“ဒီနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ”
သက်တန့်ချို
#သုတဇုန်
Credit#
< Unicode Version >
တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေ အချို့ထည့်ပြီးမတ် တပ်ရပ် လိုက်တယ် ။
သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို ကိုင်မြှောက်ပြ လိုက်ပြီး ကျောင်းသားတွေ ကိုမေး လိုက်တယ် ။
“ ဒီဖန်ခွက်အလေးချိန်ဘယ်လောက်ရှိတယ်လို့ထင်လဲ ”
“ ငါးဆယ်ဂရမ် ”…..“ ၁၀၀ ဂရမ် ”….“ ၁၂၅ ဂရမ် ”.. ကျောင်းသားတွေကပြန်ဖြေကြတယ် ။ “ ဒီဖန်ခွက်ကို ချိန်မကြည့်ပဲနဲ့ ဆရာ
တိတိကျကျမသိနိုင်ဘူး ” ဖရော်ဖက်ဆာကပြောတယ် ။ “ဒါပေမယ့် ဆရာမေးချင်တာက ဒီဖန်ခွက်ကို ဒီအတိုင်းမိနစ်အနည်းငယ်
ကိုင်ထားရင် ဘာဖြစ်နိုင်သလဲ ”
“ ဘာမှမဖြစ်နိုင်ပါဘူး ” ကျောင်းသားတွေကပြန်ဖြေတယ် ။ “ ကောင်းပြီ ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း
ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။ “ ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ”
ကျောင်းသာတွေထဲက တစ်ယောက်က ဖြေယတ် ။ “ မင်းမှန်တယ် ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော
ဘာဖြစ်နိုင်သလဲ ” “ ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ နာလာ မယ် တောင့်တောင့်ကြီးဖြစ် သွား မယ် ပြီးတော့
ဆေးရုံသွားရမှာ ကြိမ်းသေပဲ ” ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးပြောတယ် ။ တခြားကျောင်းသားတွေက ၀ိုင်းရယ်ကြတယ် ။
“ အရမ်းကောင်းတယ် ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ ဖန်ခွက်ရဲ့အလေးချိန်ပြောင်းလဲသွားနိုင်သလား ”
ပရော်ဖက်ဆာကဆက်မေးတယ် ။ “ မပြောင်းလဲနိုင်ပါဘူး ” လို့ ၀ိုင်းဖြေကြတယ် ။ “ ဒါဆို ဘာလို့ လက်တွေနာကြီးကြွက်သားတွေ
ထုံကျင်တာတွေဖြစ်လာရတာလဲ ” ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ အကြံအိုက်သွားကြတယ် ။ “ ဒါဆို အခု လို
နာကျင်တာတွေက သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။ “ ဖန်ခွက်ကို လွှတ်ချလိုက် ”
ကျောင်းသားတစ်ယောက်ကဖြေတယ် ။ “ အမှန်ကန်ဆုံးပဲ ” ပရော်ဖက်ဆာက ဆက်ပြောတယ် ။
“ ဘဝရဲ့ ပြဿနာတွေဆိုတာ အခုသင်ခန်းစာနဲ့အတူတူပဲ ဦးခေါင်းထဲကို ပြဿနာတွေ မိနစ်အနည်း ငယ်လောက် ထည့်ထားလိုက်
အိုကေသွားလိမ့်မယ် ပြဿနာတွေကို အကြာကြီးတွေးနေရင်တော့ စတင်ပြီးခေါင်း ကိုက်လာလိမ့်မယ် ။ ”
“ ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေ ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးအကြီးဆုံးပါပဲ ဒါပေမယ့် အဲဒါထက်အရေးကြီးတာကတော့
– – သင်အိပ်ရာမဝင်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ပြဿနာတွေကို လွှတ်ချ လိုက်ဖို့ပဲ ”
စိတ်ဖိစီးမှုမရှိပဲ နိုးထလာတဲ့မနက်ခင်းဟာ လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် ။ ဘယ်လိုပြဿနာ မျိုးဖြစ်ဖြစ်
ကိုင်တွယ်နိုင်စွမ်းရှိပြီး ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြစ် နည်းလမ်းရှာဖွေရင်ဆိုင်နိုင်တယ် ”
သက်တန့်ချို
#သုတဇုန်
Credit#
Post Author: MM Book City
Leave a Reply
Your email address will not be published. Required fields are marked *
eight + 19 =