“လက္မပါတဲ့စားဖုိမွဴး Maricel Apatan “

၂ဝဝဝ ခုႏွစ္ စက္တင္ဘာ ၂၅ရက္ေန႔တုန္းက Maricel Apatan ေလးဟာ အသက္ ၁၁ႏွစ္သမီးေလးပဲ ရွိပါေသးတယ္။

Maricel Apatan ဟာ သူ႕ဦေလးနဲ႔ ေရဆြဲဖုိ႔ အျပင္ထြက္ခဲ့ပါတယ္။ လမ္းမွာေတာ့ ဓားရွည္ေတြကုိင္ထားတဲ့

လူဆုိးေလးေယာက္နဲ႔ ေတြ႕ခဲ့ပါတယ္။ သူမရဲ႕ဦးေလးကုိ ဝမ္းလ်ားေမွာက္ခုိင္းၿပီး ဓါးနဲ႔ တစ္စစီပုိင္းၿပီး ခုတ္ထစ္ပါေတာ့တယ္။

Maricel Apatan ဟာ ေတာ္ေတာ္ေလး အံ့အားသင့္သြားရုံမက ေၾကာက္ရြံ႕သြားပါတယ္။ တကယ္ေတာ့ အဲဒီလူဆုိးေလးေယာက္ဟာ

အိမ္နီးနားခ်င္း ေတြျဖစ္ေနလုိ႔ပါ။ ေၾကာက္လန္႔တၾကား ေျပးေပမယ့္ မလြတ္ခဲ့ပါဘူး။ အသက္ ၁၁ႏွစ္အရြယ္ Maricel Apatan

ေလးကုိလည္း ဓားရွည္ျဖင့္ လည္ပင္း၊လက္ေတြကုိ စိတ္ရွိလက္ရွိ ခုတ္ပစ္ေတာ့ ေသြးထြက္လြန္ၿပီး သတိလစ္သြားခဲ့ပါတယ္။

လူဆုိးေလးေယာက္ဟာ Maricel Apatan ကုိ ေသၿပီအထင္ႏွင့္ ထားခဲ့လုိက္ပါတယ္။ Maricel Apatan ေလးဟာ လူးလဲထလုိက္ၿပီး

အိမ္ကုိ တန္းေျပးပါေတာ့တယ္။ ဓားဒဏ္ရာေၾကာင့္ လက္ႏွစ္ဖက္ဟာ လမ္းတြင္ပဲ ျပဳတ္က်ေနခဲ့ပါတယ္။ နာက်င္မႈေတြေၾကာင့္

ေသြးထြက္လြန္ၿပီး သတိေမ့လဲသြားလုိက္၊ သတိလည္လာၿပီး ျပန္ထေျပးလုိက္နဲ႔ အိမ္ကုိ ျပန္ေရာက္ေတာ့ မိခင္ကုိ ေခၚလုိက္ပါတယ္။

မိခင္ဟာလည္း သူ႕သမီးငယ္ရဲ႕ ျဖစ္ရပ္ေၾကာင့္ အံအားသင့္ၿပီး စူးစူးဝါးဝါးေအာ္လုိက္ပါတယ္။ သမီးကုိ ေစာင္နဲ႔ပတ္ၿပီးေတာ့ ေဆးရုံကုိ

အျမန္ေျပးရပါတယ္။ သူမရဲ႕အိမ္မွ အျမန္လမ္းကုိ ေရာက္ဖုိ႔ ၁၂ကီလုိမီတာခရီး ၄နာရီၾကာေအာင္ လမ္းေလ်ာက္ရပါတယ္။

ေဆးရုံေရာက္ေတာ့ Maricel Apatan ေလးဟာ ေသြးထြက္လြန္ၿပီး ေသလုေမ်ာပါးျဖစ္ေနပါၿပီ။ ဆရာဝန္ေတြဟာ Maricel Apatan

၏ လည္ပင္းႏွင့္ေက်ာမွာ ၂၅ခ်က္ေတာင္ ႀကိဳးစားခ်ဳပ္ခဲ့ရပါတယ္။ သတိျပန္ရလာေတာ့ Maricel Apatan ေလးဟာ သူမမွာ

လက္ႏွစ္ဖက္မရွိေတာ့တာ သိလုိက္ၿပီး ပူေဆြးငုိေၾကြးပါေတာ့တယ္။တုိက္တုိက္ဆုိင္ဆုိင္ပဲ ေနာက္တစ္ေန႔က Maricel Apatan ရဲ႕

၁၂ႏွစ္ေျမာက္ေမြးေန႔ ျဖစ္ေနတာပါပဲ။ မိခင္အိမ္ကုိ ျပန္ေရာက္ေတာ့ အိမ္ေလးဟာလည္း ေၾကးစားလူမုိက္ေတြရဲ႕လက္ခ်က္ေၾကာင့္

မီးထဲပါသြားပါၿပီ။ မိခင္ခမ်ာလည္း သမီးငယ္ေဆးကုစရိတ္အတြက္ Zamboanga ေဆးရုံမွာ ေဆးဖုိးေတာင္ မရွင္းႏုိင္ေတာ့ပါဘူး။ Archbishop Antonio Ledesma ဆုိတဲ့ေဆြးမ်ိဳးမကင္းလွသူတစ္ေယာက္ဟာ သူမတုိ႔ကုိ ေဆးကုသစရိတ္ကုိ ျပန္လည္ေထာက္

ပံ့ေပးရုံသာမက ေၾကးစားလူမုိက္ေတြကုိလည္း တရားစြဲေစပါတယ္။ဘယ္လုိပဲအခက္အခဲရွိေနပါေစ . . . . Maricel Apatan ေလးဟာ

ဘဝကုိ အရႈံးမေပးတက္ပါဘူး။ သူမဟာ မသန္မစြမ္းေက်ာင္းမွာ ကြန္ပ်ဴတာပုိင္းမွာ ကြ်မ္းက်င္ရုံသာမက ယဥ္ေက်းလိမၼာတဲ့

ေက်ာင္းသူတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ လက္မႈပညာရပ္မွာေတာ့ ေရႊတံဆိပ္ကုိေတာင္ ဆြတ္ခူးခဲ့ပါေသးတယ္။ ၂ဝဝ၈ခုႏွစ္မွာေတာ့

Maricel Apatan ေလးဟာ Hotel and Restaurant Management ဘာသာရပ္နဲ႔ ဖိလစ္ပုိင္ႏုိင္ငံ Liceo de Cagayan တကၠသုိလ္မွာ

ဘြဲ႔ရခဲ့ပါတယ္။ ၂ဝ၁၁ မွာေတာ့ Maricel Apatan ဟာ မနီလာၿမိဳ႕ရွိ Edsa Shangri-La ဟုိတယ္ႀကီးမွာ စားဖုိမွဴးႀကီးတစ္ေယာက္

ျဖစ္ေနပါၿပီ။ကြ်န္ေတာ္တုိ႔ဟာ ကိစၥတစ္ခုကုိ မေအာင္ျမင္တုိင္း ဆင္ေျခေတြေပးၿပီးေတာ့ ပတ္ဝန္းက်င္ကုိ အျပစ္တင္ခ်င္တဲ့

စိတ္ဓာတ္ ၊ အခက္အခဲ ေတြ႕လုိက္တုိင္း ေလာကကုိ အရႈံးေပးခ်င္စိတ္ေတြ ပယ္ေဖ်ာက္ၿပီးေတာ့ စိတ္ေခၚမႈအားလုံးကုိ

အသင့္ျပင္မထားသင့္ဘူးလား။ ကဲ . . အားနည္းခ်က္ေတြရွိရင္ မေအာင္ျမင္ဘူးဆုိ။ Maricel Apatan ဆုိရင္ အဆုိးဆုံး

အေျခအေနေတြကေန အေကာင္းဆုံးေနရာကုိ ေရာက္ေအာင္တစ္ဆင့္ခ်င္း ႀကိဳးစားသြားတာ သိၾကၿပီမလား။ အဲဒီေတာ့

ေန႔သစ္ေတြတုိင္းမွာ စိတ္သစ္လူသစ္နဲ႔ အားမာန္အျပည့္ဆက္ေလ်ွာက္ၾကတာေပါ့ဗ်ာ။

ေက်ာ္စုိးေအာင္ (အခရာ)

Credit#

< Unicode Version >

၂ဝဝဝ ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့တုန်းက Maricel Apatan လေးဟာ အသက် ၁၁နှစ်သမီးလေးပဲ ရှိပါသေးတယ်။

Maricel Apatan ဟာ သူ့ဦလေးနဲ့ ရေဆွဲဖို့ အပြင်ထွက်ခဲ့ပါတယ်။ လမ်းမှာတော့ ဓားရှည်တွေကိုင်ထားတဲ့

လူဆိုးလေးယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူမရဲ့ဦးလေးကို ဝမ်းလျားမှောက်ခိုင်းပြီး ဓါးနဲ့ တစ်စစီပိုင်းပြီး ခုတ်ထစ်ပါတော့တယ်။

Maricel Apatan ဟာ တော်တော်လေး အံ့အားသင့်သွားရုံမက ကြောက်ရွံ့သွားပါတယ်။ တကယ်တော့ အဲဒီလူဆိုးလေးယောက်ဟာ

အိမ်နီးနားချင်း တွေဖြစ်နေလို့ပါ။ ကြောက်လန့်တကြား ပြေးပေမယ့် မလွတ်ခဲ့ပါဘူး။ အသက် ၁၁နှစ်အရွယ် Maricel Apatan

လေးကိုလည်း ဓားရှည်ဖြင့် လည်ပင်း၊လက်တွေကို စိတ်ရှိလက်ရှိ ခုတ်ပစ်တော့ သွေးထွက်လွန်ပြီး သတိလစ်သွားခဲ့ပါတယ်။

လူဆိုးလေးယောက်ဟာ Maricel Apatan ကို သေပြီအထင်နှင့် ထားခဲ့လိုက်ပါတယ်။ Maricel Apatan လေးဟာ လူးလဲထလိုက်ပြီး

အိမ်ကို တန်းပြေးပါတော့တယ်။ ဓားဒဏ်ရာကြောင့် လက်နှစ်ဖက်ဟာ လမ်းတွင်ပဲ ပြုတ်ကျနေခဲ့ပါတယ်။ နာကျင်မှုတွေကြောင့်

သွေးထွက်လွန်ပြီး သတိမေ့လဲသွားလိုက်၊ သတိလည်လာပြီး ပြန်ထပြေးလိုက်နဲ့ အိမ်ကို ပြန်ရောက်တော့ မိခင်ကို ခေါ်လိုက်ပါတယ်။

မိခင်ဟာလည်း သူ့သမီးငယ်ရဲ့ ဖြစ်ရပ်ကြောင့် အံအားသင့်ပြီး စူးစူးဝါးဝါးအော်လိုက်ပါတယ်။ သမီးကို စောင်နဲ့ပတ်ပြီးတော့ ဆေးရုံကို

အမြန်ပြေးရပါတယ်။ သူမရဲ့အိမ်မှ အမြန်လမ်းကို ရောက်ဖို့ ၁၂ကီလိုမီတာခရီး ၄နာရီကြာအောင် လမ်းလျောက်ရပါတယ်။

ဆေးရုံရောက်တော့ Maricel Apatan လေးဟာ သွေးထွက်လွန်ပြီး သေလုမျောပါးဖြစ်နေပါပြီ။ ဆရာဝန်တွေဟာ Maricel Apatan
၏ လည်ပင်းနှင့်ကျောမှာ ၂၅ချက်တောင် ကြိုးစားချုပ်ခဲ့ရပါတယ်။ သတိပြန်ရလာတော့ Maricel Apatan လေးဟာ သူမမှာ

လက်နှစ်ဖက်မရှိတော့တာ သိလိုက်ပြီး ပူဆွေးငိုကြွေးပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်တစ်နေ့က Maricel Apatan ရဲ့

၁၂နှစ်မြောက်မွေးနေ့ ဖြစ်နေတာပါပဲ။ မိခင်အိမ်ကို ပြန်ရောက်တော့ အိမ်လေးဟာလည်း ကြေးစားလူမိုက်တွေရဲ့လက်ချက်ကြောင့်

မီးထဲပါသွားပါပြီ။ မိခင်ခမျာလည်း သမီးငယ်ဆေးကုစရိတ်အတွက် Zamboanga ဆေးရုံမှာ ဆေးဖိုးတောင် မရှင်းနိုင်တော့ပါဘူး။ Archbishop Antonio Ledesma ဆိုတဲ့ဆွေးမျိုးမကင်းလှသူတစ်ယောက်ဟာ သူမတို့ကို ဆေးကုသစရိတ်ကို ပြန်လည်ထောက်

ပံ့ပေးရုံသာမက ကြေးစားလူမိုက်တွေကိုလည်း တရားစွဲစေပါတယ်။ဘယ်လိုပဲအခက်အခဲရှိနေပါစေ . . . . Maricel Apatan လေးဟာ

ဘဝကို အရှုံးမပေးတက်ပါဘူး။ သူမဟာ မသန်မစွမ်းကျောင်းမှာ ကွန်ပျူတာပိုင်းမှာ ကျွမ်းကျင်ရုံသာမက ယဉ်ကျေးလိမ္မာတဲ့

ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လက်မှုပညာရပ်မှာတော့ ရွှေတံဆိပ်ကိုတောင် ဆွတ်ခူးခဲ့ပါသေးတယ်။ ၂ဝဝ၈ခုနှစ်မှာတော့

Maricel Apatan လေးဟာ Hotel and Restaurant Management ဘာသာရပ်နဲ့ ဖိလစ်ပိုင်နိုင်ငံ Liceo de Cagayan တက္ကသိုလ်မှာ

ဘွဲ့ရခဲ့ပါတယ်။ ၂ဝ၁၁ မှာတော့ Maricel Apatan ဟာ မနီလာမြို့ရှိ Edsa Shangri-La ဟိုတယ်ကြီးမှာ စားဖိုမှူးကြီးတစ်ယောက်

ဖြစ်နေပါပြီ။ကျွန်တော်တို့ဟာ ကိစ္စတစ်ခုကို မအောင်မြင်တိုင်း ဆင်ခြေတွေပေးပြီးတော့ ပတ်ဝန်းကျင်ကို အပြစ်တင်ချင်တဲ့
စိတ်ဓာတ် ၊ အခက်အခဲ တွေ့လိုက်တိုင်း လောကကို အရှုံးပေးချင်စိတ်တွေ ပယ်ဖျောက်ပြီးတော့ စိတ်ခေါ်မှုအားလုံးကို

အသင့်ပြင်မထားသင့်ဘူးလား။ ကဲ . . အားနည်းချက်တွေရှိရင် မအောင်မြင်ဘူးဆို။ Maricel Apatan ဆိုရင် အဆိုးဆုံး

အခြေအနေတွေကနေ အကောင်းဆုံးနေရာကို ရောက်အောင်တစ်ဆင့်ချင်း ကြိုးစားသွားတာ သိကြပြီမလား။ အဲဒီတော့

နေ့သစ်တွေတိုင်းမှာ စိတ်သစ်လူသစ်နဲ့ အားမာန်အပြည့်ဆက်လျှောက်ကြတာပေါ့ဗျာ။

ကျော်စိုးအောင် (အခရာ)

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

eight + 13 =