ကေနာင္မင္းသားႀကီးရဲ့ ရွားရွားပါးပါး အင္တာဗ်ဴး

သမိုင္းထဲက လူေသသြားေပမယ့္ နာမည္က်န္ေနရစ္ခဲ့တဲ့ သူရဲေကာင္းေတြထဲမွာ ကေနာင္မင္းသားႀကီးလည္း

တစ္ေယာက္အပါအဝင္ပါ။ တိုင္းျပည္တိုးတက္ေစဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့ေပမယ့္ သက္စိုးမရွည္ရွာပဲ ငယ္ငယ္ရြယ္ရြယ္နဲ႔

တူေတာ္ေတြရဲ့ လုပ္ႀကံျခင္းကို ခံခဲ့ရပါတယ္။ ကေနာင္ကိုယ္ေတာ္ႀကီးဟာ ဉာဏ္ပညာအလြန္ႀကီးမားတဲ့ ပုဂၢိဳလ္ႀကီးျဖစ္ပါတယ္။

နိုင္ငံကို စက္မွုနိုင္ငံျဖစ္ေစဖို႔ သူႀကိဳးစားခဲ့တဲ့ ပညာေတာ္သင္ အစီအစဥ္ေတြ ၊ တီထြင္မွုေတြ နဲ႔ တည္ေဆာက္ခဲ့တဲ့

စက္႐ုံေတြကိုၾကည့္တာနဲ႔ ဘယ္ေလာက္ေတာ္ခဲ့ေၾကာင္း သိနိုင္ပါတယ္။ တိုင္းျပည္ကို တိုးတက္ေစခ်င္တဲ့ ကေနာင္ကိုယ္ေတာ္ႀကီးဟာ

အခ်ိန္ရွိသ၍ နည္းလမ္းေတြကို စဥ္းစားေနတတ္သလို ဗဟုသုတေတြကို အျမဲရွာမွီးေနသူပါ။

အခု အေမးအေျဖကေတာ့ ကေနာင္မင္းသားႀကီးက သူသိလိုသမၽွေတြကို အဂၤလိပ္သံအမတ္ အာသာဖယ္ရာကို

ေမးျမန္းခဲ့တာပဲျဖစ္ပါတယ္။ မသိေသးတဲ့သူေတြအတြက္ ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ပါတယ္။

ဖယ္ရာေခါင္းေဆာင္တဲ့ ခ်စ္ၾကည္ေရး သံအဖြဲ႕ဟာ ၁၈၅၅ခုႏွစ္ ေအာက္တိုဘာ ၁၉ရက္ေန႔မွာ ကေနာင္မင္းသားႀကီးနဲ႔ ေတြ႕ၾကပါတယ္။

လႊတ္ေတာ္နားက သီးသန္႔ကြန္းေထာက္ေဆာင္ရဲ့ ဝါးၾကမ္းခင္းေပၚမွာ ေကာ္ေဇာခင္းထားပါတယ္။ သလြန္ေပၚမွာ အဂၤလိပ္ေတြထိုင္

သလို ေျခႏွစ္ဖက္ခ်ထိုင္ထားတဲ့ ကေနာင္မင္းသားႀကီးဟာ ရယ္ရယ္ေမာေမာ ရင္းရင္းႏွီးႏွီးနဲ႔ ဖယ္ရာကို သူသိခ်င္တာေတြ

တစ္ဆက္တည္း ေမးပါေတာ့တယ္။

ကေနာင္ – ေသနတ္က်ည္ဆန္မွာ သုံးတဲ့ယမ္းကို ဘယ္နိုင္ငံက စတင္တီထြင္ခဲ့ပါသလဲ။

ဖယ္ရာ – အဂၤလန္ (သို႔) ဂ်ာမဏီနိုင္ငံက စတင္တီထြင္ခဲ့တယ္ ဆိုတာ ကၽြန္ေတာ္မသိပါဘူး ။ ကၽြန္ေတာ္တို႔ရဲ့

စာအုပ္စာတမ္းေတြအရေတာ့ တ႐ုတ္ျပည္မွာ ေရွးေခတ္ကတည္းက ရွိတယ္လို႔ သိရပါတယ္။

အင္တာဗ်ဴးစကားဝိုင္းထဲက အနီးမွားထိုင္ေနတဲ့ ဝန္ေထာက္က ဝင္ေျပာပါတယ္။

ဝန္ေထာက္ – သံအမတ္ႀကီးက ဘယ္နိုင္ငံက ေသနတ္ခဲယမ္းကို စလုပ္တာ မသိဘူးဆိုတာ အဂၤလန္နိုင္ငံကပဲ

စတင္တီထြင္ခဲ့သေယာင္ ယူဆေစ ခ်င္လို႔ မဟုတ္လား။

ဖယ္ရာ- ဒီလိုမဟုတ္ရပါ။ ေသနတ္ခဲယမ္းေတြကို စတင္ေပၚေပါက္ခဲ့တာနဲ႔ သံသယျဖစ္စရာရွိလို႔ အတိအက်မေျပာတာပါ

ဝန္ေထာက္ – ဒါဆိုရင္ ပထမဆုံးေသနတ္လက္နက္ကို ဘယ္အရပ္ေဒသမွာ တီထြင္ေပၚေပါက္ခဲ့ပါသလဲ။

ဖယ္ရာ – ကၽြန္ုပ္ေသခ်ာမေျပာနိုင္ပါ။ ဒါေပမယ့္ ပထမဆုံး အေျမႇာက္ကို အဂၤလိပ္လူမ်ိဳးေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္း

ငါးရာေလာက္က စတင္အသုံးျပဳခဲ့ၾကတယ္လို႔ မွတ္တမ္းေတြရွိပါတယ္။

ကေနာင္ – ျမန္မာဘုရင္မင္းျမတ္ပိုင္ နယ္ေျမထဲမွာ ျမစိမ္းေရာင္ျဖစ္ေပၚေစတဲ့ ေတာင္တန္းႀကီးေတြ

အေၾကာင္း ၾကားၿပီးၿပီလား။

ဖယ္ရာ – ၾကားၿပီးပါၿပီ အိမ္ေရွ႕မင္း ။ ဒါေပမယ့္ ကိုယ္တိုင္မျမင္ဖူးေသးပါ။

ကေနာင္ – အခိုးအေငြ႕ေတြထြက္ၿပီး လူေတြေမာဟိုက္ မူးေမ့သြားေစတတ္တဲ့ ေရတြင္းကို ျမင္ဖူးသလား။

ဖယ္ရာ – မျမင္ဖူးေသးပါ။

ကေနာင္ – ကိုယ္ေတာ္တို႔နိုင္ငံမွာ အလြန္ထူးဆန္းတဲ့ သစ္ပင္ေတြရွိတယ္။ ဒီသစ္ပင္ရဲ့ခြၾကားမွာ အစဥ္မျပတ္

ေရတသြင္သြင္စီးထြက္ေနတယ္။

ဖယ္ရာ – ဘယ္လိုသစ္ပင္အမ်ိဳးအစားပါလဲ ဝန္ေထာက္ – ဒီသစ္ပင္မ်ိဳး ႏွစ္ပင္ရွိတယ္။ တစ္ပင္က ဝါဂြမ္းပင္ႀကီးပါ။

ကေနာင္ – သံအမတ္ႀကီးတို႔ တိုင္းျပည္မွာေရာ အဲလိုသစ္ပင္မ်ိဳး ရွိသလား။

ဖယ္ရာ – မရွိပါ။ ၾကားလဲမၾကားဖူးပါ။ ဒါေပမယ့္ အဂၤလိပ္မင္း ပိုက္နက္နယ္ေျမေတြမွာ ထူးဆန္းအံၾသဖြယ္ရာေတြ အမ်ားအျပားရွိပါတယ္။

ကေနာင္ – မီးသေဘၤာေတြကို ဘယ္နိုင္ငံက စတင္တီထြင္ခဲ့ပါသလဲ။

ဖယ္ရာ – အေမရိကန္ နိုင္ငံက ျဖစ္ပါတယ္ အိမ္ေရွ႕မင္း ၊ ေရေႏြးေငြ႕အားနဲ႔ ေမာင္းႏွင္တဲ့ အင္ဂ်င္စက္ကို အဂၤလန္မွာ

စတင္တီထြင္ခဲ့ပါတယ္။ ဒီအင္ဂ်င္စက္ကို အေမရိကန္ေတြက သေဘၤာေတြမွာ တပ္ဆင္အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ကေနာင္ – အဂၤလန္က အလြန္ေအးျမတဲ့ နိုင္ငံတစ္ခု မဟုတ္လား။

ဖယ္ရာ – မွန္ပါ အိမ္ေရွ႕ကိုယ္ေတာ္ႀကီး ၊ အဂၤလန္ရာသီဥတုက အလြန္ေအးျမၿပီး ေဆာင္းဥတုမွာ ေရခဲတတ္ပါတယ္။

ကေနာင္ – ဒီေနရာမွာ အဂၤလန္က တ႐ုတ္ျပည္နဲ႔ တူေနတယ္။ ပီကင္းၿမိဳ႕ေတာ္ကို သြားတဲ့ ကၽြန္ုပ္သံအဖြဲ႕ရဲ့ အဆိုအရ

တ႐ုတ္ျပည္ရာသီဥတုရဲ့ေအးျမပုံက အလြန္ပဲေၾကာက္စရာေကာင္းတယ္တဲ့ ။ အဂၤလန္ထက္ ပိုေအးတဲ့နိုင္ငံေတြေရာ ရွိသလား။

ဖယ္ရာ – အဂၤလန္ထက္ ပိုေအးတဲ့နိုင္ငံ အမ်ားအျပား ရွိပါတယ္။

ကေနာင္ – အဲဒီနိုင္ငံတခ်ိဳ႕ရဲ့ အမည္ေတြကို ေျပာျပပါလား။

ဖယ္ရာ – အဂၤလန္ေျမာက္ပိုင္း အိုက္စလန္နိုင္ငံနဲ႔ အေမရိကန္ ေျမာက္ဘက္ကမ္းရိုးတန္းတစ္ေလၽွာက္က

အဂၤလန္ထက္ ပိုေအးပါတယ္။

ကေနာင္ – ႐ုရွျပည္ရဲ့ ရာသီဥတုကေရာ ေအးလား။ ဖယ္ရာ – အလြန္တရာ ေအးလွပါတယ္။

ကေနာင္ – တစ္ခ်ိန္တုန္းက နပိုလီယံ ႐ုရွျပည္ကို ခ်ဥ္းနင္းဝင္ေရာက္တိုက္ခိုက္တာ ရာသီဥတုေအးလို႔

တပ္ပ်က္ခဲ့တယ္လို႔ ၾကားဖူးပါတယ္။

ဖယ္ရာ – နပိုလီယံရဲ့ စစ္တပ္တစ္တပ္လုံးနီးနီး ရာသီဥတု ေအးတဲ့ဒဏ္ေၾကာင့္ ေသေက်ပ်က္စီးခဲ့ၾကပါတယ္။

နပိုလီယံကေတာ့ အသက္မေသပဲလြတ္ေျမာက္သြားတယ္။

ကေနာင္ – နပိုလီယံက ဘယ္နိုင္ငံသားလဲ။

ဖယ္ရာ – ခင္ႀကီးေဒါင္ေပါက္လူ (Father Abona) တို႔နိုင္ငံ(ျပင္သစ္) က ေကာ္ဆီကာကၽြန္းမွာ ေမြးတာ။

ဒီေနရာမွာ ဝန္ေထာက္က နပိုလီယံ ကၽြန္းကို နယ္ႏွင္ဒါဏ္ေပးခံရတဲ့အေၾကာင္းဝင္ေျပာတယ္။ သူလည္း အေတာ္ ဗဟုသုတျပည့္စုံသူပါ။

ကေနာင္ – အဂၤလန္ နဲ႔ အရင္းႏွီးဆုံး နိုင္ငံက ဘယ္နိုင္ငံလဲ။

ဖယ္ရာ – ျပင္သစ္ျပည္ပါ။ မဟာမိတ္ေတြျဖစ္ၿပီး စစ္တိုက္ရင္ အတူ တစ္ဖက္တည္းရပ္တည္ တိုက္ခိုက္ၾကပါတယ္။

ကေနာင္ – အဂၤလန္နဲ႔ ျပင္သစ္ ဘယ္ေလာက္ေဝးလဲ။

ဖယ္ရာ – မိုင္ ၂၀ ေလာက္ပဲ ေဝးလို႔ မီးသေဘၤာနဲ႔ သြားရင္ တစ္နာရီေက်ာ္ပဲ ၾကာပါတယ္။

ကေနာင္ – ဒါဆိုရင္ အေတာ္နီးတာပဲ။ အဂၤလန္က ျပင္သစ္နိုင္ငံကို ကုန္းေၾကာင္းခရီးနဲ႔ သြားလာမွု မရွိဘူးလား။

ဖယ္ရာ – မရွိပါ အရွင္ ၊ အဂၤလန္ျပည္ဟာ ေရပတ္လည္ဝိုင္းေနတဲ့ ကၽြန္းတစ္ကၽြန္းပါ။

ကေနာင္ – ဘယ္နိုင္ငံက မီးသေဘၤာပိုမ်ားလဲ။

ဖယ္ရာ – အဂၤလန္နိုင္ငံက မီးသေဘၤာအေရအတြက္ ပိုမ်ားပါတယ္။ ျပင္သစ္နိုင္ငံကေတာ့ အင္အားႀကီးမားတဲ့ က်ည္းတပ္ရွိပါတယ္။

ဝန္ေထာက္က အဂၤလန္ဘုရင္မႀကီး ျပင္သစ္သြားမယ့္ ကိစၥဝင္ေျပာရင္း ေၾကးနန္းအေၾကာင္းေရာက္သြားတယ္။

ကေနာင္ – လၽွပ္စစ္ေၾကးနန္းအတတ္ကို တီထြင္ေတြ႕ရွိခဲ့တာ ဘယ္ေလာက္ၾကာသြားၿပီလဲ။

ဖယ္ရာ- ၁၀ ႏွစ္ ေလာက္ ရွိသြားပါၿပိ။

အဲဒီေနာက္ ကေနာင္မင္းသားႀကီး ျပန္ႂကြသြားတဲ့အတြက္ အေမးအေျဖလည္း ၿပီးဆုံးသြားပါေတာ့တယ္။

Ref; သမိုင္းထဲက အင္တာဗ်ဴး အင္တာဗ်ဴးထဲက

သမိုင္း – တင္နိုင္တိုး Creadit-ayesay

< Unicode Version >

သမိုင်းထဲက လူသေသွားပေမယ့် နာမည်ကျန်နေရစ်ခဲ့တဲ့ သူရဲကောင်းတွေထဲမှာ ကနောင်မင်းသားကြီးလည်း

တစ်ယောက်အပါအဝင်ပါ။ တိုင်းပြည်တိုးတက်စေဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် သက်စိုးမရှည်ရှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့

တူတော်တွေရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ကနောင်ကိုယ်တော်ကြီးဟာ ဉာဏ်ပညာအလွန်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

နိုင်ငံကို စက်မှုနိုင်ငံဖြစ်စေဖို့ သူကြိုးစားခဲ့တဲ့ ပညာတော်သင် အစီအစဉ်တွေ ၊ တီထွင်မှုတွေ နဲ့ တည်ဆောက်ခဲ့တဲ့

စက်ရုံတွေကိုကြည့်တာနဲ့ ဘယ်လောက်တော်ခဲ့ကြောင်း သိနိုင်ပါတယ်။ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ ကနောင်ကိုယ်တော်ကြီးဟာ

အချိန်ရှိသ၍ နည်းလမ်းတွေကို စဉ်းစားနေတတ်သလို ဗဟုသုတတွေကို အမြဲရှာမှီးနေသူပါ။

အခု အမေးအဖြေကတော့ ကနောင်မင်းသားကြီးက သူသိလိုသမျှတွေကို အင်္ဂလိပ်သံအမတ် အာသာဖယ်ရာကို

မေးမြန်းခဲ့တာပဲဖြစ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ဖယ်ရာခေါင်းဆောင်တဲ့ ချစ်ကြည်ရေး သံအဖွဲ့ဟာ ၁၈၅၅ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့မှာ ကနောင်မင်းသားကြီးနဲ့ တွေ့ကြပါတယ်။

လွှတ်တော်နားက သီးသန့်ကွန်းထောက်ဆောင်ရဲ့ ဝါးကြမ်းခင်းပေါ်မှာ ကော်ဇောခင်းထားပါတယ်။ သလွန်ပေါ်မှာ အင်္ဂလိပ်တွေထိုင်

သလို ခြေနှစ်ဖက်ချထိုင်ထားတဲ့ ကနောင်မင်းသားကြီးဟာ ရယ်ရယ်မောမော ရင်းရင်းနှီးနှီးနဲ့ ဖယ်ရာကို သူသိချင်တာတွေ

တစ်ဆက်တည်း မေးပါတော့တယ်။

ကနောင် – သေနတ်ကျည်ဆန်မှာ သုံးတဲ့ယမ်းကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။

ဖယ်ရာ – အင်္ဂလန် (သို့) ဂျာမဏီနိုင်ငံက စတင်တီထွင်ခဲ့တယ် ဆိုတာ ကျွန်တော်မသိပါဘူး ။ ကျွန်တော်တို့ရဲ့

စာအုပ်စာတမ်းတွေအရတော့ တရုတ်ပြည်မှာ ရှေးခေတ်ကတည်းက ရှိတယ်လို့ သိရပါတယ်။

အင်တာဗျူးစကားဝိုင်းထဲက အနီးမှားထိုင်နေတဲ့ ဝန်ထောက်က ဝင်ပြောပါတယ်။

ဝန်ထောက် – သံအမတ်ကြီးက ဘယ်နိုင်ငံက သေနတ်ခဲယမ်းကို စလုပ်တာ မသိဘူးဆိုတာ အင်္ဂလန်နိုင်ငံကပဲ

စတင်တီထွင်ခဲ့သယောင် ယူဆစေ ချင်လို့ မဟုတ်လား။

ဖယ်ရာ- ဒီလိုမဟုတ်ရပါ။ သေနတ်ခဲယမ်းတွေကို စတင်ပေါ်ပေါက်ခဲ့တာနဲ့ သံသယဖြစ်စရာရှိလို့ အတိအကျမပြောတာပါ

ဝန်ထောက် – ဒါဆိုရင် ပထမဆုံးသေနတ်လက်နက်ကို ဘယ်အရပ်ဒေသမှာ တီထွင်ပေါ်ပေါက်ခဲ့ပါသလဲ။

ဖယ်ရာ – ကျွန်ုပ်သေချာမပြောနိုင်ပါ။ ဒါပေမယ့် ပထမဆုံး အမြှောက်ကို အင်္ဂလိပ်လူမျိုးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း

ငါးရာလောက်က စတင်အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတွေရှိပါတယ်။

ကနောင် – မြန်မာဘုရင်မင်းမြတ်ပိုင် နယ်မြေထဲမှာ မြစိမ်းရောင်ဖြစ်ပေါ်စေတဲ့ တောင်တန်းကြီးတွေ

အကြောင်း ကြားပြီးပြီလား။

ဖယ်ရာ – ကြားပြီးပါပြီ အိမ်ရှေ့မင်း ။ ဒါပေမယ့် ကိုယ်တိုင်မမြင်ဖူးသေးပါ။

ကနောင် – အခိုးအငွေ့တွေထွက်ပြီး လူတွေမောဟိုက် မူးမေ့သွားစေတတ်တဲ့ ရေတွင်းကို မြင်ဖူးသလား။

ဖယ်ရာ – မမြင်ဖူးသေးပါ။

ကနောင် – ကိုယ်တော်တို့နိုင်ငံမှာ အလွန်ထူးဆန်းတဲ့ သစ်ပင်တွေရှိတယ်။ ဒီသစ်ပင်ရဲ့ခွကြားမှာ အစဉ်မပြတ်

ရေတသွင်သွင်စီးထွက်နေတယ်။

ဖယ်ရာ – ဘယ်လိုသစ်ပင်အမျိုးအစားပါလဲ ဝန်ထောက် – ဒီသစ်ပင်မျိုး နှစ်ပင်ရှိတယ်။ တစ်ပင်က ဝါဂွမ်းပင်ကြီးပါ။

ကနောင် – သံအမတ်ကြီးတို့ တိုင်းပြည်မှာရော အဲလိုသစ်ပင်မျိုး ရှိသလား။

ဖယ်ရာ – မရှိပါ။ ကြားလဲမကြားဖူးပါ။ ဒါပေမယ့် အင်္ဂလိပ်မင်း ပိုက်နက်နယ်မြေတွေမှာ ထူးဆန်းအံသြဖွယ်ရာတွေ အများအပြားရှိပါတယ်။

ကနောင် – မီးသင်္ဘောတွေကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။

ဖယ်ရာ – အမေရိကန် နိုင်ငံက ဖြစ်ပါတယ် အိမ်ရှေ့မင်း ၊ ရေနွေးငွေ့အားနဲ့ မောင်းနှင်တဲ့ အင်ဂျင်စက်ကို အင်္ဂလန်မှာ

စတင်တီထွင်ခဲ့ပါတယ်။ ဒီအင်ဂျင်စက်ကို အမေရိကန်တွေက သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ကနောင် – အင်္ဂလန်က အလွန်အေးမြတဲ့ နိုင်ငံတစ်ခု မဟုတ်လား။

ဖယ်ရာ – မှန်ပါ အိမ်ရှေ့ကိုယ်တော်ကြီး ၊ အင်္ဂလန်ရာသီဥတုက အလွန်အေးမြပြီး ဆောင်းဥတုမှာ ရေခဲတတ်ပါတယ်။

ကနောင် – ဒီနေရာမှာ အင်္ဂလန်က တရုတ်ပြည်နဲ့ တူနေတယ်။ ပီကင်းမြို့တော်ကို သွားတဲ့ ကျွန်ုပ်သံအဖွဲ့ရဲ့ အဆိုအရ

တရုတ်ပြည်ရာသီဥတုရဲ့အေးမြပုံက အလွန်ပဲကြောက်စရာကောင်းတယ်တဲ့ ။ အင်္ဂလန်ထက် ပိုအေးတဲ့နိုင်ငံတွေရော ရှိသလား။

ဖယ်ရာ – အင်္ဂလန်ထက် ပိုအေးတဲ့နိုင်ငံ အများအပြား ရှိပါတယ်။

ကနောင် – အဲဒီနိုင်ငံတချို့ရဲ့ အမည်တွေကို ပြောပြပါလား။

ဖယ်ရာ – အင်္ဂလန်မြောက်ပိုင်း အိုက်စလန်နိုင်ငံနဲ့ အမေရိကန် မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်က

အင်္ဂလန်ထက် ပိုအေးပါတယ်။

ကနောင် – ရုရှပြည်ရဲ့ ရာသီဥတုကရော အေးလား။ ဖယ်ရာ – အလွန်တရာ အေးလှပါတယ်။

ကနောင် – တစ်ချိန်တုန်းက နပိုလီယံ ရုရှပြည်ကို ချဉ်းနင်းဝင်ရောက်တိုက်ခိုက်တာ ရာသီဥတုအေးလို့

တပ်ပျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။

ဖယ်ရာ – နပိုလီယံရဲ့ စစ်တပ်တစ်တပ်လုံးနီးနီး ရာသီဥတု အေးတဲ့ဒဏ်ကြောင့် သေကျေပျက်စီးခဲ့ကြပါတယ်။

နပိုလီယံကတော့ အသက်မသေပဲလွတ်မြောက်သွားတယ်။

ကနောင် – နပိုလီယံက ဘယ်နိုင်ငံသားလဲ။

ဖယ်ရာ – ခင်ကြီးဒေါင်ပေါက်လူ (Father Abona) တို့နိုင်ငံ(ပြင်သစ်) က ကော်ဆီကာကျွန်းမှာ မွေးတာ။

ဒီနေရာမှာ ဝန်ထောက်က နပိုလီယံ ကျွန်းကို နယ်နှင်ဒါဏ်ပေးခံရတဲ့အကြောင်းဝင်ပြောတယ်။ သူလည်း အတော် ဗဟုသုတပြည့်စုံသူပါ။

ကနောင် – အင်္ဂလန် နဲ့ အရင်းနှီးဆုံး နိုင်ငံက ဘယ်နိုင်ငံလဲ။

ဖယ်ရာ – ပြင်သစ်ပြည်ပါ။ မဟာမိတ်တွေဖြစ်ပြီး စစ်တိုက်ရင် အတူ တစ်ဖက်တည်းရပ်တည် တိုက်ခိုက်ကြပါတယ်။

ကနောင် – အင်္ဂလန်နဲ့ ပြင်သစ် ဘယ်လောက်ဝေးလဲ။

ဖယ်ရာ – မိုင် ၂၀ လောက်ပဲ ဝေးလို့ မီးသင်္ဘောနဲ့ သွားရင် တစ်နာရီကျော်ပဲ ကြာပါတယ်။

ကနောင် – ဒါဆိုရင် အတော်နီးတာပဲ။ အင်္ဂလန်က ပြင်သစ်နိုင်ငံကို ကုန်းကြောင်းခရီးနဲ့ သွားလာမှု မရှိဘူးလား။

ဖယ်ရာ – မရှိပါ အရှင် ၊ အင်္ဂလန်ပြည်ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းတစ်ကျွန်းပါ။

ကနောင် – ဘယ်နိုင်ငံက မီးသင်္ဘောပိုများလဲ။

ဖယ်ရာ – အင်္ဂလန်နိုင်ငံက မီးသင်္ဘောအရေအတွက် ပိုများပါတယ်။ ပြင်သစ်နိုင်ငံကတော့ အင်အားကြီးမားတဲ့ ကျည်းတပ်ရှိပါတယ်။

ဝန်ထောက်က အင်္ဂလန်ဘုရင်မကြီး ပြင်သစ်သွားမယ့် ကိစ္စဝင်ပြောရင်း ကြေးနန်းအကြောင်းရောက်သွားတယ်။

ကနောင် – လျှပ်စစ်ကြေးနန်းအတတ်ကို တီထွင်တွေ့ရှိခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ။

ဖယ်ရာ- ၁၀ နှစ် လောက် ရှိသွားပါပြိ။

အဲဒီနောက် ကနောင်မင်းသားကြီး ပြန်ကြွသွားတဲ့အတွက် အမေးအဖြေလည်း ပြီးဆုံးသွားပါတော့တယ်။

Ref; သမိုင်းထဲက အင်တာဗျူး အင်တာဗျူးထဲက

သမိုင်း – တင်နိုင်တိုး Creadit-ayesay

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

5 + five =