“သင္ေရာ . . ရန္သူလိုခ်င္တာလား မိတ္ေဆြလိုခ်င္တာလား “

တစ္ခါတုန္းကေပါ့ ရြာေလးတစ္ရြာမွာ လူႏွစ္ေယာက္ဟာ အိမ္နီးနားခ်င္းေတြအျဖစ္ေနၾကတယ္ ။ တစ္ဦးက

လယ္သမားျဖစ္ျပီး ေနာက္တစ္ဦးကေတာ့ မုဆိုးတစ္ေယာက္ျဖစ္ပါတယ္ ။ လယ္သမားဟာ သူေနတဲ့ အိမ္ကေလးမွာ

ဘဲေတြေမြးထားတယ္ မုဆိုးကေတာ့ သူ႔ျခံ၀န္းထဲမွာ အမဲလိုက္ေခြးေတြေမြးျမဴထားခဲ့တယ္ ။

မၾကာခဏဆိုသလိုပါပဲ အမဲလိုက္ေခြးေတြဟာ လယ္သမားရဲ႕ျခံထဲကို ၀င္ေရာက္ျပီး လယ္သမားေမြးထားတဲ့ ဘဲေတြကို

သတ္ျဖတ္စားေသာက္ေလ့ရွိၾကတယ္ ။ လယ္သမားက အဲဒါနဲ႔ မုဆိုးဆီသြားျပီးအမဲလိုက္ေခြးေတြကို ထိမ္းသိမ္းထားဖို႔နဲ႔

လႊတ္မထားဖို႔ အၾကိမ္ၾကိမ္ေတာင္းဆိုခဲ့တယ္ ။ ဒါေပမယ့္ မုဆိုးဟာ ေနျမဲအတိုင္းေနျပီး ေခြးေတြကို ဒီအတိုင္းလႊတ္ထားခဲ့တယ္ ။

ေနာက္ဆံုးေတာ့ လယ္သမားဟာ လံုး၀ကိုသည္းမခံႏုိင္ေတာ့ပဲ ရြာမွာရွိတဲ့အၾကီးအကဲဆီသြားျပီး မုဆိုးရဲ႕ေခြးေတြကို

အေရးယူေပးဖို႔ေတာင္းဆိုခဲ့တယ္ ။လယ္သမားရဲ႕ ေျပာၾကားခ်က္ကို ၾကားျပီးေတာ့ အသိပညာနဲ႔ျပည့္စံုတဲ့အၾကီးအကဲက

ေအာက္ပါအတိုင္းေျပာတယ္ ။ “ အဲဒ…ီမုဆိုးကို က်ဳပ္က အေရးယူေပးလို႔ရပါတယ္ ေခြးေတြကိုလည္း ခ်ဳပ္ေႏွာင္ထားဖို႔

အမိန္႔ေပးလို႔ရပါတယ္ အဲဒီလိုလုပ္လိုက္မယ္ဆိုရင္ ခင္မ်ားမွာ မိတ္ေဆြေကာင္း အိမ္နီးနားခ်င္းတစ္ေယာက္ဆံုးရွံုးသြားႏုိင္ပါတယ္

ခင္ဗ်ားနဲ႔အတူေနရတယ့္ အိမ္နီးနားခ်င္းကို ရန္သူျဖစ္ေစခ်င္သလား မိတ္ေဆြျဖစ္ေစခ်င္ပါသလား ”

လယ္သမားက တခ်က္စဥ္းစားလိုက္ျပီး “ မိတ္ေဆြပဲျဖစ္ ေစခ်င္ပါတယ္ ” ေျဖလိုက္တယ္ ။ အဲဒီအခါ အၾကီးအကဲက

ဆက္ေျပာတယ္ ။ “ ေကာင္းပါျပီဒါဆို က်ဳပ္အၾကံတစ္ခုေပးပါ့မယ္ ဘဲေတြ မဆံုးရွံုးေစရလို မိတ္ေဆြတစ္ေယာက္တိုးလာပါလိမ့္မယ္ ”

လယ္သမားက အၾကီးအကဲေျပာတဲ့အတိုင္းအိမ္ကိုျပန္သြားတယ္။ ျပီးေတာ့ အိမ္မွာေမြးထားတဲ့ဘဲေတြထဲက အလွဆံုးဘဲ

ေလးေကာင္ကို ေရြးျပီး မုဆိုးရဲ႕သားေလးေယာက္ကိုလက္ေဆာင္အျဖစ္ေပးလိုက္တယ္ ။ လက္ေဆာင္ဘဲေလးေတြနဲ႔

ေန႔တိုင္းေပ်ာ္ရႊင္စြာကစားေနတဲ့သားေလးေယာက္ကို ေတြ႔တဲ့အခါ မုဆိုးဟာေန႔တိုင္း ၀မ္းသာၾကည္ႏူးေနရတယ္ ။ ျပီးေတာ့

သားေလးေတြလက္ေဆာင္ရထားတဲ့ဘဲေတြကို ကိုက္စားမွာစိုးလို႔ အမဲလိုက္ေခြးေတြကို ေသခ်ာ ေလွာင္ထားလိုက္ပါေတာ့တယ္ ။

လယ္သမားကိုလည္း ေက်းဇူးေတြတင္ျပီး အမဲလိုက္လို႔ျပန္လာတဲ့အခါ အသားေတြကို ေ၀ငွေပးတတ္လာပါတယ္ ။

လယ္သမားကလည္း ျခံထြက္သီးႏွံေတြနဲ႔ဟင္းသီးဟင္းရြက္ေတြ ဘဲဥေတြကို လက္ေဆာင္အျဖစ္မုဆိုးကို ေပးခဲ့တယ္ ။

ဒီလိုနဲ႔သူတို႔ႏွစ္ဦးဟာ အိမ္နီးခ်င္းေကာင္းေတြျဖစ္လာၾကပါတယ္ ။

———————————————————-

တခါတေလ ေလာကၾကီးမွာ ကိုယ္လိုခ်င္တာတစ္ခုတည္းၾကည့္ေနလို႔မျဖစ္ႏိုင္ပါဘူး ။ သူတပါးကို ဘယ္လိုျဖည့္ဆည္းေပးလိုက္ရင္

မိတ္ေဆြျဖစ္သြားမလဲဆိုတဲ့အခ်က္ကလည္း အေရးၾကီးလွပါတယ္ ။ ကိုယ္ခ်င္းစာစိတ္ေလးက အေရးအၾကီးဆံုးပါပဲ ။

မိတ္ေဆြစစ္မိတ္ေဆြမွန္ကိုလိုခ်င္ရင္ကိုယ့္လိုအင္ဆႏၵတစ္ခုတည္း ၊ ကိုယ္ျဖစ္ခ်င္တာတစ္ခုတည္းကိုပဲဦးစားမေပးပါနဲ႔ ။

တစ္ကိုယ္ေကာင္းမဆန္ပါနဲ႔ ။ သူ႔ဖက္ကိုလည္းစာနာျပီး ဦးစားေပးတတ္မွသာ ရန္သူဘ၀ကေန မိတ္ေဆြျဖစ္သြားႏုိင္တာပါ ။

သင္ေရာ . . ရန္သူလိုခ်င္တာလား မိတ္ေဆြလိုခ်င္တာလား ။

Credit#

< Unicode Version >

တစ်ခါတုန်းကပေါ့ ရွာလေးတစ်ရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေအဖြစ်နေကြတယ် ။ တစ်ဦးက

လယ်သမားဖြစ်ပြီး နောက်တစ်ဦးကတော့ မုဆိုးတစ်ယောက်ဖြစ်ပါတယ် ။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ

ဘဲတွေမွေးထားတယ် မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေမွေးမြူထားခဲ့တယ် ။

မကြာခဏဆိုသလိုပါပဲ အမဲလိုက်ခွေးတွေဟာ လယ်သမားရဲ့ခြံထဲကို ၀င်ရောက်ပြီး လယ်သမားမွေးထားတဲ့ ဘဲတွေကို

သတ်ဖြတ်စားသောက်လေ့ရှိကြတယ် ။ လယ်သမားက အဲဒါနဲ့ မုဆိုးဆီသွားပြီးအမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့

လွှတ်မထားဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ် ။ ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်းနေပြီး ခွေးတွေကို ဒီအတိုင်းလွှတ်ထားခဲ့တယ် ။

နောက်ဆုံးတော့ လယ်သမားဟာ လုံးဝကိုသည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့အကြီးအကဲဆီသွားပြီး မုဆိုးရဲ့ခွေးတွေကို

အရေးယူပေးဖို့တောင်းဆိုခဲ့တယ် ။လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ပြည့်စုံတဲ့အကြီးအကဲက

အောက်ပါအတိုင်းပြောတယ် ။ “ အဲဒ…ီမုဆိုးကို ကျုပ်က အရေးယူပေးလို့ရပါတယ် ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့

အမိန့်ပေးလို့ရပါတယ် အဲဒီလိုလုပ်လိုက်မယ်ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်းတစ်ယောက်ဆုံးရှုံးသွားနိုင်ပါတယ်

ခင်ဗျားနဲ့အတူနေရတယ့် အိမ်နီးနားချင်းကို ရန်သူဖြစ်စေချင်သလား မိတ်ဆွေဖြစ်စေချင်ပါသလား ”

လယ်သမားက တချက်စဉ်းစားလိုက်ပြီး “ မိတ်ဆွေပဲဖြစ် စေချင်ပါတယ် ” ဖြေလိုက်တယ် ။ အဲဒီအခါ အကြီးအကဲက

ဆက်ပြောတယ် ။ “ ကောင်းပါပြီဒါဆို ကျုပ်အကြံတစ်ခုပေးပါ့မယ် ဘဲတွေ မဆုံးရှံုးစေရလို မိတ်ဆွေတစ်ယောက်တိုးလာပါလိမ့်မယ် ”

လယ်သမားက အကြီးအကဲပြောတဲ့အတိုင်းအိမ်ကိုပြန်သွားတယ်။ ပြီးတော့ အိမ်မှာမွေးထားတဲ့ဘဲတွေထဲက အလှဆုံးဘဲ

လေးကောင်ကို ရွေးပြီး မုဆိုးရဲ့သားလေးယောက်ကိုလက်ဆောင်အဖြစ်ပေးလိုက်တယ် ။ လက်ဆောင်ဘဲလေးတွေနဲ့

နေ့တိုင်းပျော်ရွှင်စွာကစားနေတဲ့သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာနေ့တိုင်း ၀မ်းသာကြည်နူးနေရတယ် ။ ပြီးတော့

သားလေးတွေလက်ဆောင်ရထားတဲ့ဘဲတွေကို ကိုက်စားမှာစိုးလို့ အမဲလိုက်ခွေးတွေကို သေချာ လှောင်ထားလိုက်ပါတော့တယ် ။

လယ်သမားကိုလည်း ကျေးဇူးတွေတင်ပြီး အမဲလိုက်လို့ပြန်လာတဲ့အခါ အသားတွေကို ဝေငှပေးတတ်လာပါတယ် ။

လယ်သမားကလည်း ခြံထွက်သီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင်အဖြစ်မုဆိုးကို ပေးခဲ့တယ် ။

ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေဖြစ်လာကြပါတယ် ။

———————————————————-

တခါတလေ လောကကြီးမှာ ကိုယ်လိုချင်တာတစ်ခုတည်းကြည့်နေလို့မဖြစ်နိုင်ပါဘူး ။ သူတပါးကို ဘယ်လိုဖြည့်ဆည်းပေးလိုက်ရင်

မိတ်ဆွေဖြစ်သွားမလဲဆိုတဲ့အချက်ကလည်း အရေးကြီးလှပါတယ် ။ ကိုယ်ချင်းစာစိတ်လေးက အရေးအကြီးဆုံးပါပဲ ။

မိတ်ဆွေစစ်မိတ်ဆွေမှန်ကိုလိုချင်ရင်ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်း ၊ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲဦးစားမပေးပါနဲ့ ။

တစ်ကိုယ်ကောင်းမဆန်ပါနဲ့ ။ သူ့ဖက်ကိုလည်းစာနာပြီး ဦးစားပေးတတ်မှသာ ရန်သူဘဝကနေ မိတ်ဆွေဖြစ်သွားနိုင်တာပါ ။

သင်ရော . . ရန်သူလိုချင်တာလား မိတ်ဆွေလိုချင်တာလား ။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

fifteen + four =