“သူ႔အက်ိဳးဟာ ကုိယ့္အဆုိး မျဖစ္ပါေစနဲ႔”

ေလာကမွာ တစ္ခ်ိဳ႕က တစ္ခါတေလ ကုိယ္နဲ႔အယူအဆ မတူတဲ့သူေတြ၊ ကုိယ္နဲ႔မတည့္တဲ့ သူေတြ၊

မဟုတ္တာ လုပ္တဲ့သူေတြ ဒုကၡေရာက္သြားတဲ့အခါ၊ အဆုိးေတြ ႀကဳံသြားတဲ့အခါ ဝမ္းသာအားရ ျဖစ္တတ္ၾကပါတယ္။

အမုန္းတရားနဲ႔ ရင္ထဲမွာ ႀကိတ္ၿပီးဝမ္းသာေနတတ္ပါတယ္။ “နည္းေတာင္နည္းေသးတယ္”ဆုိၿပီး စိတ္ထဲမွာ

အေက်နပ္ႀကီး ေက်နပ္ေနတာေတြ ရွိတတ္ပါတယ္။

အဲဒီလုိ သူမ်ားဒုကၡေရာက္သြားတဲ့ အေပၚမွာ ကုိယ္က ဝမ္းေျမာက္ဝမ္းသာျဖစ္မိတာဟာ ေကာင္းတဲ့စိတ္မဟာပါဘူး။

ကုိယ္နဲ႔တည့္တာ၊ မတည့္တာေတြ ခဏထား၊ သူေကာင္းတာ မေကာင္းတာ အသာထားၿပီး ကုိယ့္႐ႈေထာင့္က

ကုိယ္စဥ္းစားၾကည့္ၾကဖုိ႔ေတာ့ လုိပါတယ္။

သူမေကာင္းလုိ႔ သူ႔အျပစ္နဲ႔ သူခံရတာဟာ သူ႔အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္တဲ့ သေဘာပဲ ျဖစ္ပါတယ္။

အဲဒါကုိ ကုိယ္ကသူမ်ားဒုကၡေရာက္တဲ့ အေပၚမွာ ဝမ္းသာအားရ ျဖစ္မိတာေတာ့ ကုိယ့္ကုိကုိယ္ အကုသုိလ္

ဝင္ယူသလုိ ျဖစ္ေနတတ္ပါတယ္။အဘိဓမၼာမွာ ေတာ့ ဉာဏ္မယွဥ္တဲ့ ဝမ္းေျမာက္မႈလုပ္ရပ္ဟာ

အကုသုိလ္စိတ္တစ္မ်ိဳးပဲလုိ႔ ဆုိပါတယ္။ ဒါဟာ သတိျပဳစရာ အခ်က္တစ္ခုပါ။

အမွန္ေတာ့ ပုထုဇဥ္သဘာဝ ကုိယ့္အေပၚမွာ မေကာင္းတဲ့သူ၊ ေလာကေကာင္းက်ိဳးမျပဳတဲ့ သူေတြ သူတုိ႔အျပစ္

သူတုိ႔ခံရတဲ့အခါ အမ်ားအတြက္ၾကည့္ၿပီး ကုိယ္က ဝမ္းေျမာက္မိတတ္ေပမယ့္ တကယ္ထားသင့္တဲ့ စိတ္ထားက

အကုသုိလ္ ေသာမနႆမ်ိဳး မဟုတ္ဘဲ သေဗၺသတၱာ ကမၼႆကာဆုိတဲ့ အေတြးမ်ိဳးထားရမွာပါ။

သူတပါးဒုကၡေရာက္တဲ့ အေပၚမွာ ဝမ္းေျမာက္ဖုိ႔ထက္ “သူ႔ကံ သူခံသြားတဲ့ သေဘာပါလား”လုိ႔ မခ်စ္မမုန္း

ဥေပကၡာႏွလုံးနဲ႔ ဆင္ျခင္တတ္ရမွာ ျဖစ္ပါတယ္။

ဒါမွ သူ႔အျပစ္ဟာ ကုိယ့္အျပစ္မျဖစ္မွာပါ။ မဟုတ္ရင္ သူမ်ားကုိၾကည့္ၿပီး ကုိယ့္မွာအျပစ္ေတြ ျဖစ္ေနတတ္ပါတယ္။

ဒါဟာလည္း ပုထုဇဥ္သဘာဝ ကုိယ့္စိတ္ကုိယ္ ျပဳျပင္က်င့္သုံးသင့္တဲ့ အခ်က္ပဲ ျဖစ္ပါတယ္။

မနာပဒါယီ အရွင္၀ိစိတၱ

Credit#

< Unicode Version >

လောကမှာ တစ်ချို့က တစ်ခါတလေ ကိုယ်နဲ့အယူအဆ မတူတဲ့သူတွေ၊ ကိုယ်နဲ့မတည့်တဲ့ သူတွေ၊

မဟုတ်တာ လုပ်တဲ့သူတွေ ဒုက္ခရောက်သွားတဲ့အခါ၊ အဆိုးတွေ ကြုံသွားတဲ့အခါ ဝမ်းသာအားရ ဖြစ်တတ်ကြပါတယ်။

အမုန်းတရားနဲ့ ရင်ထဲမှာ ကြိတ်ပြီးဝမ်းသာနေတတ်ပါတယ်။ “နည်းတောင်နည်းသေးတယ်”ဆိုပြီး စိတ်ထဲမှာ

အကျေနပ်ကြီး ကျေနပ်နေတာတွေ ရှိတတ်ပါတယ်။

အဲဒီလို သူများဒုက္ခရောက်သွားတဲ့ အပေါ်မှာ ကိုယ်က ဝမ်းမြောက်ဝမ်းသာဖြစ်မိတာဟာ ကောင်းတဲ့စိတ်မဟာပါဘူး။

ကိုယ်နဲ့တည့်တာ၊ မတည့်တာတွေ ခဏထား၊ သူကောင်းတာ မကောင်းတာ အသာထားပြီး ကိုယ့်ရှုထောင့်က

ကိုယ်စဉ်းစားကြည့်ကြဖို့တော့ လိုပါတယ်။

သူမကောင်းလို့ သူ့အပြစ်နဲ့ သူခံရတာဟာ သူ့အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

အဲဒါကို ကိုယ်ကသူများဒုက္ခရောက်တဲ့ အပေါ်မှာ ဝမ်းသာအားရ ဖြစ်မိတာတော့ ကိုယ့်ကိုကိုယ် အကုသိုလ်

ဝင်ယူသလို ဖြစ်နေတတ်ပါတယ်။အဘိဓမ္မာမှာ တော့ ဉာဏ်မယှဉ်တဲ့ ဝမ်းမြောက်မှုလုပ်ရပ်ဟာ

အကုသိုလ်စိတ်တစ်မျိုးပဲလို့ ဆိုပါတယ်။ ဒါဟာ သတိပြုစရာ အချက်တစ်ခုပါ။

အမှန်တော့ ပုထုဇဉ်သဘာဝ ကိုယ့်အပေါ်မှာ မကောင်းတဲ့သူ၊ လောကကောင်းကျိုးမပြုတဲ့ သူတွေ သူတို့အပြစ်

သူတို့ခံရတဲ့အခါ အများအတွက်ကြည့်ပြီး ကိုယ်က ဝမ်းမြောက်မိတတ်ပေမယ့် တကယ်ထားသင့်တဲ့ စိတ်ထားက

အကုသိုလ် သောမနဿမျိုး မဟုတ်ဘဲ သဗ္ဗေသတ္တာ ကမ္မဿကာဆိုတဲ့ အတွေးမျိုးထားရမှာပါ။

သူတပါးဒုက္ခရောက်တဲ့ အပေါ်မှာ ဝမ်းမြောက်ဖို့ထက် “သူ့ကံ သူခံသွားတဲ့ သဘောပါလား”လို့ မချစ်မမုန်း

ဥပေက္ခာနှလုံးနဲ့ ဆင်ခြင်တတ်ရမှာ ဖြစ်ပါတယ်။

ဒါမှ သူ့အပြစ်ဟာ ကိုယ့်အပြစ်မဖြစ်မှာပါ။ မဟုတ်ရင် သူများကိုကြည့်ပြီး ကိုယ့်မှာအပြစ်တွေ ဖြစ်နေတတ်ပါတယ်။

ဒါဟာလည်း ပုထုဇဉ်သဘာဝ ကိုယ့်စိတ်ကိုယ် ပြုပြင်ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

16 + 8 =