” လူမိုက္ထက္ မုိက္ေသာသူ “

ဟိုးႏွစ္ေပါင္း မ်ားစြာက တကၠသိုလ္ၾကီး တစ္ခုရွိခဲ႔ဘူးတယ္။ အဲဒီ တကၠသိုလ္ၾကီးမွာ သူငယ္ခ်င္း ႏွစ္ေယာက္ဟာ

ဂဏာန္းသခ်ာၤ အတတ္ကို လာသင္ၾကတယ္။ ပညာစုံလို႔ ေမြးရပ္ကို ျပန္ၾကေတာ႔ လမ္းမွာ သူငယ္ခ်င္းႏွစ္ေယာက္ ထဲက

တစ္ေယာက္က ေနာက္တစ္ေယာက္ကို ပုစာၦတစ္ခု ေမးတယ္။ “ ၁ + ၂ = ဘယ္ေလာက္လဲ ”တဲ႔။ တစ္ေယာက္က

ေျဖတယ္ ၃ တဲ႔။ ဒီေတာ႔ ေမးခြန္း ေမးသူက မွားတယ္ ၁ဝ ဆုိၿပီး ျငင္းၾကရင္း အဆုံးျဖတ္ခံဖုိ႕ ၊ ဆရာဆီကို ျပန္လာၾကတယ္။

ဆရာဆီလည္း ေရာက္ေရာ ၊ ဆရာက ၁၀ ဆုိတဲ႔ လူကို ဘာမွမလုပ္ဘဲ ၊ ၃ လို႔ ေျဖတဲ႔ လူကို တုတ္နဲ႔ ရိုက္သတဲ႔။ အရိုက္ခံရတဲ႕

လူက . . . “ ဆရာအေျဖက ၃ မဟုတ္ဘူးလား ၊ ဘာလို႔ရိုက္တာလဲ ” လို႕ေမးေတာ႔ ဆရာက . . . . “ ဒီပုစာၦကို ကေလးေတာင္

သိတယ္။ ဒါကို အလုပ္မရွိ အလုပ္ ရွာၿပီး ၃ မွန္း သိလွ်က္နဲ႔ ကိုယ္သြားမဲ႔ ခရီး ေျဖာင္႔ေျဖာင္႔ မသြားဘဲ ၊ ဟုိလူမုိက္ ကို ဒုကၡရွာၿပီး

ျပန္လွန္ ေခ်ပတာရယ္။ ေလာကမွာ အမွန္တရား ဆိုတာ အယူ၀ါဒေၾကာင္႔ ၊ အေတြးအေခၚ အယူအဆေၾကာင္႔ ၊ အသိဥာဏ္

မဖြင္႔ၿဖိဳးေအာင္ ၿပဳစုပ်ိဳးေထာင္ ခံရျခင္းေၾကာင္႔ ၊ ေမြးရာပါ ဗီဇေၾကာင္႔ အဲလို အေၾကာင္းေတြေၾကာင္႔ ၊ အမွန္တရားကို မသိၾကဘူး။

ဒီအထဲမွာ ဟိုလူမိုက္ဟာ ၃ ကို ၃ မွန္း မသိတာဟာ အယူ၀ါဒေၾကာင္႔လည္း မဟုတ္ဘူး ၊ အေတြးအေခၚ ေၾကာင္႔လည္း

မဟုတ္ဘူး ၊ သူတပါးက အႏုိင္က်င္႔လို႔ ( တနည္း ) အသိဥာဏ္ တုန္းေအာင္ လုပ္ခံ ထားရလို႔လည္း မဟုတ္ဘူး ၊

ေမြးရာပါ ဗီဇေၾကာင္႔သာ ေသေသခ်ာခ်ာ သင္ေပးထားပါလွ်က္ ၃ ကို ၃ မွန္းမသိတာ။ အဲဒီလို အသိတရား မရွိတဲ႔ လူကို

မင္းျပန္လွန္ၿပီး ၿငင္းခုန္ ေခ်ပတဲ႔ မင္းဟာ အဲဒီ လူထက္ကို မုိက္လို႔ ငါရိုက္တာ ” တဲ့….

Credit : Original Story Writer

< Unicode Version >

ဟိုးနှစ်ပေါင်း များစွာက တက္ကသိုလ်ကြီး တစ်ခုရှိခဲ့ဘူးတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ သူငယ်ချင်း နှစ်ယောက်ဟာ

ဂဏာန်းသချာင်္ အတတ်ကို လာသင်ကြတယ်။ ပညာစုံလို့ မွေးရပ်ကို ပြန်ကြတော့ လမ်းမှာ သူငယ်ချင်းနှစ်ယောက် ထဲက

တစ်ယောက်က နောက်တစ်ယောက်ကို ပုစ္ဆာတစ်ခု မေးတယ်။ “ ၁ + ၂ = ဘယ်လောက်လဲ ”တဲ့။ တစ်ယောက်က

ဖြေတယ် ၃ တဲ့။ ဒီတော့ မေးခွန်း မေးသူက မှားတယ် ၁ဝ ဆိုပြီး ငြင်းကြရင်း အဆုံးဖြတ်ခံဖို့ ၊ ဆရာဆီကို ပြန်လာကြတယ်။

ဆရာဆီလည်း ရောက်ရော ၊ ဆရာက ၁၀ ဆိုတဲ့ လူကို ဘာမှမလုပ်ဘဲ ၊ ၃ လို့ ဖြေတဲ့ လူကို တုတ်နဲ့ ရိုက်သတဲ့။ အရိုက်ခံရတဲ့

လူက . . . “ ဆရာအဖြေက ၃ မဟုတ်ဘူးလား ၊ ဘာလို့ရိုက်တာလဲ ” လို့မေးတော့ ဆရာက . . . . “ ဒီပုစ္ဆာကို ကလေးတောင်

သိတယ်။ ဒါကို အလုပ်မရှိ အလုပ် ရှာပြီး ၃ မှန်း သိလျှက်နဲ့ ကိုယ်သွားမဲ့ ခရီး ဖြောင့်ဖြောင့် မသွားဘဲ ၊ ဟိုလူမိုက် ကို ဒုက္ခရှာပြီး

ပြန်လှန် ချေပတာရယ်။ လောကမှာ အမှန်တရား ဆိုတာ အယူဝါဒကြောင့် ၊ အတွေးအခေါ် အယူအဆကြောင့် ၊ အသိဉာဏ်

မဖွင့်ဖြိုးအောင် ပြုစုပျိုးထောင် ခံရခြင်းကြောင့် ၊ မွေးရာပါ ဗီဇကြောင့် အဲလို အကြောင်းတွေကြောင့် ၊ အမှန်တရားကို မသိကြဘူး။

ဒီအထဲမှာ ဟိုလူမိုက်ဟာ ၃ ကို ၃ မှန်း မသိတာဟာ အယူဝါဒကြောင့်လည်း မဟုတ်ဘူး ၊ အတွေးအခေါ် ကြောင့်လည်း

မဟုတ်ဘူး ၊ သူတပါးက အနိုင်ကျင့်လို့ ( တနည်း ) အသိဉာဏ် တုန်းအောင် လုပ်ခံ ထားရလို့လည်း မဟုတ်ဘူး ၊

မွေးရာပါ ဗီဇကြောင့်သာ သေသေချာချာ သင်ပေးထားပါလျှက် ၃ ကို ၃ မှန်းမသိတာ။ အဲဒီလို အသိတရား မရှိတဲ့ လူကို

မင်းပြန်လှန်ပြီး ငြင်းခုန် ချေပတဲ့ မင်းဟာ အဲဒီ လူထက်ကို မိုက်လို့ ငါရိုက်တာ ” တဲ့….

Credit : Original Story Writer

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

eight + four =