“ဘဝကေပးတဲ႔ သင္ခန္းစာ အခ်ိဳ႕ေၾကာင့္ သန္မာသြားခဲ႔ၾကေသာမိန္းမမ်ား”

မိန္းမေတြက ၾကာေလ တစ္ေယာက္တည္းရွင္သန္တတ္လာၾကတယ္ ဒါ ယေန႔ေခတ္ရဲ႕ျဖစ္ရပ္မွန္ပဲ………

ကိုယ့္ပတ္ဝန္းက်င္က မိန္းကေလးတစ္ခ်ိဳ႕ တစ္ေန႔ထက္တစ္ေန႔ ပိုျပီးထက္ျမတ္လာတယ္။ ကိုယ္တိုင္ ကားေမာင္းတယ္၊

ပိုက္ဆံရွာတယ္၊ အိမ္မႈကိစၥႏိုင္တယ္၊ ဟင္းေကာင္းတစ္ခြက္ ေကာင္းေကာင္းခ်က္ႏိုင္တယ္၊ အခက္အခဲရွိရင္

ကိုယ့္ဖာသာကိုယ္ရင္ဆိုင္နိုင္တယ္၊ မိန္းမေပ်ာ့ေလးကေန မိန္းမလူစြမ္းေကာင္းေတြ ျဖစ္လာၾကတယ္။ ေယာက်္ားဆိုတာကို

မလိုအပ္ေတာ့ဘူးဆိုတာထက္ မေရြးခ်ယ္ခ်င္ေတာ့သလို ျဖစ္လာတယ္။

ကိုယ့္ကိုကိုယ္လည္း ခ်စ္ျမတ္နိုးျပီး ေပ်ာ္ေပ်ာ္ေနလည္း ဒီတစ္ရက္ပဲ၊ ဝမ္းနည္းလည္း ဒီတစ္ရက္ပဲလို႔ ဘာကိုမွ ထိရွမႈမခံပဲ

ေနတတ္လာတယ္။ဘဝကို တစ္ေယာက္တည္းေရွ႔ဆက္ရတဲ႔ မိန္းမသားေတြဟာ မငိုတတ္ေတာ့ဘူး၊ ဘာျဖစ္လို႔လည္းဆိုေတာ့

လာေခ်ာ့တဲ့သူမရွိေတာ့လို႔ဘာမဆိုအရံႈးမေပးရဲေတာ့ဘူး ကိုယ့္အားကိုယ္ကိုးေနရတဲ႔အတြက္ ေလာကၾကီးကိုရင္ဆိုင္နိုင္တဲ႔

သတၱိေတြ အျပည့္ရွိေနလို႔ခိုင္မာတဲ့ေျခလွမ္းနဲ႔ တစ္ကိုယ္တည္း ေရွ႔ဆက္ေလ်ွာက္လွမ္းမယ္ဆိုတဲ႔ မာန္အျပည့္နဲ႔ ဘဝကို

ရုန္းကန္ၾကေနၾကတယ္။ဘယ္ မိန္းမကမ်ား မိန္းမအရင့္အမာႀကီးအျဖစ္ခံခ်င္ပါ့မလဲ၊ သူမ်ားရင္ခြင္ထဲမွာ ႏြဲ႕ဆိုးဆိုးခ်င္တာေပါ့..

ကတိတစ္ခု၊ ယံုၾကည္မႈတစ္ခုနဲ႔ သူေပးတဲ႔လက္တစ္ကမ္းဟာ ကိုယ့္အတြက္ လံုျခံဳမႈေပးနိုင္တယ္လို႔ ထင္ခဲ႔တဲ႔အေတြးနဲ႔

လက္ရွိအေျခအေနမွာ ကိုယ္တိုင္ၾကံဳေနရတဲ႔ ဘဝကြာျခားမွန္းသိသြားတဲ႔အခါမွာ

ဘဝကေပးတဲ႔ သင္ခန္းစာ အခ်ိဳ႕ေၾကာင့္ သန္မာသြားခဲ႔ၾကတယ္…

Credit#

< Unicode Version >

မိန်းမတွေက ကြာလေ တစ်ယောက်တည်းရှင်သန်တတ်လာကြတယ် ဒါ ယနေ့ခေတ်ရဲ့ဖြစ်ရပ်မှန်ပဲ………

ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတစ်ချို့ တစ်နေ့ထက်တစ်နေ့ ပိုပြီးထက်မြတ်လာတယ်။ ကိုယ်တိုင် ကားမောင်းတယ်၊

ပိုက်ဆံရှာတယ်၊ အိမ်မှုကိစ္စနိုင်တယ်၊ ဟင်းကောင်းတစ်ခွက် ကောင်းကောင်းချက်နိုင်တယ်၊ အခက်အခဲရှိရင်

ကိုယ့်ဖာသာကိုယ်ရင်ဆိုင်နိုင်တယ်၊ မိန်းမပျော့လေးကနေ မိန်းမလူစွမ်းကောင်းတွေ ဖြစ်လာကြတယ်။ ယောကျ်ားဆိုတာကို

မလိုအပ်တော့ဘူးဆိုတာထက် မရွေးချယ်ချင်တော့သလို ဖြစ်လာတယ်။

ကိုယ့်ကိုကိုယ်လည်း ချစ်မြတ်နိုးပြီး ပျော်ပျော်နေလည်း ဒီတစ်ရက်ပဲ၊ ဝမ်းနည်းလည်း ဒီတစ်ရက်ပဲလို့ ဘာကိုမှ ထိရှမှုမခံပဲ

နေတတ်လာတယ်။ဘဝကို တစ်ယောက်တည်းရှေ့ဆက်ရတဲ့ မိန်းမသားတွေဟာ မငိုတတ်တော့ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့

လာချော့တဲ့သူမရှိတော့လို့ဘာမဆိုအရှုံးမပေးရဲတော့ဘူး ကိုယ့်အားကိုယ်ကိုးနေရတဲ့အတွက် လောကကြီးကိုရင်ဆိုင်နိုင်တဲ့

သတ္တိတွေ အပြည့်ရှိနေလို့ခိုင်မာတဲ့ခြေလှမ်းနဲ့ တစ်ကိုယ်တည်း ရှေ့ဆက်လျှောက်လှမ်းမယ်ဆိုတဲ့ မာန်အပြည့်နဲ့ ဘဝကို

ရုန်းကန်ကြနေကြတယ်။ဘယ် မိန်းမကများ မိန်းမအရင့်အမာကြီးအဖြစ်ခံချင်ပါ့မလဲ၊ သူများရင်ခွင်ထဲမှာ နွဲ့ဆိုးဆိုးချင်တာပေါ့..

ကတိတစ်ခု၊ ယုံကြည်မှုတစ်ခုနဲ့ သူပေးတဲ့လက်တစ်ကမ်းဟာ ကိုယ့်အတွက် လုံခြုံမှုပေးနိုင်တယ်လို့ ထင်ခဲ့တဲ့အတွေးနဲ့

လက်ရှိအခြေအနေမှာ ကိုယ်တိုင်ကြံုနေရတဲ့ ဘဝကွာခြားမှန်းသိသွားတဲ့အခါမှာ

ဘဝကပေးတဲ့ သင်ခန်းစာ အချို့ကြောင့် သန်မာသွားခဲ့ကြတယ်…

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

four × five =