နှင့် တွဲကာ “လန်ဒန်အတ် ဓာတ်ပုံကူး

တိုက်” ကိုတည်ထောင်လိုက်သည်။ ဓာတ်ပုံလုပ်ငန်းအဝဝကို စိတ်တိုင်းကျဆောင်ရွက်သည်။ ဦးအုန်းမောင်သည် ဓာတ်ပုံပညာကျွမ်းကျင်

သည့်အပြင် လုံ့လဝီရိယရှိသူ ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူ လည်းဖြစ်တာကြောင့် သူ့လုပ်ငန်းသည် အောင်မြင်လေသည်။ယင်း

သို့အောင်မြင်နေသော်လည်း ဦးအုန်းမောင်ကား ရုပ်သေဓာတ်ပုံမျှနှင့် မတင်းတိမ်နိုင် ၊ ရုပ်ရှင်ရိုက်ကူးရန် စိတ်ဆန္ဒပြင်းပြနေသည်။ ထိုအ

ချိန်တွင် မြန်မာပြည်၌ အင်္ဂလိပ် ၊ အမေရိကန် ရုပ်ရှင်ကားများပြ သနေခြင်းကြောင့် မြန်မာ့ရုပ်ရှင်ကားများ ရိုက်ကူးရန်

ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ ဦးအုန်းမောင်သည် ယင်းရုပ်ရှင်ဇာတ်ကားများကို မလွတ်တမ်းကြည့်ရှုလေ့လာသည်။

စာအုပ်စာတမ်းများလည်း ရှာဖွေဖတ်ရှုသည်။ ထို့နောက် မြန်မာ့ရုပ်ရှင်ကို စတင်ရိုက်ကူးရန် ခြေလှမ်းပြင်လိုက်လေသည်။

ထိုစဉ်ဦးအုန်းမောင်သည် သုံးမရ၍ ပစ်ထားသော(မှန်ဘီလူးပင်မပါရှိသော) ရုပ်ရှင်ကင်မရာ တစ်လုံးကို E.m.desouza ဆေးတိုက်မှ ဝယ်

ယူရရှိလိုက်သည်။ မှန်ဘီလူးမပါ၍ မည်သို့မျှရိုက်ကူး၍ မရဖြစ်နေစဉ် Cinima De Paris ရုံပိုင်ရှင်ထံမှ ရုပ်ရှင်ရိုက်ကင်မရာ မှန်ဘီလူးတစ်ခု

ကို ရရှိသည်။ ဝယ်ယူထားသော ကင်မရာတွင် စွပ်ကြည့်ရာ အံကိုက်ဖြစ်နေသည်။ ဤနည်းဖြင့် တတ်မြောက်ထားသော ဓာတ်ပုံပညာနှင့်

စုပေါင်းစပ်ပေါင်း ကင်မရာဟောင်းကလေးတစ်လုံးဖြင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း တံခါးကို စတင်ဖွင့်လှစ်ခဲ့သည်။ထိုအကြောင်းကို

ဦးအုန်းမောင်က “ဟိုတုန်းက လုပ်ခဲ့တာတွေ ပြန်စဉ်းစားမိတဲ့အခါ ရယ်မိပါတယ်၊ ဘာပြုလို့လဲဆိုတော့ ကင်မရာ ဆိုတာကလည်း

ခုလိုဘယ်ဟုတ်မလဲ၊ ထင်းရှူးသေတ္တာငယ်ကလေးမှာ မှန်ဘီလူး တပ်ထားပြီး လှည့်လို့ရတာ တစ်ခုပဲ ရှိတယ်။ မှန်ဘီလူး

ဆိုပြန်တော့လည်း ပုလင်းကွဲသာသာ ရှိတော့ လက်နဲ့ လှည့်လိုက်တိုင်းလည်း အရုပ်ထင်ချင်မျ ထင်တာဗျ၊ ဒီအထဲ ရိုက်ရတဲ့

ဖလင်ကလည်း ခုခေတ်လို မကောင်းပြန်ဆိုတော့ အင်မတန် အခက်အခဲတွေ့ပြီး အရုပ်ထင်အောင် မနည်းကြိုးစားခဲ့ရပါတယ်”ဟု ပြန်ေြ

ပာင်းပြောဆိုခဲ့သည်။ပထမဆုံး အနေနှင့် ရိုက်ကူးမည့်ကား မှာ “မေတ္တာ နှင့် သူရာ” ဖြစ်သည်။ ကားရိုက်ကူးရေးစစဉ်မှာပင် ဘိလပ်သွား

ကိုယ်စားလှယ်ကြီးတစ်ဦးဖြစ်သူ ဝံသာနုခေါင်းဆောင် ဦးထွန်းရှိန် ကွယ်လွန်သွားသည်။ အနယ်နယ်အရပ်ရပ်သို့ ဝံသာနုတရားများ လှည့်

လည်ဟောပြောစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်။ ကွယ်လွန်ချိန် အသက်မှာ ၃၀ သာရှိသေးသဖြင့် တစ်တိုင်းပြည်လုံး ဝမ်းနည်းကြသည်။

ဤတွင် ဦးအုန်းမောင်သည် ဦးထွန်းရှိဈာပနကို သတင်းကားအဖြစ် ကြားဖြတ်ရိုက်ကူးသည်။ ထိုသတင်းကားကို ယခုဗိုလ်ချုပ်ဈေးနေရာ၌

ရှိခဲ့ဖူးသော စီနီမာဒီပဲရစ်ရုံ၌ ပြသရာ သတင်းကားပင်ဖြစ်လင့်ကစား ပထမဆုံးမြန်မာကားဖြစ်သဖြင့် မြန်မာပရိသတ်တို့ ကြိတ်ကြိတ်တိုး

အားပေးကြည့်ရှုကြသည်။ ထို့နောက် မြန်မာ့ရုပ်ရှင်သမိုင်း၏ ပထမဆုံးဇာတ်ကားဖြစ်လာမည့် မေတ္တာနှင့်သူရာ ဇာတ်ကားကို

ရိုက်ကူးသည်။ ဝထ္ထုမှာ ဆရာကြီးပီမိုးနင်း ဝထ္ထုဖြစ်ပြီး မင်းသားမှာ ဦးဘညွန့်၏သား ရုပ်ရှင်ဝါသနာအိုး ကိုညီပု နှင့် မင်းသမီးမှာ

ကြည့်မြင်တိုင်သူ မရီ ဖြစ်သည်။ ထိုကားနှင့် ပတ်သတ်၍ ဦးအုန်းမောင်က “ဇာတ်ကားကို အင်းလျားကန်စောင်းမှာ သွားရိုက်တာ ရိုက်တဲ့

အခန်းက လူဆိုးတုတ်ကြီးက မင်းသမီးကို ကားနဲ့ ခိုးပြေးလို့ လိုက်ကြတာ မိရောဆိုပါတော့။ အဲလိုမိတော့ လမ်းဘေးကန်စောင်းထဲ ထွေး

လုံးပြီးလိမ့်ကျကြပါရော။ တယ်ကြည့်လို့ကောင်းနေသပေါ့ဗျာ။ ကျွမ်းထိုးမှောက်ခုံ ကျလို့ ရေထဲလည်းရောက်ခါနီးရော “ဟိုးဟိုး

နေကြဦး ၊ နေကြဦး ” ၊ ကြည့်လိုက်တော့ ကိုညီပုက သူရိုက်နေတဲ့ ကင်မရာက မှန်ဘီလူးရှေ့အစိုက်မှာ အပြင်ကိုထွက်ကျသွားသတဲ့ ၊

ပြန်ရိုက်ပါ ဆိုတော့ အကျိုးကိုနည်းရော ၊ ကွဲသူလည်း ကွဲ ၊ ပြဲသူလည်း ပြဲနေကြပြီ ၊ ဒီလိုအခက်အခဲမျိုးစုံကို ၂ နှစ်ကျော်ကျော် ရိုက်တော့မှ

ပဲ အဲဒီ မေတ္တာသူရာ ဇာတ်ကားလေးပြီးခဲ့တယ်” ဟု ရင်ဖွင့်ပြောဆိုခဲ့လေသည်။

ဒီဇာတ်ကားကို တစ်တိုင်းပြည်လုံး အုန်းအုန်းကျက်ကျက် အားပေးကြသည်။ ထိုသို့အားပေးသော်ငြား ဦးအုန်းမောင်အဖို့မှု

ငွေကြေးအနေဖြင့် အမြတ်အစွန်းမရရှာပေ။ အရှုံးပင်ပေါ်ခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ဦးအုန်းမောင်၏ ကြိုးစားမှု များစွာ

ထိရောက်ခဲ့သည်။ ထိုမှစ၍ မြန်မာဇာတ်ကားများ တစ်ကားပြီး တစ်ကား ပိုမိုကောင်းမွန်စွာထွက်လာခဲ့သည်။ မေတ္တာနှင့် သူရာ

အပြီးတွင် ကျေးတောသူ မနု ၊ ရွှေပေးလို့မရ၊ တိမ်တစ်လုံး ၊ ခင်ခင့်မှားတော်ပုံ စသည့်ဇာတ်ကားများကို ရိုက်ကူးခဲ့သည်။

‘ခင်ခင့်မှားတော်ပုံ’ သည် ဦးအုန်းမောင် ရုပ်ရှင်ပညာစွမ်း ပြသောဇာတ်ကားဖြစ်သည်။ ကိရိယာ မစုံလင်ပဲ နှင့် နှစ်ကိုယ်ခွဲခန်းများ

ပါဝင်ခဲ့သောဇာတ်ကားဖြစ်သည်။အစပိုင်း အရှုံးချည်းသာ ရင်ဆိုင်ခဲ့ရသော်လည်း အခက်အခဲများကို မာန်တင်းကျော်ဖြတ်ရင်း

နောက်ပိုင်းတွင် တစ်နေ့တစ်ခြားအောင်မြင်လာခဲ့သည်။ မကြာမီပင် ရုပ်ရှင် သူဌေး “လန်ဒန်အတ် ဦးအုန်းမောင်” ဘဝ

သို့ရောက်ခဲ့ပေသည်။ ထိုသို့ စီးပွားဖြစ်ထွန်းသော်လည်း ဦးအုန်းမောင်သည် ငွေကြေး ဥစ္စာ စုဆောင်းရန်ဝါသနာမပါ။

ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သတ်၍ ထူးသမျှ ဆန်းသမျှ ပစ္စည်းများ ကိရိယာများကို နိုင်ငံခြားမှ မှာယူ အသုံးပြုလေသည်။

နိုင်ငံခြားမှ ထုတ်ဝေသမျှ ရုပ်ရှင်စာစောင် ၊ စာတမ်း ၊ စာအုပ်များကို မှာယူကြည့်ရှု့သည်။ မိမိအတွက်လည်း အကောင်းစား

စီးကရက် ၊ ရှုးဖိနပ်များကို အသုံးပြုပြီး မော်တော်ကားအသစ်ပေါ်တိုင်းလည်း လဲလှယ် စီးခဲ့သည်။ ထိုအတွင်း

ကမ္ဘာစီးပွားပျက်ကယက် ဆိုက်ပြီး မြန်မာနိုင်ငံသို့ဝင်လာရာ ဦးအုန်းမောင်၏ လန်ဒန်အတ် ကုမ္ပဏီသည် အထူးထိခိုက်သည်။

ကြွေးမြီများလည်း တင်လာရာ နောက်ဆုံး စိတ်ရှုပ်မခံနိုင်တော့ သည့်အခါ ကုမ္ပဏီကို အဆမတန်ဈေးလျှော့ကာ

ရောင်းချလိုက်ရလေတော့သည်။ထိုမှတစ်ဖန် ဇာတ်ကားများကို ပြန်လည်ရိုက်ရာ ၁၅ ကားခန့်ရိုက်ခဲ့သော်လည်း

အသက်အရွယ်ကလည်း ကြီးလာ၊ ဖိဖိစီးစီးလည်း မလုပ်နိုင်တော့သဖြင့် ယခင်ကဲ့သို့အောင်မြင်ခြင်းမရှိတော့ချေ။

ကွယ်လွန်ခါနီးတွင် ရုပ်ရှင်လုပ်ငန်းကို ကိုယ်တိုင်မလုပ်တော့ နောက်လာနောက်သား ရုပ်ရှင် ပညာရှင်များ

အကူအညီတောင်းလာသည့်အခါ အမြဲကူညီခဲ့သည်။မြန်မာ့ ရုပ်ရှင်လောက၏ ဖခင်ကြီး ဦးအုန်းမောင်သည် ၁၉၆၄

ခု သြဂုတ်လ ၁၅ ရက်နေ့ ၊ အသက် ရ၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။

ဦးအုန်းမောင်သည် ရုပ်ရှင်သူဌေး ဖြစ်ခဲ့သော်လည်း စီးပွားရေးသမားမဟုတ်။ အနုပညာရှင် ဖြစ်သည်။ ထို့ကြောင့်လည်း

ဦးအုန်းမောင်က “အမှန်ပြောရရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်တို့ စီးပွားရှာ ချမ်းသာချင်လို့ ကြံစည်ကြိုးစားလာတာမဟုတ်ပါဘူး။

မြန်မာ့အစွမ်းကို ပြချင်လို့ စိတ်တင်းပြီး မဖြစ်ဖြစ်အောင် ဇွဲကောင်းကောင်းနဲ့ ကြိုးစားခဲ့တာပါပဲ” ဟူ၍ မကွယ်လွန်မီ ဖွင့်ဟပြောဆို

ခဲ့လေသည်။ လူသည် ဆင်းရဲဒဏ်ကို ခံနိုင်သော်လည်း ချမ်းသာသည့်ဒဏ်ကို မခံနိုင်သည့်အကြောင်းကို ဦးအုန်းမောင်

အမြဲပြောလေ့ရှိသည်။ ထိုစကားမှာကား နိမ့်တုန်း မကြောက်ရဘူး၊ မြင့်တော့ ကြောက်ရတယ်” ဟူ၍ပင်ဖြစ်သည်။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

three × five =