“တန္ဖိုးဆိုတာ”
















< Unicode Version >

မကုန်လို့သွန်ပစ်လိုက်တဲ့ ထမင်းတွေရဲ့တန်ဖိုးကို

ဆာလောင်နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

မဝတ်ချင်တော့လို့ချောင်ထိုးလိုက်တဲ့ အကျီ င်္တွေရဲ့တန်ဖိုးကို

အဝတ်ထည်ရှားပါးနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

မပြတ်သေးပဲစွန့်ပစ်လိုက်တဲ့ ဖိနပ်တွေရဲ့တန်ဖိုးကို

ဖိနပ်မပါပဲသွားလာနေရသူတွေကလွဲလို့ ကျွန်တော့်တို့မသိနိုင်ဘူး

ဒါလေးနဲ့ဖုန်းဘေလ်တစ်လစာ မလောက်ဘူးဆိုတဲ့ ပိုက်ဆံတွေရဲ့တန်ဖိုးကို

ဒါလေးနဲ့တစ်လလုံးလောက်အောင်

စားနေရသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

မိုးရွာလို့ကျောင်းမသွားချင်ဘူးဆိုတဲ့ အချိန်တွေရဲ့တန်ဖိုးကို

မိုးရွာထဲမှာငွေရှာနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

အဖေကတအားချုပ်ချယ်တယ် အမေကတအားဆူတယ်ဆိုတဲ့ မိဘတွေရဲ့

တန်ဖိုးကို မိဘမဲ့နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

Credit: Original Uploader

လေးစားစွာဖြင့်မျှဝေပါသည်…….! { July Moe }

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

3 × four =