ပင္ဂြင္း ငွက္မ်ားဆီမွ အတုယူသင့္တဲ့ အခ်စ္သင္ခန္းစာ (၅) ခု

အႏၱာတိကတုိက္မွာရွိတဲ့ ပင္ဂြင္းငွက္မ်ားဟာ ကမၻာမွာ မပ်ံသန္းႏုိင္တဲ့ငွက္ေတြထဲမွာ ပါဝင္ပါတယ္။ ပင္ဂြင္းငွက္ေလးေတြဟာ

အေရာင္အေသြးစုံလင္တဲ့အတြက္ လူခ်စ္လူခင္မ်ားရုံသာမက ထူးျခားတဲ့အက်င့္စရုိက္ေလးေတြကလည္း လူသားေတြ

အတုယူထုိက္ပါတယ္။ ။ဒီေန႔ေခတ္မွာ iPhone ကုိင္သူေတြ Cover မတပ္ၾကသလုိ၊ Tatoo ထုိးသူေတြ အက်ီမကပ္ေတာ့ဘဲ

ရည္းစားစုံတြဲေတြမွာလည္း သစၥာမဲ့လာၾကပါတယ္။ ပင္ဂြင္းငွက္ေတြဆီမွ လူသားတုိင္းအတုယူၾကရမယ့္ အခ်စ္သင္ခန္းစာမ်ားကုိ

ေဖာ္ျပပါမယ္။

၁။ ခ်စ္ေရးဆုိဟန္ Romantic ဆန္တယ္။

ပင္ဂြင္းငွက္အထီးေတြဟာ ခ်စ္တဲ့ပင္ဂြင္းငွက္အမကို ေတြ႕ၿပီဆုိရင္ တိတ္ဆိတ္တဲ့ တစ္ေနရာကိုေခၚျပီး ခ်စ္ခြင့္ပန္ေလ့ရွိပါတယ္။

ပါးစပ္မွာလည္း ေက်ာက္စရစ္ခဲတစ္တုံး သယ္ထားၿပီး ပင္ဂြင္းအမကို ေပးပါတယ္။ တကယ္လုိ႔ ေက်ာက္စရစ္ခဲကို ပင္ဂြင္းအမ

လက္ခံယူတယ္ဆုိရင္ေတာ့ အခ်စ္ကို လက္ခံလို႔ပဲ ျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ကြ်န္ေတာ္တို႔ေတြဟာ မ်က္ႏွာခ်င္းဆုိင္

ခ်စ္ေရးဆုိတဲ့ အေလ့အထေတြဟာ နည္းလာပါၿပီ။ ဖုန္းထဲမွေနၿပီး ခ်စ္ေရးဆုိ ၊ မက္ေဆ့ထဲကေနၿပီး ခ်စ္ေရးဆုိတတ္တဲ့လူေတြဟာ

ပင္ဂြင္းငွက္ေလးေတြဆီမွ အတုယူသင့္ပါတယ္။

၂။ သစၥာရွိတယ္။

ပင္ဂြင္းငွက္ေလးေတြရဲ႕ ထူးျခားခ်က္ေနာက္တစ္ခုက အထီးတစ္ေကာင္က အမတစ္ေကာင္ႏွင့္ အဆင္ေျပသြားျပီဆုိလ်င္

ေသတဖန္ သက္တစ္ဆုံး စားအတူ၊သြားအတူ ေနၾကတာျဖစ္ပါတယ္။ ၾကင္ေဖာ္တစ္ေကာင္ေကာင္ ေသဆုံးသြားသည့္တုိင္

ေနာက္ထပ္ၾကင္ေဖာ္မရွာေဖြေတာ့ဘဲ ဘဝသက္တမ္းတစ္ေလ်ွာက္လုံး တစ္ေကာင္တည္းသီးျခားေနထုိင္သြားပါေတာ့တယ္။

”ေပမွာ တစ္သီး၊က်ီးမွာ တစ္သား” အခ်စ္မ်ိဳးျဖင့္ ခ်စ္ၾကတဲ့ငွက္မ်ားျဖစ္ပါတယ္။ ဥာဏ္ရည္ျမင့္မားပါတယ္ဆုိတဲ့ လူသားေတြကေတာ့

ခ်စ္သူရည္းစားရွိေနတာေတာင္ ျခံခုန္တတ္တဲ့အေလ့အက်င့္ ၊ စႏုိက္ေၾကာ္တတ္တဲ့အေလ့အက်င့္ေတြ ရွိေနၾကတဲ့အတြက္

ပင္ဂြင္းငွက္ေလးေတြဟာ သစၥာရွိတဲ့အခ်က္မွာေတာ့ လူသားေတြထက္ အမ်ားႀကီးသာတယ္လုိ႔ ဆုိခ်င္ပါတယ္။

၃။ ပတ္ဝန္းက်င္ကုိ ကူညီၾကတယ္။

ပင္ဂြင္းငွက္ေတြဟာ မိသားစု၊အေပါင္းအသင္းမ်ားႏွင့္ တစ္စုတစည္းတည္းေနထုိင္ၾကၿပီး တစ္ေကာင္ကုိတစ္ေကာင္

အျမဲအကူညီေပးၾကပါတယ္။ အခ်င္းခ်င္းစည္းလုံးေလ့ရွိၿပီး မိမိလူမႈပတ္ဝန္းက်င္အတြက္ အေထာက္အပံ့ေပးေနတဲ့

အတုယူဖြယ္ငွက္မ်ားပဲ ျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔လူသားေတြဟာ ပတ္ဝန္းက်င္အတြက္ ဂရုမစုိက္ဘဲ “ဘယ္သူေသေသ

ငေတမာရင္္ ၿပီးေရာ” ဆုိတဲ့ စိတ္ဓာတ္ေတြ လက္ကုိင္ထားတဲ့အတြက္ ကူညီရုိင္းပင္းတဲ့စိတ္ဓာတ္မွာ ပင္ဂြင္းငွက္ဟာ

အတုယူစရာပါလုိ႔ ဆုိခ်င္ပါတယ္။

၄။ အခ်စ္အတြက္ ေၾကြးေၾကာ္ၾကပါတယ္။

ပင္ဂြင္းငွက္ေတြဟာ မိမိၾကင္ေဖာ္ႏွင့္အတူ အခ်စ္အတြက္ေအာ္ဟစ္ျပီး ေပ်ာ္ရႊင္ဖြယ္ ျဖတ္သန္းၾကပါတယ္။ပင္ဂြင္းငွက္ေတြဟာ

ၾကင္ေဖာ္ကုိ “ခ်စ္ပါတယ္” လုိ႔ ေၾကြးေၾကာ္တာကုိ ရွက္စရာလုိ႔ မခံယူထားပါဘူး။ “ခ်စ္ပါတယ္” ဆုိတဲ့စကားဟာ

ခ်စ္ရတဲ့ႏွစ္ဦးစလုံးအတြက္ ရင္ကုိေအးျမေစတဲ့ အနက္အဓိပၸာယ္ေဆာင္ေစပါတယ္။ ကြ်န္ေတာ္တုိ႔လူသားေတြဟာ

ခ်စ္သူရည္းစားအျဖစ္ေရာက္ရွိသည့္တုိင္ ကုတင္ေပၚတင္ဖုိ႔ ဝန္မေလးၾကေပမယ့္ ကုိယ့္ခ်စ္သူအတြက္ “ခ်စ္ပါတယ္”

ဆုိတဲ့စကားလုံးကုိ အျမဲေျပာဆုိဖုိ႔ ဝန္ေလးတတ္ၾကပါတယ္။

၅။ ျပႆနာတစ္ခုကုိ ေခါင္းခ်င္းဆုိင္ ေျဖရွင္းၾကတယ္။

ပင္ဂြင္းငွက္ေတြဟာ ျပႆနာတစ္ခုကုိ ေခါင္းခ်င္းဆုိင္ကာ မတူတာေတြ ေဘးခ်ိတ္ၿပီး တူတာေလးေတြ ထပ္တူျပဳ၍

အျပဳသေဘာေဆာင္ ေျဖရွင္းၾကပါတယ္။ ကြ်န္ေတာ္တုိ႔လူသားေတြလည္း ခ်စ္သူရည္းစားမ်ားၾကားတြင္

ျပႆနာတစ္စုံတစ္ခုေပၚလာတုိင္း ေခါင္းေအးေအး စဥ္းစားဆုံးျဖတ္မွသာ သာယာတဲ့ခ်စ္လမ္းခရီးကုိ

ျဖတ္သန္းႏုိင္မွာျဖစ္ပါတယ္။

ေက်ာ္စိုးေအာင္ (အခရာ)

Credit#

< Unicode Version >

အန္တာတိကတိုက်မှာရှိတဲ့ ပင်ဂွင်းငှက်များဟာ ကမ္ဘာမှာ မပျံသန်းနိုင်တဲ့ငှက်တွေထဲမှာ ပါဝင်ပါတယ်။ ပင်ဂွင်းငှက်လေးတွေဟာ

အရောင်အသွေးစုံလင်တဲ့အတွက် လူချစ်လူခင်များရုံသာမက ထူးခြားတဲ့အကျင့်စရိုက်လေးတွေကလည်း လူသားတွေ

အတုယူထိုက်ပါတယ်။ ။ဒီနေ့ခေတ်မှာ iPhone ကိုင်သူတွေ Cover မတပ်ကြသလို၊ Tatoo ထိုးသူတွေ အကျီမကပ်တော့ဘဲ

ရည်းစားစုံတွဲတွေမှာလည်း သစ္စာမဲ့လာကြပါတယ်။ ပင်ဂွင်းငှက်တွေဆီမှ လူသားတိုင်းအတုယူကြရမယ့် အချစ်သင်ခန်းစာများကို

ဖော်ပြပါမယ်။

၁။ ချစ်ရေးဆိုဟန် Romantic ဆန်တယ်။

ပင်ဂွင်းငှက်အထီးတွေဟာ ချစ်တဲ့ပင်ဂွင်းငှက်အမကို တွေ့ပြီဆိုရင် တိတ်ဆိတ်တဲ့ တစ်နေရာကိုခေါ်ပြီး ချစ်ခွင့်ပန်လေ့ရှိပါတယ်။

ပါးစပ်မှာလည်း ကျောက်စရစ်ခဲတစ်တုံး သယ်ထားပြီး ပင်ဂွင်းအမကို ပေးပါတယ်။ တကယ်လို့ ကျောက်စရစ်ခဲကို ပင်ဂွင်းအမ

လက်ခံယူတယ်ဆိုရင်တော့ အချစ်ကို လက်ခံလို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကျွန်တော်တို့တွေဟာ မျက်နှာချင်းဆိုင်

ချစ်ရေးဆိုတဲ့ အလေ့အထတွေဟာ နည်းလာပါပြီ။ ဖုန်းထဲမှနေပြီး ချစ်ရေးဆို ၊ မက်ဆေ့ထဲကနေပြီး ချစ်ရေးဆိုတတ်တဲ့လူတွေဟာ

ပင်ဂွင်းငှက်လေးတွေဆီမှ အတုယူသင့်ပါတယ်။

၂။ သစ္စာရှိတယ်။

ပင်ဂွင်းငှက်လေးတွေရဲ့ ထူးခြားချက်နောက်တစ်ခုက အထီးတစ်ကောင်က အမတစ်ကောင်နှင့် အဆင်ပြေသွားပြီဆိုလျင်

သေတဖန် သက်တစ်ဆုံး စားအတူ၊သွားအတူ နေကြတာဖြစ်ပါတယ်။ ကြင်ဖော်တစ်ကောင်ကောင် သေဆုံးသွားသည့်တိုင်

နောက်ထပ်ကြင်ဖော်မရှာဖွေတော့ဘဲ ဘဝသက်တမ်းတစ်လျှောက်လုံး တစ်ကောင်တည်းသီးခြားနေထိုင်သွားပါတော့တယ်။

”ပေမှာ တစ်သီး၊ကျီးမှာ တစ်သား” အချစ်မျိုးဖြင့် ချစ်ကြတဲ့ငှက်များဖြစ်ပါတယ်။ ဉာဏ်ရည်မြင့်မားပါတယ်ဆိုတဲ့ လူသားတွေကတော့

ချစ်သူရည်းစားရှိနေတာတောင် ခြံခုန်တတ်တဲ့အလေ့အကျင့် ၊ စနိုက်ကြော်တတ်တဲ့အလေ့အကျင့်တွေ ရှိနေကြတဲ့အတွက်

ပင်ဂွင်းငှက်လေးတွေဟာ သစ္စာရှိတဲ့အချက်မှာတော့ လူသားတွေထက် အများကြီးသာတယ်လို့ ဆိုချင်ပါတယ်။

၃။ ပတ်ဝန်းကျင်ကို ကူညီကြတယ်။

ပင်ဂွင်းငှက်တွေဟာ မိသားစု၊အပေါင်းအသင်းများနှင့် တစ်စုတစည်းတည်းနေထိုင်ကြပြီး တစ်ကောင်ကိုတစ်ကောင်

အမြဲအကူညီပေးကြပါတယ်။ အချင်းချင်းစည်းလုံးလေ့ရှိပြီး မိမိလူမှုပတ်ဝန်းကျင်အတွက် အထောက်အပံ့ပေးနေတဲ့

အတုယူဖွယ်ငှက်များပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေဟာ ပတ်ဝန်းကျင်အတွက် ဂရုမစိုက်ဘဲ “ဘယ်သူသေသေ

ငတေမာရင်် ပြီးရော” ဆိုတဲ့ စိတ်ဓာတ်တွေ လက်ကိုင်ထားတဲ့အတွက် ကူညီရိုင်းပင်းတဲ့စိတ်ဓာတ်မှာ ပင်ဂွင်းငှက်ဟာ

အတုယူစရာပါလို့ ဆိုချင်ပါတယ်။

၄။ အချစ်အတွက် ကြွေးကြော်ကြပါတယ်။

ပင်ဂွင်းငှက်တွေဟာ မိမိကြင်ဖော်နှင့်အတူ အချစ်အတွက်အော်ဟစ်ပြီး ပျော်ရွှင်ဖွယ် ဖြတ်သန်းကြပါတယ်။ပင်ဂွင်းငှက်တွေဟာ

ကြင်ဖော်ကို “ချစ်ပါတယ်” လို့ ကြွေးကြော်တာကို ရှက်စရာလို့ မခံယူထားပါဘူး။ “ချစ်ပါတယ်” ဆိုတဲ့စကားဟာ

ချစ်ရတဲ့နှစ်ဦးစလုံးအတွက် ရင်ကိုအေးမြစေတဲ့ အနက်အဓိပ္ပာယ်ဆောင်စေပါတယ်။ ကျွန်တော်တို့လူသားတွေဟာ

ချစ်သူရည်းစားအဖြစ်ရောက်ရှိသည့်တိုင် ကုတင်ပေါ်တင်ဖို့ ဝန်မလေးကြပေမယ့် ကိုယ့်ချစ်သူအတွက် “ချစ်ပါတယ်”

ဆိုတဲ့စကားလုံးကို အမြဲပြောဆိုဖို့ ဝန်လေးတတ်ကြပါတယ်။

၅။ ပြဿနာတစ်ခုကို ခေါင်းချင်းဆိုင် ဖြေရှင်းကြတယ်။

ပင်ဂွင်းငှက်တွေဟာ ပြဿနာတစ်ခုကို ခေါင်းချင်းဆိုင်ကာ မတူတာတွေ ဘေးချိတ်ပြီး တူတာလေးတွေ ထပ်တူပြု၍

အပြုသဘောဆောင် ဖြေရှင်းကြပါတယ်။ ကျွန်တော်တို့လူသားတွေလည်း ချစ်သူရည်းစားများကြားတွင်

ပြဿနာတစ်စုံတစ်ခုပေါ်လာတိုင်း ခေါင်းအေးအေး စဉ်းစားဆုံးဖြတ်မှသာ သာယာတဲ့ချစ်လမ်းခရီးကို

ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

13 + eighteen =